Channel Myanmar

Hannah Jelinovic

Self/less(2015) 6.5
Self/less(2015) Self/less (2015)=============IMDb - 6.5CM ဖန်တွေအတွက် Deadpool မင်းသား Ryan Reynolds ရဲ့ 2015 တုန်းကထွက်ရှိခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင်ကားကောင်းတစ်ကား‌ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ကျိကျိတက်အောင်ချမ်းသာနေပေမဲ့လည်း ကင်ဆာ‌ နောက်ဆုံးအဆင့်‌ရောက်နေတာကြောင့် နောက်ထပ်ခြောက်လတောင်မနေရတော့တဲ့အိမ်ခြံမြေသူဌေးကြီး ဒေမီယန် ဟေးလ် တစ်ယောက် သူ့ရဲ့အသိစိတ်ကိုတခြား ခန္ဓာကိုယ်တစ်ခုထဲကိုပြောင်းထည့်ပြီး ဆက်လက်ရှင်သန်လို့ရမယ်လို့ဆိုတဲ့ "အရေခွံလဲခြင်း" ဆိုတဲ့ ပရိုဂရမ်ကို သဘောတူလိုက်ပြီး အက်ဒ်ဝပ်ကစ်ဒ်နာဆိုတဲ့ နာမည်အသစ်နဲ့ ဘဝအသစ်မှာ ပျော်ပျော်ကြီးဆက်လက်နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ထင်ယောင်ထင်မှားဖြစ်မှုတွေကနေပြီးသူယူထားတဲ့ ခန္ဓာကိုယ်ကဓာတ်ခွဲခန်းထဲမှာဖန်တီးထားတဲ့ ခန္ဓာကိုယ်မဟုတ်ပဲလူစစ်စစ်တစ်ယောက်ရဲ့ခန္ဓာကိုယ်ဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာနောက်ကွယ်ဖုံးကွယ်ထားတဲ့ဖြစ်ရပ်တွေကို လိုက်ပြီးစုံစမ်းရင်း ဘယ်လိုအန္တရာယ်တွေကို ရင်ဆိုင်ကျော်လွှားရမလဲဆိုတာကို အက်ရှင်ခန်းအကြမ်းစားတွေနဲ့ ကြည့်ရှုရမဲ့ဇာတ်လမ်း‌ကောင်းလေးတစ်ပုဒ်ပါပဲဗျ။ File size…1.15GB / 491MB Quality…Blu-Ray 1080p  5.1CH/ 720p Format…mp4 Duration….1h 57m Genre ..... Action , Mystery , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt
movie

Self/less(2015)

2015
Step Sisters (2018) 5.3
Step Sisters (2018) ဒီကားထဲမှာတော့ ဂျမဲလာဆိုတဲ့လူမဲမလေးဟာ အရမ်းတော်တဲ့သူ့ချစ်သူနဲ့အတူ ဟားဘက်ကိုတက်ချင်ခဲ့ပါတယ်။ဒါပေမဲ့ အမြဲလိုလို ပြည့်စုံဖို့ကြိုးစားနေတဲ့ သူ့အမေက ဂျီပီအေ ၄.၀ ကျော်မှ သူ့ကို တက်ခွင့်ရအောင်ထောက်ခံပေးမယ်လို့ပြောလို့ အရမ်းစိတ်ညစ်ပြီး လူဖြူပါတီကိုသွားမိရာက ဇာတ်လမ်းလေးစခဲ့ပါတယ်။လူဖြူမတွေကို လူမဲအက ကတတ်အောင်ကြိုးစားနိုင်ရင် ဟားဘက်တက္ကသိုလ်ကိုတက်ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လူဖြူအရိုင်းမလေးတွေကို အကသင်ပေးခဲ့ပါတယ်။ဒီလိုအကသင်ပေးရင်း ကြုံရတဲ့အခက်အခဲတွေနဲ့ လူမျိုးရေးခွဲခြားတတ်တဲ့သူ့သူငယ်ချင်းတွေနဲ့ အမေကြား ဗျာများခဲ့ချိန်မှာ အကောင်းဆုံးလို့ထင်ထားတဲ့ သူ့ချစ်သူက သူ့ဘက်မှာမရှိဘဲ သူ့ကိုတကယ်မချစ်နိုင်မှန်းသိခဲ့ပါတယ်။အဲဒီအချိန်မှာ ဟာသတွေပြောပြီး ကြင်နာတတ်တဲ့ လူမဲကောင်လေးနဲ့ ဇာတ်လမ်းတွေဖြစ်ခဲ့ပါတယ်။ဒီလို လူငယ်တွေကြားဖြစ်တတ်တဲ့ ပြဿနာလေးတွေကို သင်ခန်းစာပြရိုက်ထားတဲ့ ဇာတ်မြူးဟာသကားလေးတစ်ကားပါ။လူမဲအကကို အသားပေးရိုက်ထားတာဖြစ်တဲ့အတွက် အလန်းစားအကတွေအကြောင်းကတော့ ထည့်ပြောဖို့တောင်လိုမယ်မထင်ပါဘူး။နောက်ဆုံးမှာ လူမဲမလေး ဂျမဲလာတစ်ယောက် ဟားဘက်ကိုတက်ခွင့်ရရဲ့လား သူ့ချစ်သူအသစ်နဲ့ရော ဘယ်လို ရင်ခုန်စရာလေးတွေရှိခဲ့လဲဆိုတာတော့ ဒီကားလေးထဲမှာ ကြည့်လိုက်ကြပါဦး။လုံးဝစိတ်မပျက်စေရမယ့် ကားကောင်းလေးဆိုတာ အာမခံလိုက်ပါရစေ။ File Size : (900 MB) and (366 MB) Quality : WEBRip ...
movie

Step Sisters (2018)

2018