Channel Myanmar

Isabelle Fuhrman

Sheroes (2023)
Sheroes (2023) Sheroes 2023အခုတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ခေါင်းစဉ်လေးအတိုင်းပါပဲ ဟီးရိုးမဟုတ်ပါဘူး "ရှီးရိူး" ပါ အဲ့တော့ ကောင်မလေးတွေအစွမ်းပြမဲ့ကားတစ်ကားပေါ့ ဘယ်လို အစွမ်းပြမလဲဆိုတော့ ဇာတ်ကားက ဒီလိုပါ။သာမန်မိန်းကလေး လေးယောက်ပေါင်းပြီးတော့ ထိုင်းနိုင်ငံဖူးခက်မှာ လောင်းကျော်ကြဖို့ ပရိုက်ဗိတ်လေယာဉ်ကြီးနဲ့ချီတက်လာတဲ့အခါမှာ သူတို့အိတ်နဲ့ဆေးအိတ်နဲ့မှားပြီးတော့ ထိုင်းက မူးယစ်ဂိုဏ်းစတားကြီးတွေနဲ့ သွားရှုပ်မိတော့တာပါပဲ။ အပိုဆောင်းအနေနဲ့ကတော့ သူတို့သူငယ်ချင်းလေးတစ်ယောက်ပါ အဖမ်းခံရပါတော့တယ်ဒါပေမဲ့ ဇာတ်လမ်းထဲက ဒါရိုက်တာကြီးရဲ့သမီးတော်လေးက တွမ်ခရုဘာညာရှုံးတဲ့ အေးဂျင့်စကေးလ်တွေကို သူ့ဖားသားကြီးရိုက်လာတာ ကြည့်ရင်း တစ်သက်လုံးကြီးပြင်းခဲ့ရသူလေးမို့ ခုလည်း ထင်ရာမြင်ရာမူးယစ်ဂိုဏ်းနဲ့အပြိုင် သူတို့သူငယ်ချင်းကို ဘယ်လိုဉာဏ်တွေ သုံးပြီ ပြန်ကယ်တင်ကြမလဲဆိုတာကတော့ ...မင်းသမီးလေး လေးယောက်လုံးက ချစ်စဖွယ်ကညုတုတုရုပ်လေးတွေဖြစ်တဲ့အပြင် အပြောအဆိုတွေကလည်း အင်မတန်ယဉ်ကျေးပြီး လူကြီးခန်းလေးတစ်ချို့တစ်လေလည်းပါတာမလို့ မိသားစုနဲ့ မကြည့်ရှုကြရန် ကြိုတင်သတိပေးလိုက်ရပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thu Rein Lynn ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure Quality…. 1080p | 720p | 480p File size… 1.3GB | 756MB | 363MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle ...
movie

Sheroes (2023)

2023
The Last Thing Mary Saw (2021) 5.7
The Last Thing Mary Saw (2021) The Last Thing Mary Saw (2021)========================== ဇာတ်လမ်းကို 1840 တုန်းက မေရီဆိုတဲ့ကောင်မလေးတစ်ယောက်အဖမ်းခံရပြီး သူ့ရဲ့နောက်ကြောင်းကိုပြန်ပြောင်းပြောပြတာကနေစတာပါ။မေရီဟာ မိန်းကလေးချင်းပဲသဘောကျတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီးတော့ သူ့အိမ်မှာရှိတဲ့အိမ်ဖော်မလေးနဲ့ချစ်ကြိုက်နေတယ်။ဒါပေမယ့် သူ့ရဲ့မိဘတွေက ဘာသာရေးအရမ်းကိုင်းရှိုင်းတာကြောင့်အဲ့တာကိုလက်မခံကြပဲ မေရီတို့နှစ်ယောက်ကို ခွဲဖို့ကြိုးစားကြတယ်။သူတို့နှစ်ယောက် အဲ့လိုအတားအဆီးတွေကိုဘယ်လိုကျော်လွှားမလဲဆိုတာကို မထင်မှတ်ထားတဲ့ သရဲခြောက်တဲ့အခန်းတွေပါတာမို့ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်...(အညွှန်းနဲ့ဘာသာပြန်ကတော့ Kasashi ဖြစ်ပါတယ်) File size…646MB / 251MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 29m Genre ..... Horror , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi
movie

