Channel Myanmar

Harshavardhan

Oopiri [Thozha ] (2016) 8
Oopiri [Thozha ] (2016) Thozha (imdb 8/10 Rtscore 77 %) ......(ရင်ဘတ်မိတ်ဆွေ)......ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ 2016 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသဒရာမတောင်ပိုင်းကားလေးတစ်ကားပါပဲ ဘာဟူဗလီကားထဲက မင်းသမီးချောဖြူနုအုဖတ်လေး သမန်းနားလဲပါဝင်ထားပြီး ဇာတ်ပို့မင်းသားကြီး ပရာကတ်ရာ့ဂျ်တို့လို သရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပါတယ်ဒီကားလေးကတော့ မသန်စွမ်းရောဂါဖြစ်နေတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူ့ကိုပြုစုစောင့်ရှောက်ဖို့အတွက် ဘဝမှာ ဘာကိုမှအလေးမထား အချုပ်ကျလိုက် လမ်းဘေးရှကီထုလိုက်နဲ့ အလေလိုက်နေတဲ့ စီနူဆိုတဲ့သူကို အလုပ်ခန့်လိုက်ပါတယ်..ဆရာသမားက လက်ကြောလဲမတင်း အလုပ်ကလဲကြေးများတဲ့အပြင် ဘာကိုမှလဲအလေးအနက်မရှိပါဘူး ဒီအလုပ်ကို လျှောက်တော့လဲ သူဌေးရဲ့အတွင်းရေးမှူးမလေးကို ဖွန်ကြောင်ချင်လို့ ဝင်အလုပ်လျှောက်တာပါသူဌေးကတော့ သူ့ရိုးသားပွင့်လင်းမှုကို သဘောကျပြီး အလုပ်ခန့်လိုက်တဲ့အခါမှာ တစ်ယောက်အခက်အခဲကို တစ်ယောက်ဘယ်လိုဖေးမကူပြီး ဘာဆက်ဖြစ်မလဲ....ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးပဲ မိတ်ဆွေစစ်ရဲ့အဓိပ္ပာယ် ဘာလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.9GB / 1.18GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Oopiri [Thozha ] (2016)

2016
Extra Ordinary Man (2023) 7.3
Extra Ordinary Man (2023) Extra Ordinary Man (2023) "တမူထူးတဲ့ ဘူလူ" =====================================အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် IMDb 7.3 ရရှိထားတဲ့ တေလဂူးစကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေး တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ Vikram Vedha ထဲက ရီသိက်လိုလို ပွတ်ရှ်ပါထဲက အာလူးအာဂျွန်လိုလိုဒီဇိုင်းကာလာနဲ့မင်းသားက ဇာတ်လိုက်ဇာတ်ကောင် အာဘီနေးအဖြစ် သရုပ်ဆောင်ထားတာပါ။အာဘီနေးဆိုတဲ့ တက်သစ်စအနုပညာသမားလေးဟာ ငယ်ငယ်ကတည်းက ဇာတ်လိုက်မင်းသားဖြစ်ချင်ခဲ့ပေမဲ့ တချို့ရုပ်ရှင်ကားကြီးတွေရဲ့ ဘက်ဂရောင်းတွေမှာသာ မထင်မရှားပါဝင်ရင်း မင်းသားဖြစ်ဖို့ အခွင့်အရေးကို စောင့်စားနေသူပါ။သူဟာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကြိုးစားနေရင်း တစ်နေ့မှာ သူဌေးမတစ်ယောက်က သူ့ကိုသဘောကျသွားပြီး ဇာတ်လိုက်ဖြစ်ဖို့ အခွင့်အရေးရခါမှ မမျှော်လင့်တာတွေဖြစ်ပျက်ရင်း ဘဝတဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…4.03GB / 1.8GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Extra Ordinary Man (2023)

2023
Maama Mascheendra (2023) 6.8
Maama Mascheendra (2023) Mama Mascheendra (2023)IMDb - 7.4/10မင်းသားချော ဆူဒီယားဘာဘူအထူးသရုပ်ဆောင်ထားတဲ့ ဒရာမာအက်ရှင်တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကောင်သုံးမျိုးကို တစ်ယောက်တည်းလို့မထင်မှတ်ရလောက်အောင် ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့မို့ အထူးသရုပ်ဆောင်ထားတယ်လို့ သုံးလိုက်တာပါ။ရာဗီနဲ့ ရတ်ဘာဆိုတဲ့ မင်းသမီးချောနှစ်လက်လည်း ပါဝင်ထားပါတယ်။ခံစားချက်တွေကို ရင်ဖွင့်ချင်ရင် ဒိုင်ယာရီချရေး လျှို့ဝှက်ချက်ကိုရင်ဖွင့်ချင်ရင်တော့ ချရေး ဖြဲပြီး မီးရှို့ရတယ်တဲ့ လောကကြီးမှာ ယုံကြည်ရတဲ့လူဆိုတာ မိမိ မိမိ ပြီးတော့ မိမိကိုယ်တိုင်ပါပဲ ဖခင်တစ်ယောက်ရယ်လို့မဖြစ်လာခင်မှာ ဆရာဖြစ်သူအတွက် လူသတ်ပေးဖို့လုပ်ရင်း သတ်ရမဲ့အထဲက ကလေး၂ယောက်က လွတ်သွားခဲ့တယ် ဒီအမြွှာကလေး၂ယောက်က နောင်တစ်ချိန်ကြီးလာရင် ကောင်းကောင်းကြီးလက်စားပြန်ချေမှာကို သိနေလေတော့ ဖခင်ဖြစ်လာမဲ့တစ်ချိန်မှာ ဘယ်လိုကာကွယ်မှုတွေလုပ်မလဲ...အဖေတစ်ယောက်ရဲ့ ရင်သွေးအပေါ် ကာကွယ်စောင့်ရှောက်မှုက မွေးကင်းစလေးကနေစပြီး အရွယ်ရောက်တဲ့အခါပြီးဆုံးသွားတာမျိုးမဟုတ်ဘူးမလား။ဒီဇာတ်လမ်းထဲမှာ ရန်သူတွေများတဲ့ ဂန်းစတားအဖေကြီးတစ်ယောက်က သူ့သမီးအပေါ်မှာ ကာကွယ်စောင့်ရှောက်လိုတဲ့စိတ်နဲ့ လုပ်ခဲ့တဲ့လုပ်ရပ်တွေ၊ သမီးဖြစ်သူရဲ့ အချစ်အပေါ်မှာထားတဲ့ စိတ်သဘောထားနဲ့လုပ်ရပ်တွေ သူတို့သားဖတွေရဲ့ တစ်ဦးနဲ့တစ်ဦးထားရှိကြတဲ့ ချစ်ခြင်းမေတ္တာတွေအပြင် မထင်မှတ်ထားတဲ့ လူသတ်မှုတွေပါ မှန်းမရလောက်အောင် ရှုပ်ထွေးတဲ့ Plot Twist တွေပါတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~V ~Alex ~Zwe ~Tomo တို့ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

