Channel Myanmar

Heo Dong-won

After My Death(2017) 6.7
After My Death(2017) After My Death(2017)******************** ဂယောင်းမင်းဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ရုတ်တရက်ထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ်။ပျောက်ဆုံးပြီးနောက်တစ်ရက်မှာ တံတားတစ်ခုအနားမှာ လွယ်အိတ်နဲ့ သူ့ရဲ့ခြေအိတ်ကိုတွေ့ရပါတယ်။ရဲတွေက တံတားပေါ်က ခုန်ချသတ်သေတယ်ဆိုပြီး ကောက်ချက်ချကြပေမဲ့ကျောင်းသူရဲ့အမေက နောက်ဆုံးအထိ အကြောင်းအရင်းကို သိအောင်လုပ်မယ်ဆိုပြီးခေါင်းမာနေတာကြောင့် ရဲတွေလည်းအခက်ကြုံနေရတာပါ။ဂယောင်းမင်းနဲ့ နောက်ဆုံးအတူရှိခဲ့တဲ့သူက ယောင်ဟီးလို့ခေါ်တဲ့ကျောင်းသူဖြစ်ပြီးတော့ ဂယောင်းမင်းက ယောင်ဟီးကို သူမသေခင်တစ်နေ့မှာ ဖွင့်ပြောခဲ့ပါတယ်။ဒါပေမဲ့ ယောင်ဟီးက 'ငါ့ကိုချစ်တာကို အသက်စွန့်ပြီး သက်သေပြနိုင်လား' လို့ပြောခဲ့တာကိုသိသွားကြတဲ့အခါ တရားခံဟာ ယောင်ဟီးဆိုပြီး အကုန်လုံးကစွပ်စွဲအနိုင်ကျင့်ကြပါတော့တယ်။ယောင်ဟီးက တကယ်ပဲ ဂယောင်းမင်းရဲ့သေဆုံးမှုမှာ ပါဝင်ပတ်သက်နေတာလား၊တကယ်ပဲ ဂ‌ယောင်းမင်းက သတ်သေခဲ့တာလား ဆိုတာကိုတော့ ဇာတ်ကားကိုကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ကြပါဦး။File Size :(1.1GB) (572MB) Quality : Blu-Ray1080p/720p Format…mp4 Duration…01:53:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Yee Wai Encoded by Phyo Pyae
movie

After My Death(2017)

Christmas Carol (2022) 8.3
Christmas Carol (2022) Christmas Carol (2022)GOT7 အဖွဲ့၀င် မင်းသားချောလေး Park Jin-young ရဲ့ မကြာခင်ကမှ ရုံတင်ပြသထားတဲ့ movie လေးလာပါပြီ။ဒီဇာတ်ကားထဲမှာ Jin-young က လုံး၀မတူညီတဲ့ ကာရိုက်တာနှစ်ခုကို နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ချက်တွေကလည်း တအားမိုက်လို့ တကယ်ကို ကြည့်သင့်တဲ့ကားလေးလို့ ညွှန်းချင်ပါတယ်။ ဒီနေ့လို ခရစ္စမတ်အကြိုနေ့လေးမှာ ခရစ္စမတ်အကြောင်းပါ၀င်နေတဲ့ ဇာတ်ကားလေးကို ကြည့်ရတော့ အမှတ်တရလည်းဖြစ်တာပေါ့။ဇာတ်လမ်းအကျဉ်း ... ဂျူအီးဝူနဲ့ ဂျူဝေါဝူတို့ဟာ အမြွှာညီအစ်ကိုတွေဖြစ်ကြပြီး ခရစ္စမတ်နံနက်ခင်းမှာ ညီဖြစ်သူ ဝေါဝူကို သေလျက်သား တွေ့ရှိခဲ့ရတယ်။ ရိုးရိုးရှင်းရှင်းမတော်တဆမှုကြောင့်ဆိုပြီး အမှုပိတ်လိုက်ပေမဲ့ အစ်ကိုဖြစ်သူ အီးဝူဟာ ဒါကိုလက်မခံနိုင်ခဲ့ဘူး။အဲဒါကြောင့် သူ့ညီရဲ့ သေဆုံးမှုကို ကိုယ်တိုင်စုံစမ်းဖော်ထုတ်ပြီး ပါဝင်ပတ်သက်နေသူ ဖုံးကွယ်ပေးသူအားလုံးကို လက်စားချေဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။အီးဝူမှာရှိနေတဲ့ သဲလွန်စက ဝေါဝူနဲ့ နောက်ဆုံးဖုန်းပြောတုန်းက ဖုန်းထဲကနေ ကြားလိုက်ရတဲ့အသံတစ်ခုတည်းသာပါ။ဒါပေမဲ့လည်း ညီဖြစ်သူအတွက် တရားမျှတမှု ဖော်ဆောင်ဖို့နဲ့ တရားခံကိုရှာဖို့အတွက် အီးဝူတစ်ယောက် ကြိုးစားစုံစမ်းရင်းကနေမှ လူငယ်ထိန်းသိမ်းရေးစခန်းကို ...
movie

