Channel Myanmar

Hrithik Roshan

Fighter (2024) 6.9
Fighter (2024) Fighter (2024) WEB-DL ကြည်တောက်ရှင်း =========== Imdb6.9/10 အားလုံးပဲစောင့်မျှော်နေတဲ့ လက်ပွားမင်းသားရီသိက်ရိုရှန်နဲ့ အိန္ဒိယရဲ့တန်ကြေးအကြီးဆုံးမင်းသမီးစာရင်းဝင် ဒီပီကားပါဒူကွန်းတို့ရဲ့ အက်ရှင်ကားလေးကတော့ အကြည်ဗားရှင်း ထွက်လာပါပြီ...ရုံတင်ရက်တွေ အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်ခဲ့ရပေမယ့် ရုံတင်ချိန်မှာတော့ world wide ၃၃၇.၂ ကုဋေထိ အသားတင်ဝင်ငွေ အမြတ်ထွက်ခဲ့တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။CM Bollywood ပရိသတ်ကြီးကို တစ်ခုလောက်မေးပါရစေ တိုက်လေယာဉ်တွေ စတန့်ထွင်ပြီးမောင်းပြမယ်။ Ninja Kawaski ဆိုင်ကယ်ကြီးမှာ ဂျက်ဖိုက်တာဂျက်ကက်ကြီးဝတ်ပြီး စော်ကိုတင်ပြီး လျှောက်ပတ်မောင်းမယ်။ ပါဖြောင့်ရုပ်ချောမင်းသားရယ် အလန်းအချောမင်းသမီးတို့ ရေကူးဝတ်စုံလေးတွေဝတ်ပြီး အပန်းဖြေတဲ့အခန်းလေးလည်းပါမယ်။ အဲ့ဒါဘာဇာတ်ကားဖြစ်မလဲ.... ဟုတ်ပါတယ် တွမ်ခရုရဲ့ Top Gun ရုပ်ရှင်ပါပဲ အောင်မြင်လွန်းလို့ ဘိုးတော်အရွယ်ရောက်မှ နောက်တစ်ကားထပ်ထွက်လည်း ထပ်အောင်မြင်ပါသေးတယ်... အခုလက်ပွားဦးဆောင်ပါဝင်ထားတဲ့ကားကလည်း Top Gun ဘောလိဝုဒ်ဗားရှင်းပါပဲအိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံကြားက မရိုးနိုင်တဲ့တိုက်ပွဲတွေကို အခြေခံလို့ ဇာတ်လမ်းဆင်ထားပါတယ်။ အိန္ဒိယလေတပ်က ဇွတ်တရွတ် တိုက်လေယာဉ်မှူးနဲ့ မင်းသမီးချောချောလေးနဲ့ အချစ်ဇာတ်လမ်း ဘာညာ အက်ရှင်အသားပေးတင်ဆက်ထားပါတယ်။ ဘောလိဝုဒ်အနေအထားနဲ့ဆို ရှယ်လန်းတဲ့ အက်ရှင်စွန့်စားခန်းတချို့ကို မြင်တွေ့ရမှာဖြစ်ပြီး မင်းသားရော မင်းသမီးရော ဇာတ်ရုပ်နဲ့ လိုက်ဖက်ညီတဲ့ ဝါရင့်သရုပ်ဆောင်တွေမလို့ bollywood ဖန်တွေ ကျေနပ်အားရမယ့်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ကြည်တောက်ရှင်းဗားရှင်းလေးနဲ့ခံစားအားပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ် File size…     3.7 GB ...
movie

Fighter (2024)

