Channel Myanmar

Grzegorz Warchoł

Squared Love Everlasting (2023)
Squared Love Everlasting (2023) ပို​လန်ရုပ်ရှင်​တွေဖြစ်တဲ့​ Squared Love ဇာတ်ကား​တွေ​ရဲ့​ တတိယ​မြောက်​ဇာတ်ကား​ဖြစ်တဲ့​ Squared​ Love​ Everlasting​ က​ Romance​ Comedy​ အမျိုး​အစား​ဇာတ်ကား​ဖြစ်ပြီး​ ၂၀၂၃ ခုနှစ်​မှာ​ထွက်ရှိ​ခဲ့တဲ့​ Netflix​ ရဲ့ဇာတ်ကားဖြစ်ပါတယ်။ အရင်​နှစ်ကား​မှာ​ သရုပ်ဆောင်​ခဲ့တဲ့​သူတွေပဲ ပြန်လည်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အရင်​ဇာတ်ကား​နှစ်ကားကိုမကြည့်ရသေးရင်လည်း ဒီဇာတ်ကားကိုကြည့်လို့ရမှာပါ။ Rom/Com အမျိုးအစား​ပီပီ​ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုခံစားလို့ရမဲ့​ လှပတဲ့အချစ်​ရုပ်ရှင်လေးဖြစ်ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့​ အန်​ဇိုစတက်ဖန်နဲ့ မိုနီကာတို့နှစ်ဦးသား လက်ထပ်ဖို့စိုင်းပြင်နေတဲ့အချိန်မှာ ထင်မှတ်မထားတဲ့ဖြစ်ရပ်တစ်ခုပေါ်လာခဲ့ပါတယ်။ ဒီ​ကိစ္စ​က​ သူတို့​နှစ်ဦးရဲ့​ relationship​ ကိုပါသက်ရောက်လာခဲ့တဲ့အခါ​ သူတို့​နှစ်ဦးကြားကနားလည်မှုကို​ ပြန်လည်တည်ဆောက်နိုင်ပါ့မလား သူတို့​ဘဝမှာကြုံတွေ့နေရတဲ့ အခက်အခဲ​တွေကို​ရော​ ကျော်​လွှားနိုင်ပါ့မလားဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီ​နောက်​ဆုံး​ဇာတ်ကားက​ Squared​ ​Love​ ​ရုပ်ရှင်​တွေထဲမှာ​ အကောင်း​ဆုံး​လို့သတ်မှတ်နိုင်ပါတယ်။ ဥရောပ​အချစ်ဟာသကားလေးဖြစ်တဲ့အတွက်​ ကြည့်နေ​ကျ​ အမေရိကန်​ရုပ်ရှင်​တွေနဲ့​ မတူတဲ့​ vibe တစ်ခုတော့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​က​ရိုး​ရှင်းပေမဲ့​ ကြည်နူးဖို့လည်းကောင်းပြီး ပိုလန်ရဲ့ သဘာဝရှုခင်းနဲ့ညမြင်ကွင်းအလှတွေကို​ ကြည့်ရတာနဲ့တင်တန်နေပြီလို့ဆိုနိုင်ပါတယ်။ Rom/com ကြိုက်​တဲ့သူတွေ​၊ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကိုကြည့်ပြီး​ စိတ်​အပန်းဖြေ​လိုသူတွေကြည့်သင့်တဲ့ကားလေးပါ။ File size…(1.8 GB)/(1 ...
movie

Squared Love Everlasting (2023)