Maama Mascheendra (2023)

2023
Miss. Shetty Mr. Polishetty (2023) 7.8
Miss. Shetty Mr. Polishetty (2023) Miss Shetty Mr Polishetty 2023IMDB 7.8 ရထားပြီး ရုံတင်ငွေ လေးဆကျော်မြတ်ခဲ့တဲ့ Telugu ဘာသာစကားပြော rom-com လေးလာပါပြီ စီးပွားရေးအရ အောင်မြင်ရုံမကပဲ ဝေဖန်ရေးဆရာတွေရဲ့ positive review တွေပါရထားတဲ့ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အန်ဗီသာဆိုတဲ့ အသက် ၃၀ အရွယ် လန်ဒန်က Master Chef မမ က သူ့အမေနဲ့အတူ နှစ်ယောက်တည်းနေပြီး ထက်မြက်တဲ့မိန်းမပီပီ မိန်းမဝါဒီတစ်ယောက်ဖြစ်ပါတယ်သူမဘဝမှာ သူ့အမေကို သင်ခန်းစာရလို့ အိမ်ထောင်ရေးကို စိတ်မဝင်စားပဲ အချစ်နဲ့ ခပ်ကင်းကင်းနေသူတစ်ယောက်ပါ သူ့အမေဆုံးပြီးတဲ့နောက်တော့ တစ်ယောက်တည်းအထီးကျန်လို့ သူအသက်ကြီးလာတဲ့အခါ အနားမှာရှိနေပေးမယ့် သားသမီးမရှိမှာလည်း စိုးရိမ်လာပါတယ်ဒါပေမယ့်လည်း Independent 'ဝီးမန်း' ခံယူထားသူ မမက ယောကျာ်းယူဖို့ထက် သားသမီးကို ချစ်တင်းနှောခြင်းမပါပဲ မွေးဖို့ အလှူရှင်ရှာပါတော့တယ်ကြံရာကျပမ်း ယောကျာ်းအလှူရှင်နဲ့ရမှာကို တွေးပူပြီး သူ့စိတ်ကြိုက် သူ့စံနှုန်းနဲ့ ကိုက်မယ့်လူကို ရှာပုံတော်ထွက်ရာမှာ Stand-up comedian ဖြစ်ဖို့ကြိုးစားနေတဲ့ ဆစ်ဒူဆိုတဲ့ ကောင်လေးနဲ့ သွားတွေ့ပါတယ် ဆစ်ဒူကို မြင်မြင်ချင်းသဘောကျသွားတဲ့ ...
movie

Miss. Shetty Mr. Polishetty (2023)

2023
Ravanasura (2023) 6.3
Ravanasura (2023) Ravanasura 2023 အသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.4 အထိရရှိထားပြီး ရုံ၀င်ငွေလည်း ၂၁ကုဋေအထိအမြတ်ရထားပါတယ်။ သရုပ်ဆောင်အနေနဲ့ တေလဂူးဝါရင့်ရုပ်ရှင်မင်းသားရာဗီကရှေ့နေအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကောလိပ်တက်တုန်းက ရည်းစားဟောင်းရဲ့လက်အောက်မှာ အလုပ်၀င်လုပ်နေရပြီး အငယ်တန်းရှေ့နေရာထူးနဲ့ ရုန်းကန်နေရရှာတဲ့ ရှေ့နေလေးရာဗင်ဒရာ၊ ငွေရပေါက်မြင်တာနဲ့ ဘာမဆိုလုပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူ၊ အများကလက်ရှောင်နေပါတယ်ဆိုတဲ့အမှုတောင် သူကခေါင်းမာပြီးအမှု၀င်ကိုင်တဲ့သူမျိုးပေါ့။တစ်နေ့မှာ ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတစ်ယောက် လူသတ်မှုနဲ့စွပ်စွဲခံရပြီး သမီးဖြစ်သူက အဖေ့ကိုထောင်ကထုတ်ဖို့ ဘာမဆိုပေးမယ်လုပ်နေတဲ့ချိန်မှာ ရာဗင်ဒရာတစ်ယောက် သမီးဖြစ်သူကိုလည်းသဘောကျ၊ ‌ငွေကိုလည်းသဘောကျနဲ့ အရှေ့နောက်မစဉ်းစားဘဲ တာ၀န်ယူလိုက်တယ်။အမှုဟာ သူထင်ထားသလို မရိုးရှင်းနေတဲ့အခါ ငွေမက်တဲ့သူတစ်ယောက် ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပါဦးမလား၊ လူသတ်မှုကို သူဖော်ထုတ်သွားနိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မှုခင်းစုံထောက်၊အက်ရှင်ကား ဖြစ်လို့ ကိုယ်တိုင်ပဲစုံထောက်လုပ်ပြီး အဖြေရှာကြည့်ရအောင်ပါ.... File size…2.85GB /1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar  Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Nyein ~ Cherry
movie

