Channel Myanmar

Jacob Anderton

The Pay Day (2022)
The Pay Day (2022) ကွန်ပျူတာပရိုဂရမ်မာအဖြစ် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်နေတဲ့ ဂျနီဖာဟာ အထက်လူကြီးနဲ့အဆင်မပြေဖြစ်ပြီး အလုပ်ပြုတ်သွားခဲ့ပါတယ်။ အလုပ်ပြုတ်ပြီးနောက် အိမ်လခပေးဖို့ငွေအသည်းအသန်လိုနေတဲ့ဂျနီဖာဆီကို ဘယ်ကမှန်းမသိတဲ့ဖုန်းဝင်လာပြီး အလုပ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်။ အဲဒီလူက ဂျနီဖာကို သူများရုံးခန်းထဲခိုးဝင်ပြီး ဒေတာခိုးယူရမယ့် တစ်မနက်စာအလုပ်အတွက် ဒေါ်လာ ၅ သန်းပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ အလုပ်လည်းရှာမရ၊ ငွေလည်းလိုနေတာမှန်ပေမဲ့ တရားမဝင်တဲ့အလုပ်ဖြစ်တာကြောင့် ဂျနီဖာဘက်ကလက်ခံရမှာတွန့်ဆုတ်နေခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်ကမ်းလှမ်းသူဘက်က သူ့ကိုအကျပ်ကိုင်ခြိမ်းခြောက်လာတဲ့အတွက်ကြောင့် လက်ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူများကုမ္ပဏီထဲခိုးဝင်ဖို့ မှန်းထားတဲ့အတိုင်းမဖြစ်ဘဲ အလွဲလွဲအချော်ချော်ဖြစ်ပုံတွေ၊ ဒေတာခိုးရင်းကုမ္ပဏီထဲမှာ ဖူးစာဖက်နဲ့ပါတွေ့မယ့်ပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်။File size…(1.1 GB)/(600 GB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May
movie

The Pay Day (2022)

Ripper Untold (2021) 4.4
Ripper Untold (2021) Ripper Untold (2021) ================ဘယ်သူမှမလုံခြုံပါဘူးတဲ့။ ဟုတ်ပါတယ်... သေခြင်းဆိုတာ အချိန်မရွေး၊ နေရာမရွေး ဖိတ်မခေါ်ဘဲ ရောက်လာတတ်တာမျိုးပါ။ ဒါပေမဲ့ ဒီကားထဲကလို ဝွိုက်ချက်ပယ်လ်က မိန်းကလေးတချို့ ကြုံခဲ့ရတဲ့သေခြင်းမျိုးကတော့ ဆိုးရွားလွန်းပါတယ်။ရက်ရက်စက်စက် လည်လှီးအသတ်ခံရတဲ့မိန်းကလေးတွေ၊ နေ့စဉ်ရက်ဆက် ရင်ခွဲစစ်ဆေးခန်းဆီ၀င်လာတဲ့ အလောင်းတွေ၊ အဲဒီမိန်းကလေးအလောင်းတွေကို စစ်ဆေးအစီရင်ခံရတဲ့ ရဲမှုခင်းဆေးဘက်ဆိုင်ရာစစ်ဆေးရေးမှူး သောမတ်စ်၊ အမှုလိုက်နေရတဲ့ အင်စပက်တာရီးစ်၊ နည်းမျိုးစုံနဲ့သတင်းရအောင်ယူတဲ့ သတင်း ထောက်တစ်ယောက်၊ ဒေသခံလူမှုအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင် ဒေါက်တာ လောင်ရီ၊ ပြည့်တန်ဆာအိမ်က မစ္စလဗီးန်၊ သောမတ်စ်ရဲ့ အထီးကျန်ဇနီးသည် အဲလိဇဘတ်....သူတို့တွေဟာ ဝွိုက်ချက်ပယ်လ်မှာဖြစ်ပျက်နေတဲ့ သန်းခေါင်ယံလူသတ်မှုတွေနဲ့ ဘယ်လိုပတ်သက်နေမလဲ၊ အသတ်ခံရသူတွေဟာ ညဉ့်ငှက်မလေးတွေချည်း ဘာလို့ဖြစ်နေရသလဲ၊ တရားခံဘယ်သူဖြစ်မလဲဆိုတာ တကယ်ကို သည်းထိတ် ရင်ဖိုကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။လူ့စိတ်ဟာဖောက်ပြန်လာရင် ဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတာ ဒီကားထဲမှာ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။ မှုခင်း/စုံထောက်ဇာတ်လမ်း ကြိုက်သူတွေရော သည်းထိတ်ရင်ဖိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက်ပါ ဒီဇာတ်လမ်းကို ညွှန်းပေးလိုက်ပါတယ်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.0 GB) / (400 MB) / (220 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr ...
movie

Ripper Untold (2021)

2021
Give Them Wings (2021) 6.2
Give Them Wings (2021)      Give them wings မွေးကတည်းက ဦးနှောက်အမြှေးပါးရောင်ကြောင့် မသန်မစွမ်းဖြစ်နေခဲ့ရတဲ့ Paul Hodgson ကိုယ်တိုင်ရေးသားခဲ့တဲ့ သူ့ဘ၀အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ Paul ဟာမွေးကတည်းက မသန်မစွမ်းဖြစ်နေရပြီး လမ်း‌မလျှောက်နိုင်သလို စကားကိုလည်းပီသအောင်မပြောနိုင်ပါဘူး။ဒါပေမယ့် ဘ၀ကိုအရှုံးမပေးဘဲ အလုပ်ရအောင်ရှာနိုင်ခဲ့သလို ‌ရူးသွပ်တဲ့ဘောလုံးပရိသတ်တစ်‌ယောက်လည်းဖြစ်လာခဲ့ပါတယ်။အမေဖြစ်သူက အားပေးသလောက် အဖေကသူ့အပေါ်ယုံကြည်ချက်မရှိပါဘူး။ဒါပေမယ့် သူ့အမေနဲ့သူငယ်ချင်းတို့ရဲ့ အားပေးမှုနဲ့ဘ၀မှာကြုံလာတဲ့အခက်အခဲမျိုးစုံကို လက်မလျှော့ဘဲ ကျော်လွှားနိုင်ခဲ့ပါတယ်။ Darlington FC ရဲ့အမာခံပရိသတ်ဖြစ်သူ Paul Hodgson ရဲ့ဖြစ်ရပ်မှန်ဘ၀အကြောင်းကို ရိုက်ကူးထားတာပါ။နာမည်ကြီး သရုပ်ဆောင်တွေမပါပေမယ့် ကောင်းမွန်စွာစွမ်းဆောင်ထားနိုင်တဲ့ British ကားလေးပါ။ File size…(1.33GB)/(714MB)/(462MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Give Them Wings (2021)