Channel Myanmar

Ibnu Jamil

Ali & Ratu Ratu Queens (2021) 7.0
Ali & Ratu Ratu Queens (2021)  အာလီဆိုတဲ့ ကောင်လေးရဲ့ဘဝမှာ မိဘတွေရဲ့သဘောထားမတိုက်ဆိုင်မှုကြောင့် ငယ်ငယ်ကတည်းကမိတဆိုးလေး ဖြစ်ခဲ့ရပြီး ဆွေမျိုးတွေက ချစ်ခင်ကြည့်ရှုပေးခဲ့ပေမယ့် မိခင်မေတ္တာကို လိုအပ်တောင့်တနေခဲ့ရပါတယ်. တစ်နေ့မှာ ဖခင်ဆုံးပါးသွားပြီး. အမေက သူထင်ထားသလိုမသေခဲ့ဘဲ သူ့အတွက် လေယာဉ်လက်မှတ် တစ်စောင်ထားခဲ့ပြီးသူနဲ့လည်း အတူရှိချင်တဲ့သူဖြစ်ကြောင်းကို သိလိုက်ရချိန်မှာတော့.အရာအားလုံးကို နောက်ချန်ထားပြီး. မေတ္တာလေး တစ်စွန်းတစ်စ ရလိုရငြားစိတ်နဲ့ အင်ဒိုးနီးရှားကနေ နယူးယောက်အထိတစ်ယောက်တည်း ခြေဆန့်ခဲ့ပါတော့တယ်.သူ့အတွက်တော့ အမေနဲ့တွေ့ရဖို့က ဦးစားပေးဖြစ်ခဲ့ပေမယ့်ထင်ထားသလို ဖြစ်မလာခဲ့ဘဲ အမေနဲ့တွဲဖက်ဟောင်း အင်ဒိုနီးရှားအမျိုးသမီးကြီးတွေနဲ့ တွေ့ပြီး အဖွဲ့ကျသွားပါတော့တယ်..ဘဝမှာ တစ်ခါတစ်လေကျရင် မထင်မှတ်ထားတာတွေလည်းဖြစ်လာတတ်ပေမယ့် ကျွန်တော်တို့တွေ ချစ်ခြင်းမေတ္တာကိုမထင်မှတ်ထားဆုံးနေရာကလည်း မျှော်လင့်မထားဘဲရရှိတတ်တယ် ဆိုတာကို ဒီ အင်ဒိုနီးရှားစကားပြော ဟာသဒရမ်မာဇာတ်ကားလေးမှတစ်ဆင့် တင်ဆက်ပေးလိုက်ရပါတယ်.  File size…1.87GB / 747MB Quality…NF. WEBRip 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai ...
movie

Ali & Ratu Ratu Queens (2021)

Homecoming (2019) 7.4
Homecoming (2019) Homecoming (2019)Homecoming ကတော့ အင်ဒိုနီးရှားရုပ်ရှင်တစ်ကားဖြစ်ပြီး မူရင်းဇာတ်လမ်း နာမည်ကတော့ Mudik ပါ။ အင်ဒိုရုပ်ရှင်ပွဲတော်မှာ Best Original Screenplay နဲ့ တခြား nomination တွေလဲအများကြီးရထားတဲ့ဇာတ်လမ်းကောင်းပါ။ Mudik ရဲ့ အဓိပ်ပ္ပါယ်က 'အိမ်ပြန်ခရီး' လို့အဓိပ္ပါယ် ရပါတယ်။အင်ဒိုနီးရှားမှာတော့ အများစုက အစ္စလာမ်ဘာသာဝင် မွတ်ဆလင်လူမျိုးတွေပါ။ အစ္စလာမ်ဘာသာမှာ တစ်နှစ်မှာတစ်လ ရမ်ဇာန်(ဥပုဒ်)လရှိပြီး ရမ်ဇာန်အပြီးမှာတော့ အိဒ်ပွဲတော်ကိုဆင်နွဲဲကြပါတယ်။ အင်ဒိုမှာမြို့ပေါ်အလုပ်လာလုပ်သူအများအပြားက ရမ်ဇာန်လပြီးခါနီးရင် အိဒ်နေ့ကိုမိသားစုနဲ့အတူဆင်နွှဲနိုင်ဖို့အိမ်ကိုပြန်ကြပါတယ်။ ဒီရက်ပိုင်းတွေကိုတော့ အိမ်ပြန်ခရီး Mudik လို့ခေါ်ပါတယ်။ ဒီ Mudik အချိန်အခါမှာ လမ်းတွေ သိပ်ကြပ်ပြီး အက်ဆီးဒန့်ဖြစ်မှုကလဲတစ်နှစ်တာမှာအများဆုံးပါ။ ဒီဇာတ်လမ်းမှာအိုင်ဒါနဲ့ဖေရ်မန်းဆိုတဲ့ လူငယ်စုံတွဲလေးတစ်တွဲကလဲ ကောင်လေးမိဘအိမ်ကိုအိဒ်မရောက်ခင်ငါးရက်အလိုမှာပြန်ကြပါတယ်။ သူတို့အတွဲကလဲသိပ်အဆင်မပြေပုံပေါက်ပြီး အိုင်ဒါကလဲတော်တော်ကြီးညစ်နေပုံပါ။ ကားကိုအိုင်ဒါကမောင်းရင်း လမ်းမှာအက်ဆီးဒန့်တစ်ခုကြုံပြီး လူတစ်ယောက်သေသွားခဲ့ပါတယ်။အဲဒီကိစ္စကိုဖြေရှင်းဖို့ သေသွားတဲ့လူရဲ့ရွာကိုဆက်သွားကြရင်း ဘာတွေဆက်ဖြစ်ကြမလဲ။ ကောင်လေးအိမ်ကို အိဒ်အမှီရောက်ပါ့မလား။ အိဒ်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေက ဆွေမျိုးအသိမိတ်ဆွေကြားမှာ အပြစ်အမှားတွေရှိရင်တောင်းပန်ကြတယ် ခွင့်လွှတ်ပေးကြတယ်။ အိုင်ဒါတစ်ယောက်ရော သူ့အပြစ်တွေကိုခွင့်လွှတ်ခံရပါ့မလား အထူးသဖြင့်သူ့ကိုယ်သူရော ခွင့်လွှတ်နိုင်ပါ့မလားဆိုတာ ရှုစားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… ...
movie

