Channel Myanmar

Jake Cuenca

[18+] My Father, Myself (2022)
[18+] My Father, Myself (2022) My Father, Myself (2022)မက်သရူးရဲ့ဖခင်ဟာလယ်သမားခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး ငယ်ရွယ်စဉ်မှာပဲမလိုသူတွေရဲ့လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရပါတယ်။ဖခင်သေဆုံးချိန်မှာ သူ့ရဲ့ခေါင်းကိုင်အဖလည်းဖြစ်၊ ဖခင်ဖြစ်သူရဲ့ရှေ့နေ၊အရင်းနှီးဆုံးမိတ်ဆွေ တစ်ယောက်ဖြစ်တဲ့ ရောဘတ်ရဲ့စောင့်ရှောက်မှုအောက်ကိုမက်သရူးရောက်ရှိခဲ့ပါတယ်။ ရောဘတ်ရဲ့ဇနီး၊ သမီးဖြစ်သူတို့ကလည်း မက်သရူးကိုအရင်းအချာနဲ့မခြားနွေးနွေးထွေးထွေးကြိုဆိုစောင့်ရှောက်ခဲ့ကြသလို ပျိုးထောင်မှုကောင်းတွေရရှိခဲ့တဲ့အတွက် မက်သရူးဟာ ပညာရေးမှာပေါက်မြောက်ထူးချွန်ခဲ့ပြီး လိုင်စင်ရရှေ့နေဖြစ် ဘားစာမေးပွဲကိုပါ ထိပ်ဆုံးက အောင်မြင်ခဲ့ပါတယ်။ဒီအချိန်မှာပဲအရွယ်ရောက်ခံစားချက်တွေပြောင်းလဲလာပြီဖြစ်တဲ့အတွက် ရောဘတ်ရဲ့သမီးငယ် မီကာက သူ့ကိုချစ်တဲ့ အကြောင်း၊ သူ့မိခင်ကိုယ်တိုင်ကလည်း သဘောတူညီကြောင်းပြောလာခဲ့ပါတယ်။ သိပ်ချစ်ခင်စည်းလုံးကြတဲ့မိသားစုတစ်ခုအနေနဲ့ရော ပတ်ဝန်းကျင်တစ်ခုလုံးကပါ သူ့ကိုမွေးစားသားလို့သိထားကြတဲ့အတွက်ပါ အနာဂတ်အတွက် ဘာအနှောင့်အယှက်မှမရှိပြေပြစ်ချောမောနေတဲ့ အခြေအနေတစ်ခုကိုမက်သရူးရော မွေးစားဖခင်ဖြစ်သူ ရောဘတ်ကိုယ်တိုင်ကပါ အင်တင်တင်ဖြစ်နေခဲ့ကြရာကနေ သူတို့မိသားစုအတွက် မုန်တိုင်းတစ်ခုအစပျိုးလာပါတော့တယ်။ အဲ့ဒီလျှို့ဝှက်ချက်တွေဘယ်ကစအမြစ်တည်လာခဲ့လဲဆိုတာ ဆက်လက်ရှုစားကြပါ။trailer ထွက်ရှိချိန်မှာ LGBT+ အသိုင်းအဝိုင်းအပေါ်မကောင်းတဲ့ရိုက်ခတ်မှုတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်တကြီးဝေဖန်ချက်တွေထွက်ပေါ်လာခဲ့ပေမယ့် ဒါရိုက်တာကတော့ ဒါဟာသူ့မွေးရပ်မြေမှာတကယ်ရှိခဲ့ဖူးတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်တဲ့အတွက် ဒီလိုဇာတ်လမ်းတိုင်းဟာ အပြုသဘောဖြစ်နေစရာမလိုဘူးလို့ဆိုခဲ့ပါတယ်။ အငြင်းပွားမှုတွေရှိနေခဲ့ပေမယ့်လည်း Metro Manila Film Festival မှာ ဆန်ကာတင်ဆုခုနှစ်ခုဝင်ခဲ့ပြီး ဆု ၃ ခုဆွတ်ခူးခဲ့ပါသေးတယ်။ဒီဇာတ်လမ်းကိုကြည့်တဲ့အခါ ဆရာမဂျူးရဲ့ ဖေဖေ့သူငယ်ချင်း ဝတ္တုကိုအမှတ်ရစရာဖြစ်ပါလိမ့်မယ်။ ဘယ်နေရာတွေမှာတိုက်ဆိုင်တူညီနေမလဲဆိုတာတော့ ကိုယ်တိုင်အဖြေရှာကြစေချင်ပါတယ်။ File size…(1.6 GB) / (710 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:43:23 ...
movie

