Channel Myanmar

Irrfan Khan

Saheb Biwi Aur Gangster Returns (2013) 6.7
Saheb Biwi Aur Gangster Returns (2013) Saheb Biwi Aur Gangster Returns (2013) IMDb - 6.7 /10ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မင်းသားကြီးအီဖန်ခန်းဦးဆောင်သရုပ်ဆောင်ထားတဲ့ ဘယ်သူဗီလိန် ဘယ်သူဇာတ်လိုက်မှန်းမသိနိုင်တဲ့ ရှူပ်ထွေးလှတဲ့လောကကြီးရဲ့ အကြောင်းကို ဇာတ်ခုံပေါ်တင်ဆက်ထားတဲ့အတိုင်း မြင်နိုင်စေမယ့်Drama Romanceကားကောင်းလေး တစ်ကားဖြစ်ပါတယ်မျိုးဆက်နဲ့ချီရှိခဲ့ကြတဲ့ အင်ဒီရာနဲ့ဆာဟစ်ဘ်တို့ရဲ့တိုက်ပွဲတစ်ခုဟာ အင်ဒီရာရဲ့ချစ်သူကိုဆာဟစ်ဘ်က ချစ်မိသွားတဲ့အချိန်မှ ပြန်စတင်လာခဲ့ပါတယ် ဆာဟစ်ဘ်ကိုချေမှုန်းနိုင်ဖို့ရာ ချစ်သူနှစ်ယောက်ကြိုးစားကြပေမဲ့ ကြားမှာဝင်မွှေလာတဲ့လူတွေကြောင့် သူတို့ရည်မှန်းချက်က အောင်မြင်လာပါ့မလားဘုရင်မျိုးဆက်သမိုင်းနဲ့ အချစ်ကြားကတိုက်ပွဲမှာ အလှည့်အပြောင်းတွေ ပူးပေါင်းကြံစည်မှုတွေ သစ္စာတရားတွေနဲ့ သေးမွှားတဲ့နားလည်မှုလွဲတာလေးက အစချီပြီး ဖြစ်ပျက်လာတဲ့ကိစ္စတွေကို လှည့်ကွက်ပေါင်းစုံနဲ့ တင်ဆက်ထားတဲ့ဒီကားက အခန်းတိုင်းမှာသင့်ကိုမမျှော်လင့်ထားတဲ့ ဇာတ်ကွက်တွေကိုယုတ္တိရှိစွာ ကြည့်ရှူ့စေမှာပါဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Khin Khinဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.5GB / 941MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Khin Khin
movie

Saheb Biwi Aur Gangster Returns (2013)

2013
Jurassic World (2015) 6.9
Jurassic World (2015) GOTG ထဲက Starlord သရုပ်ဆောင် Chris Pratt နဲ့ Spiderman ထဲကဂွမ်သရုပ်ဆောင် Bryce Dallas Howard တို့ ပါဝင်ထားတဲ့အမိုက်စား ဒိုင်နိုဆောကားကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဒါရိုက်တာ Colin Trevorrow က ရိုက်ကူးထားပြီး Universal Pitcure ကနေထုတ်လုပ်ထားပါတယ်။ IMDb 6.9 နဲ့ RT 71% ရရှိထားတဲ့ သိပ္ပံအက်ရှင်ကား ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေရဲ့ ဒီအန်အေတွေကနေတစ်ဆင့် မျိုးဗီဇအင်ဂျင်နီယာပညာရပ်နဲ့ သက်ရှိ ဒိုင်နိုဆောတွေကို ဖန်တီးပြီး ဂျူရက်ဆစ်ကမ္ဘာဆိုတဲ့အပန်းဖြေဥယျာဉ်ကို တည်ဆောက်ထားပါတယ်။ လာရောက်အပန်းဖြေသူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ချက်နဲ့ အသစ်အသစ်သောဒိုင်နိုဆောတွေကို မျိုးဗီဇပေါင်းစပ်ပြီး ဖန်တီးလိုက်တဲ့အခါ ဂြိုဟ်ဆိုးစဝင်ပါတော့။ တစ်ဖက်မှာလည်း အိုဝမ်တို့က ရက်ပ်တာ ဒိုင်နိုဆောတွေရဲ့ ဉာဏ်ရည်ကိုစမ်းသပ်ဖို့ ရက်ပ်တာသုံးကောင်ကို မွေးမြူလေ့ကျင့်ပေးနေကြတယ်။ ဒီကောင်တွေကို စစ်ရေးစစ်ရာမှာ အသုံးပြုဖို့အတွက်ကွင်းဆင်းစမ်းသပ်ချင်နေတဲ့သူက ရှိနေပြန်ပါတယ်။အသစ်ဖန်တီးလိုက်တဲ့ ဒိုင်နိုဆော လွတ်ထွက်သွားတဲ့အခါမှာသူ့အတွက် ဂွင်တွေ့သွားပြီး ပြဿနာတွေက ပိုရှုပ်လာပါတော့တယ်။ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှ ကြိုက်တယ်ဆိုသူများအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ် ...
movie

Jurassic World (2015)

2015
4K HEVCHDR
The Darjeeling Limited (2007) 7.2
The Darjeeling Limited (2007) The Darjeeling Limited (2007)~ IMDb - 7.2/10, RT - 69%, Meta - 67% ~The Darjeeling Limited ဟာ နာမည်ကျော်အမေရိကန်သရုပ်ဆောင်တွေချည်းသုံးထားပေမဲ့ အိန္ဒိယမှာပဲ တစ်ကားလုံးနီးပါးပြီးသွားတဲ့ ရုပ်ရှင်ပါပဲ။ Wes Anderson ဟာ သူ့ထုံးစံအတိုင်း ဒီကားမှာလည်း နာမည်ကြီးစတားတွေ မြိုင်မြိုင်ဆိုင်ဆိုင်သုံးပြီး အိန္ဒိယခရီးစဉ်တစ်ခုကို ရိုက်ပြထားခဲ့တယ်။ အန်ဒါဆန်စကားအရတော့ "အိန္ဒိယဟာ သူမတူအောင် အရောင်အသွေးစုံလင်တဲ့ နိုင်ငံပေါ့။ အိန္ဒိယဟာ သိပ်မြူးကြွနေတဲ့ နိုင်ငံဆိုလည်း ဟုတ်တယ်။ အိန္ဒိယမှာ တစ်ယောက်တည်း အေးဆေးနေချင်လို့တောင် နေမရဘူး"တဲ့။ အိန္ဒိယဟာ ဒီဇာတ်ကားရဲ့ ဇာတ်အိမ်တည်ရာဖြစ်နေရုံတင်မဟုတ်ဘဲ အိန္ဒိယကိုယ်တိုင်ကိုက ဒီဇာတ်ရဲ့အကြောင်းအရာဖြစ်နေတယ်လို့လည်း ဆိုတယ်။ အန်ဒါဆန်ဟာ The Darjeeling Limited ကို ရိုက်တဲ့နေရာမှာ အိန္ဒိယကို သူ့ပုံစံအတိုင်းပဲထားပြီး ရိုက်ကူးခဲ့တယ်။ သူတို့ရိုက်ကွင်းမှာ ရှိနေတဲ့အရာတွေ ...
movie

