Channel Myanmar

Hannah Al Rashid

Night Explorers: The Asylum (2023)
Night Explorers: The Asylum (2023) ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ horror အမျိုးအစားရုပ်ရှင်ဇာတ် လမ်းလေးပါ။ဇာတ်လမ်းအကြောင်းကတော့...မင်းသားတို့သူငယ်ချင်းတစ်စုဟာ ချန်နယ်တစ်ခုထောင်ထားပြီးတော့ ခြောက်ခြားစရာကောင်းတဲ့နေရာတွေမှာ ပရလောကနဲ့ဆက်သွယ်တဲ့အကြောင်းကို တင်ဆက်ကြတဲ့သူတွေပါ။ သူတို့က အခုအခါမှာတော့ ကြုံတော့ကြုံခဲအနေနဲ့ ပီလိုစီစိတ္တဇဆေးရုံကို ဝင်ခွင့်ရခဲ့ကြပါတယ်။ ပီလိုစီဆေးရုံကိုသွားဖို့အတွက် သူတို့ကအခြားအဖွဲ့တစ်ခုနဲ့ပူးပေါင်းပြီးသွားကြပါတယ်။အရင်တင်ဆက်ထားတဲ့ ဗီဒီယိုတွေမှာ သရဲခြောက်တာကိုအလိမ်အညာလုပ်တာ အရမ်းများသွားတဲ့အတွက် ဒီတခါမှာတော့ အလိမ်အညာမလုပ်တော့ပဲ တကယ်သရဲခြောက်တဲ့အတွေ့အကြုံကိုပဲ တင်ဆက်ကြမယ်ဆိုပြီးသွားကြပါတယ်။ဆေးရုံကိုရောက်တဲ့အခါ ဆေးရုံကအရမ်းကြီးလွန်းတော့ လူခွဲသွားဖို့အကြောင်းဖန်လာပါတယ်။ ဆေးရုံထဲမှာ ဖုန်းလိုင်းကလည်းမမိ၊ ယူသွားတဲ့ရေဒီယိုတွေကလည်း နံရံတွေအရမ်းထူနေတဲ့အတွက် ကောင်းကောင်းအသုံးပြုလို့မရဖြစ်လာတဲ့အခါ သူတို့ ဘယ်လိုခြောက်ခြားစရာတွေနဲ့ကြုံရမလဲ ဆိုတာဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(535 Mb) Quality….Webrip 720p Format…mp4 Duration….01:36:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Night Explorers: The Asylum (2023)

The Queen of Black Magic (2019) 6.5
The Queen of Black Magic (2019)  ဒီဇာတ်ကားဟာ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတဲ့အင်ဒိုနီးရှားဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက မိဘမဲ့ဂေဟာကိုသွားရောက်လည်ပတ်ကြတဲ့ မိသားစုသုံးစု တွေ့ကြုံခဲ့ရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေအပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ Kimo Stamboel က ရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/ 10 အထိ ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အင်ဒိုနီးရှား သရုပ်ဆောင် အကျော်အမော်များဖြစ်တဲ့ Ario Bayu,Hannah AI Tashid, Adhisty Zara, Ade Firman Hakim, Muzaki Ramdhan နဲ့Ari Irham တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး Ade Firman က အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို ရရှိထားပါတယ်။ဇာတ်လမ်းအစမှာ Nanifတို့ မိသားစု Nanifငယ်ငယ်က ကြီးပြင်းလာခဲ့တဲ့ မိဘမဲ့ဂေဟာကကျေးဇူးရှင်အဖိုးကြီး နာမကျန်းလို့ သွားရောက်ကြည့်ရှုကြပုံနဲ့ အစပျိုးထားပါတယ်။ဒီလိုနဲ့ မိဘမဲ့ဂေဟာကို ရောက်ရှိတဲ့အခါမှာ ငယ်ငယ်က အတူတူကြီးပြင်းလာခဲ့တဲ့Anton ...
movie

The Queen of Black Magic (2019)

