Channel Myanmar
Haley Lu Richardson
Love at First Sight (2023) 7.0
Love at First Sight (2023)  ပေါ့ပေါ့ပါးပါးအချစ်ဇာတ်အိမ်လေးကိုမှ ပုံပြင်ဆန်ဆန်တင်ဆက်ထားပေးထားတဲ့Love at first sight ဆိုတဲ့ Netflix ကထုတ်လွှင့်ခဲ့တဲ့ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေနော် “ဟာဒလီ” ဆိုတဲ့ကောင်မလေးကတော့ အချိန်နဲ့ပတ်သတ်ရင် အမြဲလိုလိုနောက်ကျပြီးဟိုမေ့ဒီမေ့နဲ့ ရှက်ပြာပြာနိုင်တတ်တဲ့သူပေါ့ တစ်နေ့ လန်ဒန်ကိုအကြောင်းကိစ္စတစ်ခုနဲ့ခရီးသွားဖို့လေဆိပ်အရောက်မှာ ထုံးစံအတိုင်း ချိန်းထားချိန်ထက် နောက်ကျပြီးရောက်သွားတော့ လေယာဉ်မမှီခဲ့ပါဘူး ဒါနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေချိန်မှာပဲ “အိုလီဗာ”ဆိုတဲ့ကောင်လေးနဲ့ အကြောင်းတိုက်ဆိုင်ပြီး တွေ့ဆုံခဲ့ပါတယ်..“အိုလီဗာ” ဆိုတဲ့ကောင်လေးကတော့ မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်လာတဲ့အရာတွေကိုကြောက်ရွံတတ်ပြီး အရာရာကို ကိန်းဂဏန်းသင်္ချာနဲ့ပဲ တိုင်းတာကြည့်တတ်သူပါတူညီချက်အနေနဲ့ နှစ်ယောက်သားကိုယ်စီမှာ အကြောက်တရားသုံးခုစီရှိတတ်ကြပြီးတော့ဒီတူညီတဲ့အကြောင်းတရားလေးတွေက သူတို့ကို ဘယ်လိုကံကြမ္မာမျိုးကိုခေါ်သွားမလဲ……“ဟာဒလီ” နဲ့ “အိုလီဗာ” ကရော ဘာကိစ္စကြောင့် လန်ဒန်ကို သွားကြတာလဲ……စတာတွေကို ဆက်သိချင်ရင်တော့ ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်နော်.... File size…1.32 GB / 615MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Love at First Sight (2023)
Montana Story (2021) 6.4
Montana Story (2021) Montana Story (2022)~ IMDb - 6.4/10, RT - 87%, Meta - 73% ~၂၀၂၁ ထွက် Drama ဇာတ်ကားကောင်းလေးပါ။ ရိုးရှင်းသလောက် တိကျသေသပ်တဲ့ ဇာတ်လမ်းဇာတ်ကွက် ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး ခံစားပျော်ဝင် သွားနိုင်စေမယ့် ဒရာမာကားကောင်းတစ်ကားပေါ့။Cinematography ကလည်း Western Theme ဆန်ဆန် ရိုက်ထားတာဆိုတော့ ရှုခင်းတွေက အသက်ရှုမှားချင်စရာတွေပါပဲ။ Dialogue ပါးပါးလေးတွေနဲ့ ထောက်ပံ့ထားတဲ့ အချိန်အကြာကြီးကွဲကွာနေရတဲ့ မောင်နှမနှစ်ယောက်ရဲ့ ခံစားချက်ကို ဖော်ပြသွားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်ကလည်း အံ့မခန်းပါပဲ။ ဇာတ်လမ်းကို အေးအေးလှလှလေးနဲ့ ဖြည်းဖြည်းချင်း တည်ဆောက်သွားပြီး ပြောင်မြောက်တဲ့ ဇာတ်သိမ်းနဲ့ ခံစားချက်တွေ တလှေကြီး ခံစားလိုက်ရပါလိမ့်မယ်။ ဇာတ်သိမ်းက မျှော်လင့်ထားသလိုမဟုတ်နိုင်ပေမဲ့လည်း သာမန်ရိုးစင်းတဲ့ ပုံမှန် ဒရာမာကားတစ်ကားရဲ့ ဇာတ်သိမ်းမျိုးတော့လည်း မဟုတ်ပြန်ပါဘူး။ကောင်းကင်ကျယ်ကြီးအောက်က မထူးပေမဲ့ ဆန်းတဲ့ နောက်ထပ် ...
