Channel Myanmar

Jacob Smith

Dragonfly (2002) 6.1
Dragonfly (2002) Dragonfly ကတော့ ဖြစ်ရပ်ဆန်းကျယ် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရမယ့် ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် အနေနဲ့ Kevin Costner က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ အမ်မလီကို ပူပူနွေးနွေးဆုံးရှုံးထားရသူ ဒေါက်တာဂျိုးဒဲလ်ရိုးဟာ ပူဆွေးဖို့ အချိန်မယူဘဲ ဆရာဝန်အလုပ်ကိုသာ ပြန်ဝင်ခဲ့ပါတယ်။ နာကျင်မှုများစွာနဲ့ လုံးပန်းနေရသူ ဂျိုးဟာ သူ့ဇနီးဖြစ်သူကို ကတိပေးထားတဲ့အတိုင်း ဇနီးသည် တာဝန်ယူထားတဲ့ ကလေးသူငယ်ကင်ဆာကုသဆောင်က ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ဆေးရုံကို ပြန်လာခဲ့ပါတယ်။ တစ်ရက်မှာ ကလေးတွေထဲက တစ်ယောက် သတိလစ်မေ့မျောနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီကလေးရဲ့ အသံနဲ့ သူ့နာမည်ကို ခေါ်နေတာ ကြားလိုက်ရချိန်မှာတော့ အရေးပေါ်ကုသဆောင်ထိပါ လိုက်ပါသွားခဲ့မိပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းအပြီးသတ် ရပ်တန့်သွားပေမယ့် သူ ကုတင်နားကို ကပ်သွားတဲ့အချိန်မှာ နှလုံးပြန်ခုန်လာ ခဲ့ပါတယ်။ အဲဒီနေ့ညနေခင်းမှာပဲ ဂျိုးက သေရွာပြန်ကလေးလေးကို သွားရောက်တွေ့ဆုံချိန်မှာ သူ့ကို ဇနီးဖြစ်သူ "အမ်မလီရဲ့ ဂျိုး" လားလို့ မေးမြန်းပြီးတော့ ဂျိုးကို တစ်ခုခုပြောပြဖို့ သူ့ကို ပြန်ပို့ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အခန်းတစ်ခုလုံးမှာလည်း တွန့်လိမ်နေတဲ့ကြက်ခြေခတ်ပုံတွေ ပြည့်နေပြီး ဆွဲတဲ့ကလေးကိုယ်တိုင်ကလည်း ဘာအဓိပ္ပါယ်ရှိမှန်း သိမနေခဲ့ပါဘူး။ ...
movie

Dragonfly (2002)

Troy (2004) 7.2
Troy (2004) Troy (2004) ရုပ်ရှင်ခံစားမှုTroy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေအကြောင်း ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေလက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့၏ ထရွိုင်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြုစိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။စစ်ပွဲဖြစ်ပွားရပုံ ကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ထရွိုင်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ဖြစ်သူကပါ ဦးစီးတိုက်ခိုက်ရသည်။ထိုသို့ ဂရိနှင့်ထရွိုင်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြသော အကြောင်းကို ကဗျာရှည်အဖြစ် မှတ်တမ်းတင်ခဲ့ရာကနေ (အခြားသော ...
movie

Troy (2004)

2004
4K HEVC
Cheaper by the Dozen (2003) 5.9
Cheaper by the Dozen (2003) Cheaper By the Dozen (2003) =========================Cheaper By the Dozen ဆိုတာ Free Guy , Adam Project, Stranger Things တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Shawn Levy ရဲ့ Comedy မင်းသားကြီး Steve Martin နဲ့ရိုက်ထားတဲ့အစောပိုင်းလက်ရာကောင်းတစ်ခုပါ။ မိသားစုနဲ့ကြည့်ရှုလို့ရတဲ့ Family , Comedy ကားလေးဖြစ်ပြီး Rating ကလည်း လူ ၁ သိန်းကျော်ပေးတဲ့ Voting မှာ 6/10 ရရှိထားပါတယ် ။ဇာတ်လမ်းအညွှန်းကတော့ တွန်နဲ့ ကိတ်ဘိတ်ကာဆိုတဲ့ ဇနီးမောင်နှံဟာ ကလေး ၈ ယောက်မွေးပြီး တွန်ကဘောလုံးနည်းပြနဲ့ ကိတ်ကစာရေးဆရာမအဖြစ် အိမ်ထောင်ဘဝကို လျှောက်လှမ်းရင်း ချီကာဂိုမှာ ကလေးတွေကို ပြုစုပျိုးထောင်မယ်ဆိုပြီး တွေးထားခဲ့ပါတယ်.. ဒါပေမယ့် ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်မွေးလာတဲ့အခါမှာတော့ အလုပ်နဲ့မိသားစုတစ်ဖက်၊ အိမ်စရိတ် စားစရိတ်တွေက မြို့ပြမှာနေထိုင်ဖို့ အဆင်မပြေနိုင်မှန်း သိလာတဲ့အခါ ... သူတို့ရဲ့စိတ်ကူးအိမ်မက်တွေကို စွန့်လွှတ်ပြီး မစ်ဒ်လန်းဆိုတဲ့ ...
movie

