Channel Myanmar

Idan Alterman

Adam Resurrected (2008) 6.1
Adam Resurrected (2008) Adam Resurrected (2008)===================IMDb Rating - 6.1/10ဒုတိယကမ္ဘာစစ်အတွင်း နာဇီစစ်သုံ့ပန်းစခန်း​တွေနဲ့ နာဇီ​တွေရဲ့ စစ်သုံ့ပန်း​တွေအ​ပေါ်ကျူးလွန်ခဲ့တဲ့ လူမဆန်တဲ့စမ်းသပ်မှု​တွေ၊ ဖိနှိပ်ဆက်ဆံမှု​တွေဟာ အ​တော်​​လေး အရုပ်ဆိုးအကျည်းတန် ခဲ့သလို နာမည်ဆိုးလည်း တွင်ခဲ့ပါတယ်၊ သူတို့ဒဏ်ကို များစွာ ခံစားခဲ့ရတာက​တော့ ဂျူးလူမျိုး​တွေပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားက​တော့ နာဇီစစ်စခန်း​တွေက​နေ အသက်ရှင်လျက် လွတ်​မြောက်လာသူ​တွေနဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာ​တွေအ​ကြောင်း အဒမ်စတိုင်းဆိုတဲ့ ဂျူးလူမျိုးတစ်​ယောက်နေရာက​နေ ရိုက်ကူး ပြမှာဖြစ်ပါတယ်၊ Main Cast၂​ယောက်က​တော့ old school မင်းသားကြီး​တွေဖြစ်တဲ့ Jeff Goldblum နဲ့ William Dafoe တို့ပဲဖြစ်ပါတယ်။အဒမ်စတိုင်းဟာ စစ်ကြီးမတိုင်ခင်က ဆပ်ကပ်တစ်ခုပိုင်သလို ဂျာမနီရဲ့လူသိအများဆုံး လူပြက်clownတစ်​ယောက်ဆိုလည်း မမှားပါဘူး၊ ဒါ​ပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ပြီး နာဇီ​အင်အားစုကြီး တန်ခိုးထွားလာချိန်မှာ​တော့ ဂျူးလူမျိုးဖြစ်​နေတဲ့ အဒမ်လည်း နာဇီ​တွေလက်က​နေ မလွတ်နိုင်ခဲ့ပါဘူး၊ သူ့ကို ဖမ်းဆီးသွားသူ က​တော့ ကွန်မန်ဒါကလိုင်းဆိုတဲ့ ဂျာမန်ဗိုလ်ချုပ်တစ်ဦးပါ။ကွန်မန်ဒါကလိုင်းက သူ့ကို တခြားဂျူး​တွေလို နှိပ်စက်စမ်းသပ် တာမျိုးမလုပ်ဘဲ တစ်မူထူးတဲ့အရာတစ်ခုကို လုပ်ခိုင်းခဲ့ပါတယ်၊ အဲဒါက​တော့ သူ့ရဲ့လက်စွဲ​တော်​ခွေးရက်ဇ်အတိုင်း ​ခွေးလို​နေပြီး ​ခွေးလို ကျင့်ကြံခိုင်းတာပါ၊နှစ်​ပေါင်းများစွာ ​ခွေးတစ်​ကောင်လို ပုံစံသွင်းခံလာရတဲ့ အဒမ်ဟာ စစ်ပြီး​​ခေတ်မှာ​တော့ အပြင်ပိုင်း လူစိတ်ဆို​ပေမယ့် မသိစိတ်ထဲမှာ ​ခွေးဗီဇစွဲကပ်​နေခဲ့ပါပြီ။အဆိုပါဗီဇကို စစ်ပြီး​ခေတ် ...
movie

Adam Resurrected (2008)

2008