Three Colors: White (1994) 7.6
Three Colors: White (1994) Three Colors: White (1994) Genre – Comedy, Drama, Romance IMDB – 7.6/10ဒုတိယကားကျ အဖြူရောင်၊ သူက ညီမှုမှုကို ကိုယ်စားပြုတာ။ ဒီဇာတ်လမ်းကျ မင်းသမီးဇာတ်မဟုတ်တော့ဘူး မင်းသားဇာတ် ဖြစ်သွားတယ်။ ပိုလန်နိုင်ငံသား ဆံပင်ပညာရှင် ကာရိုးလ်ဆိုတာ ပြင်သစ်နိုင်ငံသူ ချောချောလေးနဲ့ အိမ်ထောင်ကျထားတာ ဒါပေမဲ့ ၆ လလောက်ကြာတော့ မိန်းမဖြစ်သူက အသုံးမကျလို့ ကွာရှင်းလိုက်လို့ နိုင်ငံစွန့် အလုပ်စွန့်ပြီး ပြင်သစ်ကို တရားခွင်မှာ ကွာရှင်းဖို့ လိုက်လာတယ်။ ဒါပေမဲ့ မိန်းမက ဆုံးဖြတ်ချက် ပြတ်သားနေတဲ့အတွက် ပူးပေါင်းဖွင့်ထားတဲ့ လုပ်ငန်းလည်းရှုံး အဝတ်အိတ်တစ်ခုနဲ့ ပိုက်ဆံမရှိပဲ ပြင်သစ်မှာ ခွေးလုံးလုံး ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ မြေအောက်ဘူတာရုံထဲ ဖြစ်သလို ရှင်သန်နေရင်း ပိုလန်နိုင်ငံသားချင်းတူတဲ့ ဘဲကြီးတစ်ပွေနဲ့ တွေ့ပြီး အပြောင်းအလဲတွေဖြစ် မိန်းမဖြစ်သူကို ပြန်လိုက်ဖို့ ကြိုးစားရတာကို ကြည့်ရမှာပါ။ သူက ဘဲကြီးတလွဲတွေဖြစ်တာကို ပြထားပြီး ဟာသဆိုပေမဲ့လည်း ရယ်အားထက် ငိုအားသန်လေးတွေပါ ပြီးတော့ ညီမျှမှုကို ကိုယ်စားပြုတဲ့ဟာက နောက်ဆုံး ဇာတ်သိမ်းမှာ စပရိုက်စ် တိုက်သွားဦးမှာပါ။ ဒီကားထဲက မင်းသမီးနေရာကတော့ Before Trilogy ...
movie

Three Colors: White (1994)

1994
Heart Parade (2022) 4.9
Heart Parade (2022) Heart Parade (2022)ဒီနေ့မှာတော့ Netflix movie လေးတစ်ကားဖြစ်တဲ့ Polish romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမောင်ခွေးတို့ရေးတဲ့ရွှေဖူးစာလို့ပဲပြောရမလား .. Magda က နာမည်ကြီးရုပ်မြင်သံကြားအစီအစဥ်ရဲ့ထူးချွန်ဝန်ထမ်းတစ်ယောက်ပါ။ အနာဂတ်မှာ programming ဒါရိုက်တာရာထူးကို လက်လွှဲယူဖို့အလားအလာအများကြီးရှိတဲ့သူဆိုရင်လည်း မမှားဘူးပေါ့။ လက်ရှိဒါရိုက်တာမှာ Tod လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိတယ်။ ဒီကားလေးရဲ့ထူးခြားချက်က တစ်ကားလုံးမှာ ပါသမျှခွေးတွေအကုန်လုံးကDachshund လို့ခေါ်တဲ့ အလျားရှည်ခွေးပုလေးတွေချည်းပါပဲ။ အကုန်လုံးက Hot Dog ချောင်းလေးတွေလိုချစ်စရာလေးတွေပါ:3 ဆက်ရရင် ဒါရိုက်တာရာထူးကို လက်လွှဲယူရတဲ့ Magda က ခွေးလုံးဝမချစ်တတ်ပေမယ့်သခင်မဖြစ်သူကိုဖားပြီး Tod ရဲ့ဝေယျာဝေစ္စတွေ အကုန်လုပ်ရတယ်ပေါ့။ ဒီလိုနဲ့တစ်နေ့မှာတော့ Magda ရဲ့ပေါ့ဆမှုTod တစ်ကောင်နေမကောင်းဖြစ်သွားတာမို့ ဒါရိုက်တာကစိတ်ဆိုးပြီး Magda ကို အလုပ်ထုတ်လိုက်ပါတော့တယ်။  တစ်ဖက်မှာလည်း သားဖြစ်သူ Karol ရယ် Trombone လို့ခေါ်တဲ့ခွေးလေးရယ်နဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့Krzystof က ဇနီးဖြစ်သူဆုံးပါးပြီးတဲ့နောက် အချစ်သစ်မရှာတော့ဘဲ သားဖြစ်သူကိုတစ်ယောက်တည်းပျိုးထောင်နေတဲ့ ဖခင်တစ်ယောက်ပါ။ လက်ရှိမှာ Dachshundပွဲဈေးတန်းလေးကို ...
movie

