Channel Myanmar

Im Sung-jae

Don’t Buy the Seller (2023) 7.8
Don’t Buy the Seller (2023) Don't Buy the Seller aka Target (2023)Shin Hye Sun ရဲ့ ဇာတ်လမ်းအသစ်လေး ထွက်လာပါပြီ၊ Kang Tae Oh ကလည်း စစ်မှုမထမ်းခင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းမို့ အလွမ်းပြေလေး ကြည့်လို့ရပါပြီဒီဇာတ်လမ်းကတော့ သရဲထက်ပိုကြောက်ဖို့ကောင်းတဲ့ လူတွေရဲ့ လောဘစိတ်ကြောင့်ဖြစ်လာတာကို အခြေခံပြီး ရိုက်ကူးထားတဲ့ Thriller ဇာတ်လမ်းကောင်းကောင်းလေးဖြစ်ပါတယ်လစာနဲ့လည်ပတ်နေတဲ့ လခစားတွေဆိုရင် ပေါချောင်ကောင်းပစ္စည်းလေးတွေကို ရှာဝယ်တတ်ကြပါတယ်.. ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် ဂျန်ဆူဟျွန်းဟာဆိုလည်း အဝတ်လျှော်စက်ကို တစ်ပတ်ရစ် website ကနေမှာလိုက်ရာကနေ မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းစလာပါတော့တယ်တစ်ပတ်ရစ်ဈေးကနေ အလိမ်ခံလိုက်ရပြီးတော့ အဲလူလိမ်ကို ဖော်ထုတ်ဖို့ကြိုးစားရင်းကနေ ဖုန်းနံပါတ်၊ အိမ်လိပ်စာကစလို့ ကိုယ်ရေးအချက်အလက်တွေ အကုန်ပေါက်ကြားသွားပြီး အိမ်မှာနေရတာကိုက ထိတ်တလန့်လန့်ဖြစ်နေရပါတော့တယ်တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ဒုက္ခပေးနိုင်လွန်းတဲ့ အဲလူလိမ်ကို ဂျန်ဆူဟျွန်းက ဘယ်လိုအနိုင်တိုက်မလဲ.. ဖြစ်လာသမျှကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်Genre..... Crime, Mystery, Thriller Quality…. 1080p ...
movie

Don’t Buy the Seller (2023)

2023
Confidential Assignment 2: International (2022) 6.9
Confidential Assignment 2: International (2022) Confidential Assignment 2 : Internationalအားလုံးစောင့်မျှော်နေကြတဲ့ Hyun Bin နဲ့ Yoona တို့ရဲ့ ရုပ်ရှင်ဇာတ်ကားသစ် Confidential Assignment 2 ရပါပြီပုံမှန်မြင်တွေ့နေကြ တောင်ပိုင်းနဲ့မြောက်ပိုင်း အငြင်းပွားကြတဲ့ ဇာတ်ကားမျိုးမဟုတ်ဘဲ တောင်နဲ့မြောက် ပူးပေါင်းပြီး တရားခံဖမ်းဆီးကြမယ့် ရုပ်ရှင်ကားဖြစ်တာမို့ Plot ဆန်းဆန်းနဲ့ Criminal Action ကားမျိုးကို ကြိုက်နှစ်သက်သူတွေ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါပဲဇာတ်လမ်းအကျဉ်းကတော့_ မြောက်ကိုရီးယားအကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းဆီးမယ့် မြောက်ကိုရီးယားစုံထောက်အင်းချောရောင်းဟာ တောင်ကိုရီးယားစုံထောက်ဂန်ဂျင်ထယ်နဲ့ အတူတူပူးပေါင်းခဲ့ပါတယ်ဒါပေမဲ့ တစ်ဖက်မှာလည်း သူတို့နှစ်ဦးကို FBI စုံထောက်တစ်ဦးဖြစ်တဲ့ ဂျက် က လိုက်လံဖမ်းဆီးနေခဲ့ပြန်ပါတယ်ဒီလို‌နဲ့ ပြေးတမ်းလိုက်တမ်း ကစားကြရင်း ထင်မှတ်မထားတဲ့အခြေအနေတစ်ခုကြောင့် ဂျက် ဟာ အင်းချောရောင်းတို့နဲ့ ပူးပေါင်းဖို့ဖြစ်လာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦးHyun Bin နဲ့ Daniel Henney တို့ရဲ့ ခပ်မိုက်မိုက် Action Scenes တွေနဲ့ Yoona ရဲ့ ပေါ့ပေါ့ပါးပါး ကာရိုက်တာလေးအပြင် Criminal Action ...
movie

