Channel Myanmar

Hiroko Nakajima

A Girl in My Room (2022) 6.6
A Girl in My Room (2022) A Girl In My Room (2022)ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ A girl in my room ဆိုပြီး 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင်တော့ လူသားကောင်လေးနဲ့ သူ့အခန်းထဲမှာပေါ်လာတဲ့သရဲမလေးတို့ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါမယ်နော်။ Yohei က နှစ်နှစ်လောက်တွဲခဲ့တဲ့ သူ့ကောင်မလေးကိုထားခဲ့ခြင်းကိုခံခဲ့ရပါတယ်။ Yoheiရဲ့ကောင်မလေးထွက်သွားပြီးတဲ့ညမှာပဲ သူ့အခန်းထဲမှာ သရဲမလေးပေါ်လာခဲ့ပါတယ်။ သရဲမလေးက အသက်ရှင်နေခဲ့တဲ့အချိန်တုန်းက အချစ်ကိုတစ်ခါမှမခံစားခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေပါတယ်။ စစချင်းမှာတော့ Yoဟာ သရဲမလေးကိုနှင်ထုတ်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့ သူ့ကိုအန္တရာယ်မပေးတဲ့အတွက်နှင်ထုတ်ဖို့ကြိုးစားတာကိုရပ်လိုက်ပြီး တဖြည်းဖြည်းရင်းနှီးလာရာက တစ်ခါမှမချစ်ခဲ့ဖူးတဲ့သရဲမလေးဟာ Yo ကို သံယောဇဉ်တွေတွယ်လာခဲ့ပါ‌တော့တယ်။ တစ်ရက်မှာတော့ Yoရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Kana ဟာ Yo ရဲ့အိမ်မှာ သရဲရှိနေတယ်ဆိုတာကိုသိပြီး အဒေါ်ဖြစ်သူအကြားမြင်ဆရာမဆီကိုသွားပြီးတော့ မေးကြည့်ကြဖို့ Yoကို တိုက်တွန်းခဲ့ပါတယ်။ Yoကတော့ သရဲမလေးဟာ သူ့ရဲ့နာမည်ကိုတောင်မမှတ်မိတဲ့အတွက် သူ့အကြောင်းကိုနည်းနည်းဖြစ်ဖြစ်သိနိုင်မလားဆိုပြီးတော့ Kana ရဲ့ အကြံဉာဏ်ကိုလက်ခံပြီး အကြားမြင်ဆရာမဆီကိုသွားခဲ့ပေတဲ့ အကြားမြင်ဆရာမဟာ Yo အိမ်ကသရဲမလေးကိုဘာလုပ်လိုက်မှာလဲ။ သရဲမလေးက Yo အိမ်ကနေထွက်သွားရပြီး Yoနဲ့ခွဲသွားရမှာလားဆိုတာကိုတော့ အားလုံးက ဇာတ်ကားလေးကိုပဲစောင့်ကြည့်လိုက်ကြပါတော့နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။Genre..... Fantasy, Romance Quality…. 1080p | ...
movie

A Girl in My Room (2022)

2022
Restart After Come Back Home (2020) 7.2
Restart After Come Back Home (2020) Restart After Come Back Home (2020) ============================ IMDb Rating - 7.2/10LGBTQ+ ပရိတ်သတ်ကြီးအတွက် 2020 က ထွက်ရှိခဲ့တဲ့ ဂျပန် Bl ‌ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မာနကြီး ပျင်းရိတတ်ပြီး တစ်ခုခုဆို မလုပ်ဘဲ ရှောင်ပြေးနေ တတ်တဲ့ Misuomi Kozuka (Yuki Furukawa) တစ်ယောက် တိုကျိုက ကုမ္ပဏီမှာ အဆင်မပြေတာကြောင့် အလုပ်ထွက်ခဲ့ပြီး သူ့ရဲ့မွေးရပ်မြေ ကျေးလက်ကအိမ်လေးဆီ ပြန်လာခဲ့ပါတယ်။အဲဒီတောရွာလေးမှာ ‌လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်တဲ့ အဘိုး Kumai ရဲ့တက်ကြွလန်းဆန်းပြီး အချိန်တိုင်းပြုံးပျော်နေ တတ်တဲ့ မွေးစားသားလိမ္မာလေး Yamato Kumai (Ryo Ryusei) နဲ့ တွေ့ပါတော့တယ်။ လူမှုဆက်ဆံရေးကောင်းတဲ့ Yamato နဲ့ တွေ့ပြီး Misuomi မှာ မလွှဲသာပဲ Greenhouse စိုက်ပျိုးရေးလုပ် ငန်းတွေ ကူလုပ်ရပါတော့တယ်။ အဲလိုနဲ့ သူတို့ နှစ်ယောက် ရင်းနှီး လာပြီး တစ်ယောက်ဘဝအတွက် တစ်ယောက် အားကိုးရတဲ့သူ တွေဖြစ်လာတဲ့အခါ...Misuomi ရဲ့ မွေးရပ်မြေပြန်လာပြီး ပြန်လည် စတင်လာမယ့် ...
movie

Restart After Come Back Home (2020)

