Channel Myanmar

Ivano Marescotti

The Talented Mr. Ripley (1999) 7.4
The Talented Mr. Ripley (1999) IMDb Rating (7.4) / Rotten Tomatoes (85%)နာမည်ကျော် ဆယ်လဘရီတီအမှုတစ်ခုဖြစ်တဲ့ ဂျွန်နီဒပ် နဲ့ အမ်ဘာဟက် တို့ တရားခွင်မှာ အမ်ဘာဟက်ဟာ ဒီရုပ်ရှင်ထဲက စကားလုံးတွေကို ခိုးယူပြောကြားခဲ့တဲ့အတွက် လူရယ်စရာဖြစ်သွားခဲ့ပါတယ်။ ဒေါ်လာသန်း ၁၀၀ တန် တရားခွင်ကြီးမှာတောင် အတုယူပြောရလောက်တဲ့ စကားလုံးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။Ripleyဟာပါတီတစ်ခုမှာ ပီယာနိုတီးနေတုန်း သူငှားထားတဲ့ဂျာကင်ကြောင့် လူကုံထံသူဌေးကြီးဖြစ်သူ Herbert Greenleaf ကသူ့ကိုပရင့်စတန်ကျောင်းထွက်လို့ထင်ပြီး သူ့သားသူငယ်ချင်းဖြစ်မယ်လို့ထင်နေပါတယ်Herbert ကTom ကိုအီတလီမှာလေလွင့်နေတဲ့ သူ့သားဖြစ်သူ Dicky ကိုသွားခေါ်ဖို့စည်းရုံးပါတယ်။ငွေလိုနေတဲ့ Tom ကလည်းလက်ခံလိုက်ပြီး အီတလီကိုသွားကာ Dicky ကို သူဟာDicky မမှတ်မိတဲ့ကျောင်းနေဘက်သူငယ်ချင်းဖြစ်ကြောင်းအယုံသွင်းပြီး မိတ်ဖွဲ့နိုင်ခဲ့ပါတယ်။တွမ်ဟာ အီတလီက Dicky ရဲ့ဇိမ်ကျတဲ့ ဘ၀ကိုအားကျပြီး အခွင်သင့်တိုင်း Dicky လိုဟန်ဆောင်တတ်တယ်။Dicky ကိုယ်တိုင်တွမ်ကိုငြီးငွေ့လာချိန်မှာတော့ အထက်တန်းစားဘ၀ကိုစွဲလမ်းနေပြီဖြစ်တဲ့ တွမ်ဟာသူ့အလိမ်အညာကိုဖုံးဖိနိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ဟန်ဆောင်ဘ၀တစ်ခုကို ထိန်းသိမ်းနိုင်ဖို့ ဘယ်အထိသွားနိုင်မလဲ1999 ကထွက်ရှိထားတဲ့ Thriller လေးပါ။ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေဖြစ်တဲ့ ...
movie

The Talented Mr. Ripley (1999)

Hannibal (2001) 6.8
Hannibal (2001) Hannibal (2001)Cannibal ဆိုတဲ့အင်္ဂလိပ်စကားလုံးရဲ့အဓိပ္ပာယ်က လူသားစားတဲ့သူပေါ့။ ဒီလူသားစားတဲ့အရာကဘယ်လောက်ထိခရီးပေါက်နေလဲဆိုရင် cannibal တို့ cannibalism တို့ဆိုတဲ့စကားလုံးတွေကိုပါသုံးနေရတဲ့အထိပေါ့။ ဒီထဲကလူသတ်သမားက လူသားလည်းစားတဲ့ဇာတ်ကောင်မျိုး။ လူသတ်သမားဖြစ်တဲ့အတွက် သွေးအေးအေးနဲ့သတ်ပြီးတော့ကို ပယ်ပယ်နှယ်နှယ်စားတာမျိုးပေါ့။၊ ဇာတ်ကားတစ်လျှောက်လုံး စားပြမနေ၊သတ်ပြမနေပေမဲ့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်ကောင်ကောင်းကောင်းတွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ကြည့်ရှူသူပရိသတ်ကို မျောနေအောင်ဆွဲခေါ်သွားတာမျိုး။Triller/Crime လို့ genre သတ်မှတ်ထားပေမဲ့ Horror/Action ဆိုလည်းမမှားဘူးဗျ။ Triller/Crime ဆိုတဲ့အတိုင်း ရဲမှုခင်းဇာတ်ကားမျိုးပေါ့၊ လူသတ်သမားနဲ့စုံထောက်ကြားဇာတ်အိမ်ကောင်းကောင်းကိုဘယ်လိုတည်ဆောက်ထားလဲ တစိမ့်စိမ့် အရသာခံရင်းကြည့်ရမယ့်ကားမျိုး။ 1991 ကထွက်ခဲ့တဲ့ The Silence of the Lambs ဆိုတဲ့ IMDb 8.6/10 ရသွားပြီး 1991 ခုနှစ်အတွင်း တစ်ကမ္ဘာလုံးရဲ့ငါးကားမြောက်စာရင်းဝင်သွားတဲ့ Triller/Horror ကားတစ်ကားကိုတော့မှတ်မိကြမယ်ထင်ပါတယ်။ Triller/Horror ကြည့်သူတိုင်း ကြည့်ကိုကြည့်ထားသင့်တဲ့ကားကောင်းတစ်ကားပေါ့။ ဒီကားက အဲကားရဲ့ Sequel လို့ပြောလည်းရမယ့် ကားတစ်ကားပါပဲ။သုံးထားတဲ့ဘက်ဂျက်နဲ့ရုံတင်‌ဝင်ငွေပြန်ရခဲ့တဲ့ကားကောင်းတစ်ကားဖြစ်တာနဲ့အညီ‌ အတော်လေး ကြည့်လို့ကောင်းတာမျိုးကိုသွားတွေ့ရပါတယ်။ ဒီ Hannibal ...
movie