Tiger 3 (2023) 7.0
Tiger 3 (2023) Tiger 3 (2023) "စလူးဘိုင်ရဲ့ တိုက်ဂါး၃" ============================ အကြည်ဆုံး AMZ WEB DL ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်IMDb - 7.6/10နာမည်ကျော် ခန်းသုံးခန်းထဲက ဆယ်လ်မန်ခန်းရဲ့ တိုက်ဂါးရုပ်ရှင်တွေထဲက နောက်ဆုံးထွက်ရှိထားတဲ့ သုံးကားမြောက် ရုပ်ရှင်ကြီးကိုတင်ဆက်ပေးပါရစေ။ အကြည်ထွက်ဖို့ မျှော်လင့်ခဲ့တာအတော်ကြာပေမဲ့ ဒီနေ့မှာတော့ တကယ်အကြည်ထွက်လာပြီး စလူးဘိုင်ရဲ့တိုက်ဂါး၃ဟာ BOမှာဆိုရင်လဲ ကုဋေ၁၀၀ကျော်ထိ မြတ်ထားနေပါပြီ....အရင်ဆုံးဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကိုကြည့်ရအောင်။မာနတ်ရှ် ရှာမာတဲ့။ ရှာရွတ်ခန်းရဲ့ Fan(2016) ရာနီးရဲ့ Hichki(2018)လိုရုပ်ရှင်တွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒါရိုက်တာကြီး။ အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း မဆုံနိုင်လို့ ဝေးခဲ့ကြတဲ့ ကျန်ရစ်ကြီး ဆယ်လ်မန်ခန်းနဲ့ ကတ်သ်ရီးနားတို့ပဲပေါ့။ ကျွန်တော်တို့ရဲ့ ကင်းခန်းကြီးနဲ့ ရိုမန်းတစ်မင်းသားကြီး အင်မရန်းဟာရှ်မီလည်း ပါဝင်ထားပါသေးတယ်။တိုက်ဂါးနဲ့ ဇိုရာဆိုတာ စပြီးဆုံကတည်းက ယဉ်သကိုဆိုသလို အတိုက်အခိုက်လေးတွေနဲ့ဆိုတာ ကြည့်ရှုခဲ့ကြပြီးသားပေါ့။ နှစ်ယောက်လုံးက တာဝန်ကိုယ်စီတွေနဲ့ ထမ်းဆောင်နေကြချိန် မထင်မှတ်ထားတဲ့အရာတစ်ခုကို ချစ်သူနှစ်ဦးထဲက တစ်ဦး တွေ့ရှိလိုက်ရတဲ့အချိန်မှာတော့။ဆယ်လ်မန်ခန်းရဲ့ ရှေ့မှာထွက်ခဲ့တဲ့ရုပ်ရှင်ဇာတ်လမ်းကို အဆိပ်အနေနဲ့ခံစားခဲ့ကြရတယ်ဆိုရင် ဒီရုပ်ရှင်ဇာတ်လမ်းလေးက ဖြေဆေးအနေနဲ့ရော ကျွန်တော်တို့ချစ်တဲ့ ဆယ်လ်မန်းခန်းရဲ့ကြိုးစားအားထုတ်မှုတွေရောကို မြင်တွေ့ခံစားရမှာဖြစ်ကြောင်းပြောရင်း ခံစားကြည့်ရှုကြပါဦး။ (အညွှန်းကို‌တော့ ဝါရင့်ဘာသာပြန်ကြီး Vမှ ရေးသားပေးထားပြီး ...
movie

Tiger 3 (2023)

2023
4K HEVC
Super 30 (2019) 7.9
Super 30 (2019) IMDb Rating (7.9)ကားရိုက်နည်းတဲ့ လက်ပွားမင်းသား ခေါ် မင်းသားကြီး Hrithik Roshan ရဲ့ ၂၀၁၉ ခုနှစ်ထွက် ဒရမ်မာရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ဖြစ်ပြီး အိန္ဒိယနိုင်ငံက သင်္ချာဆရာ အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို ပုံဖော်တင်ဆက်ထားတာပါ။ဇာတ်လမ်းအညွှန်းမဖတ်ဘဲ ရုပ်ရှင်ကိုကြည့်တာကတော့ ပိုပြီး သင့်တော်ပါမယ်။ တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ စာမဖတ်ဘဲ ရှောင်နိုင်တာ အကောင်းဆုံးပါ။ဇာတ်လမ်းကိုညွှန်းရမယ်ဆိုရင်ဖြင့်... နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ ‌ သူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့ ‌နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ‌ ‌ ဒီလို သူ့ရဲ့ အရည်အချင်းကြောင့် ‌သူ့မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ‌ ကမ့်ဘရစ်ချ် (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford) စတဲ့ တက္ကသိုလ်တွေက ‌သင်္ချာအထူးပြုနဲ့ PhD ရဖို့ပေါ့။ ‌ ‌ ဒါပေမယ့် ဆင်းရဲတဲ့လူတစ်ယောက်အတွက် အိပ်မက်တွေဟာ ...
movie

Super 30 (2019)

2019
Bang Bang! (2014) 5.5
Bang Bang! (2014) မင်းသား Hrithik Roshan နဲ့ မင်းသမီး Katrina Kaif တို့အဓိကပါဝင်ထားတဲ့ ဒီ Bollywood ဇာတ်ကားက Hollywood ရဲ့နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ကားကို မှီငြမ်းထားတာဖြစ်ပါတယ်...။နိုင်ငံတော်တော်များများကို လှည့်ပတ်ပြီး ခမ်းနားစွာရိုက်ကူးထားတာကြောင့် ရှုခင်းတွေ အရမ်းလှပါတယ်။ ဒါ့အပြင် ဘောလိဝုဒ်ရဲ့အနှစ်လို့ဆိုရမယ့် အကအလှပိုင်းမှာလဲ ဒီဇာတ်ကားက လုံးဝပြည့်စုံတယ်ဆိုရအောင် မိုက်ပါတယ်... မိုက်ဆို မင်းသားရော မင်းသမီးရောက လုံးဝအလန်းတွေလေ။ဇာတ်လမ်းကတော့ အက်ရှင်ကြမ်းကြမ်း အချစ်ကြမ်းကြမ်း စွန်းစားခန်းကြမ်းကြမ်းတွေနဲ့ ဟာသလေးတွေလဲ ဖြည့်စွက်ထားပါသေးတယ်။ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပြီးတော့ အချိန် ၂ နာရီခွဲလောက်ကြာတာကိုပါ မေ့သွားပါမယ်။ File size…(7.1 GB)/ (1.9 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:33:49 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Thaik San
movie

