Channel Myanmar

Hidekazu Mashima

Following the Sound (2023) 6.1
Following the Sound (2023) Following The Sound (2023)ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးတို့အတွက် ဂျပန်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဒါရိုက်တာSugita Kyoshi ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာရုဆိုတဲ့ကောင်မ‌‌လေးဟာ ယူကီကိုရဲ့ မျက်နှာမှာ ဝမ်းနည်းနေတဲ့ပုံရိပ်တွေကို မြင်ရပြီး လမ်းမေးချင်ယောင်ဟန်ဆောင်ပြီး ယူကီနားအနားကို ချဉ်းကပ်ရင်း သူ့ရဲ့ ဝမ်းနည်းမှုတွေကို ဖြေဖျောက်ပေးဖို့ ကြိုးစားပါတယ်။ ပြီးတော့ ဟာရုတက်နေတဲ့ ရုပ်ရှင်ဖန်တီးရေး သင်တန်းကနေ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ ဒါမှမဟုတ် အပေါင်းအသင်းမိတ်ဆွေတွေအပေါ်ကို ပြောချင်တဲ့စကားလေးတွေကို ဇာတ်လမ်းအနေနဲ့ ဖန်တီးခိုင်းပါတယ်။ ဒီတော့ ဟာရုလေးဟာ ယူကီကိုရဲ့ အထီးကျန်ဆန်တဲ့ ဝမ်းနည်းမှု တွေကို ဖြေဖျောက်ပေးရင်း သင်တန်းကနေ လုပ်ခိုင်းလာတဲ့ ဇာတ်လမ်းကို ဘယ်လိုတွေ ပုံဖော်သွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 874MB | 366MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle ...
movie

Following the Sound (2023)

2023
In Love and Deep Water (2023)
In Love and Deep Water (2023)  Netflix original ရုပ်ရှင်ဖြစ်တဲ့ In Love and Deep Water ဟာဂျပန်စကားပြောရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ဇိမ်ခံသင်္ဘောပေါ်မှာဇာတ်အိမ်တည်ထားပါတယ်။တာဝန်သိ သင်္ဘောဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဆုဂုရုဟာသင်္ဘောပေါ်ကို ချိဇုရုဆိုတဲ့ မိန်းကလေးရောက်လာတဲ့အချိန်ကစပြီးသူ့ဘဝဟာလည်းကပြောင်းကပြန် ဖြစ်ကုန်ပါတော့တယ်။ ချိဇုရုဟာဆုဂုရုနဲ့သူ့ရဲ့ရည်းစားတွေအကြောင်း အဖြစ်မှန်ကိုဖွင့်ဟလိုက်တဲ့နောက်မှာတော့ သူတို့နှစ်ဦးစလုံးရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။သင်္ဘောအပေါ်ဆုံးထပ် ရေကူးကန်ထဲမှာ လူသေအလောင်းတစ်လောင်းတွေ့တာကအစပြုလို့ ချိဇုရုနဲ့ ဆုဂုရုတို့နှစ်ဦးသားဟာ တခြားခရီးသည်များနဲ့အတူလျှို့ဝှက်ဆန်းကြယ် လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေများ ဖြစ်လာခဲ့ပါတယ်။လူသေဆုံးရတဲ့အဖြစ်မှန်ကို ရှာဖွေနေတဲ့ ဆုဂုရုနဲ့ ချိဇုရုတို့ဟာလျှို့ဝှက်ဆန်းကြယ်လှတဲ့ အဖြစ်အပျက်တွေအကြား တစ်ဦးနဲ့တစ်ဦးသံယောဇဉ်တွယ်လာခဲ့ပါတယ်။ရေကြောင်းခရီးစဉ်တစ်ခုအတွင်း အချစ်ဇာတ်လမ်းနဲ့ လျှို့ဝှက်ဆန်းကြယ်အမှုအခင်းကိုတစ်လှည့်စီပြသရင်း ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာမို့ ဂျပန်စကားပြောIn Love and Deep Water ဇာတ်ကားလေးကို Channel Myanmar ပရိတ်သတ်ကြီးကြည့်ရှုအားပေးနိုင်စေဖို့ တင်ဆက်လိုက်ရပါတယ်။ဒီဇာတ်ကားမှာ အမျိုးသားဇာတ်ဆောင်အဖြစ်ပါဝင်တဲ့ Ryô Yoshizawa ဟာKamen Rider ဇာတ်ကားများနဲ့ လူသိများတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။အိုင်နာအဖြစ်သရုပ်ဆောင်တဲ့ Kikuchi Yuriko ဟာ မင်းသားကြီး Brad Pittပါဝင်တဲ့ ...
movie

