Channel Myanmar

Jake McKinnon

House of 1000 Corpses (2003) 6
House of 1000 Corpses (2003) House of 1000 Corpses (2003)​Halloween ပွဲ​တော်လည်း​ရောက်​​​​တော့မယ်ဆို​တော့ Halloween Theme နဲ့ရိုက်ထားတဲ့ ဇာတ်ကား​တွေထဲက ကြည့်ရှုသူကို ဆွဲ​ခေါ်သွား​ပေးနိုင်တဲ့ ဇာတ်ကား​လေးတစ်ခုဖြစ်တဲ့ ၂၀၀၃ ခုနှစ်ကထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုကား​လေး House of 1000 Corpses ကို တင်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~အရာရာကို စူးစမ်းချင်တဲ့ ​ဘေလ်၊ ဂျယ်ရီ၊ မယ်ရီ နဲ့ ဒယ်နီးဆိုတဲ့ သူငယ်ချင်း​​လေး​ယောက် ​တစ်​နေ့ အ​မေရိကန်နိုင်ငံရဲ့ လူသွားနည်းလမ်းကားလမ်း​​မကြီး​တွေ​ဘေးက ဆွဲ​ဆောင်မှုရှိတဲ့ ​နေရာ​တွေအ​ကြောင်း စာအုပ်​ရေးဖို့ လိုက်ရှာရင်း ​ဟောလိုဝင်း​နေ့ကြီးမှာ ကပ္ပတိန်စ​​ပေါတင်းဆိုတဲ့​နေရာ​လေးကို​ရောက်သွားပါတယ်။အဲဒီ​နေရာ​လေးက​နေ မြို့ရဲ့ ​ပျောက်ဆုံး​နေတဲ့ ​ဒေါက်တာ​စေတန်အ​ကြောင်း လိုက်ရှာမယ်ဆိုပြီးထွက်အသွား ​သူစိမ်းကောင်မ​လေးတစ်​ယောက် လမ်းကြုံအကူအညီ​​​တောင်းတာကိုကူညီရင်း ​​သူစိမ်းအိမ်ကို​ရောက်သွားပါတယ်။ အဲဒီအိမ်ကြီးကို ​ရောက်ပြီး​နောက်ပိုင်း သူငယ်ချင်းလေး​ယောက် ဘယ်လိုမူမမှန်မှု​တွေ ထိတ်လန့်​ခြောက်ခြားစရာ​တွေ... အဲဒီအိမ်ကြီးမှာ ဘာ​​တွေဖြစ်ပျက်ခဲ့လဲ... ဆိုတာ​တွေကို သည်းထိတ်ရင်ဖိုကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

House of 1000 Corpses (2003)

2003
Ginger Snaps 2: Unleashed (2004) 6.4
Ginger Snaps 2: Unleashed (2004) Ginger Snaps 2: Unleashed (2004) တစ်မှာတုန်းက အဖြစ်အပျက်တွေအပြီးမှာ ဘရစ်ဂျက်တစ်ယောက် သူ့အစ်မလိုဖြစ်မသွားအောင် တိဝုပင်ကိုပဲ အားကိုးနေရပါပြီ။ဒါပေမဲ့ အဲဒါက ဖြေဆေးမဟုတ်ပဲ အချိန်ဆွဲပေးရုံသက်သက်ဖြစ်