Bang Bang! (2014)

Vikram Vedha (2022) 7.1
Vikram Vedha (2022) Vikram Vedha (2022)ကဲ ဒီကားကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုဘူးထင်ပါတယ် သူ့အရင်ထွက်ထားတဲ့ တောင်ပိုင်းကားကလည်း အတော်ပေါက်ခဲ့တာဆိုတော့...။ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်ကြတဲ့ ရီသစ်ရိုရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့က အဓိကပါဝင်အားပြိုင်ထားပေးကြပြီး မင်းသမီးရာဒီကားအာပ်တေးက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်...ဇာတ်လမ်းကတော့ ရဲနဲ့ ဂိုဏ်းစတားအားပြိုင်တဲ့ကား...။ဒါပေမဲ့ ဇာတ်လမ်းလေးက ဆန်းတယ်...။ဗစ်ကရမ်...။ သူဟာ ဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားမြင်ရင် လက်ရွံ့တွန့်ဆုတ်မနေတတ်ဘဲ လက်ရဲဇက်ရဲနိုင်တဲ့ ဌာနဆိုင်ရာ အားကိုးရတဲ့ရဲတစ်ယောက်...။ဗေဒါး...။ သူဟာလည်း လက်ခနောင်းမြို့တခွင်မှာ ဒိတ်ဒိတ်ကြဲလူမိုက်ကြီးတစ်ယောက်ဖြစ်ပြီး ဘယ်သူမှမော်မကြည့်ရဲကြသလို မြို့နေပြည်သူတွေရဲ့ ချစ်ခြင်းကိုခံနေရတဲ့ ဂိုဏ်းစတားတစ်ယောက်...။လက်ခနောင်းမြို့နယ်အတွင်းက ဂိုဏ်းတွေအချင်းချင်း မသင့်မြတ်ကြရင်း သတ်ဖြတ်မှုတွေဖြစ်ပေါ်လာတော့ မြို့နေပြည်သူများဟာ အသက်အန္တရာယ်စိုးရိမ်နေရပါတယ်...ဒီတော့ ဒီဂိုဏ်းတွေကို ရှင်းပစ်ဖို့ ရဲဌာနကနေ အထူးတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်တယ်..တပ်ဖွဲ့ရဲ့တာဝန်က ဒီရာဇဝတ်သားတွေကို လိုက်လံရှာဖွေသတ်ပစ်ဖို့ပဲအဲ့ဒီမှာပဲ ဗစ်ကရမ်နဲ့ ဗေဒါးဟာ ထိပ်တိုက်တွေ့ရဖို့ အကြောင်းဖန်လာပါတော့တယ်...ဆက်လက်ပြီး ဘယ်လိုတွေကြမ်းလာမယ့်အပြင် လှည့်ကွက်လေးတွေနဲ့ ကြည့်ရဦးမှာမို့ မပျင်းရစေမှာ အမှန်ပဲဖြစ်ပါတယ်...လူအယောက် 18Kလောက်က IMDb 7.1 vote ပေးထားတာဆိုတော့ ကြည့်လို့ကောင်းတဲ့ မှုခင်းအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်...။ File size…3.14GB  /  1.26GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor~Thaik San
movie

Vikram Vedha (2022)