Hannibal (2001)

2001
King Arthur (2004) 6.3
King Arthur (2004) [Unicode]IMDb Rating - 6.3/10ဗြိတိန်ပြည်ရဲ့နန်းတည်ဘုရင် အာသာ.. စားပွဲဝိုင်းက သူရဲကောင်းများ.. သူတို့အကြောင်းကို ကျွန်တော်တို့ ကလေးဘဝကတည်းက ဇာတ်လမ်းအမျိုးမျိုးမှာ ပုံစံအမျိူးမျိုးနဲ့ မြင်ခဲ့သိခဲ့ ရပြီးပါပြီ။ သမိုင်းသုတေသီတွေက ၁၅ရာစုက ဘုရင်အာသာနဲ့ သူ့ရဲ့ သူရဲကောင်းတွေအကြောင်း ဂန္တဝင်ဇာတ်လမ်းဟာ အမှောင်ခေတ်လို့ခေါ်ကြတဲ့ ၅ရာစုဝန်းကျင်ကာလမှာ တကယ်ရှိခဲ့တဲ့ သူရဲကောင်းတစ်ယောက်ကနေ ပေါ်ပေါက်လာတယ်လို့ လက်ခံထားကြပါတယ်။ အထောက်အထားတစ်ချိူ့လည်းတွေ့ထားတယ် ဆိုပါတယ်။ တကယ့်အာသာဟာ ဒဏ္ဍာရီထဲက အာသာထက် ဆယ်ရာစုစောပေါ်ခဲ့တာပါတဲ့။ ဒီတစ်ခါဇာတ်လမ်းကတော့ ရှေးဟောင်းသုတေသနနဲ့ သမိုင်းတွေ့ရှိချက်တွေအရ အာသာရဲ့ ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံးလို့ဆိုရပါမယ်။အာသာကို လွတ်လပ်မှုနဲ့ သာတူညီမျှ ဝါဒကိုလက်ကိုင်ထားတဲ့ ရောမသူရဲကောင်းအနေနဲ့ ပုံဖော်ထားပါတယ်။ သူရဲ့သူရဲကောင်းတွေကိုတော့ ရောမကို ကျေးဇူးကြွေးဆပ်နေရတဲ့ ဆာမားတီးယန်း မြင်းသည်တော်တွေအနေနဲ့ပုံဖော်ထားပါတယ်။ သူရဲကောင်းတွေကို တာဝန်မှကင်းလွတ်ခွင့်ပေးရမဲ့ အချိန်မှာ ရောမပြည်က နောက်ဆုံးတာဝန်တစ်ခု ပေးအပ်ခဲ့ပါတယ်....။ လွတ်လပ်မှုကိုရဖို့ နောက်ဆုံးတာဝန်ကို ထမ်းဆောင်ရတဲ့ အာသာနဲ့ သူရဲကောင်းတွေရဲ့ ခရီးနဲ့ တိုက်ပွဲကို ဇာတ်အိမ်တည်ထားပါတယ်။Clive Owen, Keira Knightley Mads Mikkelsen,Ioan Gruffudd လို နာမည်ကျော်သရုပ်ဆောင်တွေပါပါတယ်။ ရိုက်ချက်တွေ Battle Sceneတွေလှပါတယ်။ Rating ...
movie

King Arthur (2004)

2004
HEVC 1080p 5.1
There Is No Place Like Home(2018) 6.1
There Is No Place Like Home(2018) There Is No Place Like Home(2019)There is no place like home (2018) ဆိုတဲ့ အီတလီ Romance, Drama ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးက မိသားစုပြန်လည်တွေ့ဆုံကြတဲ့ ပီယက်ထရိုနဲ့ အယ်လ်ဘာတို့ရဲ့ ရွှေရတု မင်္ဂလာပွဲအကြောင်းကို ရိုက်ကူးထားတာပါ။ သူတို့နေတဲ့ ကျွန်းလေးပေါ်မှာ မင်္ဂလာပွဲကို ကျင်းပခဲ့ပြီး မိသားစုစုံစုံညီညီ ပျော်ပျော်ပါးပါး အောင်အောင်မြင်မြင်ပြီးဆုံးသွားပါတယ်။ဒါပေမဲ့ ဧည့်သည်မိသားစုတွေ ပြန်ချိန်ရောက်တဲ့အခါမှာ ပင်လယ်မှာ လေထန်နေလို့ မပြန်နိုင်ဖြစ်ပြီး နောက်တစ်ရက်ထပ်နေရပါတယ်။အဲဒီအချိန်မှာ မိသားစုတစ်ခုချင်းစီက အချစ်ကိုလိုသူတွေ၊ အချစ်ပိုနေသူတွေ၊ အချစ်သစ်ရှာတွေသူတွေ၊အချစ်ကို တစ်ဖန် ဖန်တီးသူတွေ၊ အချစ်အကြောင်းကိုနားလည်သွားသူတွေရဲ့ အကြောင်းကို ပြပေးထားတာပါ။ဘဝထဲကအချစ်တွေအကြောင်း ဖြစ်ပြီး စိတ်ကူးယဉ်ဆန်စရာ ကောင်းတဲ့အချစ်အကြောင်းမဟုတ်လို့ သဘာဝကျကျအချစ်ဇာတ်ကားလေးတစ်ကားလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်...File Size : (850 MB) and ...
movie


2018