The Darjeeling Limited (2007)

2007
Paan Singh Tomar (2012) 8.2
Paan Singh Tomar (2012) Paan Singh Tomar (2012) ============== IMDb Rating (8.2/10) / Rotten Tomatoes (89%)ဒီရုပ်ရှင်ကားကြီးကတော့ မင်းသားကြီးအီရ်ဖားန်ခန်း Irrfan Khan အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့ပြီး မင်းသားကြီးနဝါ့ဇ်နဲ့အခြားသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားတဲ့ အီရ်ဖားန်ခန်းရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တကယ်ရှိခဲ့တဲ့ ပန်းဆင်းဂ်တိုမရ်ဆိုတဲ့ အိန္ဒိယစစ်သား အားကစားသမား သူပုန်ကြီးတစ်ယောက်ရဲ့အတုပ္ပတ္တိကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ဘတ်ဂျတ်သန်းခုနစ်ဆယ်သာသုံးပြီးရိုက်ကူးခဲ့ပေမယ့် သန်းနှစ်ရာကျော်ပြန်ရခဲ့တဲ့ထိ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ပန်းဆင်းဂ်တိုမရ်ဆိုတာ အိန္ဒိယစစ်သားတယောက်ပါ။ ၁၉၅၀ခုနှစ်နဲ့ ၁၉၆၀ခုနှစ်တွေကြားက အတားအဆီးဖြတ်ကျော် အပြေးပြိုင်ပွဲတွေမှာ ခုနစ်ကြိမ်တိုင်ချန်ပီယံဆုဆွတ်ခူးခဲ့သူပေါ့။ ၁၉၅၈ အာဆီယံဂိမ်းမှာ အိန္ဒိယကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ မိခင်နိုင်ငံက ထောက်ပံ့ပေးမှုအားနည်းတာရယ် လေ့ကျင့်တုန်းကပြိုင်ရတဲ့ဖိနပ်နဲ့ တကယ်တမ်းပြိုင်တော့စီးရတဲ့ဖိနပ်နဲ့မတူညီတာကြောင့်ဆုမရရှိခဲ့ပါဘူး။စစ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရင်း အသုံးမကျတဲ့အရာရှိက ပေးလာတဲ့အမိန့်ကိုတော့လက်မခံပါဘူးလို့ ဆိုဝံ့သူ။ သူထူးချွန်တဲ့ အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်ရင်း ရွှေတံဆိပ်ဆုတွေဆွတ်ခူးပေးခဲ့သူ။ သူဟာ ရှေ့တန်းထွက်ဖို့ အခွင့်အရေးဆုံးရှုံးတဲ့အခါ ရဲရဲတင်းတင်းပဲ သူထူးချွန်တဲ့ အားကစားကိုစွန့်လွှတ်ခဲ့ပေမယ့် သူ့ရဲ့ ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ဒီလိုနဲ့ အိန္ဒိယစစ်တပ်ကနေအငြိမ်းစားယူပြီး မိသားစုနဲ့အေးအေးချမ်းချမ်းတောင်ယာလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သူတို့ရွာမှာမြေယာအငြင်းပွားမှုကနေ ပိုင်ရာဆိုင်ရာလူတစ်စုက အားနည်းသူတွေကို တရားလက်လွတ် ခြေလွန်လက်လွန်လုပ်ဆောင်လာတဲ့အခါ... နိုင်ငံအတွက်ကျရာတာဝန်တွေကို ထမ်းဆောင်ပေးခဲ့ပေမယ့် ...
movie

Paan Singh Tomar (2012)

Haider (2014) 8.2
Haider (2014) IMDb Rating (8.0) / Rotten Tomatoes (88%)မင်းသား Shahid Kapoor , မင်းသားကြီး Irrfan Khan ,မင်းသမီး Shraddha Kapoor,မင်းသမီးကြီး Tabu တို့နဲ့ ဘောလိဝုဒ်ရဲ့ Rating မြင့် Action,Crime,Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ဒီရုပ်ရှင်ကားက စာရေးဆရာကြီးဝီလီယံရှိတ်စပီးယားရဲ့ "Helmet"ဆိုတဲ့ဇာတ်လေးကိုကျောရိုးကိုယူပြီးပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ ၁၉၉၅ခုနှစ် ကတ်ရှမီးယားဒေသကိုအခြေပြုထားပါတယ်။ ကတ်ရှမီးယားဒေသကိုအခြေတည်ထားတာကလည်းစိတ်ဝင်စားစရာအချက်တချက်ပါပဲ။ လူငယ်လေးတစ်ယောက် သူ့ဖခင်ရုတ်တရက်ပျောက်ဆုံးသွားတဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာပဲ အဲဒီကတ်ရှ်မီးယားဒေသကိုသွားရောက်ခဲ့တာကစတင်ထားပါတယ်။အဲ့ဒီကိုရောက်တဲ့အခါမှာတော့ ဖြစ်စဉ်တွေဟာ သူထင်ထားသလို ရိုးစင်းမနေဘဲ လိုက်လံစုံစမ်းရင်းနဲ့ ဘယ်လိုမြုပ်ကွက်တွေကို ဖော်ထုတ်လိုက်နိုင်မလဲ။ ပျောက်ဆုံးသွားတယ်ဆိုတဲ့ သူ့ဖခင်ကိုရောပြန်တွေ့နိုင်မလား။ နောက်ကွယ်က ဘယ်လိုအကြောင်းတရားတွေရှိနေလည်းဆိုတာကို ခံစားမှုပြင်းရှရှနဲ့ခံစားကြည့်ရှုရမှာပါ။ဇာတ်လမ်းက အချိုးအကွေ့လေးတွေ စိတ်ဝင်စားဖို့ကောင်းတာမို့ဇာတ်ကြောင်းကို မသိထားဘဲ ကိုယ်တိုင်အပြည့်အဝခံစားကြည့်ရှုမှ ပိုကောင်းပါမယ်။ နိုင်ငံတကာမှာ ဘာကြောင့် Rating မြင့်ပြီး နာမည်ကြီးနေလဲဆိုတာ ခံစားဆုံးဖြတ်ပေးကြပါဦး။(ရုပ်ရှင်အညွှန်းကို ကျော်ဇေလတ်မှ ရေးသားပြီး V & Thaik San မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) File size…(2.6 GB)/ (1.3 GB) Quality….BluRay 1080p HEVC /720p ...
movie

