Channel Myanmar

Hwang Jeong-min

The Housemaid (2010) 6.4
The Housemaid (2010) 2010ခုနှစ်မှာထွက်ရှိခဲ့ပြီး ကိုရီယားထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားကြတဲ့The Housemaid ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ အင်ဆန်းဆူ ရဲ့လက်ရာဖြစ်ပြီး 1960 ပြည့်နှစ်လောက်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ကိုပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ငွေကြေးဥစ္စာပြည့်စုံတဲ့ ဓနရှင်တွေဟာ အောက်ခြေလူတန်းစားများကိုအနိုင်ကျင့်ဖိနှိပ်တတ်ကြပုံကို ပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့ဒီကားလေးမှာ ကလေးထိန်းအဖြစ်သွားရောက်လုပ်ကိုင်တဲ့အမျိုးသမီးလေးဟာ အိမ်ပိုင်ရှင်သူဌေးရဲ့ အသုံးတော်ခံအဖြစ်ဖြည့်ဆည်းရပြီးနောက်ဆက်တွဲပြဿနာတွေရှိလာတဲ့အချိန်မှာလည်းအဖက်ဖက်ကညှင်းပန်းခံရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့ လက်စားချေပုံကိုဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်ပါတယ်။ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်တွေရဲ့စွမ်းရည်ကိုပေါင်းစပ်ထားတဲ့အတွက်ရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံရပြီး sequel movie တွေရိုက်ရ‌လောက်သည်အထိ ဖြစ်ခဲ့ပါတယ်။အဲဒီအထဲက တစ်ကားဖြစ်တဲ့ The Taste of money ဆိုတဲ့ကားကိုလည်း CM မှာတင်ပေးဖူးပါတယ်။IMDb rating 6.4 ရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုတွေကိုလည်းရရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာအိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်လမ်းဖြစ်သည့်အတွက်မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းလေးအနည်းငယ်ပါဝင်ပါတယ်လို့ ကြိုပြီးသတိပေးလိုက်ပါတယ်။ File size…    1.4 GB /  652MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

The Housemaid (2010)

The Taste of Money (2012) 5.7
The Taste of Money (2012) (18+ အခန်းအချို့ပါဝင်၍ မိသားစုနှင့်အသက်မပြည့်သေးသော သူများ အတူကြည့်ရှုရန်မသင့်တော်ပါ) အခုတစ်ခါမှာတော့ 2012 ခုနှစ်က ထွက်ရှိခဲ့တဲ့ erotic thriller အမျိုးအစားကိုရီးယား ရုပ်ရှင်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဂျူယောင်းဂျာ က ကိုရီးယားနိုင်ငံရဲ့ချမ်းသာကြွယ်ဝတဲ့မိသားစုတွေထဲကတစ်ခုဖြစ်တဲ့ ယွန်း မိသားစုရဲ့အတွင်းရေးမှူးပါ။ ဥက္ကဌ ကြီးယွန်း ဟာ မိသားစုလုပ်ငန်းတွေရဲ့ အကြီးအကဲဖြစ်ပေမယ့်လည်းဇနီး နဲ့ အရင်ကဥက္ကဌဖြစ်ခဲ့တဲ့ သူ့ယောက္ခမရဲ့ ထိန်းချုပ်မှုခံနေရသူပါ။သူတို့မှာ အိမ်ထောင်ကွဲထားတဲ့ သမီးဖြစ်သူ နာမီ နဲ့ သားဖြစ်သူ ချားရယ် တို့ရှိကြပါတယ်။ဇနီး ဖြစ်သူ နဲ့ မိသားစုရေးရာ ကိစ္စတွေကိုငြီးငွေ့နေတဲ့ ဥက္ကဌကြီးဟာဖိလစ်ပိုင်သူ အိမ်စေမလေး အယ်ဗာ နဲ့ ဇာတ်လမ်းတွေရှိလာပါတယ်။ဒါကို ယွန်းကတော် သိရှိသွားတဲ့အခါ ဒေါသတကြီး တုန့်ပြန်ပါတော့တယ်။တစ်ဖက်မှာလည်း ချားရယ် ဟာ လုပ်ငန်းကိစ္စအရှုပ်တော်ပုံတွေကြောင့် ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ယွန်းကတော် က သားဖြစ်သူ ပြန်လွတ်အောင် ဘယ်လိုလုပ်ဆောင်မလဲခင်ပွန်းဖြစ်သူကို ဘယ်လိုလက်စားချေမလဲဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ကြရမှာပါ။ ဒီဇာတ်ကားဟာ 2010 ခုနှစ်ကထွက်ရှိခဲ့တဲ့The Housemaid ရဲ့ အဆက်အနေနဲ့ ...
movie