Ravanasura (2023)

2023
Boyfriend For Hire (2022) 7.6
Boyfriend For Hire (2022) Boyfriend for hire (BFH) 2022 IMDb - 7.6/10 (1.1k)ဇာတ်လမ်းအကျဉ်း ငယ်ငယ်တုန်းက မိန်းကလေးရဲ့လှည့်စားခြင်းခံခဲ့ရပြီး စိတ်ဒဏ်ရာရကာ မိန်းကလေးတွေဆိုလုံး၀မယုံကြည်တော့တဲ့ အာဂျွန်၊ တစ်နေ့မှာအာဂျွန်တစ်ယောက် အိမ်ကပေးစားတဲ့သူနဲ့ လက်ထပ်ရတော့မယ့်အချိန်မှာ မိန်းမတွေကိုအယုံအကြည်မရှိတော့တဲ့ အာဂျွန်က "ငါမိန်းမတွေကို လုံး၀မယုံဘူး" ဆိုတဲ့သူ့ရဲ့စည်းမျဉ်းကိုဖောက်ဖို့ဖြစ်လာပြီး လက်ထပ်ရမယ့်သူကိုရှာဖို့ဖြစ်လာပါတော့တယ်။မိန်းမတွေကိုမယုံတဲ့ အာဂျွန်က မိန်းမအကြောင်းတွေကိုသိဖို့ အငှားရည်းစားလိုက်ရမှ သူပဲမိန်းမတွေကိုပလေးသွားမလား မိန်းမတွေကပဲ သူ့ကိုပလေးသွားမလားဆိုတာ....အလောင်တစ်လိုင်းတွေကိုခဏထားပြီး ရိုဆန်ဆန်နဲ့ကြည့်ရမယ့် တေလဂူး rom-com ဇာတ်ကားတစ်ကားကို ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…2GB / 1GB Quality…1080p  WEB DL /720p Format…mp4 Duration…2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Cherry~Yunni ~Nyein Aye
movie

Boyfriend For Hire (2022)

2022
HIT: The 2nd Case (2022) 7.6
HIT: The 2nd Case (2022) Hit: The 2nd Case (2022) ==================== IMDB ( 7.6/10 - 2.1k) 'Major' ကားနဲ့ကြမ်းပြခဲ့တဲ့ မင်းသားကြီး Adivi Seshကဒီတစ်ခေါက်မှာလည်း ဘယ်လိုအမှုတွေဖြေရှင်းပြီးကြမ်းပြဦးမလဲကြည့်လိုက်ကြရအောင် (ရင်ထိတ်စရာသတ်ဖြတ်ခန်း‌တွေပါတာကြောင့် အသည်းငယ်တတ်သူများအတွက်မသင့်တော်ပါ)ဇာတ်လမ်းအညွှန်း အခင်းဖြစ်ရင် တရားခံကို ငါးမိနစ်တည်းနဲ့ဖမ်းပြနိုင်တဲ့ SP ကေဒီ .. သတင်းထောက်တွေကြားနာမည်ကြီးရဲတစ်ယောက် ဉာဏ်လည်းကောင်း မိတ်လည်းပေါပြီးချစ်သူဖြစ်တဲ့အာရာနဲ့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေသူပေါ့ဒီလိုနဲ့တစ်နေ့ သူ့ကိုစမ်းသပ်တဲ့အမှုကြီးပေါ်ပေါက်လာပါတယ် ခေါင်း၊ လက်၊ကိုယ်ခန္ဓာကို တခြားစီခုတ်ဖြတ်ထားတဲ့အလောင်းကို လူပုံစံအတိုင်းနေရာချထားတာပါ လူတစ်ယောက်ရဲ့ခန္ဓာပေမယ့် ခေါင်းကတော့အဲဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင်မဟုတ်ပါဘူး ဆိုတော့ နောက်ထပ်အလောင်းတွေရှိနေသေးတဲ့သဘောပါ ဒီလိုနဲ့ဒီကိစ္စထဲသူပါဝင်သွားပြီး ဘယ်လိုအသက်ဘေးတွေတွေ့ကြုံရမလဲ တရားခံကရောဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.7GB / 792MB Quality…1080p WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & Thet Ko & Yunni & Cherry
movie

HIT: The 2nd Case (2022)

2022
24 (2016) 7.9
24 (2016) 24 (2016) Action, Comedy, Drama IMDb 7.9/10 (23K)အခုတစ်ခါ Old is Gold ဆိုတဲ့အတိုင်း မင်းသားချောလေး ဆူးရီးယားရဲ့ Time Travel ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ဒီဇာတ်ကားမှာ ဆူးရီးယားဟာ အဖေနေရာ..သားနေရာနဲ့ ဗီလိန်နေရာတွေမှာ သုံးကိုယ်ခွဲအဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီး မင်းသမီးချောလေး ဆမန်းသားနဲ့ နစ်သယားတို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ဘတ်ဂျက် ရူပီ ကုဋေ ၇၀ မှာ ခန့်မှန်းခြေ ရူပီ ကုဋေ ၁၀၀ ဝန်းကျင်အထိ ပြန်လည်ရရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကဲ အခု ဇာတ်လမ်းကိုသွားမယ်။စည်သူနဲ့ အက်ထရီယားဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာ စည်သူဟာ မိဘတွေရဲ့အလေးပေးခြင်းကို ခံရပြီး သိပ်တော်သိပ်ထက်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ပေါ့။အိန္ဒိယနံပါတ် ၁ နာရီကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖီးနစ်နာရီကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။စည်သူဟာ အချိန်ခရီးသွားလို့ရတဲ့ နာရီလေးတစ်လုံးကို တီထွင်ဖန်တီးနေခဲ့တယ်။အောင်မြင်သွားတဲ့အချိန်မှာ မနာလိုရန်လိုစိတ်များနေတဲ့ အက်ထရီယားဟာ စည်သူ့အိမ်ကို တပည့်တပန်းတွေတသိုက်နဲ့ နာရီကိုလက်ဝယ်အပိုင်သိမ်းဖို့ ရောက်လာခဲ့ပါပြီ။ရှေ့ဆက်ပြီး ဇာတ်လမ်းရဲ့လှည့်ကွက်လေးတွေနဲ့ ကံကြမ္မာရဲ့စေစားချက်တွေကို မျက်တောင်မခတ်တမ်းကြည့်ရမယ့် ဒီကားလေးမှာ မျောပါရဦးမှာဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…3.2GB / 1.64GB Quality…1080p ...
movie

