Channel Myanmar

Im Won-hee

Three Summer Nights(2015) 6.7
Three Summer Nights(2015) Three Summer Nights(2015)************************ ၂၀၁၅ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် Three Summer Night ရုပ်ရှင်ဇာတ်ကားတွင် နာမည်ကြီးမင်းသားများဖြစ်တဲ့ဂင်ဒုံဝူ(Kim Dong Wook)၊ ဆုန်းဟိုဂျွန်း (Son Ho Jun) တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးဇာတ်ပို့သရုပ်ဆောင်ကြီး အင်ဝန်ဟီး (Im Won hee) နှင့် မင်းသမီးချောရူယောင်းဂယွန်းက ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။မြောင်ဆော့ ဟယ်ဂူ ဒါဆူဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိပါသည်။မြောင်ဆော့သည် ရှေ့နေစာမေးပွဲဖြေရန် ကြိုးစားနေသူတစ်ဦးဖြစ်ပြီး ဟယ်ဂူကတော့ ဆေးဝါးကုမ္ပဏီတစ်ခုမှဝန်ထမ်းဖြစ်ပါတယ်။ ဒါဆူသည် အရင်က ကွန်ပျူတာ ဝန်ဆောင်မှုစင်တာတစ်ခုတွင်အလုပ်လုပ်ခဲ့ပြီး ပြဿနာများကြောင့် အလုပ်တစ်ခုပြီးတစ်ခု ပြုတ်နေသူ တစ်ဦးလည်း ဖြစ်ပါသည်။တစ်နေ့တွင် သူတို့သည် စိတ်မွန်းကြပ်မှုများကို အပန်းဖြေရန် နွေရာသီတွင် ဘူဆန်မှာရှိသောဟယ်အွန်းဒယ်ပင်လယ်ကမ်းခြေကို သွားခဲ့ပါသည်။ ထိုဟယ်အွန်းဒယ်ပင်လယ်ကမ်းခြေတွင်အပန်းဖြေရင်း မူးယစ်ဆေးဝါးအရောင်းအဝယ် မသင်္ကာသူများအဖြစ် သံသယဝင်ခံရပြီးပြဿနာပေါင်းစုံကိုရင်ဆိုင်ရပါတော့တယ်....File Size :2.1GB& 958MB Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Comedy , Drama Subtitle ...
movie

Three Summer Nights(2015)

Snatch Up (2018) 6.3
Snatch Up (2018) IMDb - 6.3/10ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးမှာ ငမွဲကောင်လေး၊ လူမိုက်၊ငွေးတိုးချေးတဲ့သူဌေး၊ ကြေးစားလူသတ်သမား၊ လွှတ်တော်အမတ်၊အကျင့်ပျက်ရဲနဲ့ ပစ္စည်းပို့သမားလေး ဆိုတဲ့အဓိက ဇာတ်ကောင် ၇ယောက်ပါဝင်ပါတယ်။အလုပ်အတည်တကျမရှိတဲ့ ငမွဲကောင်လေး ကင်မင်ဂျယ်ဟာသူ့အမေ ခွဲစိတ်ဖို့အတွက်ဆိုပြီး သူနေတဲ့အခန်းကိုဖယ်ပြီးတိုက်ခန်းစရံငွေ ဝမ် ၁၀သန်း ရထားပါတယ်။သူ့ဆီကနေ ငွေတိုးချေးတဲ့သူဌေးဘတ်ရဲ့ လူမိုက်ကဒီငွေတွေကို အကြွေးပြန်သိမ်းသွားတယ်။သူဌေးဘတ်ကတော့ ဒီငွေတွေကို လွှတ်တော်အမတ်မွန်းအတွက်ရန်ပုံငွေပေးရမှာပါ။သူဌေးဘတ်က မပေးချင်တော့ လွှတ်တော်အမတ်ကိုသတ်ဖို့လူသတ်သမားငှားပါတယ်။တစ်ဖက်မှာ အကျင့်ပျက်စုံထောက်ချွဲကလောင်းကစားလုပ်ရင်း သူဌေးဘတ်ဆီမှာသူ့သေနတ်ကို အပေါင်ထားလိုက်ရပါတယ်။ရဲရဲ့သေနတ်ကို သူဌေးဘတ်က လူသတ်သမားဆီပို့ခိုင်းလိုက်တဲ့အခါမှာ ငမွဲလေး ကင်မင်ဂျယ်ဆီမှားရောက်သွားရာကနေ ပြဿနာတွေပိုရှုပ်လာပါတော့တယ်။ကင်မင်ဂျယ်တစ်ယောက် သူ့ငွေအိတ်ကြီးကိုဆုပ်ကိုင်လိုက်ရ လက်လွှတ်လိုက်ရနဲ့ သူ့အမေခွဲစိတ်ဖို့လိုအပ်နေတဲ့ ပိုက်ဆံတွေကို ပြန်ရယူဖို့အသည်းအသန်ကြိုးစားရှာပါတယ်။တစ်ယောက်ချင်းဆီက သောက်တလွဲပြဿနာလေးတွေလုပ်ရင်း ဒီငွေအိတ်ကြီးက ဒီလူ ၇ယောက်ကြားမှာ ဟိုလူ့ဆီရောက်လိုက်ဒီလူ့ဆီရောက်လိုက်နဲ့ ဒီလူ ၇ယောက်ကြားမှာဆက်စပ်ထားတဲ့ ဇာတ်လမ်းကြောင်းကတော့အတော်လေးမိုက်ပါတယ်။နောက်ဆုံးမှာ ငွေထုပ်ပိုင်ရှင် မောင်ကံကောင်းကဘယ်သူဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ File size…  1.79 GB /  890 MB Quality… WEB Rip 1080p / 720p Format… ...
movie