Haider (2014)

2014
1080p HEVC
The Lunchbox (2013) 7.8
The Lunchbox (2013) IMDb Rating (7.8) / Rotten Tomatoes (97%)အိန္ဒိယအပြင် အာရှ ရုပ်ရှင်ဆုပေါင်း ၂၈ ခုနဲ့ ဆန်ခါတင်စာရင်းတွေမှာ ၄၈ကြိမ်ပါဝင်ခဲ့တဲ့ လွန်လေသူ မင်းသားကြီး Irrfan Khan ရဲ့ ရုပ်ရှင်လှလှလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်နာမည်က The Lunchbox ထမင်းဘူးလေးတဲ့။ ရုပ်ရှင်တစ်ခုလုံးကို ဒီအပေါ်မှာပဲ ဇာတ်အိမ်တည်သွားတယ်။သွေးအေးနေတဲ့ခင်ပွန်းသည်အတွက် ထမင်းဘူးထည့်ပေးတဲ့ အိမ်ထောင်ရှင်မတစ်ယောက် သူထည့်ပေးလိုက်တဲ့ ထမင်းချိုင့်က တခြားသူတစ်ယောက်ဆီမှားပြီးရောက်သွားရာကနေစလို့ ဒီဇာတ်လမ်းလေး စတင်ပါတယ်။ကိုယ်နဲ့တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ စာလေးတွေကတဆင့် အဖြူရောင်သံယောဇဉ်ကြိုးတစ်ချောင်း ချည်နှောင်တဲ့အခါမှာ ထမင်းချိုင့်လေးက ကြိုးသီသူလေးတစ်ဦးဖြစ်ခဲ့တာပေါ့။သူတို့ ၂ ယောက်က ဒီနေ့ဟင်းတော့ ဆားငန်တယ် ဒီနေ့ဟင်းကတော့ အစပ်များတယ် ဆိုတာက‌စလို့ ကိုယ့်ရဲ့ခံစားချက်တွေ အမှတ်တရတွေကိုပါ ထမင်းချိုင့်ထဲ စာလေးထည့်ပြီးပြောပြကြတဲ့အထိ ရင်းနှီးသွားခဲ့ကြပါတယ်။တစ်ကိုယ်တည်းနေတဲ့ ဖာနန်ဒက်နဲ့ အီလာတို့နှစ်ယောက်ကြား ပို့တဲ့စာလေးတွေကိုဖတ်ရင်း သူတို့ကြားက ထုတ်မပြောတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို တွေ့ရတယ်။ ချစ်ခြင်းမေတ္တာဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနိုင်ပြီး ဖွင့်ဟလို့ရတဲ့နည်းလမ်းတွေအများကြီးရှိကြောင်း ဒီရုပ်ရှင်လေးက သက်သေပါပဲ။ ဒီရုပ်ရှင်မှာ ...
movie

The Lunchbox (2013)

Piku (2015) 7.6
Piku (2015) IMDb Rating (7.6) / Rotten Tomatoes (89%)Deepika Padukone, Amitabh Bachchan နဲ့ Irrfan Khan တို့လို ထိပ်တန်းသရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်ကတော့ ဘောလိဝုဒ်ရဲ့ ထိပ်တန်းဒရမ်မာရုပ်ရှင်ဖြစ်ပါတယ်။ မင်းသမီးဒီပီကား အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို အခြားဆုပေါင်းများစွာလဲ ရရှိခဲ့ပါတယ်...ဇာတ်လမ်းကတော့... နားက မကောင်း၊လုပ်ချင်ရာ ဇွတ်လုပ်တတ်တဲ့ ဖခင် မစ္စတာဘာနာဂျီမှာ ပီကူးဆိုတဲ့ ဗိသုကာပညာရှင် ထက်မြက်တဲ့သမီးတစ်ယောက်ရှိပြီး သူမကလဲ အဖေတူသမီးပီပီ အမြဲ အလုပ်များနေသလို စိတ်ကလည်း မရှည်တတ်ပါဘူး။ဒါကြောင့်လဲ အဖေနဲ့သမီးဟာ အမြဲလိုလို တကျက်ကျက်နဲ့ ကတောက်ကဆ ဖြစ်နေကျပါ။ဒီလိုနဲ့ သူတို့ သားအဖနှစ်ယောက် ကာလကတ္တားကို ခရီးထွက်ဖို့ ဖြစ်လာတဲ့အခါ ပီကူးတို့ သားအဖ နှစ်ယောက်အကြောင်းကို သိတဲ့ ဘယ်သူမှ ကားအငှားမလိုက်ကြပါဘူး။  ဒါပေမယ့် ဘယ်လိုမှ ငြင်းဆိုမရတဲ့အဆုံး ကားအငှားလုပ်ငန်းပိုင်ရှင် ဖြစ်တဲ့ ရာနာကိုယ်တိုင်  ကားလိုက်မောင်းပေးဖို့ဖြစ်လာရပါတော့တယ် ။ ဒီလိုနဲ့ လမ်းခရီးတစ်လျှောက် ...
movie

