Channel Myanmar

Hiroyuki Hirayama

Paradise Kiss(2011) 6.7
Paradise Kiss(2011) Paradise Kiss(2011)******************ယူကာရီ ဟယစကဟာ သူ့အမေစိတ်တိုင်းကျ စာပဲကုန်းရုန်းလုပ်နေတဲ့ဆယ်ကျော်သက်အရွယ်အထက်တန်းကျောင်းသူတစ်ယောက်ပါ။သူ့ဘဝကို သူကိုယ်တိုင်လည်းငြီးငွေ့နေပေမဲ့ သူ့အမေရဲ့ဆန္ဒကိုလည်းမလွန်ဆန်နိုင်ပါဘူး။ဒီလိုနဲ့ တစ်ရက်မှာ သူဟာ ‘Paradise Kiss’ လို့ခေါ်တဲ့ ဒီဇိုင်းပညာကိုလေ့လာနေတဲ့အဖွဲ့နဲ့တွေ့ပြီး သူတို့အတွက် မော်ဒယ်လုပ်ပေးဖို့ဖြစ်လာပါတယ်။ယူကာရီဟာ မော်ဒယ်လောကအကြောင်းဘာမှမသိတာကြောင့် အစပိုင်းကငြင်းဆန်နေခဲ့ပေမဲ့လွတ်လွတ်လပ်လပ်နေတတ်တဲ့ ‘Paradise Kiss’ အဖွဲ့သားတွေနဲ့ ရင်းနှီးလာပြီးနောက်မှာ မော်ဒယ်လုပ်ပေးဖို့သဘောတူခဲ့ပါတယ်။ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်က သူရဲ့ရည်မှန်းချက်ကို ဘယ်လိုရှာတွေ့ပြီးသူ့ရဲ့ဘဝကိုဘယ်လိုပြောင်းလဲပစ်မလဲဆိုတာကို romance, comedy, drama တွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။File Size :(1.7GB) and (1GB) Quality : WEB-DL1080P,720p Format…mp4 Duration…01:55:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Paradise Kiss(2011)

[18+] Hirugao (2017) 6
[18+] Hirugao (2017) Hirugao (2017)Hirugao: Love Affairs in the Afternoon ဆိုတဲ့ ဇာတ်လမ်းတွဲ အောင်မြင်ပြီးနောက်မှာ Hirugao The Movie ဆိုပြီး ထွက်လာတဲ့ကားပါပဲ။ စီးရီးထဲက သရုပ်ဆောင်တွေကိုပဲ သုံးပြီး ရုပ်ရှင်အနေနဲ့ ရိုက်ထားတာပါ။ Shin Ultraman ရဲ့မင်းသား Takumi Saito က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသမီးကတော့ နာမည်ကျော် Azumi ကားတွေရဲ့ မင်းသမီး Aya Ueto ပါ။ မင်းသားချောချော မင်းသမီးချောချောနဲ့ ၁၈ပလပ်ဆန်ဆန်ရိုက်ထားပေမဲ့ တကယ်ကြည့်ကောင်း လှပတဲ့ကားလေးပါပဲ။ဇာတ်လမ်းကတော့ အိမ်ထောင်သည်စုံတွဲ၂ခုက ယောက်ျားနဲ့ မိန်းမက ဖောက်ပြန်ကြတယ်။ သူတို့အိမ်ထောင်ဖက်တွေသိသွားတော့ မိန်းကလေးရဲ့ယောက်ျားက မိန်းကလေးကိုကွာရှင်းပြီး ယောက်ျားလေးရဲ့မိန်းမက အဲဒီမိန်းကလေးကို သူ့ယောက်ျားနဲ့ အဆက်အသွယ်ထပ်မလုပ်ဖို့ စာချုပ်ချုပ်ခိုင်းထားခဲ့တယ်။ ဒီလိုနဲ့ ကောင်မလေးဟာတစ်ရပ်တကျေးမှာ ဘဝသစ်ထူထောင်ခဲ့တယ်။ တစ်နေ့ သူတို့ပြန်တွေ့ကြတဲ့အခါမှာတော့ မဖြစ်သင့်မှန်း သိသိလျက်ကြားကနေ ...
movie

[18+] Hirugao (2017)