The Taste of Money (2012)

Room No.7 (2017) 5.8
Room No.7 (2017) Room No. 7 (2017) (အညွှန်း) ==================== လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က DVD ရုံဖွင့်ရင်း စီးပွါးဖြစ်ပြီးချမ်းသာသွားတဲ့အသိတစ်ယောက်အကြောင်းကို ကြားဖူးထားတဲ့ “ဒူရှစ်” ဟာ အရင်လုပ်နေတဲ့ဟင်းသီးဟင်းရွက်ဆိုင်ပြုတ်ပြီး မိန်းမဖြစ်သူရဲ့အစွန့်ပစ်ခံလိုက်ရပြီးနောက် DVD ရုံဖွင့်မယ်ဆိုပြီး ဆိုးလ်ကိုတက်လာပါတော့တယ်။ ရှိစုမဲ့စုပိုက်ဆံလေးရယ် ချေးငွေယူထားတဲ့ပိုက်ဆံရယ်နဲ့ အပ်ဂူဂျောင်မှာ “ဟောလိဝုဒ်” DVD ရုံကိုဖွင့်လိုက်ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကလောက် ခေတ်မစားတော့တဲ့ DVD ရုံလုပ်ငန်းက စီးပွါးလုံးဝမဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ပေးစရာရှိတဲ့အကြွေးတွေမပေးနိုင်တဲ့အပြင် တစ်ဦးတည်းသောအချိန်ပိုင်းအလုပ်သမား “ထယ်ဂျောင်း” ကိုလည်း လစာမပေးနိုင်တော့ဘဲ DVD ရုံကိုရောင်းနိုင်ဖို့ အသေအလဲကြိုးစားပါတော့တယ်။တစ်ဖက်မှာလည်း လူမိုက်တွေအပေါ်အကြွေးတင်နေတဲ့ “ထယ်ဂျောင်း” မှာလည်း သူတို့ရဲ့မူးယစ်တွေကိုသိမ်းပေးရင် “ထယ်ဂျောင်း” ရဲ့အကြွေးတွေကိုချေပေးမယ်ဆိုတဲ့ကတိကြောင့် DVD ရုံရဲ့ အခန်းနံပါတ် ၇ မှာ မူးယစ်ဆေးတွေကိုဖွက်ထားဖို့ဖြစ်လာပါတော့တယ်။ စီးပွါးမဖြစ်လို့ ရောင်းရခက်နေတဲ့ဆိုင်ရယ် .. အဲဒီဆိုင်ရောင်းရမှာပဲအသက်ရှူချောင်မှာမို့ ဆိုင်ရောင်းထွက်ဖို့အရေး ဘာမဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့ “ဒူရှစ်” ရယ် .. ဖွက်ထားတဲ့မူးယစ်ဆေးတွေကြောင့် ရတက်မအေးနိုင်ဖြစ်နေရှာတဲ့ “ထယ်ဂျောင်း” ရယ် .. ထယ်ဂျောင်းဖွက်ထားတဲ့မူးယစ်ဆေးတွေအပြင် တခြားမထင်မှတ်ထားတဲ့လျှို့ဝှက်ချက်တွေရှိနေပြန်တဲ့ အခန်းနံပါတ် ၇ ရယ် .. ...
movie

Room No.7 (2017)