2022
Om Shanti Om (2007) 6.7
Om Shanti Om (2007) ဒီတစ်ခေါက်မှာတော့ Old But Gold ဇာတ်ကားလေးဖြစ်တဲ့ ရှာရွတ်ခန်းရဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်အွန်း(မ်)ဆိုတဲ့ ကောင်လေးဟာ အရမ်းကိုမှ မင်းသားဖြစ်ချင်နေတဲ့ သာမန်လူတန်းစားလေးတစ်ယောက်ပေါ့ အဲဒီအချိန်တုန်းက ရှန်တီဆိုတဲ့ ရုပ်ရှင်မင်းသမီးဟာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့သူဖြစ်ပြီး အွန်း(မ်)ကလည်း သူ့ကို အသေအလဲသဘောကျနေတာပေါ့တစ်နေ့ကျတော့ ရှန်တီဟာ ထုတ်လုပ်သူတစ်ယောက်ရဲ့ မီးရှို့သတ်ခြင်းကို ခံခဲ့ရပြီး ဒါကိုမျက်မြင်ကိုယ်တွေ့ မြင်လိုက်တဲ့ အွန်း(မ်)က ဝင်ကယ်ဖို့လုပ်ရင်းနဲ့ သူပါ သေဆုံးသွားခဲ့ရပါတယ်ဒါပေမယ့် သူဟာ မင်းသားကြီးတစ်ယောက်ရဲ့ သားအဖြစ် ပြန်လည်လူဝင်စားလာခဲ့ပြီး နှစ် (၃၀) အကြာမှာတော့ လျှမ်းလျှမ်းတောက်မင်းသားတစ်လတ် ဖြစ်လို့လာခဲ့ပါတယ်အဲဒီလိုနဲ့ တဖြည်းဖြည်းနဲ့ သူ့အရင်ဘဝကို ပြန်အမှတ်ရလာပြီး ရှန်တီအတွက် တရားမျှတမှုရှာပေးဖို့ ကြံစည်ပါတော့တယ်သူဘယ်လိုနည်းနဲ့ ပြန်အမှတ်ရခဲ့တာလဲ ရှန်တီကရော ဘာလို့အသတ်ခံခဲ့ရတာလဲ ရှန်တီအတွက် တရားမျှတမှုကိုရော ဘယ်လိုရှာပေးမလဲဆိုတာ ရှာရွတ်ခန်းရဲ့ နှစ်ဘဝသရုပ်ဆောင်ချက်တွေကို အပြည့်အဝခံစားကာ ကြည့်ရှုရမှာပဲဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…4.35GB / 2.2GB Quality…1080p BluRay /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Sora 
movie

Om Shanti Om (2007)

2007
War (2019) 6.5
War (2019) War (2019) IMDb - 6.5/10_____Rotten - 69%ကားသစ်တွေ ကားကောင်းတွေ ဆက်တိုက်ထွက်နေတဲ့ကြားက ယနေ့ထွက် ဘောလိဝုဒ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်.... ဘတ်ဂျက်ငွေရဲ့ ၃ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။တိုက်ဂါးနဲ့ ရီသိတ်ဟာ အိန္ဒိယတပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ် မြင်ရပါမယ်။ရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။သူ ဘာကြောင့် ပစ်ခဲ့တာလဲ....ဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲ...သူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့... တိုက်ဂါးပါ။ကဲ.... ဆရာနဲ့ တပည့်....ဘယ်လို ဆက်ဖြစ်ကြမလဲ.....အမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ.... ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျာ။File size…(7.6 GB)/(2.3 GB)/(1.3 GB) Quality….BluRay 4K ...
movie

War (2019)

4K HEVC
Mission Kashmir (2000) 6.6
Mission Kashmir (2000) IMDb Rating (6.6)ပထမဦးဆုံးအနေနဲ့ ပြောချင်တာက လောကမှာ ဘယ်လူမျိုး ဘယ်ဘာသာရယ်က အကြမ်းဖက်ဘာသာ အစွန်းရောက်လူမျိုးရယ်လို့မရှိပါဘူး..လူက နှစ်မျိုးပဲရှိပါတယ်..အဲ့ဒါကတော့ လူကောင်းနဲ့လူဆိုးပါ.. ဒီဇာတ်ကားလေးမှာ ဘာသာရေးအစွန်းရောက်အယူဝါဒတချို့ပါနေလို့ ဇာတ်ကားကြည့်ရင်း ဗဟုသုတယူရမယ့်အစား အစွန်းရောက်ဝါဒများ စိတ်ထဲမကိန်းအောင်စေဖို့ တိုက်တွန်းလိုက်ပါတယ်...အစွန်းရောက်ဝါဒီတွေရဲ့ ထုံးစံအတိုင်း ရင်ထဲမှာ အမုန်းတရားတွေစွဲကျန်နေတဲ့ တက်သစ်စလူငယ်လေးတွေကို သိမ်းသွင်း...ကိုယ်ကျိုးအတွက်ပဲ ကြည့်ပြီး ဘာသာရေးအမည်ခံ အမုန်းတရားတွေဖြန့်...လုပ်ဇာတ်တွေဖန်တီးပြီး ဆော်သြနေကြတဲ့ လူတွေလက်ထဲရောက်သွားခဲ့ရတဲ့ လူငယ်လေးတွေအကြောင်းကိုလည်း ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်...အဓိကဦးတည်ချင်တာကတော့ မပြီးဆုံးနိုင်တဲ့ အိန္ဒိယ-ပါကစ္စတန်အမွှေဇာတ်ထုပ်ပေါ့...ဒီကားမှာ ဘောလီးဝုဒ်မင်းသားချောလေး ရီသစ်ရိုရှန်းနဲ့ မင်းသားကြီး ဆန်ဂျေးဒသ်တို့ပါဝင်သရုပ်ဆောင်ထားတယ်...မစ်ရှင်ကက်ရှမီးဆိုတဲ့ ကားနာမည်အတိုင်းပဲ ဟင်ဒူ-မွတ်စလင် အမြဲအဓိကရုဏ်းဖြစ်နေတတ်တဲ့ ကက်ရှမီးဒေသကို ဖျက်ဆီးပြီး အမုန်းတရားတွေဖြန့်ကျက်ဖို့ စစ်သွေးကြွအုပ်စုက လျှို့ဝှက်ကြံစည်နေကြတယ်ဒါကိုမှ ရဲအရာရှိက စုံစမ်းဖေါ်ထုတ်မယ့်ဇာတ်လမ်း....ဒါပေမဲ့ အဲ့ဒီစစ်သွေးကြွအုပ်စုထဲကို မတော်တဆရောက်သွားခဲ့ရတာက ရဲအရာရှိရဲ့မွေးစားသား...နောက်ခံအမုန်းတရားဇာတ်အိမ်နဲ့ သူတို့နှစ်ယောက်ကို ထိပ်တိုက်ပေးတွေ့တဲ့အခါ....ဆက်ဖြစ်လာမယ့်ဇာတ်အရှိန်ကိုတော့ တစိမ့်စိမ့်ကြည့်ရှုပေးကြပါလို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(4.2 GB)/(1.4 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:31:oo Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated ...
movie