movie
Montana Story (2021)
2021
After Yang (2021) 6.8
After Yang (2021) After Yang (2021) ~ IMDb - 6.8/10 , RT - 86%, Metacritic - 79% ~Directed By KogonadaA24 ကဖြန့်တဲ့ ရုပ်ရှင်ဆိုတော့ ဒီရုပ်ရှင်ကို မကြည့်မိခင်မှာ A24 ဖန်တစ်ယောက်က Ex Machina နဲ့ Minari ကိုပေါင်းထားတဲ့ ရုပ်ရှင်မျိုးပဲ တော်တော်ကောင်းတယ်လို့ ပြောတာ ဖတ်လိုက်ရသေးတယ်။ ကျွန်တော့်အတွက် ဒုတိယအချက်ကို လက်ခံနိုင်ပေမဲ့ ပထမအချက်ကို လက်ခံဖို့တော့ ခက်ပါတယ်။ တစ်ကားလုံးမှာတော့ မဟုတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ တစ်ချို့နေရာတွေမှာ တာကော့စကီးဆီက အရသာမျိုး ခံစားရတယ်။ ကိန်းမှာပြခဲ့လို့ ၂၀၂၁လို့ရေးထားပေမဲ့ တကယ်တမ်း ဒီရုပ်ရှင်ဟာ မနေ့ကမှ ထွက်တာဆိုတော့ ၂၀၂၂ပဲလို့ပြောရမယ်။ ပုဂ္ဂလိက ခံစားချက်အရတော့ မနှစ်က အသိရခက်ပြီး ကိုင်းခွဲများတဲ့ Drive My Car ရဲ့ ...
movie
After Yang (2021)
2021
Unpregnant (2020) 6.1
movie
Unpregnant (2020)
2020
Five Feet Apart (2019) 7.1
Five Feet Apart (2019) သင်တို့သင်တို့သိပ်ချစ်ရတဲ့ ချစ်သူကိုလက်လွှတ်ဆုံးရံှူးရရင်အရမ်းကိုဝမ်းနည်းနေကြမှာလား...သိပ်ကိုဝမ်းနည်းကြမှာပေါ့ ... ကိုယ်သိပ်ချစ်ရတဲ့လူပဲလေ...ထပ်မေးချင်တာက သင်တို့ရဲ့ချစ်သူ စိတ်ကောက်နေတဲ့အခါမှာအနားမလာနဲ့ ဖုန်းမဆက်နဲ့လို့ ပြောလိုက်ရင်သင်တို့အရမ်းကို ကမ္ဘာပျက်မတတ်ခံစားကြမှာလား...သိပ်ကိုခံစားကြမယ်ထင်ပါတယ်...ဘာလို့လဲဆိုတော့ သင်တို့ချစ်ရဲ့ချစ်သူကောင်လေးတွေ ကောင်မလေးတွေရဲ့အနားမှာ သင်တို့သိပ်ကိုနေချင်ကြတာကိုး...ဒါပေမယ့်  ဒီကားထဲကကောင်လေးနဲ့ကောင်မလေး နှစ်ယောက်လိုအဖြစ်မျိုးဆိုရင်တော့သင်တို့ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်လောက်ပါဘူး....