Channel Myanmar

Isaac C. Singleton Jr.

Hunter Prey (2010) 5.8
Hunter Prey (2010)  ဇာတ်လမ်းအစကတော့ ဂြိုလ်တစ်ခုပေါ်ကိုယာဉ်တစ်စီးပျက်ကျလာတယ်။ ယာဉ်ပေါ်ကတာဝန်ရှိတဲ့လူတွေထိခိုက်ဒဏ်ရာဖြစ်နေချိန်မှာ အကျဉ်းသားတစ်ယောက်ကလက်နက်ယူပြီးထွက်ပြေးသွားတယ်။ဒုဗိုလ်ဖြစ်တဲ့ ဆန်တူရီဟာ သူ့လူတွေသေဆုံးရတာဖြစ်တဲ့အတွက် အထက်အရာရှိဖြစ်တဲ့ ကွန်မန်ဒါကာဇာကိုအကျဉ်းသားရဲ့ အခြေအနေအစစ်အမှန်ကိုသိချင်နေတယ်။ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်တဲ့အတွက်မပြောချင်လို့ ကာဇာဟာဝေ့လည်ကြောင်ပတ် ဖြေရင်းအကျဉ်းသားကိုလိုက်ဖမ်းဖို့လုပ်နေတယ်။ ဌာနချုပ်ကအကျဉ်းသားကိုအသက်ရှင်လျက်လိုချင်တာဖြစ်တာကြောင့် တစ်ခုခုမဖြစ်ခင်မှာဖမ်းချင်တဲ့အတွက်အမိန့်ကိုနာခံရင်း ကာဇာက ကျန်တဲ့နှစ်ယောက်နဲ့အတူလိုက်ဖမ်းပါတော့တယ်။ တိုက်ခိုက်ရည်ကျွမ်းကျင်မှုကြောင့်ဂြိုလ်ရဲ့ကျောက်စောင်းတစ်နေရာမှာ တပ်သားတစ်ယောက်ထပ်မံဆုံးသွားတဲ့အတွက် ဆန်တူရီဟာ ကာဇာကိုအတော်လေးစိတ်ဆိုးသွားတယ်။ ဖြစ်ရပ်မှန်ကိုသိချင်ကြောင်းနဲ့မပြောပြရင် တစ်ယောက်တည်းလိုက်ဖမ်းမယ်လို့အတင်းခြိမ်းခြောက်တဲ့အတွက် ကာဇာကပြောပြလိုက်တယ်။အကျဉ်းသားဟာ သူတို့ဖျက်ဆီးခဲ့တဲ့ကမ္ဘာဂြိုလ်ရဲ့နောက်ဆုံးအသက်ရှင်ကျန်ရစ်သူဖြစ်ပြီးငါတို့ကိုလက်စားချေဖို့အတွက် နူကလီယားဗုံးတင်ထားတဲ့ယာဉ်ကို ငါတို့ဂြိုလ်ဆီကိုလွှတ်လိုက်တဲ့အတွက် ယာဉ်ရဲ့တည်နေရာကိုမဖြစ်မနေသိရဖို့ အသက်ရှင်လျက်ဖမ်းရမှာဖြစ်ကြောင်းပြောပြလိုက်တဲ့အခါမှာတော့.... File size…1.49GB / 714MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Sci-fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Hunter Prey (2010)