The Last Thing Mary Saw (2021)

Orphan: First Kill (2022) 6.0
Orphan: First Kill (2022) ၂၀၀၉ ခုနှစ်က ထွက်ခဲ့တဲ့ မိဘမဲ့သမီးလိမ္မာလေးရဲ့ ဇာတ်လမ်းကို အားလုံးသိကြမှာပါ။ မကြည့်ဖူးသေးရင် ချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။ ဒီရုပ်ရှင်ကတော့ 2009 ရဲ့အဆက်မဟုတ်ဘဲ ရှေ့ကိုပြန်သွားတာပါ။သမီးလိမ္မာလေးရဲ့ ပထမမိသားစု ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းမှာတော့ သမီးလိမ္မာလေးတစ်ယောက် ဘယ်လို ကိုယ်ဖေကိုယ်ချစ်ပြီး မိသားစုကို ဘယ်လိုတွေ ကောင်းကျိုးပေးဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သမီးလေးဘယ်လောက်လိမ္မာမလဲဆိုတာ သိပြီးသားဖြစ်နေရင်တော့ သိပ်မအံဩရပေမဲ့ ဇာတ်လမ်းနဲ့ အတိုက်အခိုက်အသတ်အဖြတ်လေးတွေကြမ်းတာမို့ သမီးလိမ္မာလေးရဲ့ ရာဇဝင်ကို ကြည့်ကောင်းကောင်းနဲ့ ကြည့်ရဦးမှာပါပဲ။File size… (1.9 GB)/(1.7 GB)/(560MB) / (300 MB) Quality….Webrip 4K HEVC/1080p / 720p / 480p Format…mkv/mp4 Duration….01:39:00 Genre...Drama,Crime, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson Orphan (2009) Download Link
movie

Orphan: First Kill (2022)

4K HEVC
A Turtle’s Tale: Sammy’s Adventures (2010) 6.0
A Turtle’s Tale: Sammy’s Adventures (2010) A turtle's tale: Sammy's adventures (2010) ==================================================== လူတွေရဲ့ ကျူးကျော်မှုတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် တိရစ္ဆာန်လေးတွေရဲ့ ပိုင်နက်မြေက တစ်နေ့ထက်တစ်နေ့ ကျဉ်းမြောင်းလာပါတယ်။ အဲဒီလိုပဲ စက်ရုံတွေတည်ဆောက်တာ၊ အမှိုက်တွေ စွန့်ပစ်တာကြောင့် Global warming ဖြစ်လာပြီး ကုန်းနေ၊ ရေနေတိရစ္ဆာန်လေးတွေရဲ့ဘဝကို ထိခိုက်နေပြန်ပါတယ်။အဲဒီလိုနဲ့ နောက်ပိုင်းမှာ လူသားတွေက ကိုယ့်လုပ်ရပ်ကိုယ် သိရှိလာပြီး ပြုပြင်ထိန်းသိမ်းမှုတွေလုပ်တာလည်း ရှိလာပါတယ်။ "လူသားတွေက ထူးဆန်းတယ်။ တချိုက ရှင်းလင်းသုတ်သင်နေချိန်မှာ တချိုကတော့ အမှိုက်ဖွနေတုန်းပဲ"တဲ့။ ဘယ်လိုပဲဆိုပါစေ လူသားနဲ့တိရစ္ဆာန် အတူယှဉ်တွဲနေထိုင်ရတဲ့လောကကြီးမှာ အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ။ဒီကားလေးမှာတော့ ပင်လယ်လိပ်ကလေးတစ်ကောင် ဥကနေ အကောင်ပေါက်တဲ့အချိန်ကစလို့ လောကဓံတရားတွေကို ရင်ဆိုင်ရတာတွေ၊ သူငယ်ချင်း ချစ်မေတ္တာအပြင် ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်လိုရှာဖွေတွေ့ရှိမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။    ထူးခြားတာကတော့ ဇာတ်ဝင်တေးတွေအဖြစ် Bruno Mars ရဲ့ "Count on me" နဲ့ "Talking to the moon", Michael Jackson cover ...
movie

A Turtle’s Tale: Sammy’s Adventures (2010)

