Channel Myanmar

Iamrealmohsin ( Mohsin khan )

Satyameva Jayate 2 (2021) 5.5
Satyameva Jayate 2 (2021) Satyameva Jayate 22018 က ထွက်ရှိထားတဲ့ Satyameva Jayate ရုပ်ရှင် Remake သဘောမျိုးထွက်ရှိလာတဲ့ဇာတ်ကားပါ။Gabbar is back ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုလည်း Gabbar နောက်တစ်ယောက် ပေါ်ထွက်လာခဲ့ပါပြီ။ လောကကြီးရဲ့ မတရားမှုတွေက ဘယ်လောက်တောင် အင်အားကြီးလိုက်သလဲ။ ယှဉ်ပြိုင်တိုက်ခိုက်ချင်တဲ့ ကိုယ်တွေက အောက်ခြေ‌မှာ။ မကောင်းဆိုးရွား လူ့ရေပေါ်ဆီ အတ္တသမားတွေက ဟိုးအမြင့်မှာ။လူတွေလေးစားယုံကြည်တဲ့ တရားဥပဒေကရော သူတို့ကို အပြစ်ပေးနိုင်မှာတဲ့လား။ သူတို့ ပရောဂနဲ့ သေဆုံးသွားရတဲ့ အပြစ်မဲ့လူသားတွေရဲ့ သွေးတွေထဲက တချွင်ချွင်ကျလာတဲ့ ငွေသားတွေကိုသုံး၊ အသားတွေထဲကထွက်လာတဲ့ ဆီဦးထောပက်တွေစား၊ အရေခွံကနေထွက်လာတဲ့ ကတ္တီပါမွေ့ယာပေါ်ကျောခင်းလို့ သူတို့ပျော်နေကြပြီ။ ရပ်ကြည့်နေတဲ့ ခင်ဗျားက မခံချင်ဒေါသနဲ့ ဆတ်ဆတ်ခါနေတုန်းမှာ တရားဥပဒေက မြောင်းကြားထဲမှာ ရေပုတ်တွေအောက် စုံးစုံးမြုပ်ပြီး နင်းပြားရဲ့ လည်ပင်းကို တက်နင်းဖို့ အိပ်မက်မက်နေလေရဲ့။ဒါဆို ခင်ဗျားဘာလုပ်မလဲ။ လောကကြီးကို တိုင်တည်ပြီး ငိုကြွေးနေမလား။ ...
movie

Satyameva Jayate 2 (2021)

1080p HEVC