Piku (2015)

Inferno (2016) 6.4
Inferno (2016) Dan Brown ရဲ့ စာအုပ် Inferno ကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာလဲဇာတ်ကောင် Robert Langdon အဖြစ် တွမ်ဟန့်ကပဲဆက်လက်ပါဝင်ထားပြီးသူ့ရှေ့ကထွက်ခဲ့တဲ့ The Da Vinci Code (2006) နဲ့ Angels & Demons (2009) တို့ရဲ့ Sequel အဖြစ်ထွက်ရှိခဲ့တာပါ။ဇာတ်လမ်းအကျဉ်းကတော့...ပါမောက္ခလန်ဂ်ဒန်ဟာ ဆေးရုံတစ်ခုမှာ မှတ်ဉာဏ်တွေပျောက်ဆုံးပြီးမှ ခေါင်းဒဏ်ရာကြီးနဲ့ နိုးလာခဲ့ပါတယ်...မီးလောင်မြိုက်နေတဲ့ ကမ္ဘာကြီးရဲ့ မြင်ကွင်းကလွဲလို့ ဘာကိုမှသတိမရတော့ဘဲ အတိတ်နဲ့အဆက်အသွယ်ပြတ်သွားတာကြောင့်သူဘာကြောင့်ဆေးရုံရောက်တယ် သူဘာတွေလုပ်ခဲ့တယ် မေ့နေခဲ့ပါပြီ..ဒါကြောင့်သတိရဖို့ကြိုးစားနေတုန်းမှာပဲ သူ့ကိုသတ်မယ့်ဖြတ်မယ့်လူတွေအပြင်အစိုးရအဖွဲ့တွေကပါ သူ့နောက်ကို အသည်းအသန်လိုက်နေတာကို သိလိုက်ရပါတယ်.....သူ့လက်ထဲမှာလဲ ငရဲရဲ့မြေပုံနဲ့ ပဟေဠိတစ်ခု...သူဘာတွေရှုပ်ထားမိပြီလဲ......ဒီလိုနဲ့လူသတ်သမားတွေရန်က ပြေးရင်းလွှားရင်း မှတ်ဉာဏ်တွေ တဖြည်းဖြည်းပြန်ပေါ်လာရင်းသဲလွန်စတွေနောက်ကိုလိုက်ရင်း ကမ္ဘာကြီးရဲ့ သေရေးရှင်ရေးဟာ ဒီပဟေဠိအပေါ်မူတည်နေမှန်း သိလိုက်ရတဲ့အချိန်မှာတော့.....။ File size…(4 GB)/(2.5 GB)/ (1.3 GB) Quality….BluRay DS4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:01:35 ...
movie

Inferno (2016)

2016
Aan: Men at Work (2004) 5.7
Aan: Men at Work (2004) Aan: Men at Work (2004) Action, Crime, Drama IMDb 5.7/10 (3.2K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၀၀ခုနှစ်အလွန်လောက်က ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ မှုခင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်ကြတဲ့ အရှေးကူမား..ဆူနီးရှက်တီး..အစ်ရဖန်းခန်း..ဂျက်ကီရှရော့ဖ်စတဲ့ မင်းသားကြီးတွေအပြင် မင်းသမီး ရဗီနားတန်ဒန်နဲ့ လာရာဒက်သားတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ တခြားသော နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်များစွာနဲ့လည်း အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လူမှန် မြို့ပြင်ထွက်နေ ဆိုသလို ပူနေးမြို့ကနေ မွန်ဘိုင်းမြို့ကို အရာရှိတစ်ယောက်ဟာ နယ်ပြောင်းတာဝန်ကျလာခဲ့ပါတယ်။ရာထူးတိုးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ သူ ရောက်လာတဲ့ မွန်ဘိုင်းမြို့ရဲ့အခြေအနေဟာလည်း တစ်မြို့လုံးကို လူမိုက်ဂိုဏ်းအသီးသီးက အုပ်စိုးကျက်စားနေသလို နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေဟာလည်း လူမိုက်တွေနဲ့ပေါင်းပြီး မတရားစွာ ကြီးစိုးနေခဲ့ကြပါတယ်။အင်အားကြီးသူက အနိုင်စတတ်စမြဲ ဒီလောကကြီးမှာ ရဲတွေဟာလည်း ကျီးလန့်စာ စားနေခဲ့ရပါတယ်။ နာမည်သာရှိပေမယ့် စနစ်ဆိုးကြီးကြောင့် လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လုပ်ပိုင်ခွင့်နဲ့ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေပါ။အဲ့ဒီစနစ်ကြီးကို ဒီအရာရှိနဲ့ သူ့အဖွဲ့က ပြောင်းလဲပစ်ဖို့ ကြံစည်လာတဲ့အခါ တစ်ဖက်က လူမိုက်ဂိုဏ်းအသီးအသီးဟာလည်း ဒီရဲတွေကို ရှင်းထုတ်ပစ်ဖို့ ကြံလာခဲ့ပါပြီ။ဆက်လက်ပြီး ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းနဲ့သွားမလား...။ငွေများတရားနိုင်ဆိုတဲ့ ဇာတ်နာနဲ့သွားမလားဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ဆက်လက်ပြီးရှုစားပေးကြပါဦးနော်...။ File size…3GB ...
movie

Aan: Men at Work (2004)

