Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hiroya Ishimaru
7.9
Tokyo Godfathers(2003)
Tokyo Godfathers(2003) IMDb....7.9,,,,,Rotten ...90 "Tokyo Godfathers" ဆိုတဲ့ animation ကားလေးကိုတော့ စာရေးဆရာ Peter B. Kyne ရဲ့ ပထမဆုံးလက်ရာဖြစ်တဲ့ " three godfathers" ဆိုတဲ့ဝတ္ထု အပေါ်အခြေခံပြီး ဒါရိုက်တာ Satoshi Kon က ရိုက်ကူးရေးဆွဲထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ မူရင်းဝတ္ထုနာမည်ဖြစ်တဲ့ " Three Godfathers" ဆိုတဲ့အတိုင်းပဲ တိုကျိုမြို့ပေါ်က အိမ်ယာမဲ့လူသား၃ဦးရဲ့ ဘယ်ကရောက်လာမှန်းမသိရတဲ့ လူမမယ်ကလေးတစ်ဦးအပေါ်မှာထားရှိတဲ့ မေတ္တာအတိမ်အနက်ကို ဖော်ပြထားတဲ့ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း -ချမ်းအေးလှတဲ့ ခရစ်စမတ်ညလေးတစ်ညမှာ တိုကျိုမြို့ပေါ်က အရက်သမားတစ်ယောက် ၊ ဟိုမိုတစ်ယောက် နဲ့ ဆယ်ကျော်သက်အရွယ်အိမ်ပြေးမလေးတစ်ယောက်တို့က စွန့်ပစ်ခံထားရတဲ့ ကလေးတစ်ယောက်ကိုတွေ့ရှိရာက ကလေးရဲ့မိဘတွေဆီကို ပြန်ပို့ပေးဖို့ ကြိုးစားခဲ့ပုံနဲ့ စတင်ခဲ့ပါတယ်။ ဒီလိုနဲ့ သွေးမတော်သားမစပ်လူမမယ်အရွယ်ကလေးတစ်ဦးအတွက် တိုကျိုမြို့ပေါ်က အေးခဲလွန်းလှတဲ့ လမ်းမတွေထက်မှာ မိဘရှာပုံတော်ဖွင့်နေရတဲ့ အိမ်ရာမဲ့လူသား၃ဦးရဲ့ ရုန်းကန်လှုပ်ရှားနေမှုများကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ လူတိုင်းမှာကိုယ်စီကိုယ်ငှ ဝမ်းနည်းရတဲ့အတိတ်မျိုးတွေ ရှိနေကြောင်း၊ မိဘနှင့်သားသမီးတို့ကြားရှိ ချစ်ခြင်းမေတ္တာနှင့် ခွင့်လွှတ်နားလည်မှုများအကြောင်း အပါအဝင် လူတိုင်းအတွက် မိသားစုဘဝဆိုတာအရေးကြီးကြောင်းကို ရိုက်ကူးပုံဖော်ပေးထားတာပဲ ဖြစ်ပါတယ်။ ကလေးလေးကိုရော ...
movie
Tokyo Godfathers(2003)
2003