Channel Myanmar

Holly Marie Combs

Born on the Fourth of July(1989) 7.2
Born on the Fourth of July(1989) Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie

Born on the Fourth of July(1989)