2020
Toshimaen: Haunted Park (2019) 5.5
Toshimaen: Haunted Park (2019) Toshimaen:Haunted Park (2019)ကျိန်စာနဲ့ သည်းထိတ်ရင်ဖိုသရဲဇာတ်လမ်းတွေကို စိတ်ဝင်စားကြတဲ့သူတွေအတွက် ကောင်မလေးတစ်သိုက်နဲ့တိုရှိမအန်ကျိန်စာအကြောင်း ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။အထက်တန်းကျောင်းတည်းက ခင်ခဲ့ကြတဲ့ကောင်မလေးတစ်စုက ၃နှစ်ကြာမှ ပြန်ပြီးဆုံကြပါတယ်။ သူတို့အထဲက "စခိ"ဆိုတဲ့ကောင်မလေးက နိုင်ငံခြားမှာပညာတော်သင်သွားတော့မှာဖြစ်လို့ နှုတ်ဆက်ရင်းပြန်ဆုံကြတာပါ။ သူတို့က ကျောင်းသူဘဝမှာတည်းက ဖုန်းအလွန်သုံးပြီး အင်တာနက်နဲ့အကျွမ်းတဝင်ရှိကြပါတယ်။သူတို့ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ယုက ကတော့ လွန်ခဲ့တဲ့နှစ်တွေမှာ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီနေ့မှာတော့ ပြန်ဆုံတဲ့ပွဲအတွက် အသွားမှာ "စခိ"က ပျောက်သွားတဲ့ယုကရဲ့ အမေဖြစ်သူနဲ့ဆုံခဲ့ပါတယ်။ စခိနဲ့ယုက က အရမ်းခင်ခဲ့တာမို့ ကစားကွင်း ဝင်ခွင့်အခမဲ့လက်မှတ်တွေကို ယူထားဖို့ပေးခဲ့ပါတယ်။ ဒီလိုနဲ့တွေ့ဆုံပွဲကိုရောက်တော့ ကျန်တဲ့သူငယ်ချင်းတွေကပါ ကစားကွင်းကိုသွားချင်နေတာမို့ သွားဖို့စီစဉ်လိုက်ကြပါတယ်။ သူတို့သွားတဲ့ကစားကွင်းမှာ တိုရှိမအန်ကျိန်စာဆိုတာရှိပါတယ်။ စည်းကမ်းချက်တွေထဲက တစ်ချက်ကို ဖောက်ဖျက်မိတာနဲ့ လျှို့ဝှက်နေရာကိုထာဝရခေါ်ဆောင်သွားခံရတော့မှာပါ။ဒီလိုနဲ့ သူတို့သူငယ်ချင်းတစ်စုလည်း ဒီကျိန်စာကို စမ်းသပ်ကြည့်ဖို့ဖြစ်လာတဲ့အခါ သူတို့ကိုယ်တိုင်ကလည်း အကြောင်းအရင်းတစ်ခုကြောင့် ဒီကျိန်စာနဲ့ပြန်ပတ်သက်ရဖို့ ဖြစ်လာတာမို့ ဘာတွေကြုံရမလဲ ဘယ်လိုတွေကျိန်စာမိကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File ...
movie

Toshimaen: Haunted Park (2019)

Little Love Song (2019)
Little Love Song (2019) Little Love Song (2019)ဘဝမှာ ကိုယ်လုပ်ချင်တဲ့အရာတွေကို လုပ်ရင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရတာလောက် ကောင်းတာရှိပါဦးမလား။ အဆင့်ကောင်းကောင်းရဖို့ ကိုယ်ပျော်ရွှင်တဲ့အရာတွေက အရေးမပါတော့ဘူးလား။ သီချင်းတွေကြောင့် လူတွေ ပျော်ရွှင်ရတယ် ဝမ်းနည်းရတယ် ပြောင်းလဲလာရတယ်။ နောက် ခံစားချက်တွေကို ဖော်ပြလို့ရတယ်။ ဒါကြောင့် ဘဝမှာ သီချင်းတွေကလည်း အရေးပါတဲ့နေရာမှာ ရှိနေမှာပါပဲ ဒီတစ်ခါမှာတော့ Little love song ဆိုတဲ့ ဂျပန်လူငယ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုကီနာဝ ကျွန်းငယ်လေးက အထက်တန်းကျောင်းသားလေး လေးယောက်ဟာ သီချင်းတွေကို ချစ်ကြပြီး အတူတကွ Band လည်းထောင်ထားကြပါတယ်။ သူတို့သီချင်းတွေက အရမ်းကောင်းလွန်းလို့ တစ်ကျောင်းလုံးက ကျောင်းသူကျောင်းသားတွေကလည်း အရမ်းကို ကြိုက်ကြပါတယ်။ သီချင်းဆိုလိုက်တာနဲ့ တစ်ကျောင်းလုံးမှာ အားပေးသံတွေနဲ့ ဆူညံနေလို့ ကျောင်းရုံးခန်းကိုလည်း ခဏခဏရောက်ကြတဲ့အဖွဲ့ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့အသုံးပြုနေကျ စတူဒီယိုက ဦးလေးနီမာဟာ သူတို့ကို တိုကျိုအသံသွင်းရုံတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်တဲ့အခါမှာ သူတို့လေးယောက်ဟာ တိုကျိုကို သွားရဖို့ အကြောင်းပေါ်လာပါတော့တယ်။ဒီသတင်းကြောင့် သူတို့ဟာ အရမ်းပျော်နေကြပြီး အိမ်ပြန်လာတဲ့လမ်းမှာ စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုဖြစ်လာပါတော့တယ်။ တီးဝိုင်းထဲက ကျောင်းသားလေးနှစ်ယောက်ဟာ အိမ်ပြန်ရင်း ...
movie

Little Love Song (2019)