2017
Cart(2014) 7.0
Cart(2014) Cart(2014)*********၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Cart ရုပ်ရှင်ဇာတ်ကားသည်နာမည်ကြီးမင်းသမီးများဖြစ်သည့် ယွန်းဂျောင်အာ (Yum Jung-ah),မွန်းဂျောင်ဟီး (Moon Jeong-Hee)နှင့်ဝါရင့်မင်းသမီးကြီးဖြစ်သည့် ဂင်ယောင်းအယ် (Kim Young-ae), နာမည်ကြီးမင်းသားဖြစ်သည့် ဂင်ဂန်ဝူ (Kim Kang-Woo)နှင့် နာမည်ကြီးကေပေါ့(EXO)အဖွဲ့ဝင်ဖြစ်သည့် ဒိုဂယောင်းဆူ (Doh Kyung-Soo) တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ ထိုဇာတ်ကားသည်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားပါသည်။ထိုဖြစ်ရပ်မှန်သည် ၂၀၀၇ ခုနှစ် ဇူလိုင်လတွင်ဖြစ်ပွားခဲ့ပြီး E-Land မားကတ်မှ ငွေကိုင်များသည်အလုပ်ဖြုတ်ခံရပြီး တရားမျှတမှု အမှန်တရားအတွက် ရက်ပေါင်း (၅၁၀)ကြာအောင် သပိတ်မှောက်ခဲ့ပါသည်။ ဟန်ဆွန်ဟီးတွင် သားနှင့်သမီး ကလေးနှစ်ယောက်ရှိပြီး သူမရဲ့မိသားစု စားဝတ်နေရေးအတွက်မားကတ်တစ်ခုတွင် စာချုပ်ယာယီဝန်ထမ်းအဖြစ် အလုပ်ကို အချိန်ပိုဆင်းပြီး နေ့မအားညမအားကြိုးကြိုးစားစားအလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။ တစ်နေ့တွင်ကုမ္ပဏီမှ သူမနှင့် စာချုပ်ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များအား ရုတ်တရက် အလုပ်ဖြုတ်ခဲ့ပါသည်။ ထို့ကြောင့် အလုပ်သမားအသင်းအဖွဲ့အစည်းကို ဖွဲ့စည်းပြီး တရားမျှတမှု အမှန်တရားအတွက်ကုမ္ပဏီကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။အဲ့ဒီနောက်မှာတော့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့.............File Size :1.4GB& 669MB Quality : ...
movie

Cart(2014)

Greenhouse (2023) 6.8
Greenhouse (2023) Greenhouse(2023)ပုံမှန်ကြိုးစားလေ့ရှိပေမဲ့ ထင်မထားတဲ့အရာတွေဖြစ်လာတဲ့အချိန်မှာ ကိုယ့်အတ္တကိုရှေ့တန်းတင်မိတာ လူ့သဘာဝပါပဲဒီဇာတ်လမ်းအကျဉ်းကတော့ တစ်ကိုယ်ရည်မိခင် မွန်းဂျောင်းဟာ အဘိုးအဘွားစုံတွဲတစ်တွဲကို စောင့်ရှောက်ပေးတဲ့အလုပ်လုပ်ရင်းနဲ့ သားနဲ့အတူနေဖို့ ပိုက်ဆံစုနေတာပါသူစောင့်ရှောက်ရတဲ့အဘွားက သူငယ်ပြန်နေပြီး၊ အဘိုးကမျက်စိကွယ်နေတာပါ.. သားသမီးလည်း အနားမှမရှိတော့ မွန်းဂျောင်းကိုပဲ အားကိုးနေရင်းကနေ..တကယ်တမ်းမွန်းဂျောင်းကလည်း အမှားကြီးလုပ်မိတဲ့အခါမှာ အဲဒီအမှားကို ဖုံးကွယ်ဖို့ကြိုးစားရင်း မျက်စိကွယ်နေတဲ့ အဘိုးကြီးကို လှည့်စားရပါတော့တယ်မွန်းဂျောင်းဟာ သူ့လျှို့ဝှက်ချက်ကို ဖန်လုံအိမ်မှာထည့်ထားပြီး ဟန်ဆောင်နေရင်းကနေ နောက်ဆုံးမှာ လိမ်တာတွေပေါ်သွားမလား၊ ဘယ်လိုနောင်တရစရာတွေဖြစ်ကျန်ခဲ့မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော်အညွန်း နဲ့ ဘာသာပြန်ကတော့ Joyz ဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | 720p File size… 945MB | 316MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie

Greenhouse (2023)

