Channel Myanmar

Han Dong

The Lord of the Monsters ( 2024 ) 5.8
The Lord of the Monsters ( 2024 ) ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမှာကတော့ မကောင်းဆိုးဝါးနဲ့အမတမျိုးနွယ်ကြားက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းရတဲ့ အမတဂိုဏ်းက ထက်မြတ်တဲ့ တပည့် မုချင်းတစ်ယောက် ဆရာအတူ တစ်ဖန်ပြန်ပေါ်ထွက်လာတော့မယ့် မ‌ကောင်းဆိုးဝါးဘုရင်ပိုင်ကျယ်ကို ချိတ်ပိတ်ဖို့ ချင်းလွမ်မှန်အပိုင်းအစကိုလိုက်ရှာဖို့ တာဝန်ပေးခံခဲ့ရတဲ့ မုချင်းတစ်ယောက် မကောင်းဆိုးဝါး နယ်မြေဖြစ်တဲ့ ပန့်ပုသောကို ရောက်ရှိလာခဲ့ပါတယ်တကယ့်ကိုမှ ပြင်းထန်ပြီးစိတ်လှုပ်ရှားဖွယ် အချစ်တစ်ခုနဲ့ထိတွေ့ချင်နေတဲ့ စိတ်ကောင်းရှိတဲ့ ကြောင်မကောင်းဆိုးဝါးမလေးကျောင်းယန်ကတော့ ပန့်ပုသောရဲ့တန်ကျင်တောင်မှာ နေထိုင်လာတာ နှစ်ရာချီနေခဲ့ပါပြီမကောင်းဆိုးဝါးမှန်သမျှဟာ လူ့လောကကို တစ်ချိန်ချိန်မှာဒုက္ခပေးမယ်ဆိုတဲ့ အသိကိုရိုက်သွင်းခံထားရတဲ့ မုချင်းတစ်ယောက် စိတ်ကောင်းရှိပြီး ကူညီပေးတတ်တဲ့ မကောင်းဆိုးဝါးမလေးကျောင်းယန်နဲ့ဆုံတွေ့ပြီးနောက်မှာတော့ အမတမျိုးနွယ်နဲ့ မကောင်းဆိုးဝါးမလေးတို့ကြားမှာ အချစ်စစ်တစ်ခု ပေါက်ဖွားလာခဲ့ပါတယ်အမတမျိုးနွယ်နဲ့မကောင်းဆိုးဝါးမျိုးနွယ်ဆိုတာ သူသေကိုယ်သေတိုက်ပွဲဖြစ်ဖို့ပဲ အလားအလာရှိနေတာဆိုတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းဘယ်လိုတွေဖြစ်လာမှာလဲ လောကမှာ ကောင်းတဲ့သူနဲ့မကောင်းတဲ့သူပဲရှိတာမို့လို့ ဒီလိုတစ်ယူသန်အတွေးတွေကြောင့် ဘယ်လိုဒုက္ခတွေနဲ့ရင်ဆိုင်ရမှာလဲဆိုတာကိုတော့ ဒီကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance , Fantasy , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

The Lord of the Monsters ( 2024 )