Christmas Carol (2022)

2022
The Roundup (2022) 7.3
The Roundup (2022) The Roundup - The Outlaws 2 (2022)အထွေအထူး မိတ်ဆက်နေစရာမလိုတော့တဲ့ သရုပ်ဆောင် Ma Dong-Seok နဲ့ My Libration Note ထဲက မင်းသား Son Seok-Koo တို့ရဲ့ The Roundup: The Outlaws 2လွန်ခဲ့တဲ့ 4 နှစ်...Garibong က အမှုကို စုံထောက်မာဆော့ဒိုတို့အဖွဲ့ ဖြေရှင်းနိုင်ခဲ့ပြီးတဲ့နောက် သူတို့အဖွဲ့အတွက် နောက်ထပ်ဖြေရှင်းစရာတွေပေါ်ပေါက်လာခဲ့တဲ့ The Roundup!တရားခံတစ်ဦးကို စုံစမ်းစစ်ဆေးဖို့အတွက် ဗီယက်နမ်ကို သွားရောက်ခဲ့ကြတဲ့ စုံထောက်မာဆော့ဒိုနဲ့ အဖွဲ့ခေါင်းဆောင်ဂျောင်အီမန်တို့ နှစ်ယောက်ဟာ ဗီယက်နမ်ကိုရောက်ပြီး မကြာခင်မှာပဲ ထူးဆန်းတဲ့ကွင်းဆက်လူသတ်မှုတစ်ခုကို အဖြေရှာဖို့ ဖြစ်လာပါတယ်ကိုရီးယားထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ သားဖြစ်သူကိုတောင် ပြန်ပေး-ဆွဲပြီး သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ဂန်ဟယ်ဆန်းနောက်ကို လိုက်ကြရင်း စုံထောက်မာတို့ ဘာတွေကြုံကြိုက်ရမလဲ“လက်ထဲကချော်ထွက်သွားတဲ့ ငါးရှဉ့်”လို ဖမ်းမမိနိုင်ဖြစ်နေတဲ့ ဂန်ဟယ်ဆန်းကို စုံထောက်မာတို့အဖွဲ့အနေနဲ့ ဖမ်းဆီးနိုင်ပြီး တရားဥပဒေဘောင်ပေါ် တင်ပေးနိုင်ပါ့မလားဆိုတာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရှုရမယ့် Crime/Action ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်အညွှန်းကိုတော့ Hmwe ...
movie

The Roundup (2022)

2022
Special Delivery (2022) 7.4
Special Delivery (2022) Special Delivery (2022)ခေါင်းစဉ်အတိုင်းပဲ စပယ်ရှယ်ပို့ဆောင်ရေးလုပ်ပေးတဲ့ လုပ်ငန်းငယ်လေးတစ်ခုပါပဲ... စာတိုက်တွေ၊ ပို့ဆောင်ရေးကုမ္ပဏီတွေက လက်မခံတဲ့ ပစ္စည်းတွေအပါအဝင် အရာရာတိုင်းကို ပို့ဆောင်ပေးတဲ့ လုပ်ငန်းလေးပါဂျန်အွန်းဟာကတော့ အဲပို့ဆောင်ရေးလုပ်ငန်းမှာလုပ်တဲ့ အောင်မြင်မှု ၁၀၀ ရာခိုင်နှုန်းရှိတဲ့ ပရိုပို့ဆောင်ရေးဒရိုက်ဘာပါ မိန်းကလေးဆိုပြီး အထင်သေးတဲ့သူတွေကို ပညာအစွမ်း ပါဝါတွေထုတ်ပြတတ်သူလေးပါပဲအဲလိုအွန်းဟာက သူဌေးလက်ခံလိုက်တဲ့ အလုပ်တစ်ခုကြောင့် ဆိုးလ်အထိတက်သွားခဲ့ပေမဲ့ ထင်သလိုအဆင်မပြေဘဲ သောင်တင်သွားပါတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲကျွန်မတို့ရဲ့ ဂျက်ဆီကာ လို့သိကြတဲ့ Park So Dam ကနေ ဂျန်အွန်းဟာဆိုတဲ့ ကာရိုက်တာနဲ့ တစ်သားတည်းဖြစ်အောင် ဘယ်လိုတွေသရုပ်ဆောင်ပြသွားသလဲCrime Action အမျိုးအစားဆိုပေမဲ့ ကိုရီးယားရဲ့ သဘာဝအတိုင်း ဖယ်ထားလို့မရတဲ့ Comedy နဲ့ Drama အပျော့စားလေးကိုပါထည့်ပြီး ခံစားကြည့်ရှုပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Action, Crime, Thriller Quality….WEB-DL 1080p and 720p and 360p File size…1.5GB and 780MB and 300MB Format…mp4 Duration….1h 49min Subtitle….Myanmar Subtitle ...
movie