2023
Next Sohee (2022) 7.4
Next Sohee (2022) Next Sohee (2023)Bae Doo Na ရဲ့ Comeback Movie လို့ ပြောလို့ ရပါတယ်။ ပျောက်နေတာ အတော်ကြီး ကြာပြီးမှ ပြန်လာသလို ပြန်လာတဲ့ကားကလည်း အတော့်ကို ကောင်းတဲ့ကားပါ။ "ထပ်တိုး ဆိုဟီး" ဆိုတဲ့ ရုပ်ရှင်ကားလေးနဲ့ ပြန်လာခဲ့တဲ့ သူမရဲ့ရုပ်ရှင်ကားက ဘယ်လို အကြောင်းအရာများ ဖြစ်မလဲ? တစ်ချက် ကြည့်လိုက်ရအောင်ပါ။လူဟာ အိပ်မက်နဲ့ရှင်သန်ကြတယ်ဆိုပေမဲ့ အိပ်မက်တွေက တစ်ခါတလေတော့လည်း အိပ်မက်ဆန်လွန်းတယ်။ ဒီလိုနိုင်ငံမျိုးမှာတော့ ဖြစ်ချင်တာတွေနောက်လိုက်ဖို့ မဖြစ်ချင်တာတွေလုပ်ရတဲ့ အခြေအနေမျိုးကို အားလုံးကျော်ဖြတ်ခဲ့ဖူးကြမှာပဲ။ ဖြစ်ချင်တာတွေဟာ ဘယ်တော့မှဖြစ်မလာတော့တဲ့ဘဝတွေလည်း ရှိကောင်းရှိကြမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီလိုဘဝမျိုးတွေအကြောင်းပဲ။အထက်တန်းကျောင်းသူကောင်မလေး ဆိုဟီးဟာ ကျောင်းက ချိတ်ပေးတဲ့ အလုပ်မှာ အလုပ်သင်အနေနဲ့ဝင်လုပ်တယ်။ ဒါပေမဲ့ အဲဒီအလုပ်ဟာ မတရားမှုတွေ အပြည့်ရှိနေသလို လစာကိုလည်း ရတဲ့နေရာကနေ ဘက်စုံနှိမ်တတ်တဲ့ အလုပ်မျိုး။ ဒီလိုနဲ့ အထက်တစ်ဆင့်ကနေ အောက်တစ်ဆင့်ကိုပြန် အမြတ်ထုတ်ရင်း အဆင့်ဆင့်သွားတတ်တဲ့ စနစ်မျိုးမှာ သူရှင်သန်ခဲ့ရတယ်။ ဒါပေမဲ့လည် ရွေးစရာတော့မရှိဘူး။ ဆိုဟီးမှ မဟုတ်ဘူး။ ...
movie

Next Sohee (2022)

2022
Marriage Blue (2013)
Marriage Blue (2013) Marriage Blue (2013)၂၀၁၃ ခုနှစ်ထွက် Marriage Blue ဇာတ်လမ်းကတော့ Ju Ji Hoon, Ma Dong Seok, Lee Yeon Hee, Kim Kang Hoon, Lee Hee Joon, 2PM အဖွဲ့ဝင် Taecyeon စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့ အချစ်ဟာသရုပ်ရှင်လေးဖြစ်ပါတယ်။လူတိုင်းရဲ့ဘဝမှာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလှည့်အပြောင်းတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးမွေးပြီးနောက်ပိုင်းခံစားရတဲ့ စိတ်ကျရောဂါကိုတော့ baby blue လို့ခေါ်ပြီး လက်မထပ်ခင်ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတော့ marriage blue လို့ခေါ်ပါသတဲ့။ဒီရုပ်ရှင်ထဲမှာတော့ လက်ထပ်ပြီး ဘဝတစ်ခုတည်ထောင်ကြမယ့်စုံတွဲလေးတွဲရဲ့ ပြဿနာတွေ၊ ကြည်နူးစရာတွေကိုကြည့်ရှုရမှာဖြစ်ပြီး ပရိတ်သတ်တွေအသဲစွဲ သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် လက်တွေ့ဘဝက စုံတွဲတွေရဲ့ အချစ်ရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးမီးမောင်းထိုးပြထားသလို ဇာတ်လမ်းဇာတ်အိမ်လေးမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. ...
movie

Marriage Blue (2013)

Save the Green Planet! (2003) 7.2
Save the Green Planet! (2003) Save the Green Planet! (2003) ဇာတ်လမ်းအညွှန်း*************************************** "သင်ဟာ ဂြိုလ်သားတွေရှိကြောင်းယုံကြည်တဲ့သူလား"? လီဗြောင်ဂူဆိုတဲ့ လူသားတစ်ယောက်ကတော့ ဂြိုလ်သားတွေအခိုင်အမာရှိတယ်လို့ ယုံကြည်နေပြီး အဲဂြိုလ်သားတွေက အကြံအစည်တစ်ခုနဲ့ လူသားတွေထဲ ရောနှောနေထိုင်နေတယ်လို့ ယူဆထားပါတယ်။ဘေးလူဘယ်သူကြားကြား အရူးလို့ထင်မြင်စေမဲ့ လုပ်ရပ်တွေကို လုပ်နေတဲ့သူ၊ ငယ်ငယ်ကတည်းက အပယ်ခံတစ်ယောက်ဖြစ်လာတဲ့သူ့ကို ဘေးကနေအားပေးထောက်ပံ့‌ပြီး ကူညီပေးနေတဲ့ ဆူနီဆိုတဲ့ ချစ်သူကောင်မလေးလည်းရှိပါတယ်။ ‌တစ်နေ့မှာတော့ ဂြိုလ်သားတွေရဲ့ခေါင်းဆောင်လို့ သူယူဆထားတဲ့ သူဌေးဂန်မန်ရှစ် ကို ချစ်သူကောင်မလေးနဲ့နှစ်ယောက်ပေါင်းပြီး ပြန်ပေးဆွဲကာ သရုပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ ဂြိုလ်သားခေါင်းဆောင်ဖြစ်သူကို နည်းပေါင်းစုံနဲ့ နှိပ်စက်မေးမြန်းရင်းက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဒီကားလေးကို ကြည့်ရင်းအဖြေရှာကြပါစို့။ ဒီကားက Sci-fi movie အမျိုးအစားဖြစ်လို့ ဗဟုသုတအစုံလည်းပါသလို comedy ပါဖြစ်တဲ့အလျောက် ပေါက်ကရတွေပါပြီး ခွီနေရတာမလို့ ကြည့်နေရင်း မပျင်းစေမှာတော့ အမှန်ပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ChoThet ပါ။) File Size          :  (2.9GB), ...
movie