Galaxy Quest (1999)
Galaxy Quest (1999)   IMDb-7.4/10 ~ RT-90% "ဘယ်တော့မှ အရှုံးမပေးနဲ့၊ ဘယ်တော့မှ အညံ့မခံနဲ့" ဆိုတာကတော့ "Galaxy Quest" ဆိုတဲ့ နာမည်ကြီးတီဗီရှိုးမှာ အန်အီးအက်စ်‌အေ ကာကွယ်သူယာဉ်ရဲ့ ကွန်မန်ဒါ ပီတာ ကွင်စီ တက်ဂါ သုံးခဲ့တဲ့လက်သုံးစကားပါ။ "Galaxy Quest" တီဗီရှိုးဟာ နာမည်‌ ကျော်လူကြိုက်များ အောင်မြင်ခဲ့‌ပေမဲ့လည်း ဖျက်သိမ်းခံလိုက်ရပြီး ဒီစီးရီးနဲ့ပတ်သတ်တဲ့ Geek တွေ၊ အရူးအမူးအားပေးတဲ့ ပရိသတ်တွေက ၁၈ နှစ်ကျော်တဲ့အထိ နှစ်စဉ်နှစ်တိုင်းတွေ့ဆုံပွဲတွေလုပ်နေကြတုန်းပါပဲ။ တွေ့ဆုံပွဲတိုင်းမှာလည်း မူလသရုပ်ဆောင်တွေကိုဖိတ်ခေါ်ပြီး လက်မှတ်ထိုးတဲ့အစီအစဉ်တွေကိုပြုလုပ်ကြလေ့ရှိပါတယ်။ဒီလိုအရူးအမူးအားပေးတဲ့ အထဲမှာ သာမီယန်းဂြိုလ်သားတွေပါ ပါဝင်ပြီး ဒီစီးရီးကို တကယ့်ဖြစ်ရပ်မှတ်တမ်းတွေအဖြစ် မှတ်ထားခဲ့ကြတာပါ။ ဒီလိုနဲ့ပဲ ၁၈ နှစ်ပြည့် တွေ့ဆုံပွဲမှာတော့ ကွန်မန်ဒါ တက်ဂါနေရာမှာသရုပ်ဆောင်တဲ့ ဂျေဆင် နက်စမစ်ဆီကို သာမီးယန်းဂြိုလ်သားတွေရောက်ရှိလာပြီး သူတို့ကိုနှိပ်စက်နေတဲ့ ဆဲရစ်ဆိုတဲ့ လူဆိုးကြီးနဲ့ညှိနိုင်းပေးဖို့ အကူအညီတောင်းပါတော့တယ်။ ဂျေဆင်လည်းသူ့ကိုသရုပ်ဆောင်ခိုင်းနေတယ်အထင်နဲ့ သာမီးယန်းယာဉ်ပေါ်လိုက်သွားပြီး ဆဲရစ်ကို‌အမြှောက်စာ နှစ်ချက်ကျွေးလိုက်ပြီး ...
movie

Galaxy Quest (1999)

Breakout (2023)
Breakout (2023) အထူးလျှို့ဝှက်တပ်ဖွဲ့ဝင်ဟောင်း အဲလက်စ်ဟာ ထောင်ကျနေတဲ့သားဖြစ်သူကိုလာတွေ့ရင်း ထောင်ထဲက အကျဉ်းသားတစ်ယောက်က အရာရှိတွေကိုလုပ်ကြံပြီး ထောင်ကိုအပိုင်စီးတဲ့ဖြစ်ရပ်နဲ့ကြုံလို့ သူပါ ထောင်ထဲမှာပိတ်မိခဲ့ပါတယ်။ သူ့သားဖြစ်သူပါ ထောင်ထဲမှာရှိနေတော့ ကယ်ထုတ်ဖို့လုပ်ရင်း အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တာနဲ့အညီ တိုက်ရည်ခိုက်ရည်တွေကိုအသုံးချပြီး ထောင်ကျနေလျက်ကနေ လုံခြုံရေးတွေကို သူ့ဘက်ပါအောင်လုပ်ပြီး ထောင်ကိုစီးနင်းနိုင်တဲ့အထိ ဉာဏ်နီဉာဏ်နက်များတဲ့ ရာဇဝတ်သားနဲ့ အားပြိုင်သွားမယ့်ပုံတွေကို ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.1 GB)/(600 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May
movie

Breakout (2023)

