Channel Myanmar

Guillaume Briat

In Her Name (2016) 7.0
In Her Name (2016)  ပြင်သစ်နိုင်ငံ ဂျာမနီနိုင်ငံတို့မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပေါ်မူတည်ပြီး ရိုက်ကူးထားတဲ့ ပြင်သစ်ကားလေးပါ။ သားသမီးဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ ကိစ္စတစ်ခုပေါ်မှာ အဖေတစ်ယောက်အနေနဲ့ အရှုံးမပေးပဲဇွဲနပန်းကြီးစွာ ၂၇ နှစ်လောက်ထိ ကြိုးစားမှုတွေကို တင်ဆက်ပေးထားတဲ့မှုခင်းနောက်ခံ ရုပ်ရှင်လေး ဖြစ်ပါတယ်။ဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး စာရင်းကိုင်လုပ်ငန်းနဲ့အဆင်ပြေနေတဲ့ အန်ဒရေးတစ်ယောက်ဟာ ဇနီးသည်ဖောက်ပြားတာကိုလက်ဝယ်မိပြီး ကွာရှင်းပြီးတဲ့နောက် ၁၉၈၂ ခုနှစ်မှာ သတင်းဆိုးတစ်ခုကြားလိုက်ရပါတယ်။ အဲဒါကတော့ ကျောင်းပိတ်ရက်ဖြစ်လို့ သားသမီးတွေကိုမိခင်ရှိရာ ဂျာမနီကို အလည်အပတ်ဆိုပြီး ပို့လိုက်ရတာကနေ သမီးဖြစ်သူဆုံးပါးသွားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း သေဆုံးရခြင်းအကြောင်းအရင်းကို အတိအကျ မသိရလို့ လိုက်လံ စုံစမ်းရာကနေ နောက်ကွယ်ကရွံရှာဖွယ် အမှန်တရားကို သိလိုက်ရတဲ့အချိန် တရားခံဖြစ်သူကို တစ်ကမ္ဘာလုံးနဲ့တစ်ယောက်ဆန့်ကျင်ပြီး အပြစ်ပေးနိုင်ဖို့ ဘယ်လိုတွေ ကြိုးစားရုန်းကန်ရလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ အန်ဒရေးနေရာကလည်း ပြင်သစ် ဝါရင့်မင်းသားကြီးDaniel Auteuil သရုပ်ဆောင်ထားတာပါ။ File size…1.38GB / 627MB Quality…Blu-Ray 1080p 5.1 CH ...
movie

In Her Name (2016)

Superwho? (2021) 6.1
Superwho? (2021) Superwho? (2021) ============= IMDb Rating - 6.1/10 Original Title: Super-héros malgré lui Genre - Action, Comedyခုလိုရာသီဥတုမှာ စိတ်အမောပြေ အပန်းပြေစေပြီး တစ်ချိန်လုံး ခွီနေရမယ့် ပြင်သစ်ဟာသကားလေး လာပါပြီဗျာ။ Marvel တို့ DC တို့အပြင် X-Men တွေရော Mission Impossible တွေရော ပေါင်းစုံသရော်ထားပြီး Easter Egg တော်တော်များ များကိုလည်း တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းလေး အရင်ပြောပြလိုက်မယ်ဗျာ။ ဟာသကားတွေရဲ့ရိုးရာမပြတ် မင်းသားက သရုပ်ဆောင်ဖြစ်ချင်တဲ့ အရှုံးသမားတစ်ယောက် ကောင်မလေးက ပလစ်လိုက်တော့ ညီမ အိမ်မှာကပ်နေနေရတာပေါ့။ ရဲဖြစ်တဲ့ဖအေကြီးကိုလည်း သားက သရုပ်ဆောင်ပါဆိုပြီး အရမ်းဂုဏ်ယူစေချင်တဲ့ကောင်လေးပေါ့။ ဒီလိုနဲ့ အလုပ်ရှာတုန်းမှာ ကံကောင်းထောက်မစွာနဲ့ စူပါဟီးရိုးကား ကို မင်းသားနေရာက ရတယ်၊ ဇာတ်ကောင်ကလည်း Batman ကို ပရမ်းပတာကူးချထားတဲ့ Badman တဲ့ (Joker ကိုတောင် Clown လုပ်လိုက်သေးတယ်)။ အဲဒါနဲ့ တစ်ရက်ရိုက်ကွင်းပြီးတဲ့အချိန် ညီမ ဖြစ်သူဆီကနေ အဖေသေခါနီးဖြစ်တဲ့သတင်းကို ကြားတော့ လော လောနဲ့ ရိုက်ကွင်းကကားရယ် ဟီးရိုးဝတ်စုံရယ် ရုပ်ရှင်ထဲက ...
movie