[18+] My Father, Myself (2022)

In the Name of Love (2011) 6.4
In the Name of Love (2011) In the name of love (2011)၂၀၁၁ ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ ဖိလစ်ပိုင် အချစ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အကသမား အမ်မန်ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့သားလေးပညာရေး အတွက် နိုင်ငံခြားမှာပိုက်ဆံရှာရင်းနဲ့ စီးဒီးစ် ဆိုတဲ့ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ သူတို့ရဲ့အချစ်ခရီးလမ်းဟာ အိပ်မက်တွေနဲ့ အပြည့်ပေါ့။ ပြန်ရောက်ရင် လက်ထပ်ကြမယ် သူ့ရဲ့သားလေးကိုလဲ ကျောင်းကောင်းကောင်းမှာ ထားမယ်ဆိုပြီးပေါ့။ ဒီလိုနဲ့ ပျော်ရွှင်နေခဲ့ရတာကနေ လေဆိပ်မှာ အဖမ်းခံလိုက်ရတာကနေ သူ့ရဲ့ဘဝကြီး ပျက်စီးသွားခဲ့ရတယ်။ သူ့ရဲ့စွန့်ပစ်သွားတဲ့ ကောင်မလေးကို စိတ်နာရင်းနဲ့ပဲ ဖိလစ်ပိုင်ကို ပြန်ရောက်လာတဲ့အခါ ဇိမ်ခံကားကြီးပေါ်မှာ သူ့ကောင်မလေးကို ပြန်တွေ့လိုက်ရတော့ .... ။မင်းသမီးလေးကြည့်ရင်ကို ဇာတ်လမ်းက တန်နေပြီ လို့ ပြောလို့ရတယ်။ ဒီထက်ပိုကာကတော့ ဇာတ်လမ်းကလည်းကောင်း ဆိုတော့ ပိုအဆင်ပြေတာပေါ့။ ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဖိလစ်ပိုင် ကားဆိုပေမဲ့ အနုပညာကတော့ အရှေ့တောင်အာရှမှာ မခေဘူးဆိုတဲ့အထဲကပါ။ "အချစ်ဟူသော အမည်နာမအားဖြင့်" ဇာတ်ကာလေးကို ကြည့်ရှု အားပေးလိုက်ကြပါဦး ....အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie

In the Name of Love (2011)

2011
Love Lockdown (2020) 6.9
Love Lockdown (2020) Love Lockdown (2020) ၁၆နှစ်အောက်မကြည့်သင့်တဲ့ကားဖြစ်ပါတယ်လော့ဒေါင်းထဲက အချစ် ...... လော့ဒေါင်းကာလမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတွေကို ရိုက်ထားတဲ့ကားပါ ဇာတ်လမ်း ၃ ခုကို ချိတ်ဆက်ပြီး ရိုက်ထားတာမို့ ဇာတ်အခင်းအကျင်းကလည်း တော်တော်လေး လှပါတယ်။ဇာတ်လမ်းအစမှာ မယားငယ်နဲ့ လော့ဒေါင်းမိတာကို မယားကြီးမသိအောင် နေနေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဇာတ်လမ်းနဲ့ စတင်ထားပါတယ်။ နောက်ဇာတ်လမ်းနှစ်ခုကတော့ ဒါနဲ့ ဆက်စပ်ရင်းနဲ့ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရမှာပါ။မယားကြီး မယားငယ်နဲ့ နှစ်စင်ထောင်တတ်တဲ့ ဘီးကြဲတွေအတွက်လည်း ရှောင်ရန်ဆောင်ရန် လေ့လာမှတ်သားနည်းနာအဖြာဖြာပါပါတယ်ဇာတ်လမ်းကတော့ လော့ဒေါင်းကာလမှာ လူတွေက ပထမတော့ အနားရလို့ပျော်ကြပြီး ကြာလာတဲ့အခါမှာ မွန်းကြပ်တဲ့ဒါဏ်မခံစားနိုင်တော့ လုပ်မိလုပ်ရာလုပ်ကြတဲ့အခါ ..... သန်ရာသန်ရာလုပ်ကြတဲ့အခါ ...... ဘာတွေဖြစ်လာလဲဆိုတာကိုရိုက်ပြထားတာပါရုပ်ရှင်ဆိုပေမယ့် အပြင်မှာဖြစ်လေ့ဖြစ်ထရှိတာတွေကိုပဲရိုက်ထားတာမို့ ဇာတ်လမ်းကို ကြည့်ရင်းနဲ့ အတူတူစီးမျောခံစားပြီး ဇာတ်နောက်ကို ပါမှန်းမသိ ပါသွားမယ့် ဇာတ်ကားမျိုးပါ။ တော်တော်လေးမိုက်ပါတယ်။ယောင်္ကျားနဲ့မိန်းမကြားမှာရှိတဲ့ စိတ်နေစိတ်ထား ..... မေတ္တာတရား ..... လိင်စိတ်သာယာမှု ..... စိတ်အမှောင်တွေ ..... အစရှိသဖြင့်ပါတာမို့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်တိုက်တွန်းရတာကတော့ ဘော်ဒါတို့အတွက် မင်းသမီးလေးတွေက အကိတ်အချောြဖစ်နေတာလည်း တစ်ကြောင်းပါထမင်းစားရင် အစပ်ပါမှ သဘောကျကြတာ မဟုတ်လား? အချစ်ဇာတ်လမ်းကြည့်ရင်လည်း အစပ်ကလေး ...
movie