Pirates of the Caribbean: The Curse of the Black Pearl(2003) 8.0
Pirates of the Caribbean: The Curse of the Black Pearl(2003) Pirates of the Caribbean: The Curse of the Black Pearl(2003) IMDb...8,,,Rotten....79% ကျွန်တော်တို့ အသည်းကျော်ကြီး ကပ္ပတိန် ဂျက်စပဲရိုး တစ်ယောက် 2003 ခုနှစ်မှ ာ ထွက်ခဲ့တဲ့ Pirates of the Caribean ထဲမှာ ဘာတွေ အလုပ်ရှုပ်ခဲ့တာလဲ ဆိုတာလေး ပြန်နွေးပါရစေ.. ဒီထဲမှာ မြို့တော်ဝန်ရဲ့သမီး အဲလစ်ဇဘတ်သ်ဆွမ်း ငယ်စဉ်က သင်္ဘောပေါ်ကနေ ပင်လယ်ထဲ ငေးရင်း ကောင်လေးတစ်ယောက် မျောလာတာကနေ ဇာတ်လမ်းစထားတာပါ... သူတို့ ကြီးပြင်းလာတဲ့အခါ ရေထဲမျောပါလာတဲ့ ဝေလ်တန်နာဆိုတဲ့ကောင်လေးက ပန်းပဲဖိုက သာမန်ပန်းပဲသမားလေးတစ်ယောက် ဖြစ်လာပါတယ်..  ဒါပေမဲ့ သူ့မှာလဲ လျှို့ဝှက်တဲ့ နောက်ကြောင်းက ရှိနေပြန်ရော... တစ်နေ့မှာ အဲလစ်ဇဘတ်သ်ကို ကပ္ပတိန်ဘာဘိုဇာက ပြန်ပေးဆွဲသွားတယ် ဘာဆိုဇာဆိုတဲ့ သူကတော့ ရတနာသိုက်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဂျက်နဲ့ သဘောထားကွဲလွဲတော့ ဂျက်ဆီကနေ ပုလဲနက်ကို လုသွားတဲ့ကောင်ပေါ့.. ဖြစ်ချင်တော့ ဘာဘိုဇာနဲ့ သူ့တပည့် သင်္ဘောသားတွေဟာ ရှေးဟောင်းကျိန်စာတစ်ခုကို မိနေပြီး အသက်လည်း မရှင်နိုင် သေလည်း ...
movie

Pirates of the Caribbean: The Curse of the Black Pearl(2003)

2003
4K HEVC
Deadpool (2016) 8.0
Deadpool (2016) ကဲ . . . cmပရိတ်သက်တို့တွေမျှော်လင့်နေတဲ့ နွေရာသီရဲ့နေ့လေးတစ်နေ့ရောက်လာပါပြီ။ အခုတင်ပေးမယ့်ကားလေးကို ပရိတ်သတ်များအချိန်တော်တော်ကြာအောင်မျှော်လင့်တောင်းဆိုစောင့်စားခဲ့ကြသလို ကျွန်တော်တို့ CM Team တစ်ခုလုံးလည်းမျှော်လင့်စောင့်စားနေခဲ့ကြတာပါပဲ။ ဒီနေ့ကတော့ Deadpool Day of Channel Myanmar လို့ပဲ ပရိတ်သက်ကြီးသိထားပေးပါ။ Marvel ကားတွေထဲမှာမှ IMDb rating 8.0/10 ထိတောင်ရယူနိုင်ခဲ့ပါတယ်။(မြန်မာနိုင်ငံရဲ့ရုံတွေမှာတင်ပြသွားတုန်းလို ဆင်ဆာလုံးဝမဖြတ်ထားပါဘူး။)Deadpool Review ************** မျက်နှာပြောင်လှတဲ့ Deadpool ရုပ်ရှင်က ဇာတ်လမ်းစ စာတန်းထိုးကတည်းကကို ပြောင်ပါတယ်။ ဇာတ်လမ်းပြီး စာတန်းထိုးပြီးတဲ့ထိပါပဲ။ ညစ်တီးညစ်ပတ် ဟာသတွေ၊ မျက်နှာပြောင်နေတာတွေက ကြည့်တဲ့လူကို ရုပ်ရှင်တစ်ကားလုံး မပျင်းရအောင် လုပ်ထားနိုင်တယ်။ ညစ်တီးညစ်ပတ်ဟာသ ဆိုတာ အပြောသာဆိုးတာ တကယ်ဆိုမြန်မာကားတွေထဲမှာ ဒီလိုဟာတွေက ကလေးတောင်သိတဲ့ ဟာသတွေပါ။ ဒါပေမဲ့ Deadpool ထဲက joke တွေတော်တော်များများက ကျွန်တော်တို့ နားမလည်ပါဘူး။ သူတို့ပြောတာနားမလည်တာရယ် တချို့ဟာတွေက သူတို့ နိုင်ငံမှာပဲ ရှိလောက်မဲ့အကြောင်းတွေဖြစ်နေလို့ပါ။မင်းသား ...
movie