Chinese Paladin Prequel: The Wine Sword Fairy ( 2024 ) 5.7
Chinese Paladin Prequel: The Wine Sword Fairy ( 2024 ) ရှူရှန်းဂိုဏ်းဟာ လူ့ပြည်မှာ ပုန်းအောင်းနေတဲ့ မိစ္ဆာတွေကို လိုက်လံနှိမ်နင်းတဲ့ ဂိုဏ်းဖြစ်ပါတယ်။ ရှူရှန်းဂိုဏ်းက နင်အဆင့်တပည့် စီးထူကျုံးဟာ ထူးခြားတဲ့သွေးစီးဆင်းနေတဲ့အတွက် အရက်မသောက်ရရင်မူးနေတက်ပြီး အရက်သောက်ရမှ နိုးကြားနေတတ်သူ ဖြစ်ပါတယ်။စီးထူကျုံးဟာ သိုင်းပညာမှာ ကျွမ်းကျင်ပေမဲ့ လွတ်လပ်ခြင်းကို နှစ်သက်သူ ဖြစ်တဲ့အတွက် ဂိုဏ်းစည်းကမ်းတွေကို မလိုက်နာပဲ အကြီးအကဲတွေအတွက် ခေါင်းကိုက်စရာတပည့်တစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာ ယုန်မိစ္ဆာမလေး ဖုန်းရှောင်ရွှိနဲ့ တွေ့ဆုံခဲ့ပြီး သူ့စိတ်ထဲမှာ ဖုန်းရှောင်ရွှိကို ရင်းနှီးနေသလို ခံစားနေရပါတယ်။ဖုန်းရှောင်ရွှိကလည်း သူ့ကိုယ်သူ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က စီးထူကျုံးရဲ့ချစ်သူဖုန်းရှောင်ရှန်းရဲ့ ညီမလေးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ နောက်နေ့မှာ ဖုန်းရှောင်ရွှိကို ဆရာဦးလေးက ရှူရှန်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဖုန်းရှောင်ရွှိကနေပြီးတော့ သူ့ဂိုဏ်းတူညီလေး နန်ကုန်းဟွမ်ဟာ ဝံပုလွေမိစ္ဆာဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ နန်ကုန်းဟွမ်ကို ကာကွယ်ပေးဖို့အတွက် စီးထူကျုံးတို့တစ်တွေ ရှူရှန်းမှ ထွက်ပြေးခဲ့ပြီး ယွိကျိုးမြို့ကို ရောက်ရှိလာပါတယ်။သူတို့တစ်တွေ ရှူရှန်းဂိုဏ်းရဲ့ လိုက်လံဖမ်းဆီးခြင်းက လွတ်မြောက်နိုင်ပါ့မလား...... ဖုန်းရှောင်ရွှိကရော ဘာအတွက် စီးထူကျုံးကို လာရောက်ချဉ်းကပ်နေတာလဲ...... စီးထူကျုံးရဲ့ ထူးခြားတဲ့ သွေးမျိုးရိုးကရော ဘယ်က ဖြစ်လာတာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : ...
movie

Chinese Paladin Prequel: The Wine Sword Fairy ( 2024 )

Meet The Evil Spirits ( 2023 ) 5.8
Meet The Evil Spirits ( 2023 ) CM ရဲ့ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ်ကဇာတ်လမ်းလေး ဖြစ်ပါတယ်။ အမည်မသိ ခေါင်းပြတ်အမျိုးသမီးအလောင်းအတွက် ခေါင်းတစ်ခု ထည့်ပေးဖို့ အလောင်းပြင်သူကို တောင်းဆိုလာပါတယ်။ ဒါက နိမိတ်မကောင်းတဲ့ အလုပ်ဖြစ်တဲ့အတွက် လီတာ့တန်က မလုပ်ပေးချင်ပေမယ့် ငွေအများကြီးရတဲ့အတွက် လက်ခံခဲ့ပါတယ်။ဒါပေမဲ့ အလောင်းက အသက်ဝင်လာပြီး လီတာ့တန်တစ်ယောက် ခြောက်လန့်ခံရပြီး ဖျားသွားခဲ့တဲ့အတွက် သမီးဖြစ်သူက နတ်ကတော်ခေါ်ပြီး နတ်ပွဲလုပ်ပေးချိန်မှာ လီတာ့တန်တစ်ယောက် အသက်ပျောက်သွားခဲ့ပါတယ်။ နတ်ကတော်ကလည်း အဓိက သံသယရှိသူဖြစ်သွားခဲ့ပါတယ်။မြို့ကို အသစ်ပြောင်းလာတဲ့ ရဲအဖွဲ့ခေါင်းဆောင် ကျောက်ရန်က ဒီအမှုကို စုံစမ်းဖို့ တာဝန်ကျခဲ့ပါတယ်။ အမှုကို စုံစမ်းနေချိန်မှာ ခေါင်းပြတ်အလောင်းက လွန်ခဲ့တဲ့ ၃ နှစ်က သေဆုံးသွားခဲ့တဲ့ ချင်းအာရဲ့ အလောင်းဖြစ်တာကို သိခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က အမှုနဲ့အတူ သဲလွန်စတွေ ပေါ်ထွက်လာတဲ့ အခါမှာတော့......အမှုရဲ့ တရားခံအစစ်ကို ရှာတွေနိုင်ပါ့မလား...... အမြဲတမ်း မြင်နေရတဲ့ ပုံရိပ်ယောင်တွေကရော ဘယ်လိုဖြစ်ခဲ့တာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ သဲထိတ်ရင်ဖို ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres ...
movie

