Channel Myanmar

Harold Pinter

The Tailor of Panama(2001)
The Tailor of Panama(2001) The Tailor of Panama(2001)**************************James Bond မင်းသားကြီး Pierce Brosnan အပြင် Geoffrey Rush,Jamie Curtis တို့လိုနာမည်ကြီး သရုပ်ဆောင်များနဲ့ ဟယ်ရီပေါ်တာမင်းသားလေး Daniel Radcliffe ကကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံရေးလှည့်ကွက်တွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးရဲ့ အပျော်မယားနဲ့ကိစ္စတွေရှုပ်ခဲ့လို့ ပန်နမာကိုစေလွှတ်ခံရတဲ့ စစ်တပ်သတင်းဌာနက အန်ဒီအော့စ်နာဟာ ပန်နမာမှာဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ မကောင်းမှုဒုစရိုက်တွေကိုစုံစမ်းဖို့ ပုံပြောကောင်းတဲ့ အပ်ချုပ်သမား ဟယ်ရီပန်ဒယ်ကိုအကြပ်ကိုင်ခိုင်းစေပါတယ်။ ဟယ်ရီအနေနဲ့ သူ့ရဲ့အတိတ်ကအကြောင်းတွေကို မပေါ်စေချင်တဲ့အတွက်ကြောင့်ပဲ အန်ဒီခိုင်းသမျှကိုလိုက်လုပ်ပေးရာကနေ ဘယ်လောက်အထိဆိုးဝါးသွားမလဲ... သူ့ရဲ့ပုံပြောကောင်းတဲ့အရည်အချင်းနဲ့ ဘယ်လိုဇာတ်လမ်းတွေဖန်တီးခဲ့တာလဲဆိုတာကို လှည့်ကွက်ပေါင်းများစွာနဲ့ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်.....File Size :(3.4GB) (0.9GB) and (472MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:49:00 Genre : Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie

The Tailor of Panama(2001)

Sleuth (2007) 6.5
Sleuth (2007)  Sleuth(2007) ဇာတ်ကားကတော့ ၁၉၇၂ ခုနှစ်က ရိုက်ထားတဲ့ Crime,Drama,Mysteryဇာတ်ကား Sleuth ကို ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်တဲ့ Andrew Wyke ရဲ့ မိန်းမနဲ့ ချစ်ကျွမ်းဝင်နေသူ MiloTindle က သူ့မိန်းမက ကွာရှင်းပေးစေလိုတဲ့ အကြောင်းကိုလာပြောပါတယ်။အဲဒီအချိန်မှာ စာရေးဆရာ က ကစားပွဲတစ်ခုကိုစလိုက်ပါတယ်။ သူတို့ကြားမှာမိန်းမတစ်ယောက်ထက် တခြားအရာတွေပါ ဝင်လာပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတိုက်ပွဲတွေဖြစ်လာတာကိုတွေ့ရမှာပါ။ Cast ကတော့ နာမည်ကြီးမင်းသားနှစ်လက်ဖြစ်တဲ့Micheal Caine နဲ့ Jude Law ပါ။ Micheal Caine က အရင်ဇာတ်ကားမှာ Milo Tindleနေရာက သရုပ်ဆောင်ထားပြီး အခုကားမှာတော့ Andrew နေရာကသရုပ်ဆောင်ထားပါတယ်။ အေးအေးဆေးဆေးကြည့်ပြီးထိုင်တွေးရမယ့်ဇာတ်ကားပါ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 850 MB) and ( 350 MB) Quality__BR-Rip 720p IMDb Rating__6.5/10 Format__mp4 Duration__01:28:47 Type__Crime , Drama ...
movie

Sleuth (2007)

2007