Superwho? (2021)

2021
The Extraordinary Adventures of Adèle Blanc-Sec (2010) 6.3
The Extraordinary Adventures of Adèle Blanc-Sec (2010) IMDb Rating (6.3/10)ဒီပြင်သစ်ကားက အခွီကားပါ... ရီနေရပါတယ်။ မံမီတွေရော... ရှေးခေတ်က ငှက်တွေရော ...မှော်ပညာတွေရော... စွန့်စားခန်းတွေရောနဲ့ တကယ်ကိုကြည့်လို့ကောင်းတဲ့ Comedy ဇာတ်ကားပါ။ဇာတ်လမ်းကတော့....အဒဲဆိုတာ ပြင်သစ်က နာမည်ကျော် ဆောင်းပါးရေးတဲ့ဆရာမပါ။ သူ့မှာအရမ်းချစ်ရတဲ့အမွှာညီမတစ်ယောက်ရှိပါတယ်... သူမရဲနမော်နမဲ့တစ်ခုကြောင့် သူ့ညီမခမျာ ခေတ်ဆရာဝန်တွေမကုနိုင်တော့တဲ့ ဝေဒနာရပြီး သေလုမျောပါးဖြစ်နေရှာပါတယ် ...ဒါကိုမရှုစိမ့်တော့တော့တဲ့အဆုံး သူ့ညီမကို ရှေးခေတ်မှော်ပညာနဲ့ အသက်ပြန်သွင်းဖို့ အဒဲတစ်ယောက် အီဂျစ်က မံမီတွေနောက်ကို လိုက်ပါတော့တယ်...သူ့ညီမကိုအသက်ပြန်သွင်းဖို့ မံမီတွေကို အသက်ပြန်သွင်းမယ့် အဒဲရဲ့ မဟာအကြံအစည်ကြီး စွန့်စားခန်းတို့ရဲ့ထုံးစံအတိုင်း အခက်အခဲတွေကြားထဲက အောင်မြင်နိုင်ပါ့မလားဆိုတာ....အလွဲလွဲအချော်ချော်တွေနဲ့ အတည်ပေါက်နဲ့ရီနေရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ File size…(1.9 GB) and (850 MB) Quality….BluRay 1080p and 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Brownie
movie

The Extraordinary Adventures of Adèle Blanc-Sec (2010)

Asterix: The Mansions of the Gods(2014) 6.7
Asterix: The Mansions of the Gods(2014) Asterix: The Mansions of the Gods(2014)**************************************ရောမဘုရင် ဂျူးလီယက် ဆီဇာဟာတိုက်ပွဲတိုင်းကိုနိုင်ကာနယ်မြေများစွာသိမ်းပိုက်နိုင်ပေမဲ့လည်း ဂေါလ်လူမျိုးတွေနေထိုင်ရာအာမိုးရခ်ဒေသကရွာလေးကိုတော့ မသိမ်းပိုက်နိုင်ပါဘူး။ အကြောင်းအရင်းကတော့ ဂေါလ်သူရဲကောင်း အက်စတီးရစ်နဲ့ လူသန်ကြီး အော့ဘလိဇ်တို့က ကာကွယ်ပေးနေလို့ပါပဲ။ ရွာကဆရာတော်ရဲ့မှော်ဆေးရည်အစွမ်းကိုလည်းကြောက်ရသေးတာကိုး။ ဒီဇာတ်ကားမှာတော့ ဘုရင် ဆီဇာဟာ အာမိုးရခ်ဒေသကတောအုပ်ထဲမှာ သူ့အိမ်တော်လာဆောက်ချင်တာပါ။ ဘုရင်ဖြစ်တဲ့အတိုင်း အတင်းအကြပ်လာဆောက်တော့ နယ်ခံဖြစ်တဲ့ အက်စတီးရခ်တို့ကလည်း တောအုပ်ကိုကာကွယ်ရင်း ရွာသားတွေနဲ့ ရောမသားတွေ ကြားအလွဲလွဲအချော်ချော်တွေကို ထိုင်ခွီရမယ့်ကားလေးပဲဖြစ်ပါတယ် File Size : (1.3GB) and (652MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:25:00 Genre : Animation, Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae    
movie