2010
The Novice (2021)
The Novice (2021) The Novice (2021) ဇာတ်လမ်းအညွှန်း*********************************The Novice ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ ပညာရေးကိုသာမကဘဲ အားကစားကိုပါ အလေးပေးကြတဲ့ တက္ကသိုလ်ကျောင်းသူဘဝမှာ ပညာသင်ဆုရဖို့ ကြိုးစားကြတဲ့ အမေရိကန်လူငယ်ကောင်မလေးတွေရဲ့ ဘဝကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အဲလစ်ဒေါလ်ဟာ မထက်မြက်ပေမယ့် ကြိုးစားမှုကြောင့် ထိပ်ဆုံးရောက်လာတဲ့ကောင်မလေးတစ်ယောက်ပါ။ ကြိုးစားမှုတစ်ခုတည်းနဲ့ ထိပ်ဆုံးရောက်လာတဲ့သူ့အတွက် နားနားနေနေနေပါဆိုတဲ့စကားက မုန်းစရာအကောင်းဆုံးစကားပါပဲ။ စိတ်အစွဲလမ်းကြီးတဲ့ အဲလစ်ဒေါလ်တစ်ယောက် တက္ကသိုလ်စတက်ချိန် လှေလှော်အသင်းကိုဝင်ရာကနေ ဘရေးလ်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ခင်မိသွားပါတယ်။ ဘရေးလ်ကတော့ အားကစားထူးချွန်တဲ့ကောင်မလေးဖြစ်ပြီး သူလှေလှော်အသင်းထဲဝင်ရတဲ့အကြောင်းအရင်းကတော့ တက္ကသိုလ်လှေလှော်အသင်းထဲပါဝင်ခွင့်ရပြီး ပညာသင်ဆုရနိုင်ဖို့ပါပဲ။ ဒီလိုနဲ့ လူသစ်တန်းထဲက သူငယ်ချင်းနှစ်ယောက် တက္ကသိုလ်လှေလှော်အသင်းထဲပါဖို့ကြိုးစားကြရင်း တစ်ယောက်ပဲအဆင့်တက်ခွင့်ရှိတဲ့ အခြေအနေမျိုးကို ရင်ဆိုင်တွေ့ကြုံလာရတဲ့အခါ ... ကြိုစားလုပ်ရင်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ဘယ်အရာကိုမဆို လွန်လွန်ကြူးကြူးကြိုးစားတဲ့ အဲလစ်ဒေါလ်နဲ့ ပညာသင်ဆုကိုရမှဖြစ်မယ်ဆိုတဲ့ ဘရေးလ်တို့ ဒီနေရာကိုရဖို့ ဘယ်လိုကြိုးစားကြမလဲ၊ ဘယ်လိုတွေ တွေ့ကြုံ မလဲ ဆိုတာကို ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ အဲလစ်ဒေါလ်အဖြစ် Isabelle Fuhrman ၊ ဘရေးလ် အဖြစ် Amy ...
movie

The Novice (2021)

2021
After Earth (2013) 4.9
After Earth (2013) ၀ီလ် စမစ်တို့သားအဖ နှစ်ယောက်ပါဝင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ကားလေးကို ပြန်တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်လမ်းကို နောက်လာမဲ့ အနာဂတ် နှစ်ပေါင်း တစ်ထောင်မှာ ဇာတ်အိမ် တည်ထားပါတယ်။လူသားတွေဟာဆိုရင် ဂေဟစနစ် ပျက်စီး မှု့တွေကြောင့် အမိကမ္ဘာမြေ ကနေ ထွက်ခွာခဲ့ရပြီး Nova Prime လို့ခေါ်တဲ့ ဂြိုလ် တစ်ခုမှာ အခြေချနေထိုင်နေကျတဲ့ အချိန်ပေါ့ဗျာ။ အဲ့အချိန်မှာ လူသားတွေထပ်မံ သိခဲ့ ရတာက ဒီ စကြာဝဠာကြီးမှာ ကျွန်တော် တို့ချည်းမဟုတ်ပါဘူးဆိုတာပါပဲ Nova Prime ကို ပြောင်းရွှေ့လာတဲ့ လူသားတွေကို ဂြိုလ် သားတွေက တိုက်ခိုက် ပါတာတော့တယ်။အဲ့လို လူသားတွေ လည်းအသေအပျောက်များပြီး တစ်ဖြည်းဖြည်းနဲ့ မျိုးတုန်းမဲ့ အန္တရာယ် ကို ရင်ဆိုင်လာရပါပြီ။ အဲ့လို အခါမှာဆိုရင် လူသားတွေ ရဲ့ အားကိုးရာက ရိန်းဂျားလို့ခေါ်တဲ့ စစ်သားတွေအပေါ်မူတည်လာပါတယ်။ အဲ့ရိန်းဂျားတွေကြားထဲမှာမှ လက်မရွံ တက်တဲ့ ဆိုင်ဖာ(၀ီလ်စမစ်)က ထိပ်တန်းပေါ့။ဒီလိုနဲ့ လူသားတွေ ...
movie