Homecoming (2019)

2019
Affliction (2021) 6.2
Affliction (2021) Affliction (2021)ဒီကားကတော့ အင်ဒိုနီးရှား သရဲကားလေးပါ။အင်ဒိုသရဲကားဆို​တော့​ကြောက်ဖို့​ကောင်းတယ်လို့​ပြောစရာကိုမလို​တော့ဘူးထင်ပါတယ်​နော် နီနာနဲ့ဟာဆန်တို့လင်မယားဟာ ဂျာကာတာမှာသားတစ်​ယောက်သမီးတစ်​ယောက်နဲ့အတူ ​နေ​နေတဲ့အချိန်မှာ နီနာရဲ့အ​မေဟာရုတ်ရက်ဆုံးပါးသွားတယ် နီနာဟာသူ့အ​မေကို​သေချာမပြုစုလိုက်ရ​​တော့ ​နောင်တရ​နေချိန်မှာ ဟာဆန်​ငယ်ငယ်ကနေဖူးတဲ့ရွာကမိန်းမတစ်​ယောက်​ရောက်လာတယ် အဲ့မိန်းမ​က ဟာဆန်ရဲ့အ​မေဟာအတိတ်​မေ့​ရောဂါပြင်းပြင်းထန်ထန်ခံစား​နေရတာကို မပြုစုနိုင်​တော့လို့ လာ​ပြောတာ​ပေါ့ အဲ့တာနဲ့နီနာဟာသူသူ့အ​မေကို​သေချာမပြုစုခဲ့နိုင်​ပေမယ့် ဟာဆန်ရဲ့အ​မေကို​တော့ပြုစုရမယ်ဆိုပြီးဟာဆန်ကိုရွာသွားပြန်ပီးသူ့အ​မေကိုသွား​ခေါ်ခိုင်းတယ် အဲ့မှာပြဿနာကစတာပါပဲ ဟာဆန်ကရွာပြန်ဖို့အရမ်းကိုငြင်းဆန်​နေတယ် ဘာအ​ကြောင်း​ကြောင့်လဲနီနာ​မေး​တော့မ​ဖြေဘူး ​နောက်ဆုံး​တော့နီနာရဲ့တွန်းအား​ပေးမှု​ကြောင့်သူတို့တစ်မိသားစုလုံးအဲ့ရွာကိုသွားဖို့အ​ကြောင်းဖန်လာ​တော့တယ် ရွာ​ရောက်မှ နီနာလည်း ဟာဆန်နဲ့သူ့အ​မေကြားမှာဘာ​တွေဖြစ်ခဲ့တာလဲဆိုတာ သိသွားမှာလား မသိဘူးလားဆိုတာ အဆုံးထိကြည့်​ပေးပါလို့...File size…1.3GB and 641MB Quality….WEB-DL 1080p and 720p Format…mp4 Genre....Horror, Thriller Duration….1hr 30min Subtitle….Myanmar Subtitle (Hardsub) Translator ..... Dolly Encoder ..... August
movie

Affliction (2021)

Crazy Awesome Teachers 2020 6.1
Crazy Awesome Teachers 2020 ကမ္ဘာပေါ်မှာ သူအချစ်ဆုံးက ပိုက်ဆံနဲ့ အမုန်းဆုံးက ကျောင်းဆရာတွေ လို့ခံယူထားတဲ့ Mr.Taat ။ မမျှော်လင့်ဘဲ အငှားကျောင်းဆရာ အလုပ်လည်းလုပ်လိုက်ရတယ် ။ ကျောင်း၀န်ထမ်းတွေရဲ့ လစာတွေ အကုန်ခိုးခံ လိုက်ရတဲ့အချိန်မှာတော့ သူ အဲ့ပိုက်ဆံတွေကိုပြန်ရှာဖို့ ကြိုးစားပေးမှာလား သူကိုယ်တိုင်ကလည်း ပိုက်ဆံမက်တဲ့သူဆိုဖြစ်နေတော့ သူခိုးတွေနဲ့ပဲ ပေါင်းကြံမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြည့်ပါဦးခင်ဗျာ.... Netflix မှာ ထွက်ထားတာပူပူ‌နွေးနွေးရှိသေးတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပြီး Gading Marten , Dian Sastrowardoyo ,Faradina Mufti တို့ကအဓိက သရုပ်ဆောင်ထားပါတယ် ဇာတ်ကားလေးက မိဘနဲ့ သားသမီးကြားက ပြသာနာလေးတွေ ဆရာတွေရဲ့ဘ၀ ဆရာနဲ့ တပည့်တွေကြားက မေတ္တာ စတာတွေကို ဟာသ‌နှောပြီး တင်ဆက်ပြသထားလို့ တကယ်ကိုကောင်းတဲ့ ရသစုံခံစားရတဲ့ ဇာတ်ကားတစ်ကားပါ..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Oo Lwin ပဲဖြစ်ပါတယ် File Size   ...
movie

Crazy Awesome Teachers 2020