In Love and Deep Water (2023)

A Man (2022) 7
A Man (2022) A Man (2022)~ IMDb – 7/10, RT - 100%, MyDramaList – 7.9/10 ~ဘယ်သူဘယ်ဝါဆိုတာ အမှန်မသိရတဲ့ ယောက်ျားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းရင်းနဲ့ သူ့ရဲ့ ရှုပ်ထွေးတဲ့ဘဝအတိတ်အကြောင်းတွေကို တစ်ဆင့်ချင်း သိလာရမယ့် Mystery ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းကိုရီးယားလူမျိုးတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေ၊ ဒီလိုဖိအားကြောင့် ဖြစ်လာရတဲ့ အမှုတွေကိုလည်း ဒီရုပ်ရှင်ထဲမှာ မြင်ရမှာပါ။ရိအဲလို့ခေါ်တဲ့အမျိုးသမီးက ယောက်ျားဖြစ်သူနဲ့ ကွာရှင်းပြီးနောက် သားအကြီးနဲ့အတူ နယ်မြို့လေးဆီ ပြောင်းလာခဲ့ပါတယ်။ စာရေးကိရိယာဆိုင်လေးဖွင့်ထားရင်းနဲ့ ဒိုင်ဆုကဲဆိုတဲ့ အမျိုးသားနဲ့ ဆုံတွေ့ခဲ့ပါတယ်။ဒိုင်ဆုကဲက တည်းခိုခန်းကြီးပိုင်ရှင်ရဲ့ သားဖြစ်ပေမဲ့ မိသားစုဆီကနေ ထွက်လာခဲ့ပြီး တောင်ပေါ်မှာ သစ်ခုတ်လုပ်ငန်းလုပ်ရင်း ဇာတ်မြှုပ်နေတာပါ။ ကြင်နာတတ်ပြီး ရိုးသားတဲ့ ဒိုင်ဆုကဲကို ရိအဲလည်း သဘောကျသွားပြီး နောက်အိမ်ထောင်ပြုခဲ့ပါတယ်။ ၄နှစ်ကြာပြီးနောက်မှာတော့ သမီးလေးတစ်ယောက်လည်းထပ်ရနေပြီး ပျော်ရွှင်တဲ့မိသားစုလေးဖြစ်နေပါပြီ။တစ်နေ့မှာတော့ သစ်ခုတ်သွားရင်းနဲ့ ဒိုင်ဆုကဲတစ်ယောက် သစ်ပင်ပိပြီး ဆုံးပါးသွားရပါတယ်။ တစ်နှစ်ပြည့် ...
movie

A Man (2022)