Confidential Assignment 2: International (2022)

2022
Sunset in My Hometown (2018) 6.5
Sunset in My Hometown (2018) SUNSET IN MY HOMETOWN (2018) - အညွှန်း"ငါ့ရဲ့မွေးရပ်မြေကအစွန့်ပစ်ခံဆိပ်ကမ်း ၊ ငါ့ရဲ့ မွေးရပ်မြေကနုံချာလွန်းလို့ ပြပေးစရာက နေဝင်ချိန်အပြင်မရှိဘူးပဲ"မွေးရပ်မြေမှာသူချစ်တာက နေဝင်ချိန်အပြင်မရှိတဲ့ကောင်လေး ဂင်ဟက်ဆုအဖြစ် Park Jung Min ဟာ သူဝါသနာပါရာ ရက်ပ်ပါ ဖြစ်ချင်တဲ့အိပ်မက်နောက်ကိုလိုက်ဖို့ နာကြည်းချက်များစွာရှိနေတဲ့ မွေးရပ်မြေကိုစွန့်ခွာပြီး ဆိုးလ်မြို့ကိုပြောင်းခဲ့ပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ "Show Me The Money" ပရိုဂရမ်မှာခြောက်နှစ်ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဖိုင်နယ်အထိလည်းတက်ခွင့်မရ ၊ သူ့အပိုင်းတွေကိုလည်းဖြတ်ထုတ်ခံရတဲ့ စိတ်ဓာတ်ကျ၊လမ်းတွေပျောက်နေတဲ့လူငယ်လေးဂင်ဟက်ဆုဟာ မွေးရပ်မြေဆီက အဖေဖြစ်သူ နေမကောင်းဘူးဆိုတဲ့ ဆေးရုံကဖုန်းတစ်လုံးကြောင့် သူမုန်းတဲ့မွေးရပ်မြေကို ပြန်လာဖို့ဖြစ်လာခဲ့တဲ့ဇာတ်အိမ်ကိုအခြေခံထားပြီး မွေးရပ်မြေကိုပြန်ရောက်လာတဲ့အခါ ဘာတွေကြုံတွေ့ရမလဲဆိုတာကို သေသေသပ်သပ်နဲ့ရိုက်ပြထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။မင်းသမီး Kim Go Eun ကတော့မွေးရပ်မြေကဟက်ဆုကိုတစ်ဖက်သတ် သဘောကျနေတဲ့ ငယ်သူငယ်ချင်းအဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။ Kim Go Eun ကို ဒီဇာတ်လမ်းမှာ ရိုးသားဖြူစင်ပြီးနေဝင်ချိန်တွေကို ချစ်တဲ့ကောင်မလေး ၊ တက်သစ်စ စာရေးဆရာမလေးအဖြစ် ချစ်စဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ ရက်ပ်ပါဖြစ်ချင်တဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့အလျောက် ဇာတ်လမ်းတစ်လျှောက်လုံးမှာ သူ့ရဲ့ဘဝဇာတ်ကြောင်းတွေ ရုန်းကန်မှုတွေကို freestyle 2Xf2E6aEU7n685eHEbXGYHrmWn2y7a62UWBrtZzodVdD ဇာတ်လမ်းကိုဆွဲဆောင်မှုရှိစေပါသေးတယ်။ ဒါဆိုရင်တော့ လူငယ်တွေရဲ့ဘဝကိုထင်ဟပ်စေမယ့် ရက်ပ်စာသားလေးတွေကိုခံစားရင်း ၊ ဒိုင်ယာလော့လှလှလေးတွေကိုကြည့်ရင်း၊ မွေးရပ်‌မြေမှာအသစ်တစ်ဖန်ဖြစ်လာတဲ့အချစ်ဇာတ်လမ်းလေးကိုလည်းတစ်စေ့တစ်စောင်းကြည့်ရှုရမယ့် အနှစ်ဇာတ်ကားလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုလိုက်ပါတော့နော်။အညွှန်းကိုတော့ Shin Shin ...
movie

Sunset in My Hometown (2018)