Snatch Up (2018)

2018
The Advocate: A Missing Body(2015) 7.0
The Advocate: A Missing Body(2015) The Advocate: A Missing Body(2015)*********************************ဥပဒေရုံးကြီးတစ်ခုရဲ့နာမည်ကျော်ရှေ့နေဗြောန်းဟိုဆောင်းဟာ လိုက်သမျှအမှုတိုင်းလိုလိုနိုင်အောင်စွမ်းဆောင်နိုင်ပြီး"အနိုင်ရတာကတရားမျှတမှုပဲ" လို့ခံယူထားသူတစ်ဦးဖြစ်ပါတယ်။ဆေးဝါးကုမ္ပဏီကြီးအတွက် အမှုနိုင်အောင်လုပ်ပေးပြီးတဲ့နောက်မှာတော့ လူသတ်မှုနဲ့စွပ်စွဲခံထားရတဲ့ဥက္ကဌမွန်းဂျီဟွန်းရဲ့ဒရိုင်ဘာအတွက် အမှုလိုက်ပေးဖို့ ငှားရမ်းခံရပါတယ်။အလောင်းရော၊ သက်သေရောမရှိတဲ့လူသတ်မှုဖြစ်နေပေမယ့် ရှေ့နေဗြောန်းကသူ့ထုံးစံအတိုင်း တရားပြိုင် အပြစ်မရှိအောင် ခုခံချေပပေးခဲ့ပါတယ်။ဒီလိုနဲ့ တရားခွင်နောက်ဆုံးနေ့ အမှုနိုင်ခါနီးမှာမှ သူ့အမှုသည်က သူသတ်ခဲ့တာဖြစ်ကြောင်းရုတ်တရက်ထဝန်ခံလိုက်တဲ့အခါမှာတော့ အမှုရှုံးနိမ့်သွားပါတော့တယ်။ရှေ့နေဗြောန်းတစ်ယောက် အရှက်တကွဲဖြစ်ခဲ့ရတဲ့အပြင် မျက်မြင်သက်သေအတုဖန်တီးမှုနဲ့ပါသံသယဝင်ခံရတဲ့အတွက် ဂုဏ်သိက္ခာပြန်ဆယ်ဖို့ အမှုပြန်စုံစမ်းရင်းကနောက်ကွယ်မှာ သူမထင်ထားတဲ့ ဖြစ်ရပ်ပေါင်းများစွာရှိနေတဲ့အခါမှာတော့...File Size :(1.7GB) and (688MB) Quality :WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:57:00 Genre : Crime , Thriller, Mystery, Comedy, Law Subtitle : Myanmar Subtitle (Hard Sub) Translated by  Ei Phyu Khin & Shoon Encoded by Phyo Pyae
movie