Cheaper by the Dozen (2003)

Cheaper by the Dozen 2 (2005)
Cheaper by the Dozen 2 (2005) Cheaper By the Dozen 2 (2005) ======================2003 ခုနှစ်မှာထွက်ခဲ့တဲ့ Cheaper By the Dozen ရဲ့အဆက်ကားဖြစ်ပါတယ် ဒီကားမှာလည်း ပထမကားလို လူ ၅ သောင်းကျော်ပေးတဲ့ Rating မှာ ၅.၅ ဆက်လက်ရရှိထားပြီး ဇာတ်လမ်းပေါ့သွားတာမျိုးမရှိဘဲ လူကြိုက်များဆဲကားလေးဖြစ်ပါတယ်။ ပထမကားကို ကြည့်ထားရင်တောာ့ ဒီကားကိုပါ ဆက်ကြည့်ဖို့အကြံပေးချင်ပါတယ်။ ဇာတ်လမ်းအရ ဘိတ်ကာ မိသားစုဝင် သမီးကြီးဖြစ်တဲ့ နိုရာဟာလည်း အိမ်ထောင်ကျကိုယ်ဝန်ရပြီး ဟူစတင်ကိုပြောင်းရွှေ့တော့မှာဖြစ်ပါတယ် လော်ရိန်းကလည်း နယူးရောက်ကိုပြောင်းရွှေ့ကာ တစ်ခြားမိသားစုဝင်ကလေး ၁၀ ယောက်ကလည်း ကျောင်းကိုယ်စီတက်နေကြပါပြီ သားသမီးတွေ ကြီးပြင်းလာပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြတော့မှာကို လက်မလွှတ်နိုင်ဖြစ်နေတဲ့ ဖခင်ကြီး တွန်ဘိတ်ကာဟာ နောက်ဆုံးတစ်ကြိမ်အဖြစ် အားလုံးကိုစုရုံးကာ သူတို့အရင်ကပျော်ပွဲစားထွက်ခဲ့ဖူးတဲ့ ဝန်နက်ကာရေကန်ကြီးကို အလုပ်သမားနေ့ပိတ်ရက်မှာ အပန်းဖြေခရီးထွက်ဖို့ စီစဉ်လိုက်ပါတယ်... ဖြစ်ချင်တော့ အဲ့ဒီရေကန်အနီးတစ်ဝိုက်မှာ တွန်ရဲ့လူငယ်ဘဝက ပြိုင်ဘက်ဟောင်းကြီး ဂျင်မီမားတော့နဲ့ အတူ မိသားစုဝင် ၈ ယောက်နေထိုင်ကြတာဖြစ်ပါတယ်.... ဒီလိုနဲ့ ဘိတ်ကာနဲ့ မားတော့ မိသားစုကြီး ၂ ခုရဲ့ အားပြိုင်ကြပုံကို ရယ်ရယ်မောမော ဟာသများစွာနဲ့ အလွဲအလွဲအချော်ချော်ဖြစ်ပုံကို မိသားစုနဲ့ကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။( ...
movie

Cheaper by the Dozen 2 (2005)

Mimi(2021) 8.5
Mimi(2021) Mimi(2021) အညွှန်း*****************IMDb....8.5ဒီအိန္ဒိယဇာတ်လမ်း ဇာတ်ကွက်ကဆန်းပြားသလို စိတ်ဝင်စားဖို့လည်းကောင်းတယ်...မိခင်ဖြစ်သူရဲ့ချို့ယွင်းချက်ကြောင့်သားသမီးယူလို့မရနိုင်တဲ့ အမေရိကန်လင်မယားနှစ်ယောက်ဟာ သူတို့ရင်သွေးကို အငှားကိုယ်ဝန်လွယ်ခိုင်းဖို့ အိန္ဒိယပြည်မှာကျန်းမာကြံ့ခိုင်သန်စွမ်းတဲ့ မိန်းမငယ်လေးတစ်ဦးကို လိုက်ရှာပါတယ်...မိန်းမငယ်လေးဘက်လည်းအဆင်ပြေအောင်အခကြေးငွေမြိုးမြိုးမြက်မြက်လေးပေးမယ်စိတ်ကူးပြီး ရှာဖွေတာပေါ..အဲ့လိုနဲ့ဘောလီဝုဒ်မှာ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားရုန်းကန်နေတဲ့ သူတို့လိုချင်တဲ့ပုံစံအတိုင်းဖြစ်တဲ့ ကောင်မလေးကိုတွေ့လိုက်တယ်...ဘောလီဝုဒ်သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း ပိုက်ဆံမရှိရင် ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက်ကောင်မလေးဘက်ကလဲ ဒီအငှားကိုယ်ဝန်ဆောင်မယ့်ကိစ္စကို သဘောတူလိုက်တယ်... ရူပီးသိန်းနှစ်ဆယ်နဲ့ပေါ့ကိုယ်ဝန်ဆောင်ကာလ ကိုးလအတွက် တစ်လငါးသောင်းနှုန်းနဲ့ လေးသိန်းခွဲအရင်ပေးထားပြီး ကျန်တဲ့၁၅သိန်းကျော်ကိုကလေးမွေးပြီးမှပေးမယ်ဆိုပြီး သဘောတူခဲ့ကြတယ်...ဒီလိုနဲ့ ကိုယ်ဝန်ဆောင်ဖို့ ဖြစ်လာပါတယ်...အဲ့ဒီနောက်မှာတော့ မမျှော်လင့်တဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....IMDb..8.5ဖြစ်ပြီး အိန္ဒိယရဲ့ မင်းသမီးချော Kriti Sanon နဲ့ မင်းသားကြီးPankaj Tripathi တို့ပါဝင်ထားတဲ့အပြင်တမူထူးတဲ့ ဇာတ်လမ်းဖြစ်လို့နင်းကန်ကြည့်သင့်ပါကြောင်း...File Size : (2.6GB) and (1.1GB) Quality :WEB-DL 1080P,720p Format…mp4 Duration…02:12:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan ...
movie