Deadpool (2016)

2016
4K HEVC
Warfighter ( 2018 ) 5.6
Warfighter ( 2018 ) ဒီဇာတ်ကားထဲမှာတော့ action,drama,romance သုံးခုစလုံးပါဝင်နေပါတယ်ဇာတ်ကားရဲ့အဓိကဇာတ်ဆောင်မင်းသားဟာလက်တွေ့နဲ့အိပ်မက်ဆိုးနှစ်ခုကြားမှာနေ့တိုင်းနီးပါးရှင်သန်နိုင်ဖို့ကြိုးစားနေရပြီးတဖက်မှာလည်းအိမ်ထောင်ဦးစီးတာဝန်မလစ်ကွက်အောင်အဲ့ဒါအပြင်သူ့အလုပ်ဖြစ်တဲ့စစ်သားတယောက်ရဲ့တာဝန်ကိုလည်းထမ်းဆောင်ရင်းနေထိုင်သူတယောက်ပါတနေ့မှာတော့ သူတို့အဖွဲ့ကိုအထူးစုံစမ်းဖို့စေလွှတ်ခြင်းခံရပါတယ်လုပ်ရမယ့်စစ်ဆင်ရေးကအထူးစုံစမ်းရေးဖြစ်ပေမယ့်ဟိုမှာဖမ်းခံထားရတယ့်ဓါးစာခံတွေကိုတွေ့တဲ့အခါမှာတော့ဘယ်လိုလုပ်ဖို့ဆုံးဖြတ်ခဲ့ကြမလဲ..စစ်ဆင်ရေးအောင်မြင်ပြီးသူတို့မိသားစုတွေဆီပြန်လာနိုင်မလား....အိပ်မက်ဆိုးကအမြဲနှောင့်ယှက်ခံနေရတယ့်မင်းသားကရောစစ်ဆင်ရေးနဲ့အဲ့အိပ်မက်ဆိုး ၂ခုကိုဘယ်လိုတိုက်ခိုက်မလဲဆိုတာ....ဒီကားထဲမှာ မိသားစုတွေရဲ့စိုးရိမ်ပူပန်မှု,ညီအကိုချစ်စိတ်ဓါတ်တွေ,သစ္စာရှိမှုတွေ,သူတို့အဖွဲ့ခေါင်းဆောင်အမိန့်ကိုနောက်ဆုံးချိန်ထိတာဝန်ယူမှုတွေကိုဝမ်းနည်းစွာကြည့်ရှူ့ရမှာဖြစ်ပါတယ် File Size : (986 MB) & ( 369 MB)Quality : WEB-DL 720pRunning Time : 1 hr 45 minFormat : Mp4Genre :  Action , Drama , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

Warfighter ( 2018 )

2018