2004
Life in a Metro (2007) 7.4
Life in a Metro (2007) Life in a Metro (2007) *********************** ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်တို့ရဲ့ အချစ်တော်မင်းသားကြီး အီရ်ဖားန်ခန်းနဲ့ မင်းသမီး ရှီလ်ပါးရှတ်သီးတို့ပါဝင် သရုပ်ဆောင်ထားတဲ့ Romance/Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေး တစ်ကားဖြစ်ပြီး IMDb ratingကလည်း 7.4အထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း အရည်အချင်းပြည့်ဝတဲ့ အကမယ်တစ်ယောက်ဖြစ်တဲ့ ရှီခါဟာ သူမရဲ့ ကလေးနဲ့ အိမ်ထောင်ရေးအတွက် သူ့ရဲ့ပညာရေးနဲ့ သူ့ဘဝတက်လမ်းတွေကို စွန့်လွှတ်ခဲ့ပါတယ်။၇နှစ်လောက် ကြာလာတဲ့အခါမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးအခြေအနေဟာ ယိုယွင်းစဖြစ်နေမှန်း သူမသတိထားမိလာခဲ့တယ်။ ရှီခါဟာ ပြဇာတ်မင်းသားတစ်ယောက်ကို စွဲလမ်းမိသွားပြီး သူမရဲ့ ယောကျာ်းဟာလည်း သူ့ရုံးက ကောင်မလေးတစ်ယောက်နဲ့ ငြိငြိတွယ်တွယ် ဖြစ်လာပါတော့တယ်။ရာဟုလ်ဆိုတဲ့ ဉာဏ်များတဲ့ သူကတော့ သူ့ရဲ့အခန်းကို ခိုးချိန်းကြတဲ့အတွဲတွေကို ငှားလေ့ရှိသတဲ့။ ဒီဇာတ်ကားထဲမှာ အဓိကဇာတ်ကောင် ၉ယာက်ပါဝင်ပြီး သူတို့၉ယောက်ဟာ အချင်းချင်း သိကျွမ်းကြပြီး အားလုံးဟာ မွမ်ဘိုင်းမြို့မှာ အလုပ်လုပ်ကြပါတယ်။တစ်နေ့မှာတော့ သူတို့ ၉ယောက်ရဲ့ ကံကြမ္မာအလှည့်အပြောင်းကြီး ဖြစ်ပေါပြီး တစ်ယောက်နဲ့တစ်ယောက် ကံကြမ္မာချင်းရောယှက်သွားကြ‌ပြီး စိတ်ခံစားချက်ကို အနိုင်ယူဖို့ ကြိုးစားကြတဲ့အခါ ... အရမ်းကောင်းတဲ့ Old but Goldဇာတ်ကားကောင်းလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ်ချစ်သူများ လုံးဝ လက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ ...
movie

Life in a Metro (2007)

2007
Slumdog Millionaire (2008) 8.0
Slumdog Millionaire (2008) ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။၁၅ ...
movie

Slumdog Millionaire (2008)

The Song of Scorpions (2017) 5.9
The Song of Scorpions (2017) The Song of Scorpions (2017) Drama IMDb 5.9/10ဒီတစ်ခါမှာတော့ လွန်လေသွားတဲ့ မင်းသားကြီး အစ်ရဖန်းခန်းရဲ့ အပျောက်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်...ရယူပိုင်ဆိုင်လိုစိတ်များတဲ့ အချစ်က အန္တရာယ်များလွန်းလှပါတယ်ကွယ် ကိုယ်ချစ်ရတဲ့သူကို မလိုတမာနည်းနဲ့ သိမ်းပိုက်ချင်တာကျတော့ ယုတ်မာလေတယ်ပဲခေါ်မလား....ဒါမှမဟုတ် အချစ်စစ်မှန်ရင် မတရားတာမရှိဘူးဆိုတဲ့အဆိုကို ထောက်ခံရမလား....အင်း..ဒီဇာတ်ကားလေးထဲက နူရန်းအပေါ်ထားတဲ့ အာဒံရဲ့အချစ်ကိုပဲ သုံးသပ်ပြီး ဆုံးဖြတ်ကြပါလေတော့....ဒီဇာတ်ကားလေးက လှည့်ကွက်ပေါင်းများစွာပါဝင်နေတဲ့ အချစ်..လက်စားချေမှုနဲ့ သီချင်းတစ်ပုဒ်ရဲ့ကတိကဝတ်အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်...ဆိုတော့ ဆက်လက်ပြီးပဲ ဇာတ်ကားကြည့်ရင်း အချစ်ရဲ့ဒဿနလေးတွေ ထုတ်လိုက်ကြတော့နော်... File size…1.39GB  / 604MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

The Song of Scorpions (2017)

2017
Bajirao Mastani (2015) 7.2
Bajirao Mastani (2015) ဒါရိုက်တာ ဆန်ဂျေးဘန်ဆာလီရဲ့ History နောက်ခံ အချစ် War ဇာတ်ကားဖြစ်ပါတယ်...နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား ရန်ဗီးဆင်း... မင်းသမီး ဒီပီကားနဲ့ ပရီရန်ကားတို့ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းဆိုတော့ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ဇာတ်လမ်းကတော့...စစ်သူရဲကောင်း ဘာဂျီရောဝ် ဟာ 
စစ်ပရိယာယ် ကြွယ်ဝလှပြီး တိုင်းပြည်ရဲ့
အားထားရာ / ပြည်သူ့အချစ်တော်တစ်ဦး
ဖြစ်ပါတယ်။ သူ့မှာ ကာရှီးဆိုတဲ့ ဇနီးချောလေးရှိပြီး သားတစ်ယောက်လည်း 
ပိုင်ဆိုင်ထားသူပါ။တစ်နေ့မှာတော့ သူရဲ့ စစ်မြေပြင်ကို
မဟာမိတ်တိုင်းပြည်မှ မင်းသမီးလေး 
မာစတီးနီ လာရောက်ပြီး စစ်ကူတိုက်ခိုက်ပေးပါဖို့ အကူညီတောင်းခံလာခဲ့ပြီး ဘာဂျီရောဝ်ရဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့်
မင်းသမီး မာစတီးနီ တို့ဘက်မှ အနိုင်ရှိခဲ့ပါတယ်။ဒီ့နောက်မှာတော့ ဘာဂျီရောဝ်ဟာ မင်းသမီးလေးကို
ချစ်မြတ်နိုးလာခဲ့ပြီး သူမပြန်ခင်အချိန်မှာ
 သူ့ဓားမြှောင်လေးကို ပေးခဲ့ပါတယ်။
မင်းသမီး မာစတီးနီတို့တိုင်းပြည်မှာတော့
ဓားမြှောင်ပေးအပ်ခြင်းဟာ လက်ထပ်ခွင့်
တောင်းခြင်းလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ဘာဂျီရောဝ် ကို ချစ်မိခဲ့သူ မာစတီးနီဟာလည်း ဓားမြှောင်လေးကို
တယုတယသိမ်းဆည်းထားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ အချစ်ရဲ့စွန့်စားခန်း
အနေဖြင့် မင်းသမီး မာစတီးနီဟာ ဘာဂျီရောဝ်ကို ...
movie