Meet The Evil Spirits ( 2023 )

The Sword of Jingchu ( 2023 ) 5.9
The Sword of Jingchu ( 2023 ) တိုင်းပြည်အခြေအနေကမောက်ကမဖြစ်တဲ့အချိန် ထိန်းချုပ်နိုင်ဖို့ အာဏာတည်တဲ့ဓားရှည်တစ်ချောင်းကို ‌ ခေတ်အဆက်ဆက်ထိန်းသိမ်းလာခဲ့ကြပါတယ်။ဓားရဲ့အရှင်သခင်ဆက်ခံသူရွေးတဲ့နေရာမှာလည်း စနစ်ကျကျနဲ့သေချာရွေးတာကြောင့် ဓားရဲ့အရှင်သခင်ဖြစ်ဖို့ မလွယ်ကူတဲ့အချိန် ယွီတရုန်ဆိုတဲ့ကောင်လေးက စစ်ဆေးမှုအဆင့်ဆင့်ကို ဖြတ်ကျော်ပြီး ဓားပိုင်ရှင်အသစ်ဖြစ်လာခဲ့ပါတော့တယ်.......ဓားကိုလိုချင်နေကြတဲ့ ဓါးပြတွေနဲ့ ကျူးကျော်သူတွေကြောင့် သူတန်ဖိုးထားရတဲ့လူတွေကို ဆုံးရှုံးပြီးတဲ့နောက်..... ဒီဓားနဲ့ပတ်သက်ပြီး လူတွေအများကြီးသေကြေခဲ့ရတာတွေကို ယွီတရုန်တစ်ယောက်ဘယ်လိုဖြေရှင်းမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုလို့ကောင်းမယ့် ဇာတ်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Kyawt Encoded by LK
movie

The Sword of Jingchu ( 2023 )

The Painted Wall of Liaozhai ( 2023 ) 5.9
The Painted Wall of Liaozhai ( 2023 ) လူသားနဲ့မိစ္ဆာတို့ရဲ့အချစ်ဇာတ်လမ်းလေးတွေကြိုက်တဲ့ CMပရိသတ်ကြီးအတွက် တစ်မူထူးခြားတဲ့ နံရံဆေးရေးပန်းချီထဲကကမ္ဘာကိုခေါ်သွားပါရစေ......သရဲတစ္ဆေစတဲ့ပရလောကသားတွေပျော်မွေ့တဲ့ သရဲပွဲတော်လို့ခေါ်တဲ့(၇)လပိုင်း(၁၅)ရက်နေ့မှ ာမိစ္ဆာမတစ်ယောက်ဟာ ထကြွသောင်းကျန်းနေပါတယ် မိစ္ဆာမကိုနှိမ်နင်းဖို့နတ်ဇာမဏီကရောက်ပြီး နှစ်ဦးသားတိုက်ခိုက်ကြပါတော့တယ်။မိစ္ဆာမကိုမသတ်နိုင်တဲ့အဆုံး နတ်ဇာမဏီကသူ့ကိုယ်သူစတေးပြီး မိစ္ဆာမကိုနံရံဆေးရေးပန်းချီထဲမှာချုပ်နှောင်းထားလိုက်ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါ နံရံပန်းချီရဲ့သက်ဝင်မှုကြောင့် ပန်းချီဆရာလေးတွေကလာရောက်စူးစမ်းရင်း နံရံပန်းချီထဲကကမ္ဘာထဲကိုရောက်သွားကြပါတယ်။ပန်းချီဆရာလေးတွေရောက်သွားတဲ့ကမ္ဘာကနတ်ဘုံလား မိစ္ဆာဘုံလား...... နံရံဆေးရေးပန်းချီထဲကကမ္ဘာထဲမှာ ဘယ်လိုမှော်ဆန်တဲ့အရာတွေနဲ့ကြုံတွေ့ကြမလဲ...... လူသားပန်းချီဆရာလေးနဲ့ မိစ္ဆာမလေးတို့ရဲ့အချစ်ဇာတ်လမ်းကရောဘယ်လိုအဆုံးသတ်မလဲ...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Romance Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Painted Wall of Liaozhai ( 2023 )

