Channel Myanmar

Huang Di Yang

The Pig, the Snake and the Pigeon ( 2024 ) 6.1
The Pig, the Snake and the Pigeon ( 2024 ) ဒီတစ်ခါ CM ကနေထိုင်ဝမ်မှုခင်းဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ The pig, The snake and the pigeon ဆိုတဲ့ ကားလေးနဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကြောင်းကတော့ ရက်စက်ကြမ်းကြုတ်တဲ့ ချန်ကွေလင်ဆိုတဲ့လူက တစ်လောကလုံးသူ့နာမည်ကို ဘယ်သူမှမသိတဲ့လူမရှိအောင် ဖြစ်ချင်တဲ့လူတစ်ယောက်ပေါ့။ဒါကြောင့်ပဲ လူဆိုးဂိုဏ်းခေါင်းဆောင်တွေကိုသတ်ဖြတ် ပစ်ခတ်တဲ့အလုပ်ကိုလုပ်တယ်။ တနေ့မှာ ဆေးစစ်လိုက်ပြီးနောက် အဆုတ်ကင်ဆာ အဆင့်လေးရှိနေတာကိုသိသွားတဲ့အချိန် သူ့ဘဝမှာ သိက္ခာရှိရှိနာမည်ကျန်စေမယ့် အလုပ်တစ်ခုကိုမသေခင်မှာ လုပ်သွားဖို့ဆုံးဖြတ်လိုက်တယ်။ဒီတော့ သူအလုပ်ချင်ဆုံးကဘာများဖြစ်နေမလဲ။ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြလဲစတဲ့ စိတ်ဝင်စားကောင်းတဲ့ဇာတ်လမ်းတွေအပြင် ထိုင်ဝမ်လေသံကိုပါ လေ့လာရတာမို့ လက်မလွတ်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 2h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Pig, the Snake and the Pigeon ( 2024 )

The Abandoned ( 2024 ) 6.1
The Abandoned ( 2024 ) CM ချစ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ abandoned ဆိုတဲ့ တရုတ်ကားကောင်းလေးနဲ့ မိတ်ဆက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်ကားလေးကတော့ ရွေ့ပြောင်းလုပ်သားတွေရဲ့ သူများနိုင်ငံမှာ ဘယ်လိုရှင်သန်ရတယ်ဆိုတာကို တစ်စိတ်တစ်ပိုင်း ဖော်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… ဒီဇာတ်လမ်းအစမှာ ရည်းစားသေလို့ ထရာမာရနေပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားနေတဲ့ ဝူကျယ်ဆိုတဲ့ ရဲမေတစ်ယောက် သူသတ်သေဖို့ ကြံရွယ်နေချိန်မှာပဲ ဗီဇာသက်တမ်းကုန်နေတဲ့ ထွက်ပြေး ရွေ့ပြောင်းအလုပ်သမားတစ်ယောက်အလောင်းကို မြစ်ထဲပစ်တာနဲ့ ကြုံခဲ့ပါတယ်…ဒီလိုနဲ့ ဝူကျယ်တစ်ယောက် အလောင်းဖော်ထုတ်ရင်း ဘာတွေဖော်ထုတ်နိုင်ခဲ့လဲ… ဘာတွေ ကြုံတွေရမှာလဲ ဇာတ်လမ်းလေးက ခေါ်ဆောင်သွားပေးပါလိမ့်မယ်… Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller , Crime , Drama Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK
movie

The Abandoned ( 2024 )

The Gangs, the Oscars, and the Walking Dead(2019) 6.8
The Gangs, the Oscars, and the Walking Dead(2019) The Gangs, the Oscars, and the Walking Dead(2019)သူငယ်ချင်း(၂)ယောက်ဟာ ဝါသနာတူ ပြီးငယ်ငယ်ကတည်းက အတူကစားပြီးကြီးပြင်းလာကြတာပါ။တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းပြီး အတူကြီးလာကြတယ်။အသက်လေးရလာတော့ ငယ်ငယ်တုန်းကစိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုရိုက်ဖို့ရုပ်ရှင်လောကထဲကိုဝင်ခဲ့တယ်...ရုပ်ရှင်ပြီးအောင်မရိုက်နိုင်တဲ့အပြင် အားလုံးပျက်စီးသွားလို့ အကြွေးဗရပွနဲ့ကျန်ခဲ့တယ်...။ အလုပ်ရှုံးသွားပြီး လျော်ကြေးပေးဖို့အတွက် လူဆိုးဂိုဏ်းထဲ မဝင်ချင်ဘဲ ဝင်လိုက်ရတယ်...။သူတို့အတွက်ကံလေးပြန်တက်လာမယ်လို့ထင်လိုက်တာ...အဲ့ဂိုဏ်းထဲရောက်မှပဲ ငါးပါးမှောက်တော့တာပဲ....သူတို့ လူဆိုးဂိုဏ်းထဲရောက်ပြီး ဘယ်လိုတွေတိုင်ပတ်ကြလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...ဇာတ်လမး်အညွှန်းနဲ့ဘာသာပြန်သူကတော့ Mi Mi ပဲဖြစ်ပါတယ်....File Size : (900 MB) and (332 MB) Quality : WEB-DL 720p Format…mp4 Duration…01:45:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Mi Mi Encoded by Phyo Pyae   
movie

The Gangs, the Oscars, and the Walking Dead(2019)