Special Delivery (2022)

Bring Me Home(2019) 6.5
Bring Me Home(2019) Bring Me Home(2019)တစ်ဉီးထဲသောသားလေးမို့ ရင်နင့်အောင်ချစ်ခဲ့ပါတယ်ဆိုမှာ ရုတ်တရက်ပျောက်ဆုံးသွားတယ်...မိဘ(၂)ပါးအတွက် ဘဝတွေဟာ ခါးသီးလွန်းတယ်.... လင်မယား(၂)ယောက် တစ်ယောက်ကိုတစ်ယောက်ဟန်ဆောင်ပြုံးတွေနဲ့ နှစ်သိမ့်ပေးရင်း သားလေးကိုရှာခဲ့တာ အခုဆို(၆)နှစ်တောင်ရှိခဲ့ပြီ.....ခုချိန်ထိအစအနတောင်ရှာမရသေး...ယောကျ်ားဖြစ်သူဟာ သားလေးတွေ့တဲဆိုတဲ့ စာတစ်စောင်ကြောင့်အပြေးအလွှားသွားရှာတုန်းမှာကားမှောက်ဆုံးသွားတယ်...မိခင်အတွက်တော့ တစ်ပူပေါ်တစ်ပူဆင့်ပါပဲ...ဒီလိုနဲ့တစ်နေ့မှာတော့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ သူ့သားရှိတယ်ဆိုတဲ့ အခိုင်အမာ သတင်းရပြီးတဲ့နောက်မှာတော့....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါဉီး...တော်တော်ကောင်းတဲ့ Drama ကားလေးပါ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်...File Size : (950 MB) and (472MB) Quality :WEB-DL 720p Format…mp4 Duration…01:48:00 Genre :  Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie

Bring Me Home(2019)

Beasts Clawing at Straws(2020) 7.1
Beasts Clawing at Straws(2020) Beasts Clawing at Straws(2020)IMDb...7.1ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေတဲ့အောက်ခြေဝန်ထမ်းတစ်ယောက်.. ချို့တဲ့ပြီး အရာရာအဆင်မပြေတဲ့မိသားစုကိုဦးဆောင်နေတဲ့သူ.. တစ်နေ့ဆိုင်ပိတ်ချိန် လော်ကာတွေကို ဧည့်သည်ပစ္စည်းကျန်မကျန်စစ်တော့ အိပ်ကြီးတစ်လုံးနဲ့ ငွေထုပ်ကြီးသွားတွေ့တယ်... သိမ်းထားပေးပေမဲ့ ငွေထုပ်ကိုလာစုံစမ်းတဲ့သူမရှိဘူးဖြစ်နေတယ်... သူဘယ်လိုဆက်လုပ်မလဲ.... တစ်ဆက်ထဲမှာပဲ မိန်းမတစ်ယောက်ဟာ သူ့ချစ်သူ အရာရှိတစ်ယောက်ရဲ့နာမည်နဲ့ ငွေတွေလူဆိုးအဖွဲ့ဆီကနေချေးရင် ထွက်ပြေးသွားတယ်.. ဒီအရာရှိဟာ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့ ပြန်မဆပ်နိုင်ရင် သူ့ကလီဇာတွေထုပ်ပြီး အစိမ်းစားဖို့ဝန်မလေးတဲ့ လူဆိုးအဖွဲ့နဲ့ ဇောချွေးပြန်နေတယ်...သူတို့ဘယ်လိုဆက်ရုန်းကန်လှုပ်ရှားကြမလဲဆိုတာ ခံစားကြည့်ကြပါ... Money Is The Second God ..ဆိုတာမျိုးက တစ်ချို့ယုံကြည်ကြတယ်.... ယုံရလောက်အောင်လည်း ငွေရှိရင် အတော်များများ အဆင်ပြေနေတာကိုး..... ဒါ့ကြောင့် ငွေနောက်ကို လိုက်ရင်း အလိုက်မတတ်တော့ ကိုယ်က သားကောင်ပြန်ဖြစ်သွားကြတဲ့ သူတွေဒုနဲ့ဒေး..... ဒီကားက နည်းနည်းတော့ သွေးပျက်ချင်စရာကောင်းတယ်... အဓိကမင်းသားကတော့ The King ,Steel Rain,The Divine Move,Cold Eyes တို့နဲ့မြန်မာပရိတ်သတ်တွေလူသိများတဲ့ ကိုရီးယားရဲ့အထင်ကရမင်းသား Woo-sung Jung သရုပ်ဆောင်ထားတယ်....File Size : (947 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Thriller , ...
movie