2022
Inumo Kuwanedo Charlie Wa Warau (2022) 6.0
Inumo Kuwanedo Charlie Wa Warau (2022) Inumo Kuwanedo Charlie Wa Warau (2022) ---------------------------------------------------------------------- စတိုးဆိုင်တစ်ခုမှာ ကာစတန်မာနဲ့ အရောင်းဝန်ထမ်းအနေနဲ့ စတင်တွေ့ဆုံခဲ့ပြီး မေတ္တာမျှလို့လက်ထပ်ဖြစ်ခဲ့တဲ့ ယူးဂျီရိုနဲ့ ဟီရိုရိတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်း ၄ နှစ်အကြာမှာတော့ တစ်ယောက်ကိုတစ်ယောက် ပြစ်ချက်တွေမြင်လာပြီး အရင်လို ကြင်နာမယုယနိုင်တော့ဘဲ ရင်ထဲမှာကျိတ်ပြီးစိတ်ကုန်နေကြတာပေါ့။လုပ်ငန်းခွင်မှာပင်ပန်းတဲ့အပြင် အိမ်မှာလည်းယောက်ျားဖြစ်သူက ကူဖောင်လောက်ဖက်မရလို့ စိတ်ထွက်ပေါက်ပိတ်နေတဲ့ အိမ်ရှင်မဟီရိုရိဟာတစ်နေ့မှာတော့ "ခင်ပွန်းသည်သေမင်းမှတ်တမ်း" ဆိုတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုကိုရှာတွေ့သွားပြီး အဲဒီမှာချာလီဆိုတဲ့ နာမည်ဝှက်နဲ့ သူ့ယောက်ျားအပေါ် မကျေနပ်ချက်တွေကိုရဲ့ စာအဖြစ်ပယ်ပယ်နှယ်နှယ်ရေးချပြီး ပေါက်ကွဲ ဘဝတူအိမ်ထောင်ရှင်မတွေကလည်းသူ့ကိုထောက်ခံကြနဲ့ အဲဒီဝက်ဘ်ဆိုဒ်စိတ်ထွက်ပေါက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ယောက်ျားအလုပ်ထဲကအိမ်ရှင်မတစ်ယောက်က သူရေးထားတဲ့စာတွေကို သူ့ယောက်ျားဖြစ်သူ ယူးဂျီရိုကိုသွားပြမိတဲ့အခါမှာတော့ အက်ကွဲကြောင်းပေါ်နေတဲ့ ဒီအိမ်ထောင်ရေးပြဿနာကို သူတို့လင်မယားနှစ်ယောက် ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ File size…1.8GB / 665MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 58mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Moe Pwint Phyu
movie

Inumo Kuwanedo Charlie Wa Warau (2022)

2022
What to Do With the Dead Kaiju? (2022) 5
What to Do With the Dead Kaiju? (2022) What to Do with Dead Kaiju IMDB 4.4 

၂၀၂၂ကမှ ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာတော့ နာမည်အတိုင်း ကိုင်ဂျူအသေကောင်နဲ့ တိုင်ပတ်ရတဲ့ ဂျပန်ပြည်ကြီးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကိုင်ဂျူဟာ လူက သတ်လို့ သေတာမဟုတ်ဘဲ ကောင်းကင်ပေါ်ကကျလာတဲ့ ထူးဆန်းတဲ့အလင်းတန်းကြောင့် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်တိုင်းလိုလိုမှာ သေကြေပျက်စီးခြင်းကို သယ်ဆောင်လာသူအဖြစ် ပုံဖော်ခံရတဲ့ ကိုင်ဂျူတစ်ကောင် ဒီနည်းနဲ့ပဲ ဇီဝိန်ချုပ်သွားတဲ့အခါ …. ကိုင်ဂျူအလောင်းကောင်ကြီးကို ရှင်းလင်းဖို့ တာဝန်ဝတ္တရားဟာ ဂျပန်အစိုးရပေါ်ကို ကျရောက်လာပါတော့တယ်။ ဒီလိုနဲ့ ကိုင်ဂျူကို တိုက်ဖို့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့သည်လည်း ကိုင်ဂျူမရှိတော့တဲ့နောက် ဘယ်လိုဆက်ဖြစ်သလဲ။ ထုံးစံအတိုင်း နိုင်ငံရေးသမားတွေသည်လည်း နိုင်ငံရေးသမားပီပီ ကိုင်ဂျူကို နင်းပြီး နာမည်ရရေး ဘယ်လိုယဉ်ပြိုင်လုပ်ဆောင်ကြသလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။File Size__(2.7GB) / (1.2B) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:00:00 Type__Comedy, Sci-Fi Subtitle__Myanmar Subtitle ...
movie

What to Do With the Dead Kaiju? (2022)