Mission Kashmir (2000)

Guzaarish(2010) 7.5
Guzaarish(2010)      Guzaarish (2010) **********************ဒိဇာတ်ကားလေးကတော့ IMdb rating 7.5အထိ ရရှိထားပြီးရီတစ်ရောင်ရှန်၊ အက်ရှဝါးရယားရွိုင်နဲ့ အဒိစ်တယာရွိုင်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Romance / Dramaအမျိုးအစားဘောလိဝုဒ် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း------------------------------------အီသန်ဟာ ကမ္ဘာ့အတော်ဆုံး မျက်လှည့်ပညာရှင်တစ်ဦးဖြစ်ပြီးမျက်လှည့်ပြပွဲတစ်ခုတွင် အပြင်းအထန် ထိခိုက်ဒဏ်ရာရကာခြေလက်နှစ်ဖက်စလုံး ‌အကြောသေသွားခဲ့ပါတယ်။သူအကြောသေပြီး ၁၄နှစ်အကြာမှာရောဂါအခြေအနေတွေဟာ တဖြည်းတဖြည်းထပ်မံဆိုးဝါးလာတာကြောင့် သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ရှေ့နေဒေ့(ဗ်)ယာနီ ဒတ္တာကို အကူအညီတစ်ခုတောင်းပါတယ်။အီသန်တောင်းတဲ့ အကူအညီကတော့ တခြားမဟုတ်ပါဘူး။သူ့အတွက် ယူသနေးရှားဆိုတဲ့ ညှင်သာစွာ ဇီဝိန်ခြွေခွင့်ရဖို့တရားရုံးမှာ အသနားခံစာ တင်ခိုင်းတာပါ။ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။  File size…2.04GB / 1.21GB Quality…1080o HEVC 5.1CH / 720p  Format…Mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San
movie

Guzaarish(2010)

2010
HEVC 1080p 5.1
Kabhi Khushi Kabhie Gham(2001) 7.4
Kabhi Khushi Kabhie Gham(2001)  Kabhi Khushi Kabhie Gham(2001)IMDb Rating (7.4) / Rotten Tomatoes (100%)အမီတာဘဂျမ်း..ရှရွတ်ခန်း...လက်ပွားမင်းသား ရိုရှမ်..မင်းသမီးကာဂျိုး...ကရီနာကပူးလ်စတဲ့ ဘောလိဝုဒ်ရဲ့တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေ ပြုံပြီးသရုပ်ဆောင်သလို ဇာတ်လမ်းကလဲတကယ်ကောင်းပါတယ်။ပြသချိန် ၃နာရီခွဲ ကြာတဲ့ဇာတ်ကားဆိုပေမယ့် ခနလေးလိုပဲ ထင်ရလောက်အောင်ကောင်းတာပါ။ဇာတ်လမ်းကတော့...ယာရှ်နဲ့ နန်ဒနီတို့ဟာ သားသမီးမဖွားမြင်တာကြောင့် ရာဟုလ်ကိုမွေးစားဖို့အိမ်ခေါ်လာပါတယ်။သားအရင်းမဟုတ်ပေမယ့်သားအရင်းတစ်ယောက်လို ချစ်ကြပါတယ်။တစ်နေ့ ရာဟုလ်က အဖြစ်မှန်ကို သိသွားခဲ့ပေမယ့် အဲဒီစကားကို အဲဒီအိမ်မှာဘယ်တော့မှထပ်မပြောကြဖို့ ယာရှ်က ဆုံးဖြတ်လိုက်တယ်။ယာရှ်ဟာ မျိုးရိုးဂုဏ်အရှိန်အဝါနဲ့ ဓလေ့ထုံးတမ်းအစဥ်အလာတွေကို အလေးထားတဲ့သူဖြစ်တာကြောင့် ရာဟုလ်ကိုအဆင့်အတန်းတူတဲ့ မျိုးရိုးက ဆင်းသက်လာသူနဲ့သာ ပေးစားချင်နေတယ်။ ဒါပေမယ့် အမျိုးဇာတ်နိမ့်တဲ့ ကောင်မလေးတစ်ယောက်ကို ရာဟုလ်က ချစ်မိသွားတဲ့အခါမှာတော့...။ဒရမ်မာဇာတ်လမ်းရှည်ကြီးတွေကို တစ်ရှူးအပြည့်နဲ့ကြည့်တတ်သူတွေ လုံးဝလက်လွတ်ခံလို့မဖြစ်ပါဘူး။(Thaik San မှ ဘာသာပြန်တင်ဆက်ထားတာပါ။)  File size…(3.5 GB) / (2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….03:29:00 subtitle….Myanmar Hardsub Encoder….Nyeinsaeya Aung Translated by Thaik San
movie