24 (2016)

2016
Ante… Sundaraniki! (2022) 8.1
Ante… Sundaraniki! (2022) Ante Sundaraniki (2022) IMDb Rating- 8.1/10ရှေးရိုးစွဲမိသားစုတစ်ခုကနေဆင်းသက်လာတဲ့ "ဆန်ဒါ" ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သရုပ်ဆောင်ဖြစ်ချင်တဲ့ အိမ်မက်တွေနဲ့ ပြည့်နှက်နေတဲ့သူပါ တစ်နေ့ ကျောင်းပြဇာတ်ပွဲမှာ ပီပီပြင်ပြင်နဲ့သရုပ်ဆောင်နိုင်တဲ့သူ့ကို ဒါရိုက်တာတစ်ယောက်က မျက်စိကျသွားပြီး U.S မှာ ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းခဲ့ပါတယ် ဒါနဲ့ပတ်သတ်လို့ မိသားစုတွင်းမှာအချေအတင်ဖြစ်ခဲ့ပေမဲ့ သွားဖို့ခွင်ပြုချက်ရခဲ့ပါတယ် သို့သော် သွားခါနီးလေးမှာ သူတို့သိလိုက်ရတဲ့အမှန်တရားကတော့ ဒါရိုက်တာက လူကုန်ကူးသမားဖြစ်နေခဲ့တာပါ ဒါနဲ့ပတ်သတ်ပြီး မိသားစုတစ်ယောက်ချင်းစီမှာ အကြောက်တရားကိုယ်စီဝင်သွားခဲ့တာကြောင့် ဆန်ဒါကို ခါတိုင်းထက်ပိုပြီး ဓလေ့ထုံးတမ်းတွေနဲ့ချုပ်ချယ်ခဲ့ပါတယ် ဗဒင်နက္ခတ်တွေနဲ့ ကံဇာတာဟောချက်တွေအရ သူ့ခင်ဗျာ ရေတောင်ကောင်းကောင်းမသောက်နိုင်ရှာပါဘူး... သူ့အနေနဲ့သရုပ်ဆောင်ဖြစ်ဖို့လက်လျှော့ခဲ့ရပေမဲ့ U.S သွားရဖို့ကိုတော့ ပိုပြီးအသည်းအသန်ဖြစ်လာခဲ့ပါတယ် လီလာဆိုတဲ့ ကလေးမလေးကတော့ အများနဲ့မတူတမူထူးခြားနေလို့ အပေါင်းအသင်းမရှိတဲ့ကလေးတစ်ယောက်ပါ သူမရဲ့မိသားစုကတော့ ပွင့်လင်းပြီး နားလည်မှုအပြည့်ပေးခဲ့တာကြောင့် အိမ်ကသူ့အတွက် န ားခိုရာဖြစ်ခဲ့ပါတယ် သို့သော် မိဘအတ္တဆိုသည်မှာတော့ မိသားစုတိုင်းမှာရှိစမြဲပါ လီလာ့အနေနဲ့ အစ်မဖြစ်သူနဲ့မတူဘဲ လိုချင်တာအမြဲနေခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ အဖေပေးစားတဲ့သူနဲ့ယူဖို့ အခြေအနေဖန်လာခဲ့ပါတယ်...လီလာမှာလည်း ချစ်ရတဲ့သူသတ်သတ် ရှိနှင့်နေပြီးဖြစ်ပါတယ် ဆန်ဒါနဲ့လီလာကတော့ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ် ဆန်ဒါဖက်ကတော့ ခံစားချက်ရှိနေခဲ့ပေမဲ့ ဖွင့်ပြောဖို့အတွက် အခြေအနေ မပေးခဲ့ပါဘူး.... ကဲ ဆန်ဒါ တစ်ယောက် သူ့ရဲ့ U.S အိမ်မက်ကို ဘယ်လိုအကောင်ထည်ဖော်မလဲ... လီလာကရောအိမ်နဲ့ထားရှိခဲ့ရတဲ့ကတိတွေကြားကနေ သူ့ဘဝဘယ်လိုရှေ့ဆက်ရမလဲ.... သူငယ်ချင်းနှစ်ယောက်ရဲ့ ...
movie

Ante… Sundaraniki! (2022)