2017
Retribution (2006) 6.3
Retribution (2006) Sakebi 2006ဂျပန်ရဲ့ David Cronenbergလို့တင်စားကြတဲ့ ဂျပန်horrorမှာနာမည်ကြီး ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kiyoshi Kurosawaရိုက်ကူးထားတဲ့ horror/mysteryရုပ်ရှင်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့စုံထောက်တစ်ယောက်ဖြစ်တဲ့ "ခိုးဂျိ ရခုရှော"ဟာ ကမ်းစပ်မြို့တစ်ခုမှာ တာဝန်ကျနေပြီး လူသတ်မှုတွေကို လိုက်လံစုံစမ်းနေပါတယ်။ ငလျင်လှုပ်ပြီးတဲ့တစ်နေ့မှာတော့ အပျက်အစီးပုံတွေကြားမှာ သေဆုံးနေတဲ့မိန်းမတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူ့ကို ဆားငန်ရေထဲ နှစ်သတ်ပြီးမှ လာရောက်စွန့်ပစ်ထားပုံ ရတာမို့ ဒီအမှုကို ဆက်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ အမှုရဲ့ သဲလွန်စတွေက သူကိုယ်တိုင်ကိုပဲ တရားခံအဖြစ် ညွှန်ပြနေပြီး သူလည်းဘာမှမမှတ်မိတာမို့ အကျပ်ရိုက်နေပါတယ်။မကြာခင်မှာပဲ အသတ်ခံထားရတဲ့ ကျောင်းသား အလောင်းတစ်လောင်း ထပ်ပေါ်လာပါတယ်။ သူ့ကိုလည်း စစ်ဆေးတဲ့အခါမှာလည်း ဆားငန်ရေတွေတွေ့ရပြီး ကြိုးနဲ့ချည်ခံထားရပရပုံပေါက်တာမို့ လူသတ်သမားက ကွင်းဆက်လူသတ်သမားဖြစ်နိုင်ခြေများလာပါတယ်။ဒီအမှုတွေကို စုံစမ်းနေစဉ်မှာပဲ သူ့အနားကို ဝတ်စုံနီဝတ်ထားတဲ့ သရဲမက အမြဲရောက်လာပြီး နှောင့်ယှက်တာကို ခံနေရပါတယ်။သူ့ကို အမြဲနှောင်ယှက်နေတဲ့ သရဲမနဲ့ ဒီအမှုတွေက ဘယ်လိုဆက်စပ်ပြီး ဘာကြောင့် စုံထောက်ကိုပဲ အမြဲတမ်းနှောင့်ယှက်နေရလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ...
movie

Retribution (2006)

Yamato (2005) 6.5
Yamato (2005) [ Unicode ]ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်များ စစ်ပွဲတွင်စတင်ပြီးစစ်ရှုံးခဲ့ကြပါတယ် ကာမီအို ပါဝင်တဲ့ အထူးဂျူနီယာအရာရှိများ ယာမာတိုသင်္ဘောကြီးပေါ်ရောက်ပြီး ဗိုလ်ကြီး မိုရီဝါကီနဲ့ အူချီဒါတွေနဲ့တွေ့ဆုံပါတော့တယ်ဒါပေမယ့် ဒီတိုက်ပွဲဟာဆိုရင် ဂျပန်အင်ပါယာရေတပ်ရဲ့ မှတ်သားဂုဏ်ယူစရာတိုက်ပွဲတဟ်ခုဖြစ်ခဲ့ပါတယ် ဒီထဲမှာဆိုရင် တပ်သားတွေရဲ့ နိုင်ငံအပေါ်ထားတဲ့ မျိုးချစ်စိတ်နဲ့ ယာမာတိုသင်္ဘောကြီးအပေါ်မှာထားတဲ့ ချစ်မြတ်နိုးစိတ်တို့ကိုတွေ့မြင်နိုင်တဲ့အပြင် ရဲဘော်အချင်းချင်းဖေးမရင်း နိုင်ငံအတွက် သေတဲ့အထိ တိုက်ခိုက်သွားကြတဲ့ပုံစံတွေကို ဝမ်းနည်းကြေကွဲဖွယ်တွေ့မြင်နိုင်မှာဖြစ်ပါတယ်( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ပါ )  [Zawgyi]ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်များ စစ်ပွဲတွင်စတင်ပြီးစစ်ရှုံးခဲ့ကြပါတယ် ကာမီအို ပါဝင်တဲ့ အထူးဂျူနီယာအရာရှိများ ယာမာတိုသင်္ဘောကြီးပေါ်ရောက်ပြီး ဗိုလ်ကြီး မိုရီဝါကီနဲ့ အူချီဒါတွေနဲ့တွေ့ဆုံပါတော့တယ်ဒါပေမယ့် ဒီတိုက်ပွဲဟာဆိုရင် ဂျပန်အင်ပါယာရေတပ်ရဲ့ မှတ်သားဂုဏ်ယူစရာတိုက်ပွဲတဟ်ခုဖြစ်ခဲ့ပါတယ် ဒီထဲမှာဆိုရင် တပ်သားတွေရဲ့ နိုင်ငံအပေါ်ထားတဲ့ မျိုးချစ်စိတ်နဲ့ ယာမာတိုသင်္ဘောကြီးအပေါ်မှာထားတဲ့ ချစ်မြတ်နိုးစိတ်တို့ကိုတွေ့မြင်နိုင်တဲ့အပြင် ရဲဘော်အချင်းချင်းဖေးမရင်း နိုင်ငံအတွက် သေတဲ့အထိ တိုက်ခိုက်သွားကြတဲ့ပုံစံတွေကို ဝမ်းနည်းကြေကွဲဖွယ်တွေ့မြင်နိုင်မှာဖြစ်ပါတယ်( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu ...
movie

Yamato (2005)

2005