Kabhi Khushi Kabhie Gham(2001)

Lakshya (2004) 7.9
Lakshya (2004) Lakshya (2004)===================================မြန်မာစာတန်းထိုးမြန်မာပြည်ပရိတ်သတ်တွေကြား လက်ပွားမင်းသားရယ်လို့ လူသိများလှတဲ့ ဘောလိ၀ုဒ်မင်းသား Hrithik Roshan နဲ့ Amitabh Bachchan , မင်းသမီးချော Preity Zinta တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီဇာတ်ကားဟာ War-Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး ၊ ပြသချိန် ၃နာရီကျော် ကြာမြင့်ပါတယ်။ ဇာတ်ကားရဲ့နာမည် Lakshya ဆိုတာ မြန်မာလို "ရည်ရွယ်ချက် ၊ ရည်မှန်းချက်"လို့ အဓိပ္ပာယ်ရပြီး တိုင်းပြည်အနာဂါတ်အတွက် အရေးပါလှတဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍကို လူငယ်တစ်ယောက်အကြောင်းနဲ့ ဥပမာထား တင်ပြထားတာပါ။ကာရန်ရှာဂဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့သားဖြစ်ပြီး မိဘက လိုလေသေးမရှိ ဖြည့်ဆည်းပေးထားတဲ့အတွက် ဘ၀ကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေသူ ဖြစ်ပါတယ်။ ကျောင်းပြီးသွားရင် သူ့ချစ်သူရိုမီလာအပါအဝင် သူနဲ့ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကပါ သူတို့ဘ၀တွေအတွက် ဘာလုပ်ကြမယ် ၊ ညာလုပ်ကြမယ်ဆိုပြီး ရည်မှန်းချက်ကိုယ်စီရှိကြပေမယ့် သူ့မှာတော့ ဘာရည်မှန်းချက်မှ မရှိပါဘူး။ဒီအချိန်မှာပဲ ရည်းစားဖြစ်သူနဲ့ သူတို့ဘ၀ရှေ့ရေးအတွက် တိုင်ပင်ရင်း လူဆိုတာဘ၀မှာရည်မှန်းချက် ရှိသင့်တဲ့အကြောင်းပြောလာလို့ ကာရန်လည်း သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူ အိန္ဒိယစစ်တပ်ထဲကို ဝင်ဖို့ ပြင်ဆင်ပါတော့တယ်။ ကံဆိုးချင်တော့ ဝင်ခွင့်လျှောက်လွှာတွေတင်အပြီး လူအရွေးခံရပြီဆိုတော့မှ သူ့သူငယ်ချင်းက အမေရိကားကိုသွားမှာမို့ တပ်ထဲကို မဝင်ဖြစ်တော့ဘူးဆိုတာကို ဖွင့်ပြောလာပါတယ်။ မိဘတွေအရိပ်အောက်မှာတုန်းက ဘာကိုမှ လက်ကြောတင်းအောင်မလုပ်ဖူးတဲ့ သကောင့်သား ...
movie

Lakshya (2004)