Save the Green Planet! (2003)

2003
Svaha: The Sixth Finger (2019) N/A
Svaha: The Sixth Finger (2019) Svaha the sixth finger ဒီရုပ်ရှင်ကတော့ နက်ဖလစ် ရဲ့ ကိုရီးယား ဇာတ်ကားအသစ်ပါပဲ။ Horror, Thriller အမျိုးအစားပဲ ပြောရမှာပါပဲ။ ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်သူဖြစ်ပါတယ်။ သူလိုက်နေတဲ့အမှုတစ်ခုဟာ လူသတ်မှုတွေနဲ့ ပတ်သတ်လာခဲ့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။ မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ပြောပြလို့မရပါဘူး။ ဘာသာပြန်သူကိုယ်တိုင်လည်း အပြည့်အဝနားမလည်ပါဘူး။ နားလည်နိုင်မှုကတော့ ကြည့်တဲ့သူတွေရဲ့ အတွေးနဲ့ သိထားတဲ့ ဗဟုသုတတွေအပေါ် နည်းနည်းတော့ အခြေခံမှာပါ။ ကြည့်ကြည့်လိုက်ကြပါ။ ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Little Neo ဖြစ်ပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်။
movie


2019
Detective K: Secret of the Lost Island (2015) 6.3
Detective K: Secret of the Lost Island (2015) Detective K: Secret of the Lost Island (2015)____IMDb - 6.3/10    ဒီကားကတော့ ရှေ့က Detective K ရဲ့ အဆက်ကားပါ ... အဲ့အချိန်က ဂျိူဆွန်းမှာ ငွေအတုပြသနာတွေပေါ် ပေါက်နေပြီး ငွေကြေးဖောင်းပွမှု့တွေ ဖြစ်နေတာကြောင့် စုံထောက်ကေ ကို စုံစမ်းခိုင်းပါတယ် ဒါပေမဲ့ သိတဲ့ အတိုင်း မလွဲရင် မနေနိုင်တဲ့ ကေ ကို မင်းကြီးက ကျွန်းတစ်ကျွန်းမှာ နယ်နှင်ဒဏ်ပေးလိုက်ပါတော့တယ်။ သူ့လူဆိုဖီးနဲ့ အဲ့ကျွန်းမှာ အချိန်ကုန်ရင်း နဲ့ တစ်နေ့မှာတော့ ခလေးမလေးတစ်ယောက်က ပင်လယ်ကို ဖြတ် ပြီးရောက်ရှိလာပါတယ်။သူလာရတဲ့ အကြောင်းရင်းကတော့ ပျောက်ဆုံးသွားတဲ့ သူ့ညီမလေးကို ပြန်ရှာပေးဖို့ လာတောင်းဆိုတာပါ။ကောင်မလေးက မရမက တောင်းဆိုမှု့ နဲ့ မြို့တော် အတွင်းက ငွေပြသနာတွေ ကြောင့် စုံထောက်ကေတစ်ယောက် ကျွန်းကနေခိုးထွက်ဖို့ လုပ်ပါတော့တယ်။ဒီလိုနဲ့ သူ အပြင်လောက ပြန်ရောက်တဲ့ အခါ ကလေးတွေငွေကြေးပြသနာ အပြင် ခလေးတွေ အများအပြားပျောက်ဆုံးနေတာာတွေ ...
movie

Detective K: Secret of the Lost Island (2015)

2015