Gundala (2019) 7.2
Gundala (2019) ဒီကားလေးကတော့ စူပါဟီးရိုးဖန်တွေအတွက် 2019 တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားလေးပါ။BumiLangit စတူဒီယိုကနေထုတ်လုပ်တာဖြစ်ပြီး BumiLangit Cinematic Universe(BCU) ရဲ့ ပွဲဦးထွက် စူပါဟီးရိုးကားလည်းဖြစ်ပါတယ်။ဒီနှစ်ပိုင်းအတွင်းမှာ BCU ကနေ နောပ်ထပ် Sequals တွေထပ်ထွက်ဖို့ရှိပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့.... ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်း၊ အချိန်ပိုတွေလုပ်ခိုင်းပြီးလစာတွေကိုကျတော့မစို့မပို့သာပေးပြီး အချိန်အကြာကြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။အဲဒီလို အမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့ ဆောက်လုပ်ရေးကုမ္ပရဲ့အထက်လူကြီးတွေကို သည်းမခံနိုင်တော့တဲ့အဆုံး တစ်နေ့မှာတော့အလုပ်သမားတွေဟာစုဖွဲ့ပြီး ဆန္ဒပြဖို့လုပ်ပါတော့တယ်။အဲဒီဆန္ဒပြတဲ့အုပ်စုထဲမှာ ဆန်ချာကာဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အဖေလည်းပါပါတယ်။ဆန်ချာကာ ဆိုတာကတော့ မွေးကတည်းက ထူးခြားတဲ့စွမ်းအားနဲ့မွေးဖွားလာတဲ့ကလေးလေးပါ။သူဟာ မိုးကြိုးတွေကနေခွန်အားတွေပြန်ယူနိုင်ပြီး ရန်သူတွေကိုလည်း လျှပ်စီးတွေနဲ့ ပစ်နိုင်တဲ့အစွမ်းရှိပါတယ်။ပြီးတော့ သူ့စွမ်းအားတွေထုတ်နေတုန်းမှာဆိုရင် သူ့လက်ထဲကိုင်ထားတဲ့အရာဝတ္တုနဲ့ အမျိုးအစားတူတဲ့ပစ္စည်းတွေဟာ ကွဲကြေပျက်စီးနိုင်ပါတယ်။ဒါပေမယ့် ဆန်ချာကာလေးဟာ သူ့မှာစွမ်းအားရှိနေတာကို မသိရှာပါဘူး။ဆန်ချာကာရဲ့အဖေတို့ဟာ ဆန္ဒပြရင်းမတော်တဆဖြစ်ပြီး ငွေနဲ့မက်လုံးအပေးခံထားရတဲ့ တခြားစက်ရုံဝန်ထမ်းတစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့ရပါတယ်။အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ...
movie

Gundala (2019)

2019
Critical Eleven (2017) 7.2
Critical Eleven (2017) Critical Eleven (2017)၂၀၁၇ ခုနှစ်တုနးက ထွက်ရှိထားတဲ့ အင်ဒို အချစ်အိမ်ထောင်ရေး ဇာတ်ကားကောင်ုးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကတော့ လေယာဉ်ပေါ်မှာ ဆုံတဲ့ ဖူးစာ လို့ ပြောရမှာပါပဲ။ အယ်လီဆိုတဲ့အမျိုးသားနဲ့နှင့် အာဉာဏ်လို့ခေါ်တဲ့အမျိုးသမီးတစ်ဦးဟာ Jakarta ကနေ Sydney ကို သွားတဲ့လေယာဉ်ပေါ်မှာပထမဆုံးတွေ့ဆုံကြပါတယ်။ မြင်မြင်ချင်းအချစ်လို့ခေါ်ရမလိုပဲ သူတို့တစ်ယောက်ကိုတစ်ယောက်‌ လေယာဉ်‌ပေါ်မှာတင်ချစ်သွားကြပါတယ်။အဲဒီနောက်မှာ‌ေတာ့ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိလာပါတယ်။ ဘ၀ဆိုတာ အမြဲတမ်း‌ေဖြာင့်ဖြူး‌ေနတာမဟုတ်ပါဘူး အချိုးအကွေ့အလှည့က်အ‌ေပြာင်းဆိုတာရှိပါတယ်။ တစ်‌နေ့မှာတော့ သူတို့နှစ်ယောက်ရဲဆက်ဆံရေးကို သွေးတိုးစမ်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခု ပေါ်ပေါက်လာပါတာ့တယ်။ အဲဒီ ဖြစ်ရပ်ဆိုးရဲ့ နောက်ကွယ်မှာ ဘာတွေ ဆကဖြစ်မယ် ဆိုတာတော့ ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyal Sin Yati Ko ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1.75Gb | 982MB | 547MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle ...
movie

Critical Eleven (2017)