Mimi(2021)

Small Soldiers (1998) 6.1
Small Soldiers (1998) ဒီဇာတ်ကားလေးကြည့်ပြီးခလေးဘဝကို ပြန်ခံစားမိမှာအမှန်ပါပဲဲဟိုးအရင်က ကြိုက်ခဲ့ရတဲ့ဇာတ်ကားဆိုလဲမမှားပါဘူး။Heartland အရုပ်စက်ရုံဟာ ပြိုင်ဆိုင်မှုတွေကြားမှာ နစ်မြုပ်နေတဲ့အဆင့်မြင့်နည်းပညာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုပါ Hearland Play Service ကတော့အရုပ်တွေထုတ်လုပ်တဲ့စက်ရုံကြီးပေါ့ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ဂေးမာစ်းတစ်ယောက် သူ့ကုမ္ပဏီကအရုပ်တွေကိုသာမန်အရုပ်တွေနဲ့မတူ တမူထူးခြားအောင်လုပ်ချင်တဲ့ဆန္ဒကိုရှေ့တန်းတင်မိတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ကလေးကစားစရာအရုပ်လေးတွေဟာ ငိုအားထက်ရယ်အားသန်ဆိုသလိုစောင်ဆန်းကြီးတွေ လုပ်လာပါတော့တယ်အရုပ်တွေစောင်ဆန်းအကွက်တွေနင်းလို့တိုင်ပတ်နေတဲ့လူငယ်လေးအယ်လန်တစ်ယောက် ဒီအရှုပ်တော်ပုံကြီးကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာတော့ စိတ်ဝင်စားစရာပါ။Small Soldier ဇာတ်ကားဟာ သာမန်အမြင်နဲ့ကြည့်ရင်တော့ကလေးကြိုက်ကားလို့ထင်ကြေးပေးနိုင်ပေမယ့် သေချာခံစားကြည့်ရှုရင်အတော်လေး ခွီရတဲ့အပြင် မတူညီတဲ့ဒေသနှစ်ခုကခံစားချက်လေးတွေကို ခံစားရမှာပါကလေးဘဝတုန်းကတော့ အသဲယားစရာကောင်းတဲ့စစ်သားရုပ်တွေကိုအော်ဂလီဆန်ခဲ့တယ် လူငယ်ဖြစ်လာတော့ဟာသအထွေအထူးမထည့်ထားပေမယ့် အတော်လေးဗိုက်အောင့်လောက်အောင်ခွီရတဲ့ကားမှန်းသိလာတယ် ဟုတ်တယ်လေ။လက်တစ်ဖဝါးစာစစ်သားရုပ်လေးတွေ တကယ့်တိုက်ပွဲဝင်စစ်သားတွေလိုအတည်ပေါက်နဲ့အမိန့်တွေပေး mission တွေလုပ်နေတာကိုကြည့်ရတဲ့အရသာကတမျိုးလေးဗျ Long Long ago Spiderman Triologyထဲကမင်းသမီးချောလေးပါတွေ့ရတော့ကြည့်ရတာ မတန်ဘူးလို့ ငြင်းချက်ထုတ်စရာမရှိပါဘူး။ကလေးကားပေမယ့် ကလေးတကာ့ကလေးကားတွေထဲကခွဲထွက်လာတဲ့ လူငယ်တွေကို ရသတမျိုးအထူးဆန်းခံစားစေမယ့် ကားလေးလို့ဆိုလဲ မမှားပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ဖြစ်ပြီး Arkar Phyo မှ Encode ပေးထားပါတယ်။) File Size : ...
movie

Small Soldiers (1998)

1998