Love Lockdown (2020)

2020
Eerie(2018) 5.5
Eerie(2018) Eerie(2018)ကျောင်းတွေတိုင်းမှာ တစ္ဆေပုံပြင်တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတာတွေရှိတတ်ကြပါတယ်။ သီလရှင်တွေအုပ်ချုပ်တဲ့ မိန်းကလေး သီးသန့်ကျောင်းဖြစ်တဲ့ စတာလူရှာမှာလဲ ရှိပါတယ်။ သုံးထပ်မြောက်က အိမ်သာထောင့်ဆုံးအခန်းမှာ ကျောင်းသူတစ်ယောက်သတ်သေသွားဖူးတဲ့အတွက် အဲ့ဒီအိမ်သာကို ဘယ်သူမှ မသွားရဲကြပါဘူး။ တစ်နေ့ကျောင်းသူလေးတစ်ယောက် ညသန်းခေါင်တစ်ယောက်တည်း အဲ့ဒီအိမ်သာထဲကို သွားမိရင် ကြမ္မာဆိုးတစ်ခုနဲ့ကြုံမိသွားရာကနေ..။ ကျောင်းကို စည်းကမ်းလဲကြီး မျက်နှာထားလဲတင်းမာတဲ့ စစ္စတာ အဲလစ်စ်က အုပ်ချုပ်ပါတယ်။ မစ္စပတ် ကတော့ စိတ်ပိုင်းဆိုင်ရာအတိုင်ပင်ခံ တစ်ယောက်ဖြစ်တယ်။ ညဘက်ဆိုရင် သတ်သေသွားတဲ့ကျောင်းသူ အယ်ရစ်ကာက သူနဲ့စကား လာလာပြောတတ်တယ်။ အယ်ရစ်ကာ သေဆုံးမှုဟာ စစ္စတာ အဲလစ်စ်ရဲ့လက်ချက်မကင်းဘူးလို့ သံသယ၀င်လာတဲ့သူဟာ နှစ်ပေါင်းများစွာတည်ရှိလာခဲ့တဲ့ ကျောင်းကြီးရဲ့ အရှုပ်အထွေးတွေကြား မလွှဲမရှောင်သာ ၀င်ပါမိပါတော့တယ်။ Horror ထုံးစံ jump scare တွေ အများကြီးမသုံးထားပဲနဲ့ ဇာတ်ကြောင်းနဲ့လှည့်ကွက်တွေကို ဦးစားပေးတည်ဆောက်ထားတဲ့ကားတစ်ကားပါ။ ကြည့်နေရင်း ပဟေဠိတွေနဲ့ တစ်စိမ့်စိမ့်ခြောက်ခြားလာစေရမှာအမှန်ပါပဲ။ File Size : (850MB) and (341 MB) Quality : WEB-DL 720p, Format…mp4 Duration…01:41:00 Genre : ...
movie

Eerie(2018)

2018