Channel Myanmar

Howie Long

The Underdoggs (2024)
The Underdoggs (2024) The Underdoggs (2024) ===================အမေရိကန်ရက်ပါ/မင်းသား Snoop Dogg ရဲ့ (၂၀၂၄)ခုနှစ်ထွက် ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ကားတွေ ကတော့ သိတဲ့အတိုင်း အသုံးခပ်ကြမ်းကြမ်းမို့ မိသားစုတို့ဘာတို့နဲ့ ကြည့်မယ်ဆိုရင် ဆင်ခြင်ပြီးကြည့်ရှုကြပါ။ အခုကားကတော့ Comedy/ Sport genre ဖြစ်ပြီး စိတ်ဝင်စားစရာလည်းကောင်းပါ တယ်။ နာမည်ကျသွားတဲ့ မာနခဲကြယ်ပွင့်ကစားသမားတစ်ယောက် အကြောင်းကို ရိုက်ကူးထားတာပါ။ဂျေဆင်ဟာ လူငယ်ဘဝတုန်းက Gridiron Football အားကစားမှာ နာမည်ကြီးခဲ့တဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်။ အသင်းဖော်ကို ရော၊ နည်းပြကိုရော၊ ပရိတ်သတ်ကိုရော ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ သူ့အမူအကျင့်တွေကနေ ပြဿနာတွေဖြစ်လာပြီး အားကစားလောက ကနေ နှစ်၂၀ကင်းကွာသွားတဲ့သူ။ အဆဲအဆိုခံရတာတွေလည်း ဒုနဲ့ဒေး။ ဒါပေမဲ့ သူ့စိတ်ကတော့ သူရွှေထီးဆောင်းခဲ့တဲ့ကာလထဲမှာပဲ ရှိနေဆဲ။ တစ်နေ့ကျ ကားကို ဟယ်လင်ကဲလားလို မောင်းရာကနေ အက်ဆီးဒင့် ဖြစ်ပြီး ရုံးရောက်ဂတ်ရောက်တွေဖြစ်ကုန်တယ်။ တရားရုံးမှာ သူ့အမှုကို ကိုင်ရတဲ့တရားသူကြီးက သူ့ဇာတိမြို့ လောင်းဘိချ်မှာကတည်းကခင်ခဲ့တဲ့ ငတိမ။ သူ့အိမ်နီးချင်းရဲ့ထီမထင် မာနခဲစရိုက်ကိုသိနေတဲ့ တရားသူကြီးက ထောင်ချတဲ့အပြစ်ဒဏ်မပေးဘဲ လောင်းဘိခ်ျမှာ ပရဟိတအလုပ် နာရီ ၃၀၀ပြည့်အောင်လုပ်ရမယ်လို့ အမိန့်ချတယ်။အဲလိုနဲ့ နာမည်ကျဘောလုံးသမားကြီးဟာ သူ့အိပ်မက်တွေ စအခြေတည်ရာ ဇာတိမြို့လေး‌ကို ပြန်ရောက်လာတယ်။ လိမ္မော်ရောင်သန့်ရှင်းရေးဝတ်စုံလေး ဝတ်ပြီး အာဝုအီးကျုံးဖို့ ...
movie

The Underdoggs (2024)

2024
Broken Arrow ( 1996 ) 6.0
Broken Arrow ( 1996 ) 1996 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb 6 ရရှိထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်Old But Gold လေးတွေကို ပြန်လည်ခံစားကြည့်ပါဦး..မကြည့်ရသေးရင်အသစ်ပါပဲအမေရိကန်လေတပ်အရာရှိနှစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး ဒစ်ကင်နဲ့ကပ္ပတိန်ဟေးလ်တို့ဟာ နျူကလီးယားဗုံး ၂လုံးကိုလျှို့ဝှက်သယ်ဆောင်ရန်တာဝန်ပေးအပ်ခံခဲ့ရတယ် ပို့နေတဲ့လမ်းမှာ ဗိုလ်ကြီး ဒစ်ကင်ကနျူကလီးယားလက်နက်တွေကို ခိုးယူဖို့ကြိုးစားပြီးကပ္ပတိန်ဟေးလ်ကို သတ်ဖို့လုပ်ခဲ့ပါတယ် ကံကောင်းချင်တော့ဟေးလ်မှာ အသက်မသေပဲ ပန်းခြံစောင့်အရာရှိမလေးတယ်ရီနဲ့တွေ့ဆုံခဲ့ပြီး တယ်ရီအကူအညီနဲ့ ဒစ်ကင်ခိုးယူသွားသောနျူကလီးယားလက်နက်ကို ပြန်လည်ရယူရန်ကြိုးစားပါတော့တယ်။ဉာဏ်ကောင်းတဲ့ဒစ်ကင်က နျူလက်နက်ကို ဘယ်လိုတွေသယ်ယူရန်ကြိုးစားမလဲ၊ ဟေးလ်ကရော နျူလက်နက်ကိုပြန်ယူဖို့ကြိုးစားရာမှာ ဘာအန္တရာယ်တွေ ရင်ဆိုင်ရမလဲနျူလက်နက်ကို ပြန်ယူနိုင်ပါ့မလားဆိုတာကိုအက်ရှင်ကားစိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအတွက်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ် Quality : Bluray 1080p ( HEVC )Format : mp4During : 108 minSubtitle : Myanmar Subtitle ( Hardsub )Translator : Ei PyaeEncoder : LK
movie

Broken Arrow ( 1996 )

1996