Channel Myanmar
Hugo Weaving
Cloud Atlas (2012) 7.4
Cloud Atlas (2012) Cloud Atlas (2012) IMDb.....7.4,,,,Rotten...66%   Storyline Cloud Atlas ဟာ ၁၈၀၀ ခုနှစ်များကစတင်ပြီး ယခု ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပျက်ဆီးသွားတဲ့အထိ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက် များ၊ အပြုအမူများဟာ ခေတ်အဆက်ဆက် ဘယ်လောက်ထိ အကျိုးသက် ရောက်မှုရှိတယ်ဆိုတာကို ရိုက်ပြထားပါတယ်။ Review ကျွန်တော် ရုပ်ရှင်တော်တော်များများကြည့်ဖူးပါတယ်။ ဒါပေမယ့် Cloud Atlas လို ဇာတ်အိမ်ကြီးတဲ့ ရုပ်ရှင်မျိုးမကြည့်ဖူးဘူးလို့ ဝန်ခံရမှာပါပဲ။ ဇာတ်အိမ်ကြီးလှပါတယ်ဆိုတဲ့ J.R.R Tolkien ရဲ့ Lord of the Rings Universe ကတောင် ၁၈၀၀ ခုနှစ် ကနေ ဒီကမ္ဘာပျက်သွားပြီး နောက်ထပ်ဂြိုလ်တွေပေါ်မှာ လူတွေသွားနေရတဲ့ ခေတ်များ အထိ ဇာတ်လမ်းဆင်ထားတဲ့ Cloud Atlas လောက်ကြီးပါ့မလားလို့ တွေးမိပါတယ်။ Cloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင် ၆ ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ပြထားပြီး အဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ...
movie
Cloud Atlas (2012)
2012
Mortal Engines (2018) 6.4
movie
Mortal Engines (2018)
2018
Hacksaw Ridge (2016) 8.1
Hacksaw Ridge (2016) Hacksaw Ridge (2016) IMDb - 8.1/10_____Rotten - 85% Won 2 Oscars. Another 51 wins & 114 nominations    ((Blu-Ray 1080p 5.1 CH, Blu-Ray720, တို့ဖြင့် နင်းကန်ကောင်းသည့် စစ်ကားအား ပြန်လည် အရောင်အသွေးစုံလင်စွာဖြင့် တင်ဆက်ပေးလိုက်ပါသည်....)) စစ်ခုံရုံးတစ်ခု မှာ ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရတယ်... စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု အမိန့်မလိုက်နာမှုကြောင့်ပါ... စစ်သားလုပ်တယ် သေနတ်မကိုင်ချင်ဘူး ဘယ်လိုမှ သဟဇတမဖြစ် ... သို့သော် တပ်မတော်တွင် တာဝန်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန် ဆက်လက်တာဝန်ထမ်းဆောင်လိုလျှက်ရှိနေပြန်သည်... သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာ ရနေတဲ့သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ်ဆေးကုပေးမယ် ... အားပေးမှုတွေလုပ်မယ် ... ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါပဲ... စွဲချက်တွေကစစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ ... ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့စစ်သည်တစ်ယောက်ဟာ ရှေ့တန်းမှာ ကျည်ဆန်တွေကြားပြေးလွှားရင်း ဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင်နေတာတွေ့ရတယ် ... Ratingမြင့် ယုတ္တိလွန်စစ်ကားနေမှာပါလေလို့ တွေးမိတယ်... နောက်တော့ ကျွန်တော်ထင်တာ လုံးဝလွဲသွားတယ် ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် သေနတ်မကိုင်တဲ့အဲ့ဒီဆေးတပ် သားလေးဟာ တိုက်ပွဲဝင်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့တာကြောင့် ...
