Channel Myanmar

Han Ye-Na

Don’t Click (2012) 4.8
Don’t Click (2012) Don't Click (2012)_____IMDb - 4.8/10    အခုမိတ်ဆက်ပေးမယ့် don't click ဆိုတဲ့ဇာတ်ကားလေးရဲ့ဇာတ်ဆောင်ကတော့ K drama fan တွေရဲ့အချစ်တော်မလေး Park Bo Yong ပဲဖြစ်ပါတယ် ချစ်ရာကောင်းတဲ့မင်းသမီးချောလေးက ဒီတစ်ခါတော့ ကြောက်တတ်သူများမကြည့်သင့်တဲ့ဒီဇာတ်ကားမှာ ဖခင်ဟာ အမေရိကားမှာအလုပ်သွားလုပ်နေပြီး ညီမလေးနဲ့ ၂ယောက်ထဲနေကာ အစ်မကြီးတစ်ယောက်ရဲ့တာဝန်ကိုထမ်းနေရတဲ့မိန်းမငယ်လေးအဖြစ် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းတော့ ရုန်းကန်နေရတဲ့ မိသားစုလေးဖြစ်တဲ့အလျောက် ညီမလေးဟာ YouTube ဗီဒီယို တင်ပြီး ကျော်ကြားမှုနဲ့ ဝင်ငွေရှာပါတယ် ဗီဒီယိုအဆန်းတွေကြည့်ရတာလဲခုံမင်တယ် ဒီလိုနဲ့ တားမြစ်ဗီဒီယိုတစ်ခုကိုကြည့်မိတာနေ ပြဿနာစတော့တာပါပဲ don't click ဆိုတဲ့အတိုင်းclick မိပြီဆိုတာနဲ့ အဆုံးထိကြည့်ရသတဲ့ ကြည့်မိတဲ့သူတိုင်းဟာလဲ အဖြစ်ဆိုးတွေနဲ့ ကြုံရပါတယ် အဲ့ဒီဗီဒီယိုရဲ့နောက်ကွယ်ကဇာတ်လမ်းဟာဘယ်လိုဖြစ်သလဲ သူတို့ညီအစ်မ၂ယောက်ကကောဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာ ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ် ည ၁၂ နာရီလောက်အချိန်မျိုးမှာထိုင်ကြည့်တာတော့ပိုအရသာရှိတာပေါ့   Translated & Review By Nu Mon   Encoded By LK  
movie

Don’t Click (2012)

2012