Mishan Impossible(2022) 7.0
Mishan Impossible(2022) Mishan Impossible(2022) အညွှန်း****************************** Thappad ဆိုတဲ့ ကားနဲ့ လူသိပိုများတဲ့နာမည်ကြီးမင်းသမီးချောလေး Taapsee Pannu  ရဲ့ ကားသစ်ထွက်ရှိလို့လာပါပြီ... တစ်ချို့သောသူတွေဟာ အာဏာရပြီး အများကျိုးသယ်ပိုးဟန်တွေပြတဲ့သူတွေဆိုပေမဲ့တစ်ချိန်တုန်းက ကလူတိုင်းထိတ်လန့်ကြောက်ရွှံရတဲ့ လူဆိုးကြီ:တွေဖြစ်ခဲ့ကြတယ်...လက်ရှိမှာလည်း ဉပဒေကိုလက်တစ်လုံးခြား ကွက်ကျော်ရိုက်နေတဲ့သူတွေပေါ့....ဒီလိုလူတွေကို နည်းမျိုးစုံနဲ့ လက်လံဖမ်းဆီးနေတဲ့ ကောင်မလေးတစ်ယောက်ဦးဆောင်တဲ့(၃)ယောက်အဖွဲ့တစ်ဖွဲ့ရှိတယ်...တစ်နေတာ့ သူတို့တွေဟာ ကလေး လူမှောင်ခိုကူးတာကိုအဓိကထားလုပ်နေတဲ့ ဒုစရိုက်ရာဇာတစ်ဦးကို ဖမ်းဖို့ စီစဉ်ကြတယ်...အာဏာလည်းရှိပြီးငွေလည်းရှိတဲ့အပြင် အဆက်အသွယ်တွေ လူအင်အားတွေ တောင့်လွန်းတော့သူတို့အတွက်မလွယ်လှဘူး...တစ်ချိန်တည်းမှာပဲ အစိုးရက ဒီလူဆိုးကြီ:ကိုဖမ်းနိုင်ရင်ရူပီသိန်း(၅၀)ချီးမြှင့်မယ်ဆိုပြီးကြေငြာထားတယ်...ဒီအကြောင်းကို ရွာတရွာရဲ့ မျောက်လောင်း ကလေး (၃)ယောက်ကသွားတွေ့တယ်...သူတို့သာ ဖမ်းနိုင်ရင် သိန်း၅၀ ရမယ် ..ဒါဆို သူတို့ရည်မှန်းချက်တွေပြည့်အောင်လုပ်ဖို့များစွာအထောက်အကူဖြစ်မယ်ဆိုပြီး စပါယ်ရှယ်အစီအစဉ်တွေဆွဲပြီး ဖမ်းဖို့ကြိုးစားပါတော့တယ်..လူကြီး(၃)ယောက်နဲ့ ကလေး(၃)ယောက်ပေါင်းစည်းဖို့ဖြစ်လာသလိုသူတို့အစီအစဉ်တွေအောင်မြင်မလား...ဆိုတာကိုတော့...  File Size          : 2.5GB, 1.1GB, 378MB Quality            : Web-dl 720p, 480p Format    ...
movie

Mishan Impossible(2022)

Zombie Reddy (2021) 6.9
Zombie Reddy (2021) Zoombie Reddy (2021)အိန္ဒိယ ဇွန်ဘီကားတဲ့ဗျ။ သည်းထိတ်ရင်ဖို Thriller တွေလူကြိုက်များလာတဲ့နောက်ပိုင်းမှာ အိန္ဒိယကလည်း လူကြိုက်များတဲ့genre တစ်ခုကို ထိုးဖောက်ဖို့ ကြိုးစားလာတဲ့ပုံပဲဗျ။ ဒါပေမယ့် ဒီရုပ်ရှင်ကတော့ဟာသဘက်ကို နှောပြီး ရီရီမောမောကြည့်ရမယ့် ပုံစံမျိုးပါ။မာရီယိုဆိုတဲ့ ဂိမ်းတွေရေးတဲ့ programmer တစ်ယောက်က သူထွင်ထားတဲ့ဂိမ်းပေါက်ခါနီးမှ error တက်တယ်ပေါ့ဗျာ။ ဒီတော့ ကုဒ်ရေးတဲ့ ဘော်ဒါကြီးကလည်းနှစ်ချို့ တစ်ကိုယ်တည်းသမားကြီး။ ကံကောင်းချင်တော့ ရည်းစားရပြီးချက်ချင်းမင်္ဂလာဆောင်ဖို့ ရာရ်လာဆီမာဆိုတဲ့မြို့ကို ရောက်နေတာပေါ့။ရာရ်လာဆီမာဆိုတဲ့မြို့က ဂိုဏ်းကြီးတွေ ကြီးစိုးပြီးမင်းမူနေတဲ့မြို့ဗျ။ဒီတော့ မာရီယိုတို့အုပ်စု မင်္ဂလာဆောင်သွားရင်း ဂိုဏ်းနှစ်ဂိုဏ်းရန်ပွဲကြားကမြေစာပင်ဖြစ်တော့တာပေါ့။ အဲဒီအပြင် အိန္ဒိယမှာ ကိုရိုနာကပ်ဘေးလည်းဖြစ်နေတဲ့ကာလ။ စိတ်ရူးပေါက်နေတဲ့ ဆရာဝန်အဖိုးတစ်ယောက်ကကိုဗစ်ကာကွယ်ဆေး ဖော်ရင်း ကျရှုံးပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ဇွန်ဘီတွေကို မွေးထုတ်မိကုန်တော့ပေါ့။အဲဒီနောက်မှာတော့ ရာရ်လာဆီမာဆိုတဲ့မြို့မှာ ဖရိုဖရဲတွေဖြစ်၊ ဇွန်ဘီတွေကတစ်မျိုး၊လူမိုက်တွေတစ်မျိုး ယောက်ယက်ကိုခတ်ပြီး အကုန်အလွဲလွဲအချော်ချော်တွေပေါ့။ပေါ့ပေါ့ပါးပါးနဲ့ ရီရတဲ့ပုံစံမျိုးမို့ ခဏတာအပန်းဖြေဖို့ မဆိုးလှတဲ့ဇာတ်ကားလို့ညွှန်းရင်းChannel Myanmar မှာ လာရောက်ကြည့်ရှူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။  File size…4GB / 1.4Gb ...
movie

Zombie Reddy (2021)