The Advocate: A Missing Body(2015)

Rockin’ on Heaven’s Door(2013) 7.0
Rockin’ on Heaven’s Door(2013) Rockin' on Heaven's Door(2013)*****************************Hong-ki Lee  နဲ့  Ma Dong-seok တို့ အဓိကပါဝင်ထားတဲ့ဒီဇာတ်ကားဟာ တစ်ခါကြည့်ပြီး တစ်သက်မမေ့နိုင်ဖို့ ဒီတစ်ခေါက် CMပရိသတ်ကြီးအတွက် ထင်မထားရလောက်အောင် ရင်ထဲမှာစွဲကျန်ရစ်ခဲ့မယ့် “Rockin On Heaven’s Door”ဆိုတဲ့ ဒီဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းကိုတော့ ထင်ရာဆိုင်းတတ်တဲ့ ခပ်ဆိုးဆိုးအိုင်ဒေါအနုပညာရှင်လေး ချွန်အွီနဲ့ အစချီထားပါတယ်တစ်နေ့ ချွန်အွီတစ်ယောက် ကလပ်မှာပြဿနာရှာမိပြီးစေတနာ့ဝန်ထမ်းအဖြစ်နဲ့ အပြစ်ပြန်ဆပ်ရဖို့ အကြောင်းဖန်လာပါတယ်ချွန်အွီလုပ်ပေးရမယ့်နေရာကတော့ နယ်မြို့လေးတစ်ခုက “ဒုံးဟျွန်း”ဆိုတဲ့ဆေးရုံတစ်ခုမှာပေါ့ဆေးရုံကို မုန်းပါတယ်ဆိုတဲ့ ချွန်အွီအတွက် အဲဒီဆေးရုံက လူတွေကလည်း ထူးဆန်းနေပြန်ပါတယ်နောက်ဆုံးထွက်သက်ရောက်တော့မယ့် လူနာအဘွားအိုကို အသက်ရှူစက်တပ်မပေးတာမျိုး…လူနာတွေကို ဆေးလိပ်သောက်ခွင့်ပေးတာမျိုး ကလပ်သွားခွင့်ပေးတာမျိုး.. စသည်ဖြင့်ပေါ့အဲဒီလိုဆေးရုံက လုပ်ရပ်တွေကို သဘောမကျလို့ ချွန်အွီ ထွက်ခဲ့မယ်လို့ကြံမယ့်နေ့မှာပဲ ..နောက်ကွယ်ကအကြောင်းအရာတွေကို အန်နာဆိုတဲ့ စေတနာ့ဝန်ထမ်းကောင်မလေးပြောလို့ ချွန်အွီသိသွားခဲ့တဲ့အခါ… File Size :(1.9GB)&(685MB) Quality : Blu-Ray 1080P5.1Ch,720P Format :mp4 Duration : 01:39:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Khine Khine ...
movie

Rockin’ on Heaven’s Door(2013)