Bajirao Mastani (2015)

4K HEVC
Gunday (2014)
Gunday (2014) မင်းသမီးချော ပရီရန်ကာချော်ပရာနဲ့ မင်းသားတွေကတော့ ရမ်ဘီဆင်းနဲ့အာဂျွန်းကပူးတို့ပါ...Irrfan Khan လဲပါပါသေးတယ်။ငယ်ငယ်က ဘဝနာခဲ့ရတဲ့ သူငယ်ချင်း ၂ ယောက် လူမိုက်လူကြမ်းကြီးတွေအဖြစ် ကြီးပြင်းလာကြရာကနေသူတို့ဘဝထဲကို အကအလှမယ်လေးတစ်ယောက် ဝင်လာတဲ့အခါမှာတော့...၃ ပွင့်ဆိုင် အချစ်နဲ့ သူငယ်ချင်း ညီကို သံယောဇဉ်တွေကြား ဗျာများရပုံတွေနဲ့...သူတို့ရဲ့ ဒုစရိုက်မှုတွေကြောင့် ရဲတွေကလဲ အချီကြီးလိုက်ကြနေတဲ့အခါမှာဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ...။Fun ဖြစ်အောင် ရောင်စုံအလှ အက ရသစုံတင်ဆက်ထားတဲ့ အက်ရှင်ဒရမ်မာရုပ်ရှင်ကားပါ။Budget ရူပီး 310 Million ကုန်ချခံရိုက်ကူးခဲ့ပြီး Box office ဝင်ငွေ ရူပီး 1200 Million ကျော်မြတ်စွန်းခဲ့ပါတယ်။ File size…(3.8 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

Gunday (2014)

Maqbool(2003) 8.1
Maqbool(2003) Maqbool(2003) အညွှန်း*******************IMDb...8.1ရည်မှန်းချက်ကြီးတာ ကောင်းသလားလို့မေးရင် ကောင်းတာပေါ့လို့ပဲ အတော်များများက ဆိုကြမယ်ထင်ပါရဲ့ ဒါပေမဲ့ အဲဒီရည်မှန်းချက်ဆိုတာကြီးကို အကျင့်စာရိတ္တနဲ့ ကိုယ်ကျင့်တရားက ချွန်းလို မအုပ်နိုင်ရင်တော့ ကိုယ်တင်မကဘူး ကိုယ့်ဘေးက လူတွေကိုပါ ပျက်စီးစေတတ်တယ်ဆိုတာကို ဒီဇာတ်ကားရယ် Shakespeare ရေးခဲ့တဲ့ Macbeth ပြဇာတ်ရယ်က သက်သေခံနေပါတယ်....နာမည်က မီယန်မက်ဘူး သိပ်တော်ပြီး ပါးနပ်လို့ ပါပါကြီးဆိုတဲ့ မွမ်ဘိုင်းက မာဖီယားခေါင်းဆောင်ကြီး အားအကိုးရဆုံး ညာလက်ရုံးတစ်ယောက်ပေါ့ ပါပါကြီးနားမှာ သူနေလာခဲ့တာ ၂၅ နှစ်ရှိပြီ ပါပါကြီးရဲ့အသက်ကို ကယ်ခဲ့ပေါင်းလည်းမနည်းဘူး ပါပါကြီးကလည်း သူမှသူ ဆိုပါတော့လေဒါပေမဲ့ သူ့မှာ လျှို့ဝှက်ချက်တစ်ခုရှိတယ် အဲဒါကတော့ ပါပါကြီးရဲ့အမြှောင်မယား နင်မီနဲ့ တိတ်တိတ်ပုန်းချစ်ကြိုက်နေတာပါပဲ မဖြစ်သင့်တဲ့အချစ်တစ်ခုရယ် ဘေးနားက မြှောက်ထိုးပင့်ကော်လုပ်တတ်သူတွေရယ်ကြောင့် စိတ်အလိုလိုက်ပြီး ထင်ရာစိုင်းမိတဲ့ မက်ဘူးတစ်ယောက် တွေ့ကြုံရတဲ့ကံကြမ္မာတွေကတော့-Awards မျိုးစုံရရှိထားပြီး နာမည်ကျော်မင်းသားကြီး Irrfar Khan က မက်ဘူးအဖြစ် သရုပ်ဆောင်ထားပါတယ် File Size : (2.02GB)  ,(957 MB) , (164MB) Quality :Blu-Ray1080P5.1Ch,720p Format…mp4 Duration…02:12:00 Genre :Crime,Drama & Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May ...
movie

Maqbool(2003)