Heart Parade (2022)

2022
Three Colours: White (1994) 7.6
Three Colours: White (1994) Three Colours: White (1994) IMDb - 7.6/10_____Rotten - 87%    ပြင်သစ်စကားမတတ်တဲ့ ကာရိုလ်ဆိုတဲ့ကောင်လေးနဲ့ ဒိုမနစ်လို့ခေါ်တဲ့ပြင်သစ်ကောင်မလေး ချစ်ကြိုက်မိကာ လက်ထပ်ကြဖို့အကြောင်းဖန်လာပါတယ် အလုပ်မရှိ လူရာမဝင် စကားသေချာမပြောတတ်တဲ့ ကာရိုလ်နဲ့ ရေရှည်မဖြစ်မှန်းသိတဲ့အခါမှာတော့ လက်ထပ်ပြီးခြောက်လအကြာမှာပဲ ကွာရှင်းဖို့ဖြစ်လာပါတယ် ကောင်လေးကိုတရားရုံးကဖြေရှင်းပေးပေမယ့် စကားမတတ် ရှေ့နေမရှိတော့ အမှုရှုံးပြီး ကိုယ့်ဌာနေကိုယ်ပြန်ခဲ့ရပါတယ် ဒီလိုနဲ့ သူကြိုးစားပြီး အရမ်းချမ်းသာလာတဲ့တနေ့မှာ ကောင်မလေးကိုဘယ်လိုပြန်ဆက်ဆံမလဲဆိုတာ...    ပြင်သစ်စကားမတတ်တဲ့ ကာရိုလ်ဆိုတဲ့ကောင်လေးနဲ့ ဒိုမနစ်လို့ခေါ်တဲ့ပြင်သစ်ကောင်မလေး ချစ်ကြိုက်မိကာ လက်ထပ်ကြဖို့အကြောင်းဖန်လာပါတယ် အလုပ်မရှိ လူရာမ၀င် စကားသေချာမပြောတတ်တဲ့ ကာရိုလ်နဲ့ ရေရှည်မဖြစ်မှန်းသိတဲ့အခါမှာတော့ လက်ထပ်ပြီးခြောက်လအကြာမှာပဲ ကွာရှင်းဖို့ဖြစ်လာပါတယ် ကောင်လေးကိုတရားရုံးကဖြေရှင်းပေးပေမယ့် စကားမတတ် ရှေ့နေမရှိတော့ အမှုရှုံးပြီး ကိုယ့်ဌာနေကိုယ်ပြန်ခဲ့ရပါတယ် ဒီလိုနဲ့ သူကြိုးစားပြီး အရမ်းချမ်းသာလာတဲ့တနေ့မှာ ကောင်မလေးကိုဘယ်လိုပြန်ဆက်ဆံမလဲဆိုတာ...    File Size : (1.2 GB) Quality : Blu-Ray 1080p Running Time : 1h 38min  Format : Mp4 Genre : Comedy, Drama, Romance  Subtitle : Myanmar Subtitle (Hard Sub) Source : Bluray.1080p.x264-RSG Translated by Noe Encoded by sithu
movie


1994