Emergency Declaration (2022) 7.1
Emergency Declaration (2022) Emergency Declaration (2022)အညွှန်း*******************************************ဒီရုံတင်ကားကြီးဟာ ကိုဗစ်ကြောင့် ရုံတင်ရက်တွေရွှေ့ဆိုင်းလို့ အားလုံးမျှော်လင့်နေကြတာယခုမှပဲကြည့်ဖို့ အခွင့်အရေးရပါတော့တယ်...Lee Byung Hun, Song Kang-ho, Im Si Wan နဲ့ Kim Nam Gil တို့လို မင်းသားကြီးတွေ ခေါင်းဆောင် ပါဝင်ထားတဲ့အပြင် ကိုရီးယားနိုင်ငံတစ်ဝှမ်းမှာသာမက နိုင်ငံတော်တော်များများမှာပါရုံဝင်ငွေ အမြောက်အမြား ရရှိထားတဲ့ ဇာတ်ကားကြီး ကြည့်ရကျိုးနပ်စေမှာပါ... အင်တာနက်ပေါ် ပျံ့နေတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတစ်ခုကို စစ်ဆေးရင်း သံသယရှိသူဟာ အမေရိကားကိုလေယာဥ်နဲ့ လိုက်ပါသွားပြီဆိုတာကို ကိုရီးယားအာဏာပိုင်တွေ နောက်ကျမှ သိလိုက်ရတယ်...အဲ့ဒီ ​လေယာဥ်မှာပဲ စီးနင်းလိုက်ပါလာတဲ့ ကျန်းကျန်းမာမာ ခရီးသည်တစ်ဦးဟာ မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိ ​ကြောက်မက်ဖွယ် သေဆုံးသွားချိန်မှာ‌တော့ လေယာဥ်တွင်းရော မြေပြင်မှာပါ ထိတ်လန့်တုန်လှုပ်မှု​တွေ ဖြစ်လာ​တော့တယ်။တဖြည်းဖြည်းချင်း လျော့နည်းလာတဲ့ လောင်စာဆီအ​နေအထား၊ နိုင်ငံတကာကလည်းအကူအညီပေးဖို့ ငြင်းပယ်မှုတွေကြောင့် လေယာဥ်မှူးနဲ့ အဖွဲ့သားတွေက ခရီးသည်များကိုကယ်တင်နိုင်ဖို့အတွက် သူတို့ ဘဝမှာ တစ်ကြိမ်တစ်ခါမှ လုပ်ဖူးခြင်း မရှိခဲ့တဲ့အရေးပေါ် လုပ်ဆောင်ချက်ကို ...
movie

Emergency Declaration (2022)

2022
Nothing Serious (2021) 6.7
Nothing Serious (2021) Nothing Serious (2021) Review" Friends with benefits " ဆိုတဲ့ ရုပ်ရှင်ကားလေးကိုကြည့်ဖူးပြီး သဘောကျတဲ့သူဆိုရင် အခုဇာတ်ကားလေးကိုလည်း သေချာပေါက်သဘောကျမှာပါပဲ။ဟန်ဂျာယောင်းဆိုတဲ့ အသက်၂၉နှစ်ကောင်မလေးက အချစ်ရေးမှာ ကံခေသူလေးပါ သို့ပေမယ့် သူ့မှာ ပြင်းပြတဲ့သွေးသားဆန္ဒတွေကရှိနေပြန်တယ်ဆိုပါတယ်။တစ်ဘက်မှာ ဘတ်အူရီဆိုတဲ့ မဂ္ဂဇင်းဆရာလေးကလည်း အလုပ် stress ကတမျိုး လိုသုံးလုပ်ခံရတာကတမျိုးနဲ့ အထီးကျန်နေသူ။သူတို့နှစ်ယောက်ကို dating app လေးတစ်ခုက ဆုံတွေ့စေလိုက်တဲ့အခါမှာတော့ ... Burning (2018) တို့ The Call(2020) တို့လို ဇာတ်ကားတွေနဲ့ သရုပ်ဆောင်စွမ်းရည်ကို သက်သေပြထားပြီးသား မင်းသမီး Jeon Jong Seo က ဟန်ဂျာယောင်းအဖြစ်ပါဝင်သရုပ်ဆောင်ထားတာမို့ 2022 မှာအထီးဆက်ကျန်နေသူများအဖြစ် ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါကြောင်း ။ အသုံးအနှုန်းနဲ့ဇာတ်ဝင်ခန်းအချို့ကြောင့် မိသားစုနှင့်အတူတူကြည့်ရန်တော့မသင့်တော်ပါနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Eain Lay ပဲ ဖြစ်ပါတယ်။Genre.....Romance, Comedy Quality….WEB-DL 1080p and 720p File size…1.3GB, 850MB, 200MB Format…mp4 Duration….1h 35min Subtitle….Myanmar Subtitle ...
movie