သူတို့လောက်လည်း ချစ်နိုင်မယ်မထင်ပါဘူး...ကားလေးကတော့ ရိုးရိုးလေးနဲ့ ဆယ်ကျော်သက်အရွယ်ရောဂါသည်လူနာလေးနှစ်ယောက်ရဲ့သနားစရာအချစ်ပုံပြင်လေးကို ဇာတ်အိမ်တည်ထားတာပါ....Rating 7.1 အထိရရှိထားတဲ့ ဒီကားလေးထဲမှာတော့riverdaleရဲ့မင်းသားချောလေး cole sprouseပါဝင်သရုပ်ဆောင်ထားပါတယ်cystic fibrosisလို့ခေါ်တဲ့မွေးရာပါမျိုးရိုးဗီဇအရရောဂါရှိတဲ့သူတွေအကြောင်းကိုဒရမ်မာဆန်ဆန်ရိုမန်တစ်ဆန်ဆန်ရိုက်ကူးထားတာပါရောဂါရှိတဲ့သူတွေအချင်းချင်းအနားကပ်ထိတွေ့မိရင်ရောဂါပိုဆိုးရွားလာနိုင်တာကြောင့်တစ်ယောက်နဲ့တစ်ယောက်ခြောက်ပေအကွာမှာနေရမယ်ဆိုတဲ့စည်းမျဉ်းကြီးတစ်ခုရှိပါတယ်(ကားနာမည်ကဘာလို့five feet apartလည်းဆိုတာတော့ဇာတ်လမ်းထဲမှာကြည့်ကြည့်လိုက်ပါနော်)ရောဂါရှိတဲ့သူနှစ်ယောက်ဆေးရုံတစ်ရုံထဲမှာတွေ့ပြီးတစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားတဲ့အခါ...ကိုယ်ချစ်ရတဲ့သူကိုထိတွေ့ဖို့မပြောနဲ့အနားတောင်ကပ်ခွင့်မရှိတဲ့သူတို့ဘဝလေးနှစ်ခုနောက်ဆုံးမှာအဆုတ်အစားထိုးကုသခွင့်ကိုကောင်မလေးကရလာတဲ့အခါမှာ...ကောင်လေးကိုအသက်တမျှချစ်တဲ့ကောင်မလေးဘာတွေလုပ်မလဲ...ကောင်လေးကရောအသက်ရှင်နိုင်မလားဆိုတာတွေကိုတဝကြီးငိုပြီးကြည့်ရမှာပါ ...ဒီကားလေးကိုကြည့်ပြီး သင်တို့လည်းသင်တို့ချစ်သူတွေကို ၆ ပေအကွာမပြောနဲ့  ၁ ပေအကွာမှာတောင်နေလို့ရလား ....သူပျော်နေတာလေးကိုပဲ အဝေးကြီးကနေ ကြည့်နေနိုင်လား...တကယ်လို့ အဲလိုမနေနိုင်ဘူးဆိုရင် အနားမှာရှိတဲ့ချစ်သူကို ချစ်နိုင်တုန်းရတဲ့ အချိန်လေးမှာ ချစ်ကြပါ...ဒီကားလေးကြည့်ပြီး ချစ်တဲ့လူတိုင်းခံစားနိုင်ကြပါစေ....File Size : (1 GB) & ( 414 MB)Quality : WEB-DL 720pRunning Time :  1 hr 56 minFormat : Mp4Genre : Drama , RomanceSubtitle ...