After Earth (2013)

2013
Down a Dark Hall (2018) 5.1
Down a Dark Hall (2018) Down a Dark Hall (2018) IMDb - 5.1/10_____Rotten - 50%   Kit Gordy ဟာ ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသူလေးတစ်ယောက်။ကိုးနှစ်သမီးကတည်းက အရမ်းချစ်ရတဲ့အဖေဆုံးပါးသွားခဲ့ပြီးတော့ ဖတဆိုးလေးဖြစ်ခဲ့တာကြောင့် ကြီးလာတဲ့အခါမှာ ခပ်ဆိုးဆိုးခပ်ပေပေမိန်းကလေးတစ်ဦး ဖြစ်လာခဲ့ပါတယ်။အမေဖြစ်သူဟာ David ဆိုတဲ့လူနဲ့နောက်အိမ်ထောင်ပြုလိုက်တာကြောင့် Kit တစ်ယောက် ပထွေးနဲ့အတူနေဖို့အကြောင်းဖန်လာပါတော့တယ်။David ဟာလူကောင်းတစ်ယောက်ဖြစ်ပြီးတော့ Kit ကို ကိုယ့်သမီးအရင်းလိုစောင့်ရှောက်ပေးခဲ့ပေမယ့် Kit ရင်ထဲကကွက်လပ်ကြီးကိုတော့ မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ဒါကြောင့်လည်း Kit ဟာဆိုးသွမ်းပျက်စီးနေတဲ့သူတစ်ဦးဖြစ်လာပါတော့တယ်။ဘယ်လောက်ဆိုးလိုက်သလဲဆိုရင် မီးရှို့မှုအပါအဝင်နဲ့တခြားအမှုတွေနဲ့ စွဲချက်တင်ခံရတဲ့အထိပါပဲ။Kit ကတော့ သူလုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့်လည်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိခဲ့တာကြောင့် လက်ရှိတက်ရောက်နေတဲ့ကျောင်းကနေနားပြီး လူငယ်သင်တန်းကျောင်းဆန်ဆန် ကျောင်းတစ်ခုဖြစ်တဲ့ Blackwood အကယ်ဒမီကျောင်းကို ကျောင်းအိပ်ကျောင်းစားအဖြစ်နဲ့ အချိန်တစ်ခုထိ ပြောင်းရွှေ့တက်ရောက်ဖို့အတွက် သဘောတူလိုက်ရပါတော့တယ်။တကယ့်ဇာတ်လမ်းက ဒီမှာစတာပါပဲ။Blackwood လို့ခေါ်တဲ့ကျောင်းဟာ ကျောင်းလို့သာခေါ်တွင်ပေမယ့် အဆောက်အဦးက ရှေးဟောင်းအဆောက်အဦးတစ်ခုပဲ ဖြစ်ပါတယ်။အဆောက်အဦးအတွင်းက ပရိဘောဂအသုံးအဆောင်ပစ္စည်းတွေကလည်း အတော်ကိုရှေးကျပြီး အဆောက်အဦးတစ်ခုလုံးကိုထိန်လင်းနေအောင် ထွန်းပေးနိုင်မယ့် လျှပ်စစ်မီးသီးအလုံအလောက်မရှိတာကြောင့် အနည်းငယ်မှောင်မိုက်နေပြီး ...
movie

Down a Dark Hall (2018)

2018