Channel Myanmar

István Mikó

The Grandson (2022) 7
The Grandson (2022) The Grandson (2022)~ IMDb rating - 7/10 ~ဒီကားကတော့ အရမ်းချစ်ကြတဲ့ မြေးအဘိုးနှစ်ယောက်အကြောင်းကို အခြေခံပြီးရိုက်ထားတဲ့ ဟန်ဂေရီရုပ်ရှင်ဖြစ်ပြီး ခေါင်းဆောင်မင်းသားအဖြစ် ဟန်ဂေရီသရုပ်ဆောင် Gergely Blahó ကပါဝင်ထားပါတယ်။~ ဇာတ်လမ်းအကျဥ်း ~အဘိုးအဘွားတွေဆိုတာ မြေးတွေကို အရမ်းအကဲပို အလိုလိုက်ကြတယ်မဟုတ်လား။ ရူဒီဆိုတဲ့လူငယ်လေးက သာမန်ကုမ္ပဏီဝန်ထမ်းလေးတစ်ယောက်ဆိုပေမဲ့ သူ့အဘိုးကတော့ သူ့ကိုအရမ်းချစ်ပါတယ်။ တစ်နေ့မှာတော့ ရူဒီ့အဘိုးခမျာ မြေးအပေါ်စိုးရိမ်တတ်တဲ့စိတ်ကို အမြတ်ထုတ်ခံလိုက်ရတယ်။ ရူဒီမတော်တဆမှုဖြစ်ထားလို့ ငွေအသည်းအသန်လိုတယ်ဆိုပြီး လူလိမ်တစ်ယောက်က ရူဒီ့အဘိုးဆီ ရဲယောင်ဆောင်ဖုန်းဆက်ပြီး ငွေလိမ်တောင်းခဲ့တယ်။ ရူဒီ့အဘိုးလည်း မြေးဇောနဲ့ ငွေတွေအကုန်ပါသွားတယ်။ ရူဒီ့အဘိုးလို ပင်စင်စားသက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထားပြီး ငွေလိမ်ယူတဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိနေပါတယ်။ အိမ်အတွက် ပတ်ဝန်းကျင်အတွက် အစကတည်းက လူပိုလို့ခံစားနေရတဲ့ အဘိုးအဘွားတွေမှာ ဒီဖြစ်ရပ်က သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကို အများကြီးသက်ရောက်စေပြီး ရူဒီ့အဘိုးလည်း အိပ်ရာထဲလဲပါတော့တယ်။ လူလိမ်​တွေက ပိရိပြီး ရဲတွေဆီကလည်း ဘာအကူအညီမှမရတာကြောင့် ရူဒီကိုယ်တိုင် ဒီအမှုကိုစုံစမ်းပြီး ...
movie

The Grandson (2022)

2022
Gloomy Sunday (1999) 7.9
Gloomy Sunday (1999) IMDb Rating (7.9/10)Rotten Tomatoes (84%)တစ်လောက အင်တာနက်မှာ နာမည်ကျော်သွားတဲ့ 'Gloomy Sunday' ဆိုတဲ့ တေးသွားကိုမှတ်မိကြဦးမှာပါ။ အဲ့ဒီသီချင်းနားထောင်မိရင် လူတွေဟာကိုယ့်ကိုယ်ကို သတ်သေကြတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ "Hungarian Suicide Song" လို့ကြော်ကြားပါတယ်။ ဒီဇာတ်ကားဟာ အဲ့ဒီနောက်ကွယ်က သီချင်းဖြစ်ပေါ်လာပုံအကြောင်းကို တင်ဆက်ထားတာပါ။ ၁၉၃၀ ဝန်းကျင် ဘူဒါပတ်စ်မြို့မှာ လတ်ဇလိုဆိုတဲ့ စားသောက်ဆိုင်ရှင်တစ်ယောက်ဟာ စန္ဒရားဆရာ အန်ဒရာ့စ်ကို သူ့စားသောက်ဆိုင်မှာ ဖျော်ဖြေဖို့ငှားရမ်းခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အီလိုနာ ဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ တစ်ပြိုင်တည်း ချစ်ကျွမ်းဝင်မိရာက အန်ဒရာ့စ်အတွက် 'Gloomy Sunday' ဆိုတဲ့သီချင်းမွေးဖွားလာဖို့ စေ့ဆော်မှုဖြစ်လာခဲ့တယ်။ သူ့ သီချင်းကိုကြားဖူးသူတိုင်း သဘောကျ နာမည်ကျော်ကြားလာရာကနေ နောက်ပိုင်းမှာ သတ်သေမှုတွေ နဲ့ ဆက်စပ်နေကြောင်းကို လူတွေ သတိထားမိလာပါတော့တယ်။ သူတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းထဲကို တတိယ ယောက်ျားတစ်ယောက် ဝင်ရောက်လာပြီး အဲ့ဒီလူဟာ သူတို့အားလုံးရဲ့ ဘဝကို ကောင်းကောင်းခြိမ်းခြောက်နိုင်တဲ့ သြဇာအာဏာ ...
movie

Gloomy Sunday (1999)

1999