Channel Myanmar

Heather Decksheimer

Key to Love (2023) 5.5
Key to Love (2023) Key to Love (2023) ===============ကျွန်တော်တို့ဟာ ဘဝရဲ့တစ်ကွေ့ကွေ့မှာချစ်ခြင်းမေတ္တာနဲ့ တွေ့ဆုံ ကြဖူးမှာပါ။ ဒီရုပ်ရှင်ဟာလည်း အချစ်အကြောင်းဖော်ကြူးရိုက်ကူး ထားတယ်ဆိုပါတော့ဗျာ။ ဒီဇာတ်ကားမှာ မင်းသားဖြစ်သူ ဂျော့်ရှ်က အဖိုးဆုံးပြီး အမွေတွေရတော့ မြို့ကြီးကနေ သူရဲ့ချက်မြုပ်ဇာတိ နယ်မြို့လေးကို ပြန်လာရတယ်။ ဇာတ်လိုက်မင်းသမီးလေးက အမွေ ရထားတဲ့စာအုပ်ဆိုင်လေးကိုဦးစီးပြီး နယ်မြို့လေးမှာပဲငြိမ်းချမ်းစွာ နေထိုင်နေတယ်ပေါ့။မင်းသားနဲ့မင်းသမီး အမှတ်မထင်တွေ့ဆုံခဲ့ပြီး သူတို့ရဲ့တွေ့ဆုံမှုက အစမကောင်းခဲ့ဘူး။ နောက်မှ သေချာတွေ့ဖြစ်ကြပြီး တစ်ယောက်ကို တစ်ယောက်ချစ်ခင်စုံမက်သွားကြတယ်။ ဒါပေမဲ့ ဘဝဆိုတာ အဲဒီ လောက်လည်း ဘယ်လွယ်ကူမလဲဗျာ။ ဂျော့ရှ်အဖိုးဆီကနေ ငွေတွေ ခွာယူနေတဲ့ ဗီလိန်ရှေ့နေကြီးနဲ့ သူ့သမီးကလည်းမင်းသားနဲ့မင်းသမီးရဲ့ ချစ်ခြင်းကို အမျိုးမျိုးဝင်နှောက်ကြသေးတာပေါ့။ အဆုံးမှာတော့ မထင် မှတ်ထားတဲ့အလှည့်အပြောင်းတွေဖြစ်ပြီး ဘယ်လိုဇာတ်သိမ်းသွားမလဲ ဆိုတာတော့ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။ ခရင့်ချ် ဖြစ်တဲ့ အချစ်ဇာတ်လမ်းတွေ ကြိုက်တဲ့သူတွေဆိုရင်တော့ ဒီရုပ်ရှင် လက်မလွှတ်တန်းကြည့်သင့်ပါတယ်လို့အကြံပေးပါရစေခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.46 GB) / (958 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 48Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Thetti Tun Encoder..........SWM
movie

Key to Love (2023)

2023
Little Fish (2020) 6.9
Little Fish (2020) Little Fish (2020)~ IMDb - 6.9/10, Rotten Tomatoes - 91% ~House of the Dragon ထဲမှာ Alicent Hightower အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မမအိုလီဗီယာလေးက တိကုဆရာဝန်မလေးနေရာက ပါဝင်ထားပြီး ဒရာမာ၊ အချစ်၊ သိပ္ပံ အမျိုးအစားစုံတာမို့ အရသာစုံတဲ့ ထမင်းဝိုင်းလိုကားလေးပါ။ ရုပ်ရှင်ဝါသနာအိုးတွေအနေနဲ့လည်း Timeline ကစားထားတာတွေကို လေ့လာလို့ရမယ့်ကားလေးပေါ့။အမှတ်တရဆိုတာက လူသားတွေရဲ့ဇာတ်လမ်းကို ပြန်ပြောင်း ပြောပြဖို့အတွက် အရေးကြီးတဲ့ အထူးအခိုက်အတန့်လေးတွေပါတဲ့…။ အကယ်၍များ ဒီလို အမှတ်တရတွေ သိုမှီးထားတဲ့ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားခဲ့မယ်ဆိုရင်ရော…NIA လို့ခေါ်တဲ့ မှတ်ဉာဏ်တွေကို ပျောက်ကွယ်သွားစေတဲ့ ရောဂါတစ်မျိုးဟာ ကမ္ဘာမှာ ပျံ့နှံ့လို့နေပါတယ်။ ကုရာနတ္ထိ ဆေးမရှိသေးတဲ့အပြင် မှတ်ဉာဏ်ပျောက်ဆုံးသွားသူတွေရဲ့ သံသယက သူတို့ကို ချစ်ခင်သူတွေကို စည်းတားသလိုဖြစ်သွားတာတွေ ဒုနဲ့ဒေးပါ။ ဒီလိုအခြေအနေ အရပ်ရပ်တွေကို ဓါတ်ပုံဆရာလေးနဲ့ တိကုဆရာဝန်မလေးတို့ ...
movie

Little Fish (2020)

2020