Channel Myanmar

Harrie Hayes

Anti Matter (2016) 6.6
Anti Matter (2016)  အရာဝတ္ထုတွေ၊သတ္တ၀ါတွေကိုတစ်နေရာကနေတစ်နေရာချက်ချင်းပို့ဆောင်ပေးနိုင်မယ့်စကြာဝဠာလမ်းကြောင်းတွေရှိနိုင်မလား။ဖန်တီးလို့ရောရနိုင်မယ်ထင်ပါသလား။Scientificရုပ်ရှင်တွေကိုမှကြိုက်တဲ့သူတွေအတွက်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီကားလေးကတော့Wormhole Theoryဆိုတဲ့universeတစ်ခုနဲ့တစ်ခုပတ်လမ်းကူးပြောင်းလမ်းတွေဖောက်ပြီးသွားလို့ရနိုင်တယ်ဆိုတဲ့သီအိုရီလေးကိုအခြေခံထားတဲ့တကယ့်Science movieလေးဖြစ်ပါတယ်။အန်နာဟာသူ့ရဲ့ပါရဂူဘွဲ့အတွက်သုတေသနတစ်ခုပြုလုပ်နေတာပဲဖြစ်ပါတယ်။မထင်မှတ်ပဲစမ်းသပ်နေစဉ်အတွင်းမှာစမ်းသပ်ပစ္စည်းဟာရုတ်တရတ်ပျောက်သွားပါတယ်။ဘာကြောင့်လဲဆိုတာသူမသိသေးပါဘူး။ဒီလိုနဲ့နေသန်ဆိုတဲ့ကောလိပ်စတက်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းရောက်လာချိန်မှာတော့အရာဝတ္ထုဟာဒီတိုင်းပျက်စီးသွားတာမဟုတ်ပဲတစ်နေရာရာကိုရွေ့သွားတာပဲဖြစ်မယ်ဆိုတဲ့ယူဆချက်နဲ့အညီစမ်းသပ်စစ်ဆေးမှုတွေလုပ်ကြပါတော့တယ်။နောက်ထပ်သူငယ်ချင်းတစ်ယောက်ရဲ့အားဖြည့်ကူညီမှုပါဝင်လာပြီးနောက်သုတေသနလုပ်ငန်းဟာအရှိန်ဟုန်မြှင့်လာပါတော့တယ်။ဒါပေမယ့်သူတို့ဘယ်လောက်ထိအောင်မြင်သွားသလဲ။စမ်းသပ်မှုမှာဘာတွေဖြစ်သွားသလဲ၊သုတေသနလုပ်တာဖြစ်တဲ့အတွက်ဘာတွေမှားယွင်းမှုရှိသွားသလဲ၊သိပံ္ပပညာရှင်တွေဆိုတာဘာတွေလဲ၊ဘယ်လိုစိတ်ဓာတ်ကြံခိုင်ရမလဲ၊ဆိုတာတွေကိုတွေ့ရမှာပါ။ဇာတ်ရှိန်အတက်အကျတွေနဲ့မသိတာတွေများစွာနဲ့မို့စိတ်ဝင်စားစရာကောင်းလှပါတယ်။Jumperတို့Flashဇာတ်လမ်းတွဲထဲကလိုuniverseတစ်ခုနဲ့တစ်ခုဘယ်လိုကူးပြောင်းသွားနိုင်မလဲ၊တစ်နေရာနဲ့တစ်နေရာချက်ချင်းဘယ်လိုရောက်သွားနိုင်မလဲ၊စကြာဝဠာနဲ့အချိန်ကာလဆိုတဲ့ကြားကရုတ်တရတ်ပြောင်းလဲမှုကြောင့်ဘာဘေးထွက်ဆိုးကျိုးတွေထွက်သွားလိမ့်မလဲဆိုတာဒီကားလေးကတကယ့်သိပံ္ပအမြင်သိပံ္ပအသုံးအနှုန်းတွေနဲ့ရိုက်ပြသွားတာပါ။Scienceစိတ်ဝင်စားတဲ့ပရိသတ်တွေအတွက်အကြိုက်တွေ့စေမယ့်ကားလေးဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်ဗျာ။ဘယ်လိုစိတ်ဝင်စားစရာကောင်းမလဲဆိုတာတော့ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ပါ။(တချို့သောသိပံ္ပဆိုင်ရာအသုံးအနှုန်းတွေကိုတတ်နိုင်သလောက်အဆင်ပြေအောင်ဘာသာပြန်ထားပေမယ့်လိုအပ်ချက်တွေ့ရှိနိုင်တာမို့မှားယွင်းမှုများရှိရင်ကျွန်တော်ဘာသာပြန်သူအမှားသာဖြစ်ပါတယ်လို့ကြိုတင်တောင်းပန်အပ်ပါတယ်။)  (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ ကြီးသူရပါ)  File Size : (830 MB) and (280 MB) Quality : 720p Webdl Running Time : 1hr 48min Format : Mp4 Genre :Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encode by Thanhtike Zaw
movie

Anti Matter (2016)

2016
My Cousin Rachel (2017) 6.2
My Cousin Rachel (2017)  ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားအသစ်လေးကတော2017 မှာ ထွက်ထားတဲ့ My Cousin Rachel ဆိုတဲ့ ဒရမ်မာကားလေးပါMe before you မင်းသား Sam Claflin ကအဓိကပါဝင်သရုပ်ဆောင်ပေးထားတာဖြစ်ပြီး IMDB 6.2 ထိရထားတဲ့ဇာတ်ကားလေးပါဒီထဲမှာ ဖိလစ်အက်ရှလေဆိုတဲ့ အင်္ဂလိပ် ကောင်လေးဟာမိဘမဲ့ဖြစ်ပြီး သူ့အစ်ကိုဝမ်းကွဲဖြစ်သူ အမ်ဘရို့စ်က မွေးစားထားခဲ့ပါတယ် တစ်နေ့တော့ အမ်ဘရို့စ်တစ်ယောက် အီတလီသူ ရေချယ်နဲ့ အိမ်ထောင်ကျသွားပါတယ် အဲနောက် သိပ်မကြာခင်ပဲ အမ်ဘရို့စ်ဆုံးပါးသွားခဲ့ပါတယ်ဖိလစ်ဟာ သူ့အစ်ကိုသေရတာ ရေချယ်ကြောင့်ဆိုပြီးစွပ်စွဲဖို့ ကြိုးစားနေရာက ရေချယ်ကိုတွေ့လိုက်တဲ့အခါရေချယ်ရဲ့ဆွဲဆောင်မှုရှိလွန်းတဲ့ အလှအပတွေကြောင်ဆင်ခြင်တုံတရားကင်းမဲ့လာတဲ့အထိ ရေချယ်အပေါ်စွဲလမ်းရာကနေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြပါဦးတကယ်ကို ကြည့်ထိုက်တဲ့ဇာတ်ကားလို့ ညွှန်းပေးပါရစေ(ဘာသာပြန်သူကတော့ မေသရဖီလွင်ပါ)File Size : (780 MB) and (300 MB) Quality : 720pBluray Running Time : 1hr 46minutes Format : Mp4 Genre : Drama, Mystery, ...
movie

My Cousin Rachel (2017)

2017