Ju-on: The Grudge 2 (2003) 6.3
Ju-on: The Grudge 2 (2003) Ju-On: The Grudge 2 (2003)ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၃ခုနှစ်ထွက် ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အရင်ထွက်ခဲ့တဲ့ Ju-On ၂၀၀၂ကားရဲ့အဆက်လို့ပြောလို့ရပေမဲ့ တစ်ကားတည်းကြည့်ရင်လည်း အဆင်ပြေပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာပါပဲ။နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ အကုန်သေဆုံးကုန်ပါတယ်။အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေ အထူးသဖြင့် မိန်းမဖြစ်သူက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှ သေစေဖို့ ကျိန်စာတိုက်ခဲ့ပါတယ်။ တစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကို ...
movie

Ju-on: The Grudge 2 (2003)

Love Like the Falling Petals (2022) 6.2
Love Like the Falling Petals (2022) Love like the falling petals (2022)(၁)ဓာတ်ပုံဟူသည် အသိဉာဏ်၊ နှလုံးသားနဲ့ စက္ခုကို မြင်ကွင်းတစ်ခုတည်းအောက် ထည့်ထားလိုက်ခြင်းပင်။ ဓာတ်ပုံဆရာဖြစ်ဖို့ ပါရမီနဲ့ အတတ်ပညာကိုလိုကောင်းလိုပေမဲ့ အရေးအကြီးဆုံးမှာ ဓာတ်ပုံဆရာ၏ နှလုံးသားဟုဆိုသည်။ ကင်မရာခလုတ်ကို နှိပ်လိုက်သောအချိန်တွင် ကိုယ့်နှလုံးသားက ဘာကိုဖမ်းယူချင်စိတ်ရှိလဲဆိုသော အချက်က ဓာတ်ပုံ၏ အနှစ်သာရပင်။ဓာတ်ပုံတို့သည် အခိုက်အတန့်လေးများကို ထာ၀ရတည်တံ့အောင် ထိန်းသိမ်းပေးထားနိုင်စွမ်းရှိ၏။ သူမသည် ဓာတ်ပုံများထဲတွင်တော့ ဟိုအရင်လို မပြောင်းမလဲတမ်း ရှိနေသည်သာ။ နှလုံးသားသည် ပွင့်ဖတ်ကြွေလွင့်လို ဖူးလွယ်ကြေလွယ်သောအရာဟု ရှေးလူတို့ ပြောကြဖူးသည်။ ပသို့ပဲဆိုဆို ဓာတ်ပုံတို့ထဲတွင် ကျွန်တော့်အချစ်တို့ ကျွန်တော်တို့အတိတ်တို့ ထာ၀ရ တည်တံ့နေလိမ့်ဦးမည်။(၂)ချယ်ရီတွေကို သယ်ဆောင်လာတဲ့ နွေဦးမှာ ကိုယ်မင်းနဲ့တွေ့ခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုယ်ဟာ အိပ်မက်တွေနောက်ကို ရဲရဲမလိုက်ရဲခဲ့တဲ့ ခပ်ညံ့ညံ့ကောင်လေးတစ်ယောက်ပါပဲ။ ဓာတ်ပုံဆရာဖြစ်ချင်ခဲ့ပေမဲ့ ခက်ခဲလွန်းလို့ လက်လျှော့ခဲ့တဲ့သူပေါ့။အစကတော့ အဲဒီနေ့ဟာ သာမန်နေ့တစ်နေ့ပါ။ မထူးခြားနား မိန်းကလေးတစ်ယောက်ရဲ့ သာမန်မဟုတ်တဲ့အပြုံးက တလောကလုံးကို လင်းကျင်းစေနိုင်တယ်လို့ ကိုယ် ဘယ်သိခဲ့ပါမလဲ။ ချယ်ရီတွေလို ပန်းနုရောင် အလင်းဟာ ဒီလိုနဲ့ပဲ ကိုယ့်တစ်ဘ၀လုံး လင်းကျင်းစေခဲ့ဖူးတယ်။(၃)ကြယ်မမြင်နိုင် ...
movie

Love Like the Falling Petals (2022)