movie
Hacksaw Ridge (2016)
2016
Black 47(2018) 7.0
Black 47(2018) Black 47(2018) IMDb.....7.0 ဒီကားလေးကတော့ အိုင်ယာလန်နိုင်ငံမှာအငတ်ဘေးကြီးကျရောက်တဲ့ကာလကိုအခြေပြုရိုက်ကူးထားတဲ့ ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ IMDb rating 7.0 အထိရရှိထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံမှာအငတ်ဘေးကျရောက်ပြီး သီးနှံလည်းမဖြစ်ထွန်း အနာရောဂါတွေနဲ့ လူတွေများစွာသေကျေပြီး အင်္ဂလန်၊ အမေရိကစတဲ့ဒေသတွေဆီကို အိုင်းရစ်လူမျိုးတွေထွက်ခွာနေရတဲ့အချိန်မှာ ဗြိတိန်စစ်တပ်အတွက် ပြည်ပမှာတိုက်ခိုက်ပေးခဲ့တဲ့အိုင်းရစ်စစ်သည်တစ်ယောက်ရှိတယ်.. သူဟာ မိမိနေရပ်ကိုပြန်လာချိန်မှာ ဒီလိုစိတ်ထိခိုက်စရာအဖြစ်အပျက်တွေကိုမြင်တွေ့လိုက်ရတဲ့အပြင် သူ့ရဲ့မိသားစုတွေနဲ့အခြားအိုင်းရစ်လူမျိုးတွေ ဗြိတိန်ရဲ့ဖိနှိပ်မှုတွေခံနေရတာ သတ်ဖြတ်ခံရတာတွေကိုပါ တွေ့မြင်လိုက်ရတော့ သူ့မိသားစုနဲ့ သူ့လူမျိုးအတွက်တစ်ကိုယ်တော်အာခံတိုက်ခိုက်လက်စားချေတော့တာပါပဲ။ Action/Drama ကားကြိုက်တဲ့သူတွေအတွက် စိတ်မပျက်စေမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်... File Size : (850 MB) and (303 MB) Quality :720p WEBRip, Format…mp4 Duration…01:40:00 Genre : Action , Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Phyo Pyae
movie
Black 47(2018)
The Wolfman (2010) 5.8
The Wolfman (2010)  The Wolfman ဇာတ်ကားကို Director:Joe Johnston က ၂၀၁၀ခုနှစ်မှာရိုက်ကူးပြသခဲ့တာဖြစ်ပါတယ်။ ရုံတင်ပြီးနောက် American Box Office 139.8 millionထိ ရရှိထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ IMDb Rating -5.8/10  မင်းသား Benicio Del Toro ၊ မင်းသမီး Emily Blunt နဲ့ မင်းသားကြီး Anthony Hopkins တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဖြူစင်တဲ့နှလုံးသားပိုင်ရှင်တောင် လပြည့်ည ၀ုဘိန်းပန်းတွေပွင့်တဲ့အချိန် ဆုတောင်းမှားခဲ့မယ်ဆိုရင် သမန်းဝံပုလွေတစ်ကောင်အဖြစ်ကျိန်စာသင့်သွားစေနိုင်ပါတယ်။ ဇာတ်လမ်းကတော့ ၁၈၉၁ ခုနှစ်လောက်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင်တော့ Gwen ဆိုတဲ့အမျိုးသမီးတစ်ယောက်က သူနှင့်စေ့စပ်ထားသောBenဆိုသောသူ ရုတ်တရက် ပျောက်သွားတာကြောင့် သူ့ညီဖြစ်သူ လောရန့်ဆီသို့ အကူအညီတောင်းရန်သွားခဲ့ပါတယ်။ လော့ရန့် က သူ့နေရပ်ဖြစ်တဲ့ Blackmoorမြို့ကို ရောက်တဲ့အချိန်မှာဆိုရင်တော့ သူ့အကိုရဲ့ ရုပ်ပျက်ဆင်းပျက်အလောင်းကိုသာတွေ့ရပါတော့တယ်။ လောရန့်ဟာ သူ့အကို သေရတဲ့အမှု့နဲ့ပတ်သက်ပြီး စုံစမ်းရန် Blackmoorမြို့မှာပဲနေမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ Blackmoorမြို့သူမြို့သားတွေကတော့ လပြည့်ညလိုနေ့မျိုးဆို အပြင်မထွက်ကြတော့ပါဘူး။ ဒါပေမယ့် တစ်ခြားမြို့ကပြန်လာသော လောရန့်တစ်ယောက်ကတော့ Blackmoorမြို့သူမြို့သားတွေပြောနေကြတဲ့ သတ္တ၀ါဆိုးကြီးဆိုတဲ့ ကောလဟာလကို သေချာသိချင်တာကြောင့် သတ္တ၀ါဆိုးကြီးကို ဖမ်းရန်လုပ်နေသော အဖွဲ့များနှင့်လိုက်သွားခဲ့ပါတယ်။ ထိုလပြည်နေ့ညမှာဆိုရင်တော့ အေးဆက်နေသော လမင်းထံမှ ကြမ်းတမ်းလှစွာသော သေခြင်းတရားများကို ပေးသွားခဲ့ပါတယ်။ ဒါပေမယ့် လောရန့်တစ်ယောက် ထိုသတ္တ၀ါဆိုးကြီးအကိုက်ခံရပြီးနောက် အသက်ရှင်နေသေးတာကြောင့် Blackmoorမြို့သို့ပြန်ခေါ်ပြီး ကုသခဲ့ပါတယ်။ လူတိုင်းကသေလောက်ပြီဟုထင်မှတ်နေပေမယ့်လည်း သူရဲ့ဒဏ်ရာတွေက မထင်မှတ်စွာပဲ အလိုလိုပြန်ကောင်းလာခဲ့ပါတယ်။ ထို့နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ရှု့စားကြပါတော့...။ ဒီဇာတ်ကားဟာဆိုရင် Best ...