2004
Jodhaa Akbar(2008) 7.6
Jodhaa Akbar(2008) Jodhaa Akbar(2008) IMDb.....7.6,,,,,Rotten....79% ((( ပြသချိန် ၃ နာရီ ၃၀ မိနစ် ကြာမြင့်ပြီး 1080p,720pတို့ဖြင့် အကောင်းမွန်ဆုံးတင်ဆက်ပေးထားပါသည်.....))) ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယပြည့်ရဲ့ ဆယ့်ခြောက်ရာစုသမိုင်းနောက်ခံ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး လက်ရှိ အိန္ဒိယလို့ခေါ်တဲ့နေရာကို အုပ်စိုးခဲ့ပြီး မဂိုအင်ပါယာကို စတင်ထူထောင်သူလို့ ယူဆကြတဲ့ ကြီးကျယ်တဲ့ မဂို ဧကရာဇ် Akbarနဲ့ အမက်ဘုရင်ရဲ့သမီးတော် ငယ်ရွယ်သွက်လက်တဲ့ မင်းသမီးလေးတစ်ယောက်တို့အကြောင်းကို အဓိကအခြေခံရိုက်ကူးထားတဲ့  Action, Drama, History ဇာတ်ကားဖြစ်ပါတယ်.... ဟိန္ဒူဖြစ်တဲ အမက်ဘုရင်ဟာ သူ့ရဲ့ ထီးနန်းကို ထိပါးလာမဲ့ နန်းတော်တွင်း ပြဿနာနဲ့ သူ့နိုင်ငံကိုတိုက်တော့မဲ့ မဂိုဧကရာဇ်ကြောင့် သူ့ သမီးတော် ဂျိုဓ ကို မွတ်စလင် ဧကရာဇ်Akbarနဲ့ ထိမ်းမြှားစေခဲ့ပါတယ်။ Akbarဟာလည်း ဒီလက်ထပ်မှုက ခိုင်မာတဲ့ မဟာမိတ်တစ်ခု ငြိမ်းချမ်းရေးတစ်ခုကို ဖြစ်စေမယ်လို့ ယူဆပြီး လက်ခံခဲ့ပါတယ်။ ဟိန္ဒူ မွတ်စလင် ဇာတ်ဘာသာ အကွဲတွေကြောင့် အစပိုင်းမှာ ဂျိုဓဟာ အခြေအနေ မဟန်ရင် အဆိပ်သုံးဖို့အထိအမျိုးမျိုး ပြင်ဆင်ခဲ့ပေမဲ့ မွတ်စလင်ဘုရင် အက်ဘာဟာ သူထင်သလို မဟုတ်ခဲ့ပဲ သူ့တောင်းတဲ့ သူ့ဘာသာကိုမပြောင်းနိုင်ကြောင်းနဲ့ သူယုံကြည်ရာဘာသာရဲ့ ဘုရားကျောင်းဆောက်ပေးဖို့တွေ တောင်းဆိုခဲ့ပေမဲ့ မွတ်စလင် ဘုရင်ဟာ လက်ခံခဲ့ပါတယ်။ အချိန်တွေကြာပြီးတဲ့နောက် သူတို့တစ်ယောက်ကို တစ်ယောက် မြတ်နိုးလာကြပေမဲ့ မတူညီတဲ့ ယဉ်ကျေးမှုနှစ်ခု မတူညီတဲ့ဘာသာနှစ်ခုရဲ့ အကျိုးဆက်အကြောင်းတရားတွေကြောင့် မဖြောင့်ဖြူးတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ဘယ်လိုတွေကြုံရဦးမလဲဆိုတာ အသင့်အတင့်မှန်တဲ့ သမိုင်းနဲ့ ကြည့်မြင်ခံစားကြရမှာပါ။ ကြာမြင့်ချိန်သုံးနာရီခွဲအတွင်းမှာ သမိုင်းရဲ့ ဖြစ်နေကြ ပြဿနာတွေဖြစ်တဲ့ စစ်ပွဲ .ဘာသာရေးပြဿနာ..ထီးနန်းကိစ္စတွေကို ဧကရာဇ်နဲ့ မင်းသမီးလေးရဲ့ အချစ်ဇာတ်လမ်းကလေးနဲ့ တခမ်းတနားတင်ပြထားတဲ့ ...
movie

Jodhaa Akbar(2008)

2008
Mujhse Dosti Karoge! (2002) 5.1
Mujhse Dosti Karoge! (2002) Mujhse Dosti Karoge! (2002) IMDb - 5.1/10_____Rotten - 76%     "ငါနဲ့သူငယ်ချင်းလုပ်မလား"သူငယ်ချင်း၊ ရင်းနှီးမှုအချစ်ဆိုတာ ဘာပါလဲ"အချစ်ဆိုတာ ရင်နှီးမှုပါပဲ လူတစ်ယောက်ကို မရင်းနှီးဘဲနဲ့ ဘယ်လိုမှ မချစ်နိုင်သလို သံယောဇဉ်လည်း မတွယ်နိုင်ပါဘူး ကဲ့ ဒါကြောင့် ငါနဲ့ သူငယ်ချင်းလုပ်မလား "ဒီဒိုင်ယာလော့လေးကတော့ နာမည်ကြီး ဂန္တဝင်အချစ်ဇာတ်ကား တစ်ကားဖြစ်တဲ့ Kuch Kuch Hota Hai (1998) ထဲကပဲဖြစ်ပါတယ်။အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း တခမ်းတနားနဲ့ အမှန်အကန်တင်ဆက်ထားတဲ့ ဘောလီဝုဒ်ကားကောင်း တစ်ကားပါပဲနာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Hrithik Roshan (ခ) လက်ပွားမင်းသား Rani Mukerji နှင့် Kareena Kapoor တို့ပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး တပုဒ်လည်း ဖြစ်ပါတယ်အခုလို မိုးရာသီဖွဲဖွဲလေးမှာ ဒီလို Romance, Dramaကား ခပ်ကောင်းကောင်းလေးကို တခါကြည့်ဖူးရုံနဲ့ ဇာတ်ဝင်တေးအားလုံးကလည်း တသက်လုံး မေ့လျော့နိုင်မှာ မဟုတ်ပါဘူးဒီကားကို ကြည့်ဖူးတဲ့သူတွေရှိသလို လုံးဝမကြည့်ရသေးတဲ့သူတွေလည်း ရှိပါလိမ့်မယ် အခု CMက ပြန်လည်တင်ဆက်ပေးထားတာကတော့ ရုပ်သံအကြည်လင်းဆုံးနဲ့ သီချင်းတွေကအစ မြန်မာမှုပြုပေးထားလို့ ...
movie