Cross the Yalu River ( 2021 ) 5.9
Cross the Yalu River ( 2021 ) ဒီတခါတော့ CM ကနေပြီးတော့ 1950 ခုနှစ်ပတ်ဝန်းကျင်လောက်က စစ်ကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-1950 ခုနှစ် 6 လပိုင်းတွင် ကိုးရီးယားပြည်တွင်းစစ်ကြီး စတင်ခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂစစ်တပ်မှ တရုတ်နိုင်ငံကို နံပါတ် ၇ စစ်သင်္ဘောနဲ့ စစ်လေယာဉ်များကို လွှတ်ပြီး ရှန်းတုန်းနှင့် တုန်းပေတို့ကို ပစ်ခတ်ဖောက်ခွဲခဲ့တဲ့အတွက် လူအများအပြား ဒဏ်ရာရခဲ့ရပါတယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မော်စီတုန်းမှ ဦးဆောင်တဲ့ အရာရှိတွေက အမေရိကန်ကို တိုက်ခိုက်ပြီး ကိုးရီးယားကို ကူညီပေးဖို ကြေငြာခဲ့ပါတယ်။အချိန် ၂ နှစ်ကျော် တိုက်ခိုက်ခဲ့ရတဲ့ စစ်ပွဲကြီးကို ကိုယ်တိုင် ပါဝင်တိုက်ခိုက်နေရသလို ခံစားစေရအောင် ရိုက်ကွက်လှလှလေးတွေနဲ့ ရိုက်ပြပေးထားတဲ့အတွက် ဒီကားလေးကိုလဲ စစ်ကားတွေ ကြိုက်တတ်တဲ့ ပရိသတ်တို့ကို ကြည့်ဖို တိုက်တွန်းပါရစေ။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 34 min Subtitle : Myanmar ...
movie

Cross the Yalu River ( 2021 )