M (2007) 6.2
M (2007) M (2007) IMDb 6.2/10ဒီတစ်ခါမှာတော့ Rating လည်းကောင်းပြီး ဆုတွေလည်းသိမ်းပိုက်ထားတဲ့စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်မင်ဝူးဆိုတာကတော့ လူငယ်စာရေးဆရာတစ်ယောက်ပါ နိုင်ငံချစ် ရောင်းရအ‌ကောင်းဆုံးစာရေးဆရာပေမယ့် ဘာမှဆက်ရေးစရာအတွေးပေါ်မလာလို့ စိတ်ဓာတ်ကျနေသူပေါ့ ညဘက်တွေအိပ်မပျော်တဲ့ရောဂါကြောင့် ဆရာဝန်တွေစုံအောင်ပြနေပေမယ့်လည်း ထူးမလာခဲ့ပါဘူးဒီလိုနဲ့တစ်နေ့ သူ့နောက်ကို နောက်ယောင်ခံလိုက်နေတဲ့ကောင်မလေးနဲ့တွေ့ဆုံမိပြီး သူစာပြန်ရေးနိုင်ဖို့ ကောင်မလေးက အကူအညီတွေပေးနေတော့ ရင်းနှီးသွားကြပါတယ် ဒါပေမယ့် ဒီကောင်မလေးဘယ်သူဆိုတာ မင်ဝူးတစ်ယောက်စဉ်းစားလို့ရမနေပါဘူး ဒီလိုနဲ့လိုက်စုံစမ်းရင်း သူနဲ့စကားပြောနေကျကောင်မလေးက သေဆုံးပြီးသားမှန်းသိသွားတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲ ဒီကောင်မလေးနဲ့က အရင်တည်းကအသိတွေလား သူဝတ္ထုရေးဖို့ရောကုန်ကြမ်းရနိုင်မလားဆိုတာတော့ ဒေါင်းကြည့်လိုက်ကြပါနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(600MB) Quality__HD_720p IMDb Rating__6.4/10 Format__mp4 Duration__01:50:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie

M (2007)

Crying Fist(2005) 7.2
Crying Fist(2005) Crying Fist(2005) အညွှန်း*********************မင်းသားကြီး Choi Min-sik အဓိက ပါဝင်ထားသလိုRating တွေရောကောင်းတဲ့အပြင် BO မှာလည်း ဝင်ငွေအတော်ကောင်းခဲ့တဲ့ အက်ရှင်ကားဖြစ်ပါတယ်...ဂန်ထယ်ရှစ်ဆိုတဲ့ ၁၉၉၀ ခုနှစ် အာဆီယံအားကစားပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့တဲ့လက်ဝှေ့ကစားသမား ဆုရှင်တစ်ယောက် လက်ရှိမှာတော့ ရင်းနှီးတဲ့သူဆီက သစ္စာဖောက်မှုတွေ အကြွေးရှင်တွေပတ်လည်ဝိုင်းနေမှုတွေနဲ့ ကြံရာမရဖြစ်ပြီး ဆိုးလ်မြို့လယ်ခေါင်မှာ ဖြတ်သွားဖြတ်လာတွေဆီက ငွေသားလက်ခံပြီး သူတို့ဒေါသဖြေဖို့အတွက် စိတ်ကြိုက်အထိုးခံရင်းနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။ မိန်းမဖြစ်သူထံကပါ မကြာခဏ ကွာရှင်းဖို့စကားစခံရပြီး အကြွေးရှင်တွေလက်က ပြေးနေရသူအဖို့ လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်တင်ချင်ခဲ့ပါတယ်။ယူဆန်းဟွမ်ဆိုတဲ့ လူငယ်လေးကတော့ အချုပ်ကလွတ်လာတာမှမကြာသေး နောက်ထပ် ရပ်ကွက်ထဲက အဘိုးကြီးဆီကနေ လုယက်မှုနဲ့ ထောင်ထဲကို ဝင်လိုက်ရပါတော့တယ်။ မိသားစုဆိုလို့ အမေဆိုတာ ဘယ်နေမှန်းမသိ အဘွားနဲ့အဖေပဲ ရှိတဲ့သူ့ဘဝမှာမှ အဖေဖြစ်သူက မတော်တဆမှုနဲ့ ဆုံးသွားတော့ လေဖြတ်ပြီးကျန်ခဲ့တဲ့အဘွားရဲ့ မျှော်ကိုးရာအဖြစ် ဂုဏ်ယူရမဲ့သူဖြစ်ဖို့အရေး ထောင်ထဲမှာ လက်ဝှေ့လေ့ကျင့်ပြီး လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ခဲ့ပါတော့တယ်။ဒီလိုဘဝရဲ့နောက်ဆုံးအနေနဲ့ မျှော်လင့်ချက်တစ်ခုစီ ဆုပ်ကိုင်ရင်း လက်ဝှေ့ကွင်းထဲကို ဝင်လာ၊ ဆုံတွေ့ကြတဲ့သူနှစ်ယောက်မှာ ဘယ်သူက အနိုင်ရသူဖြစ်သွားမလဲဆိုတာကိုတော့ ဆက်ပြီးကြည့်ရှုခံစားကြည့်ကြပါဦးဗျ။  File Size :(3.6GB)(1.2GB) and ...
movie