2022
The Door into Summer (2021) 6.6
The Door into Summer (2021) The Door into Summer =============================ဒီတစ်ခါမှာတော့ Robert A Heinlein ရေးသားပုံဖော်ထားခဲ့တဲ့သိပ္ပံစိတ်ကူးယဥ်ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးထားတဲ့The Door into Summer အမည်ရ ဂျပန်ရုပ်ရှင်ကို တင်ဆက်ပေးပါရစေဒီရုပ်ရှင်ထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်ကတော့အခြားသူမဟုတ်ဘူး Alice in the borderland ပရိသတ်တွေဆိုရင် ကျိန်းသေ သိကိုသိကြမဲ့နာမည်ကြီး မင်းသား Kento Yamasaki ပဲ ဖြစ်ပါတယ်Alice in the borderland မှာ အပီကြမ်းပြသွားတဲ့ Kento တစ်ယောက် ဒီရုပ်ရှင်ထဲမှာလည်းပရိသတ်ကြီးကို ဦးနှောက်သုံးပြီး စဥ်းစားခန်း ထပ်ဖွင့်ခိုင်းဦးမှာပါဒါဆိုရင် ဇာတ်လမ်းအကျဥ်းကို စကြည့်လိုက်ရအောင်ငယ်စဥ်ကထဲက မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရတဲ့ တာကာကူရာ ဆိုအီချီရို ဆိုတဲ့ ကောင်လေးတစ်ယောက်....ဆွေမျိုးသားချင်းလည်းမရှိ အဖော်ဆိုလို့ ပီတိုလို့ခေါ်တဲ့ ကြောင်လေးနဲ့သာ နှစ်ဦးထဲ အတူနေခဲ့ရာကနေတစ်နေ့မှာတော့ မွေးစားမိဘတွေနဲ့အတူရီခိုလို့ခေါ်တဲ့ ညီမလေးတစ်ယောက် ဆိုအီချီရိုရဲ့ဘဝထဲကို ဝင်ရောက်လာခဲ့ပါတယ်မွေးစားဖခင်နဲ့အတူ ဆိုအီချီရိုတစ်ယောက် နည်းပညာအသစ်အဆန်းတွေ ...
movie

The Door into Summer (2021)

2021
Rurouni Kenshin: The Legend Ends (2014) 7.6
Rurouni Kenshin: The Legend Ends (2014) Rurouni Kenshin: The Legend Ends (2014)_____IMDb - 7.6/10    2014 ခုနှစ်ထဲမှာပဲ ဒုတိယကား Kyoto Inferno နဲ့ ဆက်တိုက် ထွက်ရှိခဲ့တဲ့ တတိယာကားဖြစ်တဲ့ The Legend End ကိုဆက်လက် တင်ဆက်ပေးလိုက်ပါတယ် ဗျ Kenshin ဆိုတာတော့ ထွေထွေထူးထူးမိတ်ဆက်ဖို့လိုမယ်မထင်ပါဘူး။ ခရီးသွားဆာမူရိုင်းဆိုတဲ့ Animeရုပ်သံဇာတ်လမ်းနဲ့ စတင်ရင်းနှီးပြီးသားဖြစ်မယ့် ဒီဇာတ်လမ်းတွဲဟာ Watsuki Nobuhiro ရဲ့ ကမ္ဘာကျော် မန်ဂရုပ်ပြ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဒါရိုက်တာOutomo Keishi ရိုက်ကူးပြီး၊ မင်းသား Satoh Takeru က Himura Kenshin အဖြစ် ပါဝင်သရုပ်ဆောင်တဲ့ Live-action ဇာတ်ကားကို ရုံတင်ခဲ့ပြီး၊ အဆင့်မြင့်တဲ့ထုတ်လုပ်ရေးကွာလတီ၊ မြန်ဆန်လှပတဲ့ အက်ရှင်ရိုက်ချက်တွေကြောင့် ပရိသတ်အားပေးမှုအထူးရခဲ့ကာ အက်ရှင်-မန်ဂ ကနေ ရုပ်ရှင်ပြောင်းရိုက်တဲ့ ဇာတ်ကားတွေအကြား စံပြ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မန်ဂဇာတ်လမ်းရဲ့ Kyoto Arc ကို Kyoto Inferno နဲ့ The ...
movie

Rurouni Kenshin: The Legend Ends (2014)

2014