2021
Raja Vikramarka (2022) 8.8
Raja Vikramarka (2022)  မကြာသေးခင်ကမှထွက်ရှိထားတဲ့ အိန္ဒိယစပိုင်အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အက်ရှင်ခန်းတွေအပြင် ဟာသ၊ ဒရာမာ စုံလင်စွာပါဝင်တဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်လည်းခိုင်မာတဲ့အပြင် သရုပ်ဆောင်တွေကလည်းအပြစ်ပြောစရာမရှိသလောက်ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ NIA အေးဂျင့်အဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကရန်ငြှိုးရှိခဲ့ဖူးတဲ့ ဂုရုနာရာရနာဆိုတဲ့လူဆိုးဂိုဏ်းနဲ့ ပတ်သတ်နေတဲ့ နိုင်ငံခြားသားလက်နက်ရောင်းဝယ်ဖောက်ကားသူကိုဖမ်းဆီးရမိခဲ့ပါတယ်။ ဒါပေမဲ့ မမျှော်လင့်စွာပဲ ဗစ်ခရမ်မှ အဲဒီနိုင်ငံခြားသားကို မတော်တဆပစ်သတ်မိတဲ့အခါ ရာထူးဆိုင်းငံ့ခံရပြီး ဘာတွေဆက်ဖြစ်လာမလဲ.... မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေပါဝင်တာကြောင့် စပိုင်အက်ရှင်ကားတွေကိုနှစ်သက်တတ်မယ်ဆိုရင် လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်း တစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။  File size…(2.06 GB) /(587 MB) Quality….WEBDL 1080p /720p Format…mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated by Shwe Pwint , Haruko , Yunni , Honeyey
movie

Raja Vikramarka (2022)

2022
Varudu Kaavalenu (2021) 7.1
Varudu Kaavalenu (2021) Varudu Kaavalenu 2021 Romance/ Comedy IMDb 7.1/10ဇီဇာကြောင်ပြီး ချေးများတဲ့ အပျိုကြီးတွေကို ကြုံဖူးပါသလား။ ဇီ‌ဇာကြောင် ချေးများရုံဘယ်ကဦးမလဲ ပစိပစပ်ကများသေးတာမျိုးဗျာ။ သိတယ်မလား ဘယ်ယောက်ျားမှ နွားမထင် မှားလို့ လူမထင်တဲ့အမျိုးတွေပေါ့‌ဗျာ။ ဟိုအပင်ပေါ်က သစ်သီးတွေ အချိန်လွန်ရင် ပုပ်လိမ့်မယ်ဆိုတဲ့သီချင်းအတိုင်း အရွယ်လွန် အပျိုဟိုင်းကြီးဘဝနဲ့ အဆုံးသတ်တော့မယ့် မမကြီးတွေပေါ့ဗျာ။ဒါပေမယ့် ဒီဇာတ်ကားထဲက မင်းသမီးကတော့ ရှိသင့်တဲ့အလှအပ ရင့်ကျက်မှုတွေအကုန် အပြည့်အစုံဆုံးအရွယ်မှာ အတောက်ပဆုံးလင်းလက်နေတဲ့ ကြယ်လေးတစ်စင်းလို လှပလွန်းသူလေးပါ..ဒီအပျိုကြီးကြယ်လေးကို မြင်မြင်ချင်းကြွေသွားရသူကတော့ ပဲရစ်ကလာတဲ့ဒီဇိုင်းဗိသုကာပညာရှင်ကောင်လေးပေါ့....ဒီတော့ ဒီဇိုင်းဗိသုကာပညာရှင်ကောင်‌ဆိုးလေးတစ်ယောက် အပျိုကြီးမမအချောအလှရဲ့ အချစ်ကို ရနိုင်ပါ့မလား၊ ကြားထဲမှာ ဘယ်သူတွေဝင်လာကြမယ်၊ ဘယ်လိုအရှုပ်‌ထုပ်တွေ ဝင်မွှေမယ်၊ ဘယ်လိုဟာသအလွဲတွေနဲ့ ပြုံးနေရမယ်ဆိုတာကိုတော့....။အချစ်ရိုမန့်ဇာတ်ကားကောင်းကောင်းကိုမှ မျှော်လင့်နေရင်တော့ ဒီဇာတ်ကားက အသင့်တော်ဆုံးပါပဲ။ ဇာတ်ကားလေးကဗျာ ဘယ်လိုပြောရမလဲ...ပြုံးပြုံးပြီး သဘောခွေ့ပြီးတော့ကို ကြည့်ရတဲ့ အချစ်ရိုမန့်ဇာတ်ကားလေး။ File size…(1.9 GB) /(1 GB) Quality….WEBDL 1080p /720p Format…mp4 Duration….02:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie

Varudu Kaavalenu (2021)

