Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Haruko Kato
8.2
Howl’s Moving Castle (2004)
Studio Ghibi ရဲ့ animation ကားကောင်းလေးတွေ ကိုမျော်လင့်နေတဲ့ပရိတ်သတ်တွေအတွက်အရမ်းမိုက်တဲ့ ဂျပန်animationကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဂျပန်Animation ကားလေးတွေဟာဆိုရင်ပြောစရာမလို လောက်အောင်ကောင်းမွန်မယ်ဆိုတာပရိတ်သတ်တွေသိရှိပြီးဖြစ်မှာပါ မှော်ဇတ်လမ်းတွေကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ကွက်တိပါပဲ ဇတ်လမ်းလေးကတော့အလွန်လှပတဲ့ဦးထုတ်ရောင်းတဲ့ ကောင်မလေးဆိုဖီအလွန်ထူးဆန်းတဲ့လူပုံစံဆောက် လုပ်ထားတဲ့မှော်ရဲတိုက်ရှင်စုန်းထီးလေးဟအိုယုသူတို့နှစ်ယောက် ဘယ်လိုမတော်တဆတွေ့ကြမလဲလူသားနဲ့စုန်းထီး ဘယ်လိုပေါင်းစပ်ခွင့်ရမလဲဟအိုယုရဲ့နှလုံးသားကိုလိုချင်နေတဲ့ စုန်းမကြီးကဟအိုယုနဲ့ဆိုဖီအကြောင်းကိုသိသွားတဲ့ အချိန်မှာဆိုဖီလေးကိုကျိန်စာတိုက်လိုက်တဲ့အချိန်မှာတော့ အလွန်ချောမောတဲ့ကောင်မလေးဆိုဖီဟာ အဖွားအိုတစ်ယောက်အဖြစ်ပြောင်းလဲသွားတဲ့ အခါမှာကောလောကဓံကိုသူမဘယ်လိုရင်ဆိုင် မလဲဟအိုယုနဲ့ကောပြန်တွေ့ကြမှာလားစုန်းထီးလို့ဆို ပေမဲ့စိတ်သဘောထားအလွန်နူးညံ့တဲ့ ဟအိုယုတစ်ယောက်လူသားတွေနဲ့ မိစ္ဆာတွေစစ်မက်ဖြစ်ပွားလာတဲ့အချိန်မှာလူသားတွေဘက်က ဘယ်လိုဦးဆောင်ပြီးတိုက်ခိုက်မလဲဆိုဖီလေးရဲ့ ကျိန်စာကောပျက်ပြယ်သွားမှာလားဒီအတိုင်းအဖွားကြီးတစ်ယောက်အဖြစ် တစ်သက်လုံးနေသွားရမလားဆိုတာစိတ်ဝင်တစား စောင့်ကြည့်ရမှာပါanimation ကိုအရမ်းကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့ကျေးနပ်အားရမှုအပြည့်အဝဖြစ်စေ မယ်လို့အာမခံရင်းကြည့်ရူလိုက်ကြပါအုံးနော်File Size - 1.7 GB Quality - Bluray 1080p Subtitle - Burmese (Hardsub) Translator - Sane Khet Encoder - Thit San Khant
movie
Howl’s Moving Castle (2004)
2004
7.8
Kiki’s Delivery Service (1989)
၁၃နှစ်ပြည့်တဲ့စုန်းလေးတွေဟာ အိမ်ကထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့ စုန်းတို့ရဲ့ရိုးရာအတိုင်း ၁၃နှစ်အရွယ်စုန်းမလေးခီခီဟာ တိမ်ကင်းစင်တဲ့လပြည့်ညတစ်ညမှာ သူ့ရဲ့ကြောင်နက်လေးဂျီဂျီရယ် အဖေ့ရေဒီယိုလေးရယ်နဲ့အတူ တံမြက်စည်းပျံစီးပြီး အိမ်ကထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ နာရီစင်ကြီးရှိတဲ့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ အခြေချဖို့ဖြစ်လာတဲ့အခါ စုန်းမလေးခီခီဟာ အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ရပါတော့တယ်။ တဖြည်းဖြည်းနဲ့ ခီခီ့ရဲ့တစ်ပါးသူအပေါ်ကူညီပေးမှုတွေ၊ သနားကြင်နာတတ်မှုတွေကြောင့် လူချစ်လူခင်ပေါလာပြီး သူ့ကိုယ်ပိုင်ပစ္စည်းပို့လုပ်ငန်းလေးကိုလည်း တစ်နိုင်တစ်ပိုင်ထူထောင်လာနိုင်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ ခီခီ့ရဲ့ ကိုယ်ပိုင်အလုပ်သစ်လေးမှာ အလုပ်အပ်သူတစ်ယောက်ပေါ်လာရင်ကို စိတ်လှုပ်ရှားနေတတ်တာမျိုးတွေ၊ သူငယ်ချင်းကြောင်နက်လေးဂျီဂျီ သူငယ်ချင်းအသစ်ရသွားတဲ့အခါ စိတ်ပျက်ဝမ်းနည်းပုံလေးတွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့အခါ အတက်အကျတွေအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရပုံလေးတွေကို လူငယ်သဘာဝအလျောက် တွေ့မြင်ရမှာဖြစ်ပြီး ကိုရိုကိုဆိုတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေးရဲ့ သဘာဝအလှအပလေးတွေကိုလည်း စိတ်ချမ်းမြေ့ဖွယ်ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်... IMDb 7.8/10 Rotten tomatoes 98% ထိရရှိထားတဲ့ anime ဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားပေးကြပါဦး.... File Size - 1.4 GB Quality - BluRay 1080p Subtitle - Burmese (hardsub) Translator - May Thu Aung Encoder - Thit San Khant
movie
Kiki’s Delivery Service (1989)
1989