movie
Five Feet Apart (2019)
2019
Split ( 2016 ) 7.3
Split ( 2016 ) 1975 ခုနှစ်က အမေရိက မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ Billy Milligan ဆိုတဲ့လူတစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ် Wanted ရုပ်ရှင်ကားဖြင့် နာမည်ကြီးလာသော James McAvoy ရဲ့ မျက်နှာပုံစံ မျက်နှာထားအမျိုးမျိုးကို စိတ်ကျေနပ်လောက်စရာ မြင်တွေ့ရမှာဖြစ်ပြီး ဇတ်လမ်းပုံစံကတော့ ကိုယ်ရည်သွေး စိတ်အမျိုးမျိုးဖြစ်တည်နေတဲ့ စိတ်ရောဂါ ဝေဒနာရှင် လူငယ်လေး နေရာကနေ စတင်ထားပါတယ်... ကယ်ဗင် ဟာ ကိုယ်ရည်သွေး စိတ် အမျိုးမျိုး ဖြစ်ပေါ်တက်သော ရောဂါရှိသဖြင့် စိတ်ရောဂါကု ဆရာဝန်ဖြစ်သူနှင့် အပတ်တိုင်း တစ်ကြိမ်စီ ပြသနေရသူဖြစ်ပါတယ်.... သူ့ရဲ့ ပုံမှန်ဘ၀ မှာတော့ အလွန်တော်တဲ့ လူငယ်လေး ဖြစ်ပြီး သူ့ရဲ့ မသိစိတ်ထဲတွင်တော့ ဒင်းနစ် ၊ ပတ်ထရစ်ရှာ ၊ ဟတ်ဝစ် ၊ ဘယ်ရီ အစ ရှိသော နာမည်များစွာဖြင့် ယောင်္ကျား မိန်းမ ကလေး အစရှိသော ကိုယ်ရည်သွေး စိတ်ခွဲပေါင်းများစွာ ရှိနေပါတယ် စိတ်ရောဂါကု ဆရာဝန် အနေဖြင့် ထို စိတ်များ အပြင်ထွက်မလာအောင် ထိန်းချုပ် ကုသပေးနေခဲ့သော်လဲပဲ ကယ်ဗင် ၏ မူလ စိတ်အခြေအနေကို အနိုင်ယူကာ ကိုယ်ရည်သွေး ...
movie
Split ( 2016 )
2016
Operation Finale 2018 6.6
movie
Operation Finale 2018
2018
Columbus (2017) 7.2
Columbus (2017) Columbus (2017) IMDb - 7.2/10_____Rotten - 97%   2017 ခုနှစ်ရဲ့ အလှပဆုံးရုပ်ရှင် Columbus Columbus ရုပ်ရှင်ဟာ ဝေဖန်ရေးဆရာတွေကြားမှာ မှတ်ချက်ကောင်းတွေရရှိခဲ့ပြီး Cinematography အရ အလှပဆုံးရုပ်ရှင်တစ်ကားလို့ပါ သတ်မှတ်ထားကြတဲ့ Indie/Art Film ကားတစ်ကားဖြစ်ပါတယ်။ IMDb 7.2, Rotten Tomatoes 97% ရရှိထားပြီး Archi Major ကျောင်းသူကျောင်းသားတွေ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ကားတစ်ကားပါ။ Columbus မြို့က နာမည်ကျော်ဗိသုကာပညာရှင်တစ်ယောက်ဟာ Coma ဝင်သွားတဲ့အတွက် သူ့ရဲ့သားဖြစ်သူ ဂျင် ဟာ ကိုရီးယားကနေ Columbus ကို ရောက်လာခဲ့ပါတယ်။ ငယ်ငယ်တည်းက အဖေနဲ့သားကြားမှာ ဆက်ဆံရေးအဆင်မပြေခဲ့တဲ့အတွက် ဂျင်ဟာ အဖေ့အနားမှာမနေပဲ ကိုယ့်အလုပ်ကိုသာအာရုံစိုက်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဗိသုကာပညာကို စိတ်ဝင်စားတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးနဲ့ ဂျင်နဲ့ မထင်မှတ်ပဲ ဆုံမိခဲ့ပြီး Columbus မြို့ရဲ့ ဗိသုကာလက်ရာအပြောင်မြောက်ဆုံး နေရာတွေကို အတူတူသွားရောက်လည်ပတ်ပါတော့တယ်။ သူတို့သွားရောက်လည်ပတ်တဲ့ အဆောက်အဦးတွေကနေတဆင့် ဘယ်လိုသင်ခန်းစာတွေယူကြသလဲ၊ ဒီအဆောက်အဦးတွေက သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို ဘယ်လိုပြောင်းလဲစေသလဲဆိုတာကို ...