Sridevi Soda Center (2021) 7.6
Sridevi Soda Center (2021) IMDb Rating (7.6)ဒီနေ့ပဲအသစ်ထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်း အချစ်အက်ရှင်ဇာတ်ကားလေးတစ်ကားကို တင်ဆက်လိုက်ပါတယ်။Suri Babu ဟာ သူ့ရွာမှာစတိတ်ခုံ မီးစတဲ့အပြင်အဆင်တွေမှာကွျမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အဲ့ဒီအလုပ်ကို စီးပွားရေးအဖြစ်ဇောက်ချလုပ်ဖို့စဉ်းစားနေပါတယ်၊သူချစ်မိသွားတာကတော့ ဆိုဒါအရောင်းဆိုင်ပိုင်ရှင်ကြီးရဲ့သမီး မိန်းမလှလေးSrideviပဲဖြစ်ပါတယ်။ Srideviက သူ့အချစ်ကိုတုန့်ပြန်ခဲ့ပေမယ့် သူ့အဖေကတော့ ခါးခါးသီးသီးပါပဲ။သဘောမတူနိုင်ရတဲ့အကြောင်းရင်းကတော့ Suri ဟာ သူတို့ထက် ဇာတ်နိမ့်နေလို့ပါပဲ။တစ်နေ့မှာတော့ ဆူရီဟာ ရွာထဲကအကောင်ကြီးကြီးတစ်ယောက်နဲ့လူသတ်မှုတစ်ခုမှာပါဝင်ပတ်သက်မိရာကနေ ဒုက္ခကြုံရပြီး အချစ်ဇာတ်လမ်းမှာပါ အနှောင့်အယှက်တွေကြုံရဖို့ဖြစ်လာပါတော့တယ်။တစ်ခုပြီးတစ်ခု မြွေပူရာကင်းမှောင့်သလိုဖြစ်လာတဲ့ပြဿနာတွေဟာ သွေးရိုးသားရိုးဟုတ်ပါ့မလား။ သူ့အပေါ်မလိုမုန်းထားသူတွေ သူတို့ဇာတ်လမ်းအပေါ်ဖျက်လို့ဖျက်ဆီးလုပ်ချင်သူတွေ ဘယ်လောက်များမလဲ။ ဒါတွေကိုရော သူတို့နှစ်ယောက်ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ကြမလား ဆိုတာဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။အပြင်မှာတကယ်ဖြစ်နေဆဲ ဖြစ်ခဲ့ပြီးသား အဖြစ်အပျက်တွေထဲက ဖြစ်ရပ်မှန်တစ်ချို့ကိုအခြေခံထားတာဖြစ်ပါတယ်။ ဘယ်လိုအဖြစ်မှန်တွေလဲဆိုတာကိုသိရင်တော့ ဇာတ်လမ်းပေါ့ပျက်သွားနိုင်လို့မပြောတော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအဖြေရှာကြပါ။ File size…(2.2 GB) / (1.1 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….02:26:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy & Alias
movie

Sridevi Soda Center (2021)

HEVC 1080p
Akshara(2021) 5.6
Akshara(2021) Akshara 2021 --------------------------"စာသင်ခန်းဆိုတာ တိုင်းပြည်ရဲ့အနာဂတ်တွေကိုထုတ်လုပ်ပေးတဲ့မြင့်မြတ်တဲ့နေရာ၊စာသင်ခန်းဆိုတာ ထောင်မဟုတ်ဘူး" တဲ့ဇာတ်ကားထဲက ဒိုင်ယာလော့လေးတစ်ခုပါ..... ဒီဇာတ်လေးကိုတော့ အက်ရှာရာဆိုတဲ့အမျိုးသမီးလေးတစ်ဦးအပေါ် အခြေခံဇာတ်အိမ်တည်ထားပါတယ်.အက်ရှာရာက ဆင်းရဲပြီး အမေတစ်ယောက်တည်းကသာပြုစုပျိုးထောင်ပေးခဲ့တဲ့ ထက်မြတ်တဲ့ ကောင်မလေးပေါ့.သူ့ရဲ့ထက်မြက်မှုကြောင့် သူက 10တန်းမှာလဲ ဂုဏ်ထူးဆောင်ကျောင်းသူတဦးဖြစ်ခဲ့ပါတယ်. သူ့ရဲ့ရည်ရွယ်ချက်လေးကလဲ ကောင်းပါတယ်.နိုင်ငံရဲ့ ရတနာဖြစ်တဲ့ ကျောင်းသူကျောင်းသားတွေကို သင်ကြားပေးချင်တဲ့ဆရာမလေးတဦးဖြစ်ချင်တာပါ. သူမက ဆရာတဦးမှာရှိသင့်တဲ့ နာသုံးနာလဲပြည့်စုံပြီး ကျောင်းသားတွေရဲ့ ရင်ထဲက ဆန္ဒကပါ မြင်နိုင်တဲ့ထိ တော်တာကြောင့်အိန္ဒိယရဲ့ထိပ်တန်းကောလိပ်တခုမှာ ရူပဗေဒဆရာမအဖြစ်အလုပ်ရခဲ့ပါတယ်.သူမရဲ့ဘဝလေး ပြီးပြည့်စုံနေခဲ့ပေမယ့် ဆိုးဝါးတဲ့ကိစ္စတစ်ခုကြောင့် သူမဟာကျောင်းရဲ့ဘုတ်အဖွဲ့ဝင်တဦးကို သတ်မိခဲ့ပြီး ဇာတ်လမ်းအချိုးအကွေ့နဲ့ဇာတ်ရှိန်ဟာပြောင်းလဲသွားခဲ့ပါတယ်.......သူမဘာလို့ သူ့ကိုသတ်ခဲ့ရတာလဲ...ဒီကောလိပ်ကတကယ်ပဲ ထိပ်တန်းအဆင့်မှီရဲ့လား...ဆရာမတဦးရဲ့အရည်အချင်းကဘာလဲ....တကယ်ကို ပညာရေးစနစ်နဲ့ ဆရာတစ်ယောက်ရဲ့အရည်အချင်းကို ပြန်မေးခွန်းထုတ်စေမယ့် ရုပ်ရှင်ပါပဲ...သရုပ်ဆောင်ပိုင်းမှာလဲ အက်ရှရာနေရာသရုပ်ဆောင်ထားတဲ့ မင်းသမီးကသူ့ရဲ့ဇာတ်ရုပ်ကို အတော်လေး ပိုင်နိုင်တာတွေ့ရပါတယ်...   File size…2.1GB and 1.1Gb and 501MB Quality…1080p WEB DL DD+5.1 and 720p and 480p Format…Mp4 Duration….2h 16min Subtitle….Myanmar Subtile(Hard Sub) Encoder…. YK Translated ...
movie

Akshara(2021)