Crying Fist(2005)

Horror Stories 2 (2013) 5.4
Horror Stories 2 (2013) Horror Stories 2 (2013)ကဲ ဒီတစ်ခေါက်မှာတော့ Horror Fanတွေအတွက် ကိုရီးယားသရဲကားလေးလာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ ... ‌ သေဆုံးသွားသူတွေကိုမြင်နိုင်ပြီး သူတို့ဘယ်လိုသေဆုံးခဲ့လဲဆိုတဲ့အဖြစ်အပျက်အမှန်ကိုသိနိုင်တဲ့ ပင်ကိုစွမ်းရည်ရှိတဲ့ ဆယ်ယောင်းတစ်ယောက် အာမခံကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခဲ့တယ်။ အဲ့မှာ..မန်နေဂျာပက်က ဆယ်ယောင်းရဲ့စွမ်းရည်ကိုရိပ်မိတဲ့အတွက် အလုပ်တစ်ခုလုပ်ခိုင်းပါတော့တယ်။ အဲ့ဒါက ဘာလဲဆိုတော့ ...အရင်က ကုမ္ပဏီကနေ အာမခံငွေပေးခဲ့ရတဲ့ ဖိုင်သုံးခုကို မန်နေဂျာက လိမ်လည်ပြီး‌‌ ငွေယူခဲ့တယ်လို့ သံသယရှိတဲ့အတွက် အဲ့ဒါတွေကို ဆယ်ယောင်းဆီပြပြီး အမှန်ဟုတ်မဟုတ် ကြည့်ခိုင်းတာပါပဲ။ အဲ့လိုနဲ့ ဖိုင်သုံးဖိုင်ထဲကလူတွေရဲ့ တကယ့်အဖြစ်အပျက်ကို ဆယ်ယောင်းက ဖော်ထုတ်‌ပြောပြတဲ့အခါမှာတော့ ဇာတ်လမ်းတိုလေးသုံးပုဒ် ဖြစ်တည်လာပါတော့တယ်။ဇာတ်လမါးထဲမှာ ပါဝင်ထားတဲ့ မင်းသား မင်းသမီးတွေကတော့ K drama fanတွေအတွက် ရင်းနှီးပြီးသားသရုပ်ဆောင်တွေပါပဲ။ Movie Genre က Horror ဆိုတဲ့အတိုင်း Jump scare တွေက လျှပ်တစ်ပြက်နဲ့ အများကြီးပါတဲ့အတွက် အမှန်တကယ်ကြောက်စရာကောင်းတဲ့သရဲကားကြည့်လိုသူတွေအတွက် စောင်ခြုံထဲကနေ ချောင်းကြည့်လို့ကောင်းပြီး အသည်းငယ်တတ်သူတွေအတွက် ကြည့်ရှုရန်မသင့်‌ကြောင်း ...
movie

Horror Stories 2 (2013)