The Amazing Spider-Man (2012) 7.0
The Amazing Spider-Man (2012) ဒီ The Amazing Spiderman ပထမကားလေးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်ပီတာSpiderman စတင်ဖြစ်လာတဲ့အချိန်လေးကိုရိုက်ထားတာပါ။အောင်မြင်မှုများစွာရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ရုံဝင်ငွေဒေါ်လာ၇၅၇.၉သန်းထိရရှိခဲ့တဲ့ကားလေးပါ။၂၀၀၀ခုနှစ်ပီတာတယောက်ကလေးဘဝမှာဖခင်ဖြစ်သူရဲ့စာကြည့်ခန်းဖောက်ထွင်းခံရတာနဲ့စပြီးသူတို့မိသားစုလေးတကွဲတပြားစီဖြစ်သွားခဲ့ရပါတယ်။မိဘဖြစ်သူတွေထူးဆန်းစွာပျောက်ဆုံးသွားပြီးပီတာတယောက်အန်တီမေနဲ့ဦးလေးဘန်တို့ရဲ့စောင့်ရှောက်မှုအောက်မှာပဲကြီးပြင်းခဲ့ရပါတယ်။နှစ်များစွာကြာပြီးနောက်ပီတာလည်းအထက်တန်းကျောင်းသားကြီးဖြစ်နေပါပြီ။အဖေ့သွေးပါသူဖြစ်တော့ဉာဏ်ထက်မြက်သူတယောက်ဖြစ်ပါတယ်။အဲဒီမှာပဲဂွမ်န်စတေစီဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းစတင်ခဲ့တာပေါ့။တနေ့အိမ်မှာနေရင်းပီတာတယောက်ဖခင်ဖြစ်သူရဲ့အိတ်တအိတ်ကိုတွေ့ပြီးသုတေသနစာရွက်စာတမ်းဟောင်းတွေဓာတ်ပုံတွေကိုတွေ့ရှိသွားပါတယ်။အဲဒီဓာတ်ပုံကနေတဆင့်ဖခင်ဖြစ်သူနဲ့အတူအလုပ်လုပ်ခဲ့တဲ့ သိပ္ပံပညာရှင်ဒေါက်တာကာ့ကော်နာစ်တယောက်OScorpဆိုတဲ့ မျိုးစိတ်ဗီဇတွေကိုသုတေသနလုပ်နေတဲ့နေရာမှာ အလုပ်လုပ်နေကြောင်းသိလိုက်ရပါတယ်။အဲဒါနဲ့ပဲ ဖခင်အကြောင်းတွေကိုသိချင်နေတဲ့ပီတာတယောက်Oscorpထဲကိုခိုးဝင်ရာကစပြီးSpidermanဆိုတဲ့ဇာတ်ကောင်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။လက်တွေ့ကျကျပြန်လည်မွမ်းမံပြီးထုတ်လုပ်ထားတဲ့အတွက်ဒီကားလေးဟာတော်တော်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။အဲတော့နောက်ပိုင်းSpidermanပေါက်စ ဘာတွေဘယ်လိုလူသားအကျိုးဆောင်ရွက်မလဲဆိုတာတော့ဇာတ်ကားလေးကိုပြန်စားမြုပ်ပြန်လိုက်ကြရအောင်ပါ။ File size…(4.9 GB)/(2.2 GB)/(900 MB) Quality….BluRay 4K HEVC/ DS4K 1080p HEVC / 720p Format…mkv/mp4 Duration….02:16:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie

The Amazing Spider-Man (2012)

2012
4K HEVC
Billu(2009) 6.3
Billu(2009) Billu (2009)ဒိဇာတ်ကားလေးကတော့ IMDb rating 6.2အထိရရှိထားပြီး ရှာရွတ်ခန်းနဲ့ အီရ်ဖာန်းခန်းတို့ရဲ့ Musical/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း*********************အရမ်းနာမည်ကြီး မင်းသားတစ်ယောက်ဖြစ်တဲ့ ရှာဟိရ်ခန်း(ရှာရွတ်ခန်း)ဟာရွာလေးတစ်ရွာမှာ ရုပ်ရှင်ရိုက်ချင်တဲ့ စိတ်ကူးကို အကောင်အထည်ဖော်တဲ့အချိန်မှာအဲ့ဒီရွာမှာရှိတဲ့ အဆင်းရဲဆုံး ဆံသဆရာ ဘိလ္လူး(အီဖာရ်န်းခန်း) နဲ့သူငယ်ချင်းတွေဖြစ်တယ်ဆိုတဲ့ ကောလဟာကတဆင့် သူတို့ရဲ့လူနေမှုဘ၀ကိုပါရိုက်ခတ်မှုတွေကြုံလာရပါတော့တယ်။ တကယ်ပဲ သူတို့ကြားမှာ ဆက်နွယ်မှုတွေများ ရှိမလား။ရုပ်ရှင်လာရိုက်ကြတဲ့အခါ ဘာတွေများ ဆက်ဖြစ်ကြမလဲဆိုတာတော့ ရုပ်ရှင်ထဲမှာဆက်လက်စီးမျောကြပါ။ Legendary ခန်း နှစ်ယောက်ဖြစ်ပြီး Musical/Dramaအမျိုးအစားမို့လို့ ဘောလိဝုဒ် ပရိတ်သတ်တွေ လက်မလွှတ်သင့်ပါကြောင်းအညွှန်းနဲ့ဘာသာပြန်တွေကတော့ Sai Thurein Lynn, Thaik San နဲ့ Lwin Htoo Aung တို့ပဲ ဖြစ်ပါတယ်။My response File size…2.21GB /  1.2GB Quality…1080p Blu Ray HEVC AAC 5.1CH Format…Mp4 Duration….2h 17mins Subtitle….Myannmar Subtitle (Hard  Sub) Encoder….YK Translated by ...
movie

Billu(2009)

2021
HEVC 1080p BluRay
Madaari (2016) 7.6
Madaari (2016) IMDb Rating (7.6) / Rotten Tomatoes (78%)အသက် ၁၀ နှစ်အရွယ် ရိုဟန်ဆိုတဲ့ကျောင်းသားလေးတစ်ယောက် ပြန်ပေးဆွဲခံရတယ်။ ရိုဟန်က ပြည်ထဲရေးဝန်ကြီးရဲ့ တစ်ဦးတည်းသော သား။ဆိုတော့ကာ စစ်တပ်ရော ဗဟိုထောက်လှမ်းရေးအဖွဲ့ပါ ပိုက်စိပ်တိုက် လိုက်ရှာကြရရော။ ဝန်ကြီးရဲ့သား ပျောက်နေတယ်ဆိုပြီး မီဒီယာတွေကို အသိပေးလိုက်ရင် ပြန်ပေးဆွဲတဲ့လူက ကြောက်လန့်ပြီး ကလေးကို သတ်ကာ တိမ်းရှောင်သွားနိုင်တာကြောင့် အတတ်နိုင်ဆုံး တိတ်တဆိတ်ပဲ စုံစမ်းထောက်လှမ်းကြတယ်။ရိုဟန်နဲ့ သူ့သူငယ်ချင်းတစ်ယောက်က တခြားကျောင်းသားတွေ အိပ်ပြီဆိုရင် အဆောင်ကနေ ခိုးထွက်ပြီး ညလယ်စာတွေ ဝယ်စားတတ်တယ်။ ရိုဟန် ပြန်ပေးဆွဲခံရတာဟာလည်း အဲဒီလိုမုန့်ထွက်စားတဲ့ညတစ်ညမှာ ဖြစ်ပျက်သွားခဲ့တာ။ ရိုဟန့်သူငယ်ချင်းက လမ်းပေါ်မှာ လဲကျပြီး အိပ်ပျော်ကျန်နေခဲ့တော့ စစချင်းမှာ ကလေးချင်း မှားပြီး ပြန်ပေးဆွဲခံရတာလို့ ကောက်ချက်ဆွဲကြသေးတယ်။ဝန်ကြီးတို့တစ်တွေ အခက်တွေ့ကြတဲ့ကိစ္စတစ်ခုကတော့ ရိုဟန့်ကို ပြန်ပေးဆွဲသွားတဲ့လူဆီကနေ ဘာတစ်ခုမှ ဆက်သွယ်မလာတာပဲ။ ပိုက်ဆံလိုချင်ရင်လည်း ပြန်ပေးသမားအနေနဲ့ ဆက်သွယ်သင့်ပြီ။ အခုကျ ...
movie