movie
Columbus (2017)
2017
The Edge of Seventeen (2016) 7.4
The Edge of Seventeen (2016)  ဒီကားလေးကတော့ဆယ်ကျော်သက်ဟာသ/ဒရာမာကားလေးဖြစ်ပါတယ်။ဇာတ်ကားအစမှာတော့ကျောင်းသူဖြစ်သူNadineနဲ့သမိုင်းဆရာMr.Brunerတို့ရဲ့စကားဝိုင်းလေးနဲ့စထားပါတယ်။NadineဟာMr.Brunerကိုသူ့ရဲ့ဘဝအခက်အခဲတွေကိုရင်ဖွင့်နေတာဖြစ်ပါတယ်။အဲဒီကနေစလို့သူ့ရဲ့ငယ်ဘဝကစပြီးအိမ်တွင်းရေးတွေသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူKristaအကြောင်းတွေပြောပြပါတယ်။သူရဲ့အဖေဖြစ်သူကွယ်လွန်သွားပြီးနောက်အမေဖြစ်သူနဲ့အဆင်မပြေတဲ့Nadineဟာတွယ်တာစရာဆိုလို့အချစ်ဆုံးသူငယ်ချင်းဖြစ်သူKristaပဲရှိပါတော့တယ်။တရက်အစ်ကိုလုပ်တဲ့ပါတီမှာကဲရင်းနှစ်ယောက်သားပျော်ပါးမူးပြီးအိပ်ပျော်သွားကြပါတယ်။မနက်အိပ်ရာလည်းထရောအစ်ကိုဖြစ်သူနဲ့တူတူအချစ်ဆုံးသူငယ်ချင်းဖြစ်သူကိုတွေ့လိုက်ရတော့Nadineတယောက်အတော်စိတ်ထိခိုက်သွားပါတော့တယ်။အဲဒါနဲ့သူ့ကိုကြိတ်သဘောကျနေသူEwrinဖြစ်သူနဲ့ပဲတွဲဖြစ်ပါတော့တယ်။အဲဒီနောက်ပိုင်းNadineရဲ့ရင်ဖွင့်စရာရင်းနှီးနှစ်သိမ့်ပေးသူဟာMr.Brunerပဲဖြစ်လာပါတော့တယ်။ဆိုတော့Mr.Brunerတယောက်မိမိရဲ့ကျောင်းသူဖြစ်သူကိုဘယ်လိုဖြေသိမ့်ပေးနိုင်မလဲ၊ဘယ်လိုလမ်းပြပေးနိုင်မလဲ။Nadineရဲ့အချစ်ရေးလူမှုရေးကိစ္စတွေဟာဘယ်လိုဖြစ်လာမလဲဆိုတာကတော့လူငယ်ဆန်ဆန်ဟာသအရောအနှောလေးတွေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။Nadineတယောက်ပြဿနာတွေပြေလည်သွားမလား၊နောက်ဆုံးဘယ်လိုendingလေးနဲ့ပြီးဆုံးသွားမလဲဆိုတာတော့ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။လူငယ်သဘာဝDrama/Comedyကြိုက်တဲ့သူတွေအတွက်လူငယ်ဆန်ဆန်သဘာဝအလျောက်ဖြစ်ပျက်ပုံတွေကိုတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားလေးကိုဘာသာပြန်ပေးထားသူကတော့ May Thazin Myint ဖြစ်ပါတယ်)  File Size : (750 MB) and (300 MB) Quality : 720p Bluray Running Time : 1hr 44minutes Format : Mp4 Genre : Comedy,Drama Translated By May Thazin Myint Encode By Thanhtike Zaw
movie
The Edge of Seventeen (2016)
2016