Beasts Clawing at Straws(2020)

Hitman: Agent Jun (2019) 6.4
Hitman: Agent Jun (2019) CM ရဲ့ ပရိတ်သတ်တွေ အတွက် နောက်ထပ် ဟာသ အက်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဂင်ဘုံဂျွန်ဆိုတဲ့ ကောင်လေးဟာ မိဘ၂ပါးနဲ့အတူ ကားမတော်တဆမှုမှာ ပါဝင်ခဲ့ပေမယ့်သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ထူးခြားတဲ့ ကလေးတစ်ယောက်ပါတစ်နေ့တော့ နိုင်ငံရဲ့လျှို့ဝှက်လုပ်ကြံသူအေးဂျင့်တွေ မွေးထုတ်ပေးတဲ့  အဖွဲ့ရဲ့ခေါင်းဆောင်က ဂင်ဘုံဂျွန်ကို မိဘမဲ့ဂေဟာကနေ ခေါ်ဆောင်သွားခဲ့ပါတယ်အဲ့လိုကနေ ဂင်ဘုံဂျွန်က လုပ်ကြံသူဂျွန်အဖြစ်နဲ့  အဖွဲ့ရဲ့ Ace တစ်ယောက်ဖြစ်လာခဲ့ပါတယ် လုပ်ကြံသူအလုပ်ကို ငြီးငွေ့လာတဲ့ဂျွန်က အဲ့လောက ကနေ ကိုယ်ယောင်ဖျောက်ပြီး ဂင်ဆူယော့အဖြစ်နဲ့ သူဝါသနာပါတဲ့  ကာတွန်းတွေရေးဆွဲရင်း မိသားစုဘဝလေးတစ်ခု ထူထောင်ခဲ့ပါတယ်၁၅ နှစ်အကြာမှာ သူ့ရဲ့လုပ်ကြံသူ ဘဝအကြောင်းကို ကာတွန်းဆွဲရင်း နာမည်ကြီးလာခဲ့ပါတယ် လူဆိုးဂိုဏ်းတွေနဲ့ အစိုးရဘက်ကဂျွန် အသက်ရှင်မှန်းသိတဲ့အခါမှာဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါနော် File Size : ( 1 GB , 418 MB) Quality : ...
movie

Hitman: Agent Jun (2019)

The Gangster, the Cop, the Devil (2019) 6.9
The Gangster, the Cop, the Devil (2019) The Gangster, The Cop, The Devil (2018) ၂၀၁၈ တုန်းက ထွက်ရှိခဲ့တဲ့ မာဒုန်ဆွတ်ရဲ့ ဇာတ်လမ်းကောင်းတစ်ကားပါ Train to Busan ထဲက လူသန်ကြိး မာဒုန်ဆွတ်ဆိုတာနဲ့ ဇာတ်လမ်းက ကောင်းပြီးသားဆိုတာ ခန့်မှန်းမိမှာပါ အခုကားကတော့ ဇာတ်လမ်းနာမည်အတိုင်းပါပဲ ဂိုဏ်စတားတစ်ယောက်ရယ် ရဲတစ်ယောက်ရယ် မကောင်းဆိုးရွားတစ်ကောင်ရဲ့ ဇာတ်လမ်းပါ သူတို့ ၃ ယောက် ဘယ်လိုများ ဆက်စပ်နေကြပါလိမ့် ချွန်းချောင်တောင်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့ လူသတ်မှုတွေကို ကွင်းဆက်လူသတ်မှုအဖြစ် ဆက်စပ်မိတဲ့ ရဲစုံထောက် တစ်ယောက်..... မမျှော်လင့်ဘဲ ကွင်းဆက်လူသတ်သမားရဲ့ ဓားနဲ့အထိုးခံလိုက်ရတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်...... လူသတ်သမားကို မိဖို့အရေး ပူးပေါင်းလိုက်ကြရဖို့ ဖြစ်လာတဲ့အခါ..... ရဲ နဲ့ လူဆိုး ပူးပေါင်းဖို့ရာ ဖြစ်နိုင်ပါ့မလား????? ကွင်းဆက်လူသတ်သမားကိုရော ဖမ်းမိပါ့မလား????? မှုခင်းဇာတ်လမ်းဖြစ်တဲ့အတွက် စလယ်ဆုံး လုံး၀စိတ်ဝင်စားဖို့ ကောင်းပါတယ် တစ်ကားလုံးကို အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ကိုရီးယားကားကောင်းတစ်ကား ဖြစ်ပါတယ်ဗျာ Translated By : August Encoded By : X Code
movie

The Gangster, the Cop, the Devil (2019)

2019