Nothing Serious (2021)

2021
The Day I Died: Unclosed Case (2020) 7.3
The Day I Died: Unclosed Case (2020) The Day I Died (2020)ဘဝမှာတစ်ယောက်တည်းအထီးကျန်နေတာမျိုး၊ ကိုယ့်အမှားမဟုတ်ဘဲ တစ်ခြားသူအမှားကြောင့် အပစ်ပယ်ခံရတာမျိုးကို ကြုံနေရတဲ့ကောင်မလေးတစ်ယောက်အကြောင်းကို စုံထောက်တစ်ယောက်က စုံစမ်းတာနဲ့ ဇာတ်လမ်းလေးကို စဖွင့်ထားပါတယ်ဒီကားထဲမှာပါဝင်တဲ့သူတွေကတော့ နာမည်ကြီးမင်းသမီး Kim Hye-soo၊ တက်သစ်စ မင်းသမီးလေး No Jeong-ee (18 Again) နဲ့ မင်းသားချော Lee Sang-Yeob တို့က ပါဝင်ထားပြီး ၂၀၂၀မှာထွက်ရှိထားပြီး IMDB 10/7.3 ထိ ရထားတဲ့ Drama/Crime ဇာတ်ကားကောင်းလေးတစ်ကားလည်း ဖြစ်ပါတယ်ဇာတ်လမ်းကို ပြန်ပြောရရင် မတော်တဆမှုတစ်ခုကြောင့် အလုပ်နားထားရတဲ့ ဂင်ယောင်းဆွန်း အမှုစစ်ကို အထက်လူကြီးဖြစ်သူကခေါ်ပြီး အလုပ်ခွင်နားထားရတဲ့မတော်တဆပြစ်မှုနဲ့ ရာထူးတိုးချင်တယ်ဆိုရင် အမှုတစ်ခုကိုလိုက်ပြီး အမှုပိတ်ဖို့အတွက်အစီရင်ခံစာတင်ဖို့တောင်းဆိုခဲ့ပါတယ် ဂင်ယောင်းဆွန်းကိုယ်တိုင်ကလည်း ယောက်ျားနဲ့ကွာရှင်းဖို့အမှုရင်ဆိုင်နေရပြီး မတော်တဆမှုကြောင့် လက်အကြောဆိုင်းတဲ့ဝေဒနာကိုခံစားနေရတဲ့အပြင် အလုပ်ကလည်းမတော်တဆမှုအတွက်နဲ့ ပြုတ်မလိုဖြစ်နေခဲ့သူပါ အဲ့ဒီအချိန်အထက်ကစုံစမ်းခိုင်းတဲ့ ဆယ်ဂျင်းဆိုတဲ့ သူဌေးသမီးကောင်မလေးတစ်ယောက် သေကြောင်းကြံစည်မှုကို အစီရင်ခံစာဖို့လုပ်ရင်း မထင်မှတ်ထားတွေပါ ဆက်လက်သိရှိလာခဲ့ပါတယ် ကောင်မလေးအဖေဖြစ်သူကလည်း မတရားမှုများစွာလုပ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ပြီး အစ်ကိုဖြစ်သူကလည်း ဆေးမှုနဲ့ထောင်ကျနေပါတယ် ဆယ်ဂျင်းကိုလည်း သူ့အဖေပြစ်မှုတွေအတွက် သူမသေကြောင်းမကြံခင်မှာ ရဲတွေဖက်ကစစ်ဆေးခဲ့ကြပြီး အဲ့ဒီအချိန်တုန်းက ဂင်ဆွန်းယောင်းကမတော်တဆမှုကြောင့်ဆေးရုံရောက်နေချိန်လည်းဖြစ်ပါတယ် ဂင်ယောင်းဆွန်း ဆေးရုံက ဆင်းလာပြီးနောက် အထက်က ယာယီအလုပ်ဆင်းခိုင်းခဲ့ချိန် ဆယ်ဂျင်းက သေဆုံးသွားခဲ့ပြီး အားလုံးက အပြီးသတ်ချင်နေတဲ့အမှုက ...
movie

The Day I Died: Unclosed Case (2020)

2020