movie
The Wolfman (2010)
2010
Happy Feet (2006) 6.4
Happy Feet (2006) Happy Feet (2006) Won 1 Oscar. Another 19 wins & 26 nominations IMDb - 6.4/10_____Rotten - 76%  Happy Feet ကို 90Kids တွေ မှတ်မိအုံးမှာပါ သီချင်းမဆိုတက်ပေမယ့် အက ကျွမ်းကျင်တဲ့ ပင်ဂွင်း ငှက်ကလေး ရဲ့ စွန့်စားခန်း ခရီးစဉ်တစ်ခုကိုပေါ့ ဒီ Animation ရုပ်ရှင်ဟာ လူတော်တော်များများကို သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီး အသိပညာတွေ ပေးပါတယ် ကျနော် ကိုယ်တိုင် ဒီဇတ်ကားရဲ့ နောက်ဆုံးတစ်နေရာမှာ ရင်ထဲ ဆို့နင့်ပြီး မျက်ရည်ကျလောက်အောင် ဝမ်းသာမိဖူးတယ် (ငယ်ငယ်တုန်းကပါ) :D ဇတ်လမ်းလေး အစ မှာတော့ ပင်ဂွင်းတွေ ဟာ ဖူးစာဖက် ရရှိဖို့ သီချင်းအဆိုကောင်းရပါတယ် ပင်ဂွင်းမ ကို ပိုးပန်းဖို့ ပင်ဂွင်းအထီးတွေက သီချင်းဆိုပြရတယ် မကြိုက်ရင် ပင်ဂွင်းမ ချေတာ ခံရမှာ ဖြစ်ပြီး အသံ ပါဝါ ကောင်းကောင်း နဲ့ ခံစားချက် ကောင်းကောင်းနဲ့ ညို့ငင်စွာ သီချင်းဆိုတက်တဲ့ ဘဲကြီး (ပင်ဂွင်းအထီး) တွေကတော့ စော်ကြည်ဘဲ တွေပါပဲ.... ဒီလိုနဲ့ နာမည်ကျော် အဆိုကောင်း အသံကောင်းတဲ့ ပင်ဂွင်း အထီး နဲ့ ...
movie
Happy Feet (2006)
2006
Strangerland(2015) 5.2
Strangerland(2015) ဒီ StrangerLandဆိုတဲ့ ဇာတ်ကားဟာ 5.2IMDbရထားပါတယ်။ နစ်ကိုးကစ်ဒ်မန်း ပရိတ်သတ်တွေ ကြည့်သင့်တဲ့ကားလေးပါ ဇာတ်လမ်းအညွှန်းကတော့ သူမတို့မိသားစုဟာ နိုင်ဂါရီက ဝေးလံခေါင်သီတဲ့ သြစတြေးလျသဲကန္တာရမြို့ကို ပြောင်းရွှေ့နေထိုင်သူတွေဖြစ်ပါတယ်။ သူမတို့ မိသားစုဟာ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ကြပါတယ်...တစ်နေ့မှာ သူတို့ ကလေးနှစ်ယောက် ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်။လင်မယား ၂ယောက်ဟာ ကလေးပျောက်သွားတဲ့အတွက် နည်းမျိုးစုံသုံးပြီးရှာဖွေကြပါတယ်..ဒါပေမဲ့ လိုက်လံရှာဖွေဖို့က အတော်ခက်ခဲနေပါတယ် .. ကလေးရှာဖွေနေတုန်းမှာ တွေ့ကြုံရတဲ့ အနေအထားတွေဟာ သူတို့မမျှောလင့်ထားတဲ့ အံဩစရာအနေအထားမျိုးတွေကြုံတွေ့နေရတယ်.. ထူးဆန်းတဲ့အနေအထားတွေမှာ ကလေးတွေပြန်တွေ့မလား အခက်အခဲတွေကိုရှင်ဆိုင်းဖြေရှင်းနိုင်မလားဆိုတာကိုတော့ ကလေးနှစ်ယောက်လုံးကို ရှာတွေ့နိုင်မလားဆိုတာကိုတော့ ......ကိုင်း ရင်တထိတ်ထိတ်နဲ့ခံစားကြည့်လိုက်ပါဦး  File Size…(831MB) and (301MB) Quality… 720p Format…mp4 Duration…01:54:00 Subtitle by khuppi09 Encoder...Phyo Pyae
movie
Strangerland(2015)
2015