Silmido (2003) 7.1
Silmido (2003) Silmido (2003)ရှီမီဒို ​ခေါ် ရှီမီကျွန်းဟာ ​တောင်ကိုရီးယားနိုင်ငံ၏ အ​နောက်ဘက်ကမ်းရိုးတန်း၊ အင်ချွန်းမြို့နယ်နိမိတ်ထဲမှာရှိတဲ့ လူသူ​နေထိုင်ခြင်း မရှိတဲ့ ကျွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ လူမ​နေတဲ့ ကျွန်းမှာပဲ ​တောင်ကိုရီးယားနိုင်ငံ​​ရေးသမိုင်းမှာ အမည်းစက်ထင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု အ​ခြေတည်ခဲ့ဖူးပါတယ်။အချိန်က ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ပါ။ ​မြောက်ပိုင်း​ခေါင်း​ဆောင်က ကိုရီးယားနိုင်ငံ​ပေါင်းစည်း​​​​ရေးဆိုပြီး ​တောင်ကိုရီးယားသမ္မတ Park Chung Hee ကို လုပ်ကြံဖို့ အမှတ် ၁၂၄ တပ်ဖွဲ့ကို ​စေလွှတ်ခဲ့​ပေမယ့် ကျရှုံးခဲ့ပါတယ်။ တစ်ဖန် ​တောင်ကိုရီးယားဘက်က တုံ့ပြန်မှုကလည်း ငိုအားထက် ရယ်အားသန်​ပေ။ ​ အမိကိုရီးယားနိုင်ငံ ​ပေါင်းစည်း​​ရေး၊ ၂ နိုင်ငံငြိမ်းချမ်း​ရေးအတွက်ဟု ဆိုကာ ​မြောက်ပိုင်း​ခေါင်း​ဆောင် Kim Il Sungကို လုပ်ကြံဖို့ ပြန်ပြင်ဆင်​စေသည်။လုပ်ကြံရမည့်အဖွဲ့မှာ အမှတ်၆၈၄ အထူးတပ်ဖွဲ့ဟု​ခေါ်သည်။ တပ်ဖွဲ့သည် နှယ်နှယ်ရရမဟုတ်၊ ​ သေဒဏ်ကျခံထားရသည့် အကျဉ်းသား ၃၁​ ယောက်ကို တပ်ဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့ရဲ့စစ်​ရေး​လေ့ကျင့်ရာငရဲခန်းကတော့ ရှီမီကျွန်း ...
movie

Silmido (2003)

2003
Collectors (2020) 7.8
Collectors (2020) ဇာတ်ကားအကြောင်းမပြောခင် ပါဝင်ထားတဲ့သရုပ်ဆောင်တွေက မိတ်ဆက်ပေးစရာမလိုလောက်အောင် ကိုရီးယားပရိသတ်အတော်များများ သေချာပေါက်သိကြမယ့် နာမည်ကြီးမင်းသားမင်းသမီး ဇာတ်ပို့ဇာတ်ရန်တွေချည်းပါပဲ ပြောရရင်တော့ မင်းသမီးနေရာမှာ လက်ရှိ အားလုံးသဘောကျနေကြတဲ့ ဂျိုဆွန်းခေတ်မိဖုရားကြီးနေရာသရုပ်ဆောင်ထားတဲ့ ရှင်းဟယ်ဆောင်း ပါဝင်အားဖြည့်ပေးထားပါတယ် ( အဓိကအချက် ) ဖောက်ထွင်းလူလိမ်လို့ခေါ်ရလောက်အောင် ရှေးဟောင်းပစ္စည်းတွေကို ဖောက်ထွင်းပြီး ဈေးကောင်းပေးတဲ့နေရာမှာ ပြန်ရောင်းစားတဲ့ ဂန်ဒုန်ဂူဆိုတဲ့လူတစ်ယောက်ဟာ အပေါ်ယံမှာတော့ ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့အစည်းရဲ့အကြီးအကဲဖြစ်ပြီး နောက်ကွယ်မှာ ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားနေတဲ့ ဥက္ကဋ္ဌဂျင်ဆန်းဂူဆိုတဲ့လူနဲ့ပတ်သတ်ဖို့ဖြစ်လာခဲ့တဲ့အခါ... ဘိုးတော်တပ်မက်လောက်မယ့်ပစ္စည်းကို ဖောက်ထွင်းပေးဖို့ကြိုးစားရင်း ဂန်ဒုန်ဂူတို့အဖွဲ့ ဘယ်လိုတွေ ကတုံးပေါ်ထိပ်ကွက်မလဲဆိုတာကို ဆက်ကြည့်ပေးစေချင်ပါတယ် ဇာတ်လမ်းက ( ကိုရီးယားဇာတ်ကားအနေနဲ့ ) အတော်လေးစိတ်ဝင်စားစရာကောင်းပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ကိုယ်ပိုင်ဟန်က မပျင်းမရိရဘဲ အဆုံးထိဆွဲခေါ်ပေးသွားပါလိမ့်မယ် အချိန်ပေးရတာ သေချာပေါက်တန်စေမှာဖြစ်ပြီး မင်းသားရော မင်းသမီးပါ ကြည့်ရင်း ပြီးလို့ပြီးသွားမှန်းမသိမှာမလို့ ကြည့်စေချင်တာနဲ့ညွှန်းပေးလိုက်ပါတယ် File Size -  1.6 GB Quality - Web-dl 1080p Subtitle - Burmese Translator - Phu Nge Nge Thein Encoder - Thit San Khant
movie

