Channel Myanmar

Hatice Aslan

Private Lesson (2022)

Private Lesson (2022)

Burning Days (2022) 7.6
Burning Days (2022) ဒီဇာတ်လမ်းလေးကတော့ နိုင်ငံရေးတိုင်းမှာတွေ့နေကျ အခြေအနေမျိုးကိုမြို့ငယ်လေးတစ်မြို့မှာဇာတ်အိမ်တည်ထားပြပြီးရာဇဝတ်မှု၊အကျင့်ပျက်ခြစားမှု၊နိုင်ငံရေး၊ အာဏာတို့နဲ့ သရုပ်ဖော်ရိုက်ကူးထားတဲ့ တူရကီဇာတ်ကားလေးပဲဖြစ်ပါတယ်....။ဇာတ်လမ်းအကျဥ်းကတော့...အမ်မီယာဟာ အမှုစစ်ချုပ်အဖြစ်နဲ့ ရန်နီကလာဆိုတဲ့မြို့လေးတစ်မြို့ကို တာဝန်ကျခဲ့ပါတယ်....။ဒီမြို့လေးဟာ တောကျကျ ဝေးလံခေါင်ပါးတဲ့အရပ်မှာရှိပြီး မြို့ငယ်လေးဆိုပေမယ့်ပြဿနာပေါင်းသောင်းခြောက်ထောင်တက်တဲ့မြို့ပါပဲ...မြို့သူမြို့သားတွေ ရေလုံလုံလောက်လောက်မသုံးရတဲ့ပြဿနာ၊ မြို့ရဲ့ခေါင်းကြီးပိုင်းတွေရဲ့ရွေးကောက်ပွဲနိုင်ဖို့ အာဏာလုတဲ့ပြဿနာ...၊အတိုက်အခံအချင်းချင်း မလိုမုန်းတီးမှုတွေ စတဲ့စတဲ့ ပြဿနာကိုယ်စီနဲ့ပါ...။မြို့ရဲ့အာဏာပိုင်တွေဟာ ရွေးကောက်ပွဲနိုင်ဖို့၊ လူထုထောက်ခံချက်ရဖို့အတွက်နဲ့ရေကိုလက်နက်လိုအသုံးချပြီး မဲဆွယ်ပါတယ်...မြို့ခံတွေကလည်း အသိပညာနည်းပါးသူမို့ ဥပဒေတွေဘာတွေမသိကိုယ့်လိုအင်ဖြည့်ပေးသူသာ လူကောင်းလို့မြင်ပြီး ပြေရာပြေကြောင်းနေနေကြသူတွေပါ....။ဒီလိုအခြေအနေတွေကြားမှာ ဥပဒေဘက်တော်သားတစ်ယောက်ဖြစ်တဲ့အမ်မီယာတစ်ယောက် သူ့ရဲ့တာဝန်တွေကိုထမ်း‌ဆောင်ရင်း ပဋိပက္ခမျိုးစုံကြား မည်သို့မည်ပုံရှင်သန်နေနိုင်အောင် ကြိုးစားသွားမယ်ဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ...  File size…1.67GB / 767MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….2h 9m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Burning Days (2022)

Three Monkeys (2008) 7.3
Three Monkeys (2008) Three Monkeys (2008) ================== Directed By Nuri Bilge Ceylan IMDb Rating - 7.3/10Once Upon a Time in Anatoliaတို့ Winter Sleep တို့ The Wild Pear Tree တို့ကို ရိုက်ခဲ့တဲ့ တူရကီဒါရိုက်တာ Nuri Bilge Ceylanရဲ့ နာမည်ကျော် ရုပ်ရှင်တွေထဲက တစ်ကားပါ။ Ceylanဟာ ၂၀၁၄မှာ Winter Sleep နဲ့ Palme d'Orရဖူးပြီး ကားတိုင်းနီးပါးလည်း ဝေဖန်ရေးသမားတွေ သဘောကျခံရတဲ့ ဒါရိုက်တာပါပဲ။သူ့ရုပ်ရှင်တွေဟာ ဖြစ်တည်မှုပဓာနဝါဒ အငွေ့အသက်နဲ့ လူ့ဘဝရဲ့ငြီးငွေ့ဖွယ် ကောင်းမှုတွေကို ရိုက်ပြတတ်ပြီး နေ့စဉ်ဘဝကို အသေးစိတ်ဖော်ပြတတ်တဲ့ ဒါရိုက်တာလို့လည်း ဆိုပါတယ်။ သဘာဝကျတာကို တော်တော် အသားပေးတဲ့ ဒါရိုက်တာလည်းဖြစ်ပြီး သူ့ရုပ်ရှင်တွေမှာ ဆက်တင်ကို သီးသန့်ပြင်ဆင်ခြင်းမရှိဘဲ မူလသဘာဝအတိုင်း ရိုက်ပြတတ်သလို သရုပ်ဆောင်တွေကလည်း သရုပ်ဆောင် မဟုတ်တဲ့ သူ့မိသားစုဝင်တွေ အိမ်နီးနားချင်းတွေကိုပဲ သုံးတာများပါတယ်။ သူ့မိန်းမ ရုပ်ရှင်မင်းသမီးကတော့ ခြွင်းချက်ပေါ့။ သူ့ကားတွေအကုန်လုံးကို ...
movie

Three Monkeys (2008)

2008