Channel Myanmar

Herbert Nordrum

The Royal Hotel (2023)
The Royal Hotel (2023)  IMDb 6.2 ရရှိထားတဲ့ thriller & drama အမျိုးအစားဖြစ်ပြီး 2023 RTVE-Otra Mirada Award အပါအဝင်ဆုနှစ်ခုရရှိထားပြီး နောက်ထပ်ဆုနှစ်ခုအတွက်ပါဇကာတင်ထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။သရဲထက်ကြောက်ဖို့ကောင်းတဲ့လူတွေရဲ့အကြောင်းကိုရိုက်ပြထားတာကြောင့် ထိတ်လန့်စရာကောင်းပြီး တစ်မူထူးခြားတဲ့ရသမျိုးကိုခံစားရမှာပါဇာတ်လမ်းအကျဉ်း..... လိဗ်နဲ့ဟန်နာတို့သူငယ်ချင်းနှစ်ယောက်ဟာ စွန့်စွန့်စားစားခရီးသွားရတာကိုကြိုက်ကြပြီး ကြုံရာမှာပျော်တတ်တဲ့သူလေးတွေပါ တစ်နေ့တော့ သူတို့အပန်းလည်းဖြေရင်း ငွေပိုလေးဘာလေးရဖို့အတွက် ဩစတေးလျကအရက်ဆိုင်တစ်ခုမှာ အလုပ်သွားလုပ်ခဲ့ကြပါတော့တယ် အလုပ်စတဲ့ပထမနေ့ကတည်းက လူတွေကထင်တာထက်ပိုရိုင်းစိုင်းပြီး ထူးဆန်းနေကြတာကြောင့်သဘောမကျပေမဲ့ ငွေရဖို့အတွက် သည်းခံပြီးဆက်လုပ်ပေးကြရပါတော့တယ်။တဖြည်းဖြည်း လူတွေရဲ့ထူးဆန်းတဲ့အကျင့်စရိုက်တွေကိုသိလာရတဲ့အခါမှာတော့ အဲဒီနေရာကြီးတစ်ခုလုံးကကြောက်ဖို့ကောင်းလာပြီး လိဗ်နဲ့ဟန်နာတို့ ထူးဆန်းတဲ့နယ်မြေမှာ ဘယ်လိုရှင်သန်ကြမလဲ ဘာတွေဖြစ်သွားမလဲ ဆိုတာကိုကြည့်ရှုရမှာပါ....... File size…(4K ) /(1 GB)/(572 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Royal Hotel (2023)

The Worst Person in the World (2021) 8.1
The Worst Person in the World (2021) The Worst Person In The World (2021) ~ IMDb - 8.1/10, Rt - 100%, Meta - 88% ~မျိုးဥနဲ့ သုက် ပေါင်းစည်း ဖြစ်တည်လာပြီးတဲ့နောက် လောကဟာ လူကိုအသက်သွင်းပေးလိုက်တယ်။ ခန္ဓာဟာ အခွံသက်သက်ပဲမို့လား။ ခံစားချက်တွေ စရှိလာတဲ့အခါ လူအသက်ဝင်လာပြီလို့ပဲ ကျွန်တော် ယူဆလိုက်ပါတယ်။ မသိခြင်းနဲ့ သိချင်စိတ်အကြား နှစ်ပေါင်းများစွာကြာပြီးတဲ့အခါ လူဟာ "ငါ ဘယ်သူလဲ"ဆိုတဲ့ မေးခွန်းကို အချိန်တွေအကြာကြီး အဖြေရှာရင်း အိုမင်းလာခဲ့ပြီ။ တွေ့ချင်လည်းတွေ့ကြမယ်ပေါ့။ မတွေ့ချင်လည်း မတွေ့ပါဘူး။ ဇာတ်ကောင်ကတော့ ၃၀ကျော်အသက်မှာ သူ့ကိုယ်သူတွေ့သွားခဲ့တယ်။" အချစ်၏ အစနဲ့အဆုံးကို မသိသေးသော်လည်းဟန်ဆောင်သော အရပ်ဒေသတစ်ခုကို မလွဲမသွေ ဖြတ်သန်းသွားရကြောင်း ကျွန်တော် ကောင်းကောင်းသိပါသည်။ " ယုဇနမခင်ပျိုထဲတော့ ဇော်ဇော်အောင်က ဟန်ဆောင်သောအရပ်ဒေသတစ်ခုကို ဖြတ်သန်းသွားရသည်လို့ ဆိုတယ်။ ဇာတ်ကောင်ဟာ ပင်လယ်နဲ့လွင်ပြင်ကြား ...
movie

The Worst Person in the World (2021)

2021