Collectors (2020)

2020
Forbidden Dream(2019) 6.9
Forbidden Dream(2019) Forbidden Dream(2019)Historical ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ၂၀၁၉ က ထွက်ရှိထားတဲ့ ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ် ...ဒီဇာတ်ကားလေးမှာတော့ ဂျိုဆွန်းဟာ တရုတ် မင် အင်ပါယာရဲ့ လက်အောက်ခံ အဖြစ် ရှိနေတုန်းက အချိန်ကို ရိုက်ကူးပြသထားတာပါ..ဇာတ်လမ်းအကျဉ်း.......ဂျန်ယောင်ရှီ ဟာ အရည်ချင်းရှိတဲ့ အမတ်တစ်ယောက်ဖြစ်ပြီး ဘုရင်နဲ့ နှစ် ၂၀ကြာသူငယ်ချင်း သံယောဇဥ် ရှိသူပါ...လူတန်းစားမခွဲတတ်တဲ့ ဆယ်ဂျုံဘုရင်ကြီးက အစေခံတစ်ယောက်ဖြစ်တဲ့ ဂျန်ယောင်ရှီရဲ့ တီထွင်နိုင်စွမ်းကိုသဘောကျပြီး အမတ်နေရာ ပေးခဲ့ပါတယ်...အဲ့နောက်မှာ ဂျန်ယောင်ရှီနဲ့ တူတူ  တီထွင်မှုမျိုးစုံစတင်ပါတော့တယ်...သူတို့တီထွင်မှုကို မြောင်နိုင်ငံက သိသွားတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါ...ဒီကားကကိုးရီးယားရဲ့အထင်ကရမင်းသားကြီးဖြစ်တဲ့ Min-sik Choi ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်...ဇာတ်လမ်းဇာတ်ကွက်လည်းကောင်းတဲ့အပြင် ဒိတ်ဒိတ်ကျဲမင်းသားကြီးဖြစ်လို့ကြည့်သင့်ပါကြောင်း ညွှန်းဆိုပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (1.02 GB) and (523 MB) Quality : FHDRip  720p Format…mp4 Duration…01:30:00 Genre : History ...
movie

Forbidden Dream(2019)

Along With the Gods: The Last 49 Days (2018) Blu-Ray 1080p 5.1 CH x264 6.9
Along With the Gods: The Last 49 Days (2018) Blu-Ray 1080p 5.1 CH x264 Blu-Ray 1080p 5.1 CH x264 အားလုံးစောင့်မျှော်နေကြတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စိတ်ကူးယဉ်အက်ရှင်ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်.....မြန်မာပရိသတ်သဘောကျခဲ့တဲ့ Along With The Gods ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ လည်း ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အဓိကပါဝင်ထားသူတွေကHa Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong Seok, Kim Dong Wookစသူတွေပဲဖြစ်ပါတယ်။မရဏတိုင်းပြည်က အ စောင့်အရှောက်သုံးဦးဖြစ်တဲ့ ဂမ် ရင်း၊ ဟယ်ဝန်မက်နဲ့ လီဒေါ့ချွန်း တို့ဟာ သူတို့ရဲ့ ၄၉ ဦးမြောက် ဝိညာဉ်ဖြစ်တဲ့ကင်ဆိုဟုန်ကို မြေ အောက်ကမ္ဘာကို လမ်းပြပို့ဆောင် ပေးရမယ့်အကြောင်း တင်ဆက် ထားတာပါ။ကင်ဆိုဟုန်ဟာ အရင်ဇာတ် ကားထဲက မီးသတ်သမား ဂျာဟုန် ရဲ့ ညီတပ်သားဆိုဟုန်ဖြစ်ပြီးဂမ် ရင်းဦးဆောင်တဲ့ အစောင့်အ ရှောက်သုံးဦးဟာ ဆိုဟုန်ရဲ့ ဝိညာဉ်ကိုလည်းမရဏကမ္ဘာမှာ တရားစီရင်ဖို့အတွက် ...
movie