Feed Me (2022)
Feed Me (2022) Feed Me (2022)အားလုံးကို သိပ်မကြာသေးခင်က လောလောလတ်လတ် အသစ်ထွက်ရှိထားတဲ့ Dark Comedy အမျိုးအစား ဟော်ရာဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDB rating အရ Horror ကားအနေနဲ့ဆိုရင် ကြည့်ပျော်ရှုပျော်ထက်ပိုတဲ့ မဆိုးလှတဲ့အနေအထားလို့ ပြောရမှာပါ။ဇနီးသည်သေသွားလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေနဲ့ ယူကျုံးမရဖြစ်နေပြီး ဇနီးသည်ပုံရိပ်ကိုထင်ယောင်ထင်မှားမြင် စိတ်ကျရောဂါ၀င် ထရော်မာရနေတဲ့ ဂျိတ်ဆိုတဲ့သူကို အရက်ဆိုင်မှာ သူစိမ်းတစ်ဦးက မင်းရဲ့၀န်ပိုးတွေ အကုန်ဖယ်ရှားပေးနိုင်တယ်လို့ပြောပြီး ထူးဆန်းတဲ့အပေးအယူတစ်ခုနဲ့ ချည်းကပ်လာပါတယ်။ အဲဒီအပေးအယူက သေချင်နေတဲ့ဂျိတ်ကို တဖြည်းဖြည်း သတ်ပေးပြီး ဂျိတ်ရဲ့အသားကိုတော့သူစားမယ်ဆိုတာပါပဲ။ ဇနီးသေဆုံးမှုကြောင့် အပြစ်တင်စိတ်တွေနဲ့ပြည့်နေတဲ့ ဂျိတ်ကရော ဒီကမ်းလှမ်းချက်ကိုလက်ခံလိုက်ပါ့မလား။ အဲဒါအပြင် မထင်မှတ်ထား‌တာတွေကိုပါ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားမှာ သွေးသံရဲရဲပြကွက်တွေ လူသားစားတာတွေပါတာကြောင့် Gore Movie တွေကို ကြိုက်နှစ်သက်တဲ့သူတွေ ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 751MB Quality ...
movie

Feed Me (2022)

2022
Dreadout: Tower of Hell (2019) 5.7
Dreadout: Tower of Hell (2019) အရှေ့တောင်အာရှရုပ်ရှင်စျေးကွက်မှာ ထိုင်း၊အင်ဒိုနီးရှား နိုင်ငံများရဲ့ရုပ်တွေက တော်တော်လေးလေးပေါက်ပေါက်ရောက်ရောက်ရှိပါတယ်။သရဲကားဆိုရင်လည်း ထိုင်း၊ အင်ဒို၊ မလေးရှား အစရှိတဲ့ဇာတ်ကားတွေသာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ဒီတစ်ခါမှာတော့ မကြာခင်ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှားသရဲကား DreadOut ကိုတင်ဆက်ပေးချင်ပါတယ်။Jump scare တွေများများစားစားမပါဘဲ အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့် Horror ကားမျိုး ကြည့်ချင်သူတွေဆိုရင် ဒီကားကိုကြည့်ဖို့ လက်တို့ပါရစေ။ဇာတ်လမ်းအကျဉ်းကတော့... Jessica, Beni, Dian တို့သုံးယောက်က အထက်တန်းကျောင်းသူ/သား တွေပါ။မျက်မှောက်ခေတ်ဆယ်ကျော်သက်တွေရဲ့ထုံးစံအတိုင်း Social Network တွေရဲ့လွှမ်းမိုးမှုကို အကြီးအကျယ်ခံထားရတဲ့သူတွေပေါ့။သူတို့သုံးယောက်က Social Network ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်တာကြောင့် နှစ်အတော်ကြာစွန့်ပစ်ထားတဲ့ တိုက်အိုကြီးပေါ်သွားပြီး Live လွှင့်ကာ Follower ရှာဖို့ကြံကြပါတယ်။အဲဒီမှာ Alex ဆိုတဲ့ခပ်ရမ်းရမ်းကျောင်းသားတစ်ယောက်ရယ်၊ Erik ဆိုတဲ့စော်ကြည်ဘဲတစ်ယောက်ကိုပါ ချောဆွဲကြပါတယ်။နောက်ထပ်ချောဆွဲခံလိုက်ရတာက Linda၊ Linda က သူတို့တွေရဲ့ ဂျူနီယာတစ်ယောက်၊ မိသားစုအဆင်မပြေလို့ စတိုးဆိုင်မှာ ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေရတဲ့သူ။သူ့ကိုခေါ်ရတဲ့အကြောင်းအရင်းက တိုက်အိုကြီးရဲ့အစောင့်နဲ့ ရင်းနှီးတာကြောင့် သူတို့အသာတကြည်ဝင်ခွင့်ရအောင် ခေါ်ချင်တာ။Linda ...
movie