Madaari (2016)

English Medium (2020) 7.6
English Medium (2020) IMDb 7.7/10Rotten 50%ဘောလီဝုဒ်ဖန်တွေအတွက် သဘာဝမင်းသားကြီး Irrfan Khan ရဲ့နောက်ဆုံးထွက် ကားသစ်ကားကောင်းတစ်ကားကို တင်ဆင်ပေးလိုက်ပါတယ်မိသားစု ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်မိသားစုတွေနဲ့အတူ ရယ်ရယ်မောမောနဲ့ ခံစားလိုက်ကြပါဦးဇာတ်လမ်းကတော့အိန္ဒိမုန့်အချိုဆိုင်ပိုင်ရှင် လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ ချမ်ပက်ဟာသမီးတစ်ယောက်နဲ့ မုဆိုးဖိုးတစ်ယောက်ဖြစ်ပါတယ်ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် သူ့သမီးကို အဖေလိုရော အမေလိုပါ လိုလေသည့်မရှိရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်ဒါပေမဲ့ သူ့သမီးဖြစ်သူ တာရူးဆီမှာတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားသွားချင်တဲ့အိပ်မက်တစ်ခုရှိပါတယ်ဒီလိုနဲ သူ့သမီးအရွယ်ရောက်လာတဲ့အခါ အထက်တန်းကျောင်းပြီးတော့လန်ဒန်မှာ တက္ကသိုလ်ဆက်တက်ချင်တဲ့ အိပ်မက်ကိုဘယ်လိုအကောင်အထည်ဖေါ်ပေးမလဲဆိုတာ ဆက်လက်ကြည့်ရှု့လိုက်ပါဦးဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…. File Size : (950 MB) and (450 MB) Quality : WEB-DL 720p Running Time : 2hr 25min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p ...
movie

English Medium (2020)

2020
Karwaan (2018) 7.9
Karwaan (2018) Bollywood ပရိသတ်တွေအတွက် မင်းသားကြီး အစ်ဖန်းခန်း(မ်)ရဲ့ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်IMDb 8/10 နှင့် Rotten 71%ထိရရှိထားပြီး အမှန်အကန် ဟာသ, ဒရာမာ ဇာတ်လမ်းကောင်း တစ်ပုဒ်လည်းဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ...အဗီနက်(ရှ်) ========= လောကမှာ ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျတယ်ဆိုတာ အင်မတန်ပြီးပြည့်ဆုံတဲ့ တောင်းဆုတစ်ခုမဟုတ်လားဒါပေမဲ့ ကံကြမ္မာမျက်နှာသာမပေးတဲ့အခါတွေမှာ ကိုယ့်ဆန္ဒတွေ ဝါသနာတွေကို ဘေးချထားပြီး ပျော်ရာမနေ တော်ရာမှာနေရတဲ့သူတွေ ဒုနဲ့ဒေးပါဝါသနာပါရာကိုလျှောက်လှမ်းခွင့်မပြုခဲ့တဲ့အဖေကြောင့်စိတ်မပါတဲ့အလုပ်တစ်ကိုလုပ်လူသာရှင်ပြီး ဘဝသေဆုံးသူတစ်ယောက် မျက်နှာအပျော်အပြုံးဆိုတာ မမြင်ရသလောက်ပဲတနေ့အလုပ်ကအပြန်မှာ ဖုန်းတစ်ခုဝင်လာခဲ့တယ်သူ့အဖေ ဘုရားဖူးသွားရင်း ယာဉ်မတော်တဆမှုကြောင့် ဆုံးသွားပြီတဲ့အလောင်းကို နီးစပ်ရာလေယာဉ်ကွင်းကာဂိုမှာ သွားထုတ်လိုက်ပါဆိုပြီး လှမ်းပြောခဲ့တယ် ...-----------------------------------------------------------------------------ရှောကတ် ======= ပျော်ပျော်နေတတ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူ အဗီနက်(ရှ်)ရဲ့ သူငယ်ချင်းသူ့အဖေသတင်းကို ရှောကတ်ကိုပြောပြပြီး ဗန်ကားလာဌားတဲ့ အဗီနက်(ရှ်)ကို မင်းအဖေက ငါ့အဖေပါပဲဆိုပြီး ကိုယ်တိုင် အလောင်းသယ်ဖို့ နှစ်ယောက်သား သွားခဲ့ကြတယ်------------------------------------------------------------------------------အဲဒီမှာပြဿနာတစ်ခုတက်တော့တာပဲအလောင်းသွားထုတ်တဲ့အချိန်မှာ အဗီနက်(ရှ်)အဖေရဲ့ အလောင်းမဟုတ်ဘဲ အမျိုးသမီးအလောင်းကြီး တစ်ခုဖြစ်နေတယ်အဗီနက်(ရှ်)အဖေရဲ့အလောင်းကမှားပြီး ကိုချီကိုရောက်သွားပြီး ကိုချီကအဖွားကြီးတစ်ယောက် အလောင်းက သူ့ဆီရောက်လာတယ်မှားသွားတဲ့အလောင်းအတွက် အလောင်းလဲလှယ်ရေးလုပ်ဖို့ အဗီနက်(ရှ်)နဲ့ ...
movie

Karwaan (2018)

2018