2021
Check(2021) 7.0
Check(2021) Check(2021) အညွှန်း******************IMDb...7.0၂၀၀၄ခုနှစ် ဒီဇင်ဘာလမှာ ဗုံးပေါက်ကွဲမှုကြောင့်  လူအယောက် (၄၀) အသက်ဆုံးရှုံးခဲ့ရတယ်...ဒီသေဆုံးမှုကြောင့် အိန္ဒိယ တစ်နိုင်ငံလုံးဒေါသတွေထွက်ကြတယ်.အစိုးရရဲ့ စုံစမ်းစစ်ဆေးမှု (၂)အကြာလုပ်အပြီးမှာ တရားခံ(၄)ယောက်ကိုဖမ်းဆီးနိုင်ခဲ့ပြီး  သေမိန့်ပေးခဲ့တယ်...ဒီထဲမှာ သံသယရှိသူအဖြစ်ထပ်မံဖမ်းဆီးခံရတာကတော့ အဒိတျဆိုတဲ့သူတစ်ယောက်ပါ...သူကတော့ လုံးဝအပြစ်ကင်းတယ်လို့ အကြိမ်တိုင်းပြောနေသလိုဒီအတွက်အယူခံဝင်ဖို့လည်း ကြိုးစားနေပါတယ်...ခက်တာက သူ့ကိုဘယ်သူမှရှေ့နေလိုက်မပေးချင်ကြသလို လိုက်တဲ့ရှေ့နေတွေကလည်းရှုံးလည်း ဘာမဖြစ်ဘူးလို့ခံယူထားကြတော့သူ့အတွက်အတော်ဒုက္ခရောက်နေပါတယ်..ဒီကြားထဲသူဟာ တရားခံ(၄)ယောက်ရဲ့ နောက်ဆုံးထောင်ထားတဲ့ဗုံးတည်နေရာတွေအတွက်ဖော်ကောင်လုပ်လိုက်လို့ ထောင်ထဲမှာ အချိန်မရွေး အသက်ပျောက်နိုင်တဲ့အနေအထားဖြစ်နေပါတယ်....ဒီ အိန္ဒိယကားက ဇာတ်လမ်းစထဲက စိတ်ဝင်စားစရာကောင်းပါတယ်...လှည့်ကွက် မြှုတ်ကွက်ပေါင်းများစွာပါသလိုအပိုကြီးတွေသိပ်မလုပ်တဲ့ထူးခြားဇာတ်လမ်းလို့တောင်ပြောလို့ရပါတယ်...ပိုစိတ်ဝင်စားဖို့ကောင်းတာက ထောင်ထဲကစစ်တုရင်ပွဲတွေပါပဲ....ဘယ်သူမှာ သူ့ဘက်မှာမရှိတဲ့ ထောင်ထဲက သူဘယ်လိုထွက်မလဲ...သူကိုယ်တိုင်ကရော တကယ်အပြစ်ကင်းရဲ့လား...သူ့အသက်အန္တရယ်ကိုရော ကာကွယ်နိုင်ပါ့မလား...တစ်ကောင်ကြွက်ဘဝနဲ့ ကလေးဘဝထဲက ခြေဉီးတည့်ရာလျှောက်သွားနေတဲ့ ဒီကောင်လေးမှာရောဘယ်လိုအရည်အချင်းတွေရှိမလဲ...နင်းကန်ကောင်းတယ်လို့ ညွှန်းချင်တယ်...ကြည့်ရကြိုးလုံးဝနပ်စေရမယ်.... File Size : (2.2GB) and (1.1GB) Quality : WEB-DL 1080P,720p Format…mp4 Duration…02:20:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet  ...
movie

Check(2021)

Ala Vaikunthapurramuloo(2020) 7.2
Ala Vaikunthapurramuloo(2020) Ala Vaikunthapurramuloo(2020)ရာမချန်ဒရန်ဆိုတဲ့ လူတစ်ယောက်ဟာ အလုပ်ကြိုးစားပြီး ရိုးသားတဲ့အတွက် အလုပ်ရှင်က သဘောကျပြီး သူ့သမီးနဲ့ ပေးစားလိုက်တော့ စာရေးဘ၀ကနေ သူဌေးဘ၀ကို ရောက်သွားတယ်။ဒီကိစ္စကို ရာမာချန်ဒရန်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဗာလ်မီကီဆိုသူက မနာလို မရှုစိမ့်ဖြစ်ပြီး အခွင့်အရေး ပေးလာချိန်မှာမိတ်ဆွေကို မကောင်းကြံဖို့ စီစဉ်တယ်... အခုမှ လူ့လောကထဲကို ရောက်လာတဲ့ ဘာမှမသိရှာသေးတဲ့ကလေးနှစ်ယောက် လူစားလဲခြင်း ခံလိုက်ရတယ်။ဒီကိစ္စကို အစအဆုံး သိတဲ့သူဆိုလို့ ဗာလ်မီကီနဲ့ ဆေးရုံက နပ်စ်မတစ်ယောက်သာ ရှိတယ်။ဒီလိုနဲ့ ရာမချန်ဒရန်ရဲ့ သားအရင်းက ဗာလ်မီကီ့ဆီ ရောက်သွားပြီး ၊ ဗာလ်မီကီ့သားက ရာမချန်ဒရန်တို့အိမ်ကို ရောက်သွားတယ်။..... ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ပရိတ်သတ်တွေကိုယ်တိုင် ခံစားဖို့ ချန်ထားလိုက်ပါတော့မယ်။အစအလယ်အဆုံး အကောင်းဆုံး ဘာသာပြန်ပေးထားသလို ကြည့်ပြီးသားသူတွေအတွက်လည်းသီချင်းလေးတွေကအစ သေချာလေး ဘာသာပြန်ပေးထားတာမို့ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myint Thu ပဲဖြစ်ပါတယ်....File Size : (1.25 GB) and ...
movie

Ala Vaikunthapurramuloo(2020)