2018
Along With the Gods: The Last 49 Days (2018) 6.9
Along With the Gods: The Last 49 Days (2018) အားလုံးစောင့်မျှော်နေကြတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စိတ်ကူးယဉ်အက်ရှင်ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်.....မြန်မာပရိသတ်သဘောကျခဲ့တဲ့ Along With The Gods ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ လည်း ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အဓိကပါဝင်ထားသူတွေကHa Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong Seok, Kim Dong Wookစသူတွေပဲဖြစ်ပါတယ်။မရဏတိုင်းပြည်က အ စောင့်အရှောက်သုံးဦးဖြစ်တဲ့ ဂမ် ရင်း၊ ဟယ်ဝန်မက်နဲ့ လီဒေါ့ချွန်း တို့ဟာ သူတို့ရဲ့ ၄၉ ဦးမြောက် ဝိညာဉ်ဖြစ်တဲ့ကင်ဆိုဟုန်ကို မြေ အောက်ကမ္ဘာကို လမ်းပြပို့ဆောင် ပေးရမယ့်အကြောင်း တင်ဆက် ထားတာပါ။ကင်ဆိုဟုန်ဟာ အရင်ဇာတ် ကားထဲက မီးသတ်သမား ဂျာဟုန် ရဲ့ ညီတပ်သားဆိုဟုန်ဖြစ်ပြီးဂမ် ရင်းဦးဆောင်တဲ့ အစောင့်အ ရှောက်သုံးဦးဟာ ဆိုဟုန်ရဲ့ ဝိညာဉ်ကိုလည်းမရဏကမ္ဘာမှာ တရားစီရင်ဖို့အတွက် ပို့ဆောင် ပေးခဲ့ပြန်ပါတယ်။ဒီလိုနဲ့ မရဏကမ္ဘာမှာ အ ...
movie


2018
Along with the Gods: The Two Worlds (2017) 7.5
Along with the Gods: The Two Worlds (2017) ဒါရိုက်တာ ကင်ယုံဟွာက ကာတွန်းဆရာ ဂျိုဟိုမင်ရဲ့ဝက်ဘ်ကာတွန်းစီးရီးကို အသက်သွင်းရိုက်ကူးပြီး ရုပ်ရှင်ကိုနှစ်ပိုင်းခွဲဖြန့်ချိမှာဖြစ်ကာ ဒုတိယပိုင်းကို ၂၀၁၈ မှာ ထုတ်လုပ်မယ်လို့ ဆို ပါတယ်။အဓိကသရုပ်ဆောင်တွေက Ha Jung-woo၊ Cha Tae-hyun၊ Ju Ji-hoon၊ Lee Jung-jae၊ Do Kyung-soo၊ Kim Hyang-gi တို့ဖြစ်ပြီး Lotte Entertainment က ဖြန့်ချိထား တာပါ။ မီးသတ်သမား ကင်ဂျာဟုန် ဟာ တာဝန်ထမ်းဆောင်ရင်း မမျှော်လင့်ဘဲ သေဆုံးခဲ့ပြီး ဘ၀ ကူးပြောင်းသွားတဲ့ ဂျာဟုန်ဟာ မရဏတိုင်းပြည်က အစောင့်အ ရှောက်သုံးယောက်နဲ့ ဆုံပါတယ်။ အဲဒီသုံးယောက်ထဲမှာ ဂန်ရင်းက ခေါင်းဆောင်ဖြစ်ပြီး လူသားတွေ ပေါ် ခင်မင်ကြင်နာစိတ်ရှိပါတယ်။လူတစ်ယောက်ယောက် သေဆုံးပြီဆိုရင် မရဏနိုင်ငံကို သွားဖို့ အစောင့်အရှောက်တွေ အတူလိုက်ပါလေ့ရှိပြီး သေဆုံးသူ ဟာ လူ့ပြည်လား၊ ငရဲလား၊ ကောင်းကင်ဘုံလား ဆက်သွားရ ...
movie

Along with the Gods: The Two Worlds (2017)

2017