Mujhse Dosti Karoge! (2002)

2002
Kaho Naa… Pyaar Hai (2000) 6.9
Kaho Naa… Pyaar Hai (2000)   ဒီတစ်ခါတော့ Bollywoodဖန်တွေအတွက် Hrithik Roshan ကို လက်ပွားမင်းသားဆိုပြီးကမ္ဘာတွင်မက မြန်မာပါကျော်စေတဲ့ Kaho Naa Pyaar Hai ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကား ဘယ်လောက်နာမည်ကြီးလဲဆိုတာ ပြောစရာ မလိုလောက်အောင်ပါပဲ့ သရုပ်ဆောင် အသစ်တွေသုံးပြီး ပွဲဦးထွက် ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Rakesh Roshan ရဲ့ အစွမ်းကတော့ ၂၀၀၀ခုနှစ်မှာ ရုပ်ရှင်ကားထွက်ခဲ့ပြီး ၂၀၀၀၁မှာတော့ Best Actor Best Male Debut Best Female Debut Best Film Best Music Director Best Director အစရှိတဲ့ ဆုပေါင်းများစွားနဲ့ အိန္ဒိယမှာကော နိုင်ငံတကာမှာပါ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရိုးသားကြိုးစားပြီး အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်ဖို့ အိပ်မက်နဲ့ လူငယ်တစ်ယောက် ဖြစ်တဲ့ ရိုဟစ်ဟာ ...
movie

Kaho Naa… Pyaar Hai (2000)

2000
Zindagi Na Milegi Dobara (2011) 8.1
Zindagi Na Milegi Dobara (2011) ဇာတ်လမ်းအကြောင်းကိုမပြောခင် ရရှိထားတဲ့ Rating  တွေအကြောင်းကို အရင်ပြောချင်ပါတယ်။ ထူးခြားတဲ့ ဇာတ်လမ်းတွေကိုမှ Rating မြင့်မြင့်ပေးတတ်တဲ့ Rotten Tomatoes မှာ ဒီဇာတ်ကားကို Rating (100%) အပြည့်ပေးထားပါတယ်။ IMDb မှာတော့ (8.1/10) ထိရရှိထားပါတယ်။ Rating တွေကိုကြည့်ယုံနဲ့ ကောင်းမွန်လှတဲ့ဇာတ်ကားဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဆုတွေအနေနဲ့လဲ ဆုပေါင်း (၆၆)ခုထိဇကာတင်ပါခဲ့ပြီး (၃၃) ဆုရရှိထားတာတွေ့ရပါတယ်။ဇာတ်ကားနာမည်ရဲ့ အဓိပ္ပါယ်ကတော့ ‘You won’t get another life’ ဖြစ်ပါတယ်။ သူငယ်ချင်းသုံးယောက် လူပျိုဘဝနောက်ဆုံးခရီးထွက်ရင်းနဲ့ ဘဝမှာ အရေးကြီးတဲ့ အရာတချို့ကို သတိပြုမိသွားပုံကို အချိတ်အဆက်မိမိရိုက်ကူးပြသထားပါတယ်။ ဒီဇာတ်ကားက ကြည့်နေကြဇာတ်ကားတချို့လို တအံ့တသြ ရင်လှိုက်သည်းဖို ခံစားရမယ့်ဇာတ်ကားမဟုတ်ပါ။ ဘဝနဲ့ပတ်သတ်နဲ့ အမြင်တချို့ကိုသာ ပြောင်းလဲသွားနိုင်တဲ့ ဇာတ်ကားပါ။ အေးအေးဆေးဆေးခံစားကြည့်ရှုသင့်တဲ့ Bollywood ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ ကျွန်တော် သတိပြုမိတဲ့ အရာတစ်ခုရှိပါတယ်။အဲဒါကတော့....... "ယောင်္ကျားလေးတွေမှာ ဘုရားပေးထားတဲ့ဆုအနေနဲ့ သူငယ်ချင်းတွေက သူငယ်ချင်းပီသကြတာပါပဲ။"File size...(1.2GB) Quality...BR-Rip 720pFormat...mp4 Duration....02:34:23 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aungနမူနာကြည့်ရန်
movie

Zindagi Na Milegi Dobara (2011)