Channel Myanmar

Guillaume Verdier

Other People’s Children (2022) 6.8
Other People’s Children (2022)  အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ ထူးထူးဆန်းဆန်းပါပဲ။ကိုယ့်ကလေးမဟုတ်တဲ့သူများရဲ့ကလေး Other People's Children ပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ နာမည်လေးအတိုင်းပဲ တခြားသူရဲ့ကလေးနဲ့ သွားပတ်သတ်မိတဲ့ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။IMDb Rating 6.8 အထိရရှိထားပြီး Rotten Tomatoes မှာတော့91  ရာခိုင်နှုန်းအထိရရှိထားပါတယ်။ရေချယ်ဆိုတဲ့အမျိုးသမီးတစ်ယောက်က ကျောင်းတစ်ခုမှာစာသင်ပေးနေတဲ့ဆရာမဖြစ်ပြီး အချစ်ရေးကံမှာတော့ညံ့ဖျင်းလှပါတယ်။အခုလည်း အသည်းကွဲလာပြီးသိပ်မကြာခင်မှာပဲသူ့ရဲ့ဂစ်တာသင်တန်းကအလီဆိုတဲ့ ကလေးတစ်ယောက်အဖေနဲ့ငြိသွားပါတော့တယ်။သူတို့နှစ်ယောက်ကအတူတူနေတာကြာလာတဲ့အခါမှာတော့ အလီရဲ့သမီးဖြစ်သူလီလာနဲ့ရေချယ်တို့ကိုမိတ်ဆက်ပေးခဲ့ပါတော့တယ်။လီလာကချစ်စရာကောင်းတဲ့အပြင်ရေချယ့်ကိုလည်းချစ်တော့ သူတို့သုံးယောက်သားက မိသားစုကြီးတစ်ခုလိုတောင်ဖြစ်နေပါပြီ။ဒါပေမယ့် အဲ့လိုပျော်ရွှင်နေတဲ့မိသားစုလေးရဲ့ဘဝထဲကို အလီ့ရဲ့ကွာရှင်းထားတဲ့ မိန်းမအဲလစ်ပြန်ရောက်လာတဲ့အခါမှာတော့ဘယ်လိုရှုပ်ထွေးပြီး ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာမယ်ဆိုတာကိုရိုက်ကူးတင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်... File size…1.54 GB/ 711 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Other People’s Children (2022)

Grand Central(2013) 6.7
Grand Central(2013) Grand Central(2013)*******************Blue Is the Warmest Colour နဲ့လူသိများခဲ့တဲ့မင်းသမီး Léa Seydoux အချစ်ရိုမန့်ကားလေးဖြစ်ပါတယ်.အလုပ်လက်မဲ့ဖြစ်နေတဲ့ ဂါအီဟာ ပြင်သစ်နိုင်ငံရဲ့ နူကလိယလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာအလုပ်လျှောက်ပါတယ်။ စက်ရုံမှာ training ပေးပြီးတော့မှအလုပ်ကိုဝင်လုပ်ခွင့်ရမှာဖြစ်တဲ့အတွက် လူငယ်တစ်ချို့ကို စီနီယာတစ်ချို့နဲ့တွဲပြီးလေ့ကျင့်ခိုင်းတယ်။ တိုနီနဲ့အခြားစီနီယာတွေက သူတို့ကိုကြီးကြပ်စေပြီးတော့လေ့ကျင့်မှုစမ်းသပ်မှုအောင်မြင်အောင်ကြိုးစားပေးကြတယ်။ နူကလိယစက်ရုံဆိုတာသိတဲ့အတိုင်းပဲ ဓာတ်ရောင်ခြည်သင့်မှုတွေရှိတဲ့အတွက် ဂါအီအစ်မ မာမီကတော့ သူ့ကိုမလုပ်စေချင်ဘူး။ ဒါပေမယ့်လည်း ပိုက်ဆံရတဲ့အတွက် ဂါအီဟာဒီအလုပ်ကိုပဲလုပ်ဖို့ဆုံးဖြတ်ထားတယ်။ စက်ရုံမှာနေနေရင်းနဲ့ တိုနီနဲ့ဇနီးလောင်း ကာရိုးနဲ့ ချစ်မိသွားတယ်။ အဲ့ဒီနောက်မှာတော့..File Size :(1GB) and (398MB) Quality : BLU-RAY720P Format…mp4 Duration…01:34:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Grand Central(2013)

A Prophet (2009) 7.8
A Prophet (2009) A Prophet (2009)~ IMDb - 7.8/10, RT - 96%, Meta - 90% ~A Prophet (Un prophète) လို့ ခေါ်တဲ့ ဒီဇာတ်ကားဟာ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ဇာတ်ကားတစ်ကားဖြစ်ပြီး Crime / Drama ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ နယ်နယ်ရရ ဇာတ်ကားမဟုတ်ဘဲ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားအဖြစ်နဲ့ အော်စကာဆုကို လျာထားခြင်းခံခဲ့ရပြီး အခြားဆုပေါင်း ၅၂ ဆုနဲ့ nominations ၅၅ ခု ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ၁၉ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေး မလိခ်အယ်လ်ဂျယ်ဘနာဟာ ပြင်သစ်ထောင်တစ်ခုဆီမှာ ထောင်ဒဏ် ၆ နှစ် ကျခံခဲ့ရပါတယ်။ ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားခြင်း မရှိဘဲ ပြုပြင်ထိန်းသိမ်းရေးစခန်းတစ်ခုကိုသာ ၀င်ခဲ့ဖူးတဲ့ မလိခ်ဟာ အခု တကယ့်အရွယ်ရောက်သူ အပြစ်သားတွေကို ထိန်းသိမ်းတဲ့ ...
movie

A Prophet (2009)

2009