Channel Myanmar

Guy Lecluyse

Dealing with Christmas (2023)
Dealing with Christmas (2023)  ခရစ်စမတ်အတွက် လောလောလတ်လတ်ထွက်ရှိထားတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ခရစ်စမတ်အကြိုနေ့မှာ ဂရက်လို့ခေါ်တဲ့ ရဲအရာရှိတဦးဟာ သမီးငယ်ဖြစ်သူအတွက် အချိန်မပေးနိုင်ဘဲ မစ်ရှင်ထမ်းဆောင်ဖို့ရာကိုပဲ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ ဂရက် သမီးလေးရဲ့ခရစ်စမတ်ဆုတောင်းကတော့ သူ့အဖေကို သူ(မ)အရမ်းကြိုက်တဲ့ ခရစ်စမတ်ရုပ်ရှင်ထဲက လေးစားအားကျရတဲ့ ရစ်ချက်ဆီလီစတုန်းလို အဖေတယောက်ဖြစ်လာစေဖို့ပါ။သမီးငယ်လေးရဲ့ဆုတောင်းကို သိလိုက်ရတဲ့ဆန်တာကလော့စ်ဟာ ဂရက်နဲ့ရစ်ချက်တို့ကို ကမ္ဘာချင်းလဲလိုက်ပါတယ်။ ရစ်ချက်ဟာ တကယ့်ကမ္ဘာက ရဲအရာရှိဖြစ်သူ ဂရက်ရဲ့ကိုယ်ထဲကိုရောက်ရှိသွားပြီး ဂရက်ကတော့ ရုပ်ရှင်ကမ္ဘာထဲက ရစ်ချက်နေရာကိုရောက်ရှိသွားပါတယ်။ ဒီလိုနဲ့ ဂရက်က ရုပ်ရှင်ထဲကရစ်ချက်ရဲ့ မိသားစုပြဿနာတွေကိုဖြေရှင်းပေးနေတဲ့အချိန် ရစ်ချက်ကတော့ လက်တွေ့ကမ္ဘာက ရဲအရာရှိ ဂရက်ရဲ့မစ်ရှင်ကို ပြီးပြတ်အောင်လုပ်ပေးပြီး ခရစ်စမတ်နေ့မှာ သမီးလေးအတွက်အချိန်ပေးနိုင်အောင် ကြိုးစားကြပါတော့တယ်။ဂရက်နဲ့ ရစ်ချက်တို့ရဲ့ ဟာဟတွေ တလွဲတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရအောင် ရိုက်ကူးထားတာမလို့ ဘ၀အမောတွေပြေပျောက်စေမယ့် ဟာသရုပ်ရှင်‌လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.7 GB)/(983 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Adventure, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Dealing with Christmas (2023)

Natural Born Liar (2022) 4.8
Natural Born Liar (2022)  ဒီတစ်ခါမှာတော့ Menteurဆိုတဲ့ ပြင်သစ် Comedy ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်.. အင်္ဂလိပ်လိုဆိုရင်တော့ Natural Born Liar တဲ့... ဝမ်းတွင်းပါလူလိမ်ပေါ့ဗျာ..ဇာတ်လမ်းအကျဥ်း ဂျယ်ဟွန်းမ်ဘယ်ဟာဒါ ဆိုတဲ့ မလိမ်ရမနေနိုင် လူလိမ်တစ်ယောက်ရှိပါတယ်.. သူများတွေကို လိုက်လိမ်စားတာမျိုးမဟုတ်ပဲ စကားပြောနေရင်းနဲ့ကို အလိမ်တွေညှပ်ပြောတတ်တဲ့သူပါ... တစ်နေ့မှာတော့ သူ့မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သည်းမခံနိုင်တော့တဲ့အဆုံး သူ့ကိုမလိမ်ဖို့ ဝိုင်းပြောပါတော့တယ်... လူလိမ်တွေရဲ့ထုံးစံအတိုင်းပဲ သူမလိမ်ဘူးလို့ ဖင်ပိတ်ငြင်းတာပေါ့... ဒါပေမယ့် နောက်နေ့မနက်ရောက်တော့ သူလိမ်ခဲ့သမျှအရာတွေအကုန်လုံး လက်တွေ့ဘဝမှာ တကယ်ဖြစ်လာတဲ့အခါ..... ဘာကြောင့် ဒီလိုတွေဖြစ်လာတာလဲ..... ကျိန်စာလား..... အရင်အတိုင်းပြန်ဖြစ်အောင် လုပ်လို့ရောရပါ့မလား...တစ်နာရီခွဲစာ ကားလေးဆိုပေမယ့် အသေခွီနေရပါတယ်... ဘယ်ဟာဒါညီအစ်ကို၂ယောက်ရဲ့ အလွဲပေါင်းတစ်သိန်းနဲ့တင် အချိန်ပေးရကျိုးနပ်နေပြီမလို့ မြန်မြန်သာဒေါင်းကြည့်လိုက်ကြပါတော့ CMပရိသတ်ကြီးရေ.....File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:45:00 Genre...Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Ei Thwal
movie

Natural Born Liar (2022)

36th Precinct(2004) 7.2
36th Precinct(2004) 36th Precinct(2004) IMDb...7.2,,,Rotten..100% ပဲရစ်မြို့ပေါ်မှာ ဒုစရိုက်အမှုတွေအများအပြားကျူးလွန်နေလျက်ရှိပြီး  ရဲတပ်ဖွဲ့ကို အမြဲတမ်းလိုလို ဒုက္ခပေးတာကြာပြီ... ဒီမြို့မှာပဲ  လီယိုဗရင့်ခ်စ် နဲ့ ဒန်းနစ်ကလီယန် ဆိုတဲ့ရဲအရာရှိနှစ်ယောက်ဟာ ရာထူးတိုးအောင်အပြိုင်အဆိုင် ယှဉ်ပြိုင်နေတဲ့ရဲနှစ်ယောက်ဖြစ်တယ် ...သူတို့မြို့ကနာမည်ကြီးဆုံးလူဆိုးဂိုဏ်းအဖွဲ့ရဲ့သတင်းကိုရဖို့အတွက် နှစ်ဦးနှစ်ဖက်လုံးဟာ လူဆိုးတစ်ချို့နဲ့ပူးပေါင်းပြီး သတင်းနှိုက်ကြတယ်.. ၂ယောက်လုံးဟာလည်း အရည်အချင်းရှိတဲ့သူတွေ... လူဆိုးဂိုဏ်းကလည်း အဖွဲ့တောင့်တဲ့အပြင် တကယ့်လက်ရဲဇက်ရဲတွေ... သူတို့ ၂ယောက်စုံစမ်းတာအောင်မြင်မလား.... ကြားထဲမှာ ဘယ်လိုပြသနာပေါင်းစုံကြုံတွေ့ရမလဲဆိုတာကိုတော့   Action , Crime တွေကိုမှ ကြိုက်တဲ့သူတွေအဖို့ ဒီကားက နင်းကန်လန်းတယ်လို့သတင်းကောင်းပါးပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်... File Size : (875 MB) and (345 MB) Quality : Blu-Ray 720p Format…mp4 Duration…01:51း00 Genre :  Action , Crime , Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae 
movie

36th Precinct(2004)

2004