Get In The Dark ( 2022 ) 6.1
Get In The Dark ( 2022 ) ဖူရွှိန်မြို့တော်မှာ တည်ရှိတဲ့ စက္ကူအရုပ်ဆိုင်လေးတစ်ဆိုင်ဆီကို ဧည့်သည်တစ်ယောက်ရောက်ရှိလို့လာခဲ့ပါတယ်....! သူကတော့ သတင်းတစ်ယောက်ဖြစ်တဲ့ လုရှောင်ရှန်းပါ ။ လာရတဲ့ အကြောင်းအရင်းကတော့ မြို့တော်မှာ ပျံ့နှံ့နေတဲ့ ထူးဆန်းလှတဲ့ အကြောင်းအရာတစ်ခုကြောင့်ပါ ။ အဲဒီ ထူးဆန်းလှတဲ့ အကြောင်းအရာက ဘာများဖြစ်နေမလဲ...?❏ လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့် ချောင်အိမ်တော်ရဲ့ မမလေးဖြစ်သူ ချောင်ယွမ်ယွမ်ဟာ သေဆုံးခဲ့ရပါတယ်။ ချောင်အိမ်တော်ရဲ့ အိမ်တော်ထိန်းဖြစ်သူဟာ ချောင်ယွမ်ယွမ်ကို သဂြိုလ်ဖို့ စက္ကူရုပ်ဆိုင်ပိုင်ရှင် လျိုစန်းကို စက္ကူရုပ်တစ်ရုပ်လုပ် ခိုင်းခဲ့ပါတယ် ။လျိုစန်းဟာ စက္ကူရုပ်အပေါ်ကို မျက်လုံးတပ်ပေးလိုက်တဲ့ အချိန်မှာတော့ ​ချောင်အိမ်တော် သခင်ကြီးကို လက်စားချေဖို့ ကြောက်မက်ဖွယ်ရာကိစ္စတွေ ဖြစ်ပေါ်လာခဲ့တဲ့အခါ...?❏ သရဲ သစ္ဆေနဲ့ပတ်သတ်လာရင် အယူသီးခြင်းမရှိလှတဲ့ လုရှောင်ရှန်း တစ်ယောက် ဒီအမှုကို ကိုင်တွယ်ဖြေရှင်း စစ်ဆေးရင်း သူနဲ့ပတ်သတ်ခဲ့သမျှ လူတွေဟာ သေဆုံးပြီးသားလူတွေဖြစ်ကြောင်း သိရှိသွားတဲ့အခါ....?❏ လုရှောင်ရှန်းတစ်ယောက် ဒီအမှုရဲ့ နောက်ကွယ်အမှန်တရားကို ရှာဖွေနိုင်ပါ့မလား ...? ဆိုတာ ထိတ်လန့်ခြောက်ခြားဖွယ်ရာကြည့်ရှုရမဲ့ Horror ဇာတ်ကားလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင် ။ အခုပဲ ကြည့်ရှုအဖြေရှာလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : ...
movie

Get In The Dark ( 2022 )

A Touch of Sin(2013) 7.1
A Touch of Sin(2013) A Touch of Sin(2013)**************************IMDb....7.1,,,,Rotten...94%တစ်ချို့သော သူတွေအတွက် ပုရွက်ဆိတ်လေးတစ်ကောင်သတ်ဖို့တောင် လက်တွန့် နေတတ်ပေမယ့် တစ်ချို့သူတွေအတွက် လူ့အသက်တစ်ချောင်းကို ဇီဝိန်ခြွေဖို့ မျက်တောင်အခတ်မပျက် ပြုမူဆောင်ရွက်နိုင်တာတွေရှိတယ်..... တစ်ချို့သူတွေအတွက် နုှတ်ထွက်စကားတစ်ခွန်း သတိထားပြီးဆိုတတ်ပေမယ့် တစ်ချို့သူတွေအတွက် အကြမ်းတမ်းဆုံးသောစကားတွေအတွက် လေချွန်သလောက်တောင် အားစိုက်စရာမလိုပဲ အလွယ်တကူပြောကြတယ်... ဘဝပေးကုသိုလ်လား ဗီဇလား ပတ်ဝန်းကျင်ကြောင့်လား...ရှင်သန်ရေးအတွက် လုပ်ရတဲ့ကိစ္စတွေက ဘယ်သူတွေကြောင့်လဲ... ဒီဇာတ်ကားကနေ တရုတ်နိုင်ငံမှာရှိတဲ့ လူတန်းစားအမျိုးမျိုးရဲ့ ကြုံတွေ့နေရတဲ့ပြဿနာတွေ၊ ဖြစ်ပျက်နေတာတွေကို စိတ်ဝင်စားစရာကောင်းပြီးပေါ်လွင်အောင် ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားရဲ့အခန်းတိုင်းက ဆက်စပ်နေပြီး အနှစ်သာရပြည့်ဝတဲ့အတွက်ကြောင့် အစကနေ အဆုံးအထိ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ပြောရရင် တွေးလို့ ကောင်းတဲ့ဇာတ်ကားဆိုရင်ပိုမှန်ပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Naomi Noe ဖြစ်ပါတယ်...File Size : (1.0 GB) and (359 MB) Quality : Blu-Ray 720p Format…mp4 Duration…02:10:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Naomi Noe Encoded by Phyo Pyae
movie

A Touch of Sin(2013)

2013