Dreadout: Tower of Hell (2019)

2019
Buffalo Boys (2018) 7.2
Buffalo Boys (2018) အသစ်ထွက် အင်ဒိုနီးရှား action ကားသစ်လေးပါ။IMDb 6.9 အထိရရှိထားတာကြောင့် မဆိုးလှတဲဇာတ်ကားလေးပဲဖြစ်ပါတယ်။Western နဲ့ Eastern ကိုရောစပ်ရိုက်ကူးထားပြီး အတော်အသင့်ကြည့်ကောင်းတဲ့ဇာတ်ကားလေးပါ။အင်ဒိုနီးရှားဆူလ်တန်ဘုရင်တွေအုပ်စိုးခဲ့တဲ့နယ်မြေတွေပေါ်ဒတ်ခ်ျတွေ ကိုလ်ုနီလာပြုတဲ့အချိန်ကာလကို နောက်ခံထားရိုက်ကူးထားတာပဲဖြစ်ပါတယ်။Reviews ကောင်းကောင်းတွေလည်းရရှိထားတဲ့ဇာတ်ကားပါ။Rotten Tomato မှာလည်း 78% အထိရရှိထားပါသေးတယ်။ကြည့်ရတာအရသာမရှိဖြစ်စေမှာတော့မဟုတ်ပါဘူး။ကြည့်ကောင်းတဲ့ action ကားတစ်ကားဖြစ်တာကြောင့် အပန်းဖြေကြည့်ရှုရအောင်ညွှန်းပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) File Size : (800 MB) and (380 MB) Quality : WEB-DL 720p Running Time : 1h 42min Format : Mp4 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Source : WEB-DL 1080P X264 AAC - JeeJa Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie

Buffalo Boys (2018)

2018
The Night Comes for Us (2018) 7.0
The Night Comes for Us (2018) The Night Comes for Us (2018) IMDb - 7.0/10_____Rotten - 90%    Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပြီ rating 7 အထိရရှိထားတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေကိုကြည့်ရုံနဲ့ ဒီကားကြမ်းမကြမ်းသိနိုင်မှာပါ။ ကြမ်းပါပေ့ဆိုတဲ့ action ကားတွေကိုမှကြိုက်တဲ့သူတွေအတွက် The Raid ဇာတ်ကားနဲ့အတူအောင်မြင်လာတဲ့ မင်သား Iko Uwais ပါဝင်ရိုက်ကူးထားတဲ့ ဒီကားဟာလုံးဝအကြိုက်တွေ့စေမှာပါ။ ဇာတမလမ်းဇာတ်ကွက်ကတော့ သိပ်မရှိပေမယ့် action အသားပေးထားပြီး အသားပေးထားတဲ့အတိုင်အရမ်းကြမ်းပါတယ်။ ကလေးငယ်တွေနဲ့မကြည့်သင့်သလို သွေးထွက်သံယိုတွေမကြည့်နိုင်သူတွေလည်း သတိထားရှောင်သင့်ရလောက်အောင် ကြမ်းပါတယ်။ အတိုက်အခိုက် အသတ်အဖြတ်တွေကို ကြမ်းကြမ်းတမ်းတမ်းရိုက်ပြတာမျိုးကြည့်ချင်သူတွေအတွက်ကတော့ လုံးဝအကြိုက်တွေ့စေမှာပါ။ မူရင်းစာဖိုင်မှာ English လိုပြောတဲ့နေရာတွေစာမပါတဲ့အတွက် ကိုယ်တိုင်ဖန်တီးထားတာကြောင့်လိုအပ်ချက်အနည်းငယ်ရှိမှာဖြစ်ပြီး နားလည်ပေးစေလိုပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ)    File Size : (950 MB) Quality : NF WEB-DL 720p Running Time : 2 h 01 min Format : Mp4 Genre : Action , Thriller Subtitle : Myanmar Subtitle ...
movie

The Night Comes for Us (2018)

2018