Asterix: The Mansions of the Gods(2014)

Kaamelott – The First Chapter(2021) 6.8
Kaamelott – The First Chapter(2021) Kaamelott: First Installment (2021)ဒီဇာတ်ကားကတော့ 2005 ကနေ 2009 အထိ season 6ခုထွက်ထားတဲ့ Kaamelott seriesရဲ့ Sequel movie ပဲ ဖြစ်ပါတယ်Kaamelott seriesကတော့ King Arthur ရဲ့ ဒဏ္ဍာရီကို ဟာသ ဆန်ဆန် ရိုက်ကူးထားတဲ့ ပြင်သစ် seriesတစ်ခုပဲ ဖြစ်ပါတယ်ဒီဇာတ်ကားကတော့ ထိုseries နောက်ပိုင်းမှာ အ​ခြေတည်ပြီး Adventure / Fantasyအမျိုးအစားပေမယ့် Comedyလည်း ရောထားတဲ့ ဇာတ်ကားမျိုးပဲ ဖြစ်ပါတယ်Kaamelott series အပြီးမှာတော့ ဘုရင်အာသာ ဟာ စိတ်ကျရောဂါကို ခံစားနေရတာကြောင့်ကမ်းမလော့က သူ့ရဲ့ ပုလ္လင်ကို ဖယ်ပေးပြီး အဇ်ကယ်လီဘာ ဓားကိုလည်း ယူခဲ့တဲ့ ကျောက်တုံးထဲမှာ ပြန်စိုက်ထားခဲ့ပါတယ်ထိုအချိန်မှာပဲ အာသာရဲ့ သူငယ်ချင်းဟောင်းဖြစ်သလို အဖော်မွန်လည်း ဖြစ်တဲ့ လန်စီလော့ဟာအာသာရဲ့ ရန်သူတော် မယ်လဂန့် ရဲ့ လွှမ်းမိုးမှုကြောင့် ...
movie

Kaamelott – The First Chapter(2021)

2021
Asterix: The Secret of the Magic Potion (2018) 7.0
Asterix: The Secret of the Magic Potion (2018) ပနော်မိဇ်လို့ခေါ်တဲ့ ဆရာတော်တစ်ပါး သစ်ပင်ပေါ်က ပြုတ်ကျသွားလို့ သူ့ကိုယ်သူ အရမ်းအသက်ကြီးပြီး ဆရာတော်မဖြစ်တော့ဘူးလို့ ယူဆလာတော့ သူ့ရဲ့နေရာ ဆက်ခံမဲ့သူ တစ်ယောက် ရှာဖွေဖို့ နယ်မြေပေါင်းစုံကို ခရီးနှင်ပါတော့တယ် ...ပနော်မိဇ်ဆိုတာ သူ့ရဲ့ အစွမ်းတိုးစေတဲ့ မှော်ဆေးရည်ကြောင့် လူတွေ ကြည်ညိုလေးစားရတဲ့ ဆရာတော်တစ်ပါးပါ သူ့နေရာဆက်ခံသူကို သူ့ရဲ့မှော်ဆေးရည်စပ်နည်းပါ ပေးမှာဖြစ်တာကြောင့် မသာမာသူလက်ထဲ ရောက်သွားရင် အရမ်းကို အန္တရာယ်များလွန်းလို့ သူ့နောက်လိုက်တွေကတော့ ဆက်ခံသူမရှာစေချင်ပါဘူး...ဒါပေမဲ့လည်း ပနော်မိဇ်ကတော့ ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ ဆက်ခံသူရှာဖို့ ခရီးပြုတဲ့အခါမှာ သူတို့ကြုံတွေ့ရမဲ့ အခက်အခဲတွေ သူတို့ကို အနိုင်သိမ်းချင်နေတဲ့ ရောမတပ်သားတွေရဲ့ အန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ အတူကြည့်ကြရအောင်ပါ။IMDb Rating ကတော့ 6.9/10 ပါ။(ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ SCRN ဖြစ်ပါတယ်) File size__( 750 MB) and ( 300 MB) Quality__BR-Rip 720p IMDb Rating__6.9/10 Format__mp4 Duration__01:24:55 Type__Adventure, Animation, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by SCRN Encoded by Naing Aung Latt
movie


2018