Channel Myanmar

Jacob 'Stitch' Duran

Creed (2015) 7.6
Creed (2015) Creed 2 ထွက်လာပြီတော့ Creed 1 လဲကြည့်ချင်ကြမယ်ထင်လို့အသစ်ပြန်တင်ပေးလိုက်ပါတယ်။ ဒီကားက တစ်ချိန်တုန်းက နာမည်ကျော်လူကြိုက်များခဲ့တဲ့၊ အခုချိန်ထိလဲ နာမည်ကျော်ဆဲ မင်းသားကြီးစတားလုံးရဲ့Rocky ဆိုတဲ့ရုပ်ရှင်ကားရဲ့ Sequal အဖြစ်ထွက်လာခဲ့တာဖြစ်ပါတယ်။ Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ Adonis Creed အကြောင်းဖြစ်ပြီး ရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကို လက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး အောင်မြင်မှုရအောင်ကူညီပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ လက်ဝှေ့ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ အနာခံမှ အသာစံရပါမယ်။ လေ့ကျင့်မှုကောင်းဖို့လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။ ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှု တို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။ အော်စကာဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို IMDB Rating ကလဲ7.6/10 ဖြစ်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာပါသူ၊ Rocky ကားတွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီကားကိုလုံးဝကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)   File ...
7.6
IMDB: 7.6/10 213,291 votes
movie

Creed (2015)

2015
Blu-Ray 720p
Creed II (2018) 7.7
Creed II (2018) Rating 7.6 အထိရရှိထားတဲ့ အကောင်းဆုံးစာရင်းဝင် ရုပ်ရှင်ကားတစ်ကားလို့တောင် ပြောချင်ပါတယ်... ၁၉၇၆ခုနှစ်​ကတည်းက စတင်​ခဲ့တဲ့ မင်းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့ လက်​ဝှေ့ကားတွေဟာ ဆယ်​စုနှစ်​များစွာကြာညောင်းခဲ့ပေမဲ့ အခုချိန်​ထိ အောင်​မြင်​စွာရှင်​သန်​နေဆဲပါ ပရိသတ်​တွေရဲ့ တစ်​ခဲနက်​အားပေးမှုကြောင့်​ ဇာတ်​ကားတိုင်းဟာလည်း rating မြင့်​မားလှပါတယ်​ ၂၀၁၅မှာ creed ဆိုပြီး ရော့ကီရဲ့တပည့်​ကို မိတ်​ဆက်​ပေးခဲ့ပါတယ်​ အဲဒီဇာတ်​ကားလေးကလည်း ဆုတံဆိပ်​များစွာနဲ့အတူ ပရိသတ်​တွေရဲ့သဘောကျနှစ်​ခြိုက်​မှုကို ထိန်းသိမ်းထားနိုင်​ခဲ့ပါတယ်​ ၂၀၁၈ခုနှစ်​မှာတော့ Creed 2 ကို ပရိတ်​သတ်​တွေဆီ ပို့ဆောင်​ပေးခဲ့ပြန်​ပါတယ်​ အရင်​ကားတွေအတိုင်းပါပဲ စွဲဆောင်​မှုရှိရှိနဲ့ ပရိသတ်​ကို ဖမ်းစားခဲ့ပြန်​ပါတယ်​ ကမ္ဘာ့ဟဲဗီးဝိတ်​ချန်​ပီယံတစ်​ယောက်​ရဲ့ရွှေခါးပတ်​ကို ရရှိဖို့ဆိုတာ မလွယ်​ကူသလို ထိန်းသိမ်းဖို့ဆိုတာလည်း သိပ်​ကိုခက်​ခဲပါတယ်​ ဒီဇာတ်​ကားထဲမှာ ချန်​ပီယံဘွဲ့ကို ထိန်းသိမ်းရတဲ့ လက်​ဝှေ့သမားတစ်​ယောက်​ရဲ့ဘဝကို ကိုယ်​ချင်းစာမိသွားအောင်​ ရိုက်​ပြထားပါတယ်​ ဝါသနာကြောင့်​ လုပ်​နေပေမယ့်​ နာကျင်​မှုကို လူတိုင်း ကြောက်​ပါတယ် ​ ဒါ့အပြင်​ အချိန်​မရွေး ကြိုးဝိုင်းထဲမှာ အသက်​ဆုံးရှုံးသွားနိုင်​ပါသေးတယ် ​ လက်​ဝှေ့ရဲ့သဘောတရားကိုက သူတစ်​ပါးကိုနာကျင်​အောင်​လုပ်​ရတာပါ သူတစ်​ပါးကို နာကျင်​စေချင်​ရင်​တော့ ...
7.7
IMDB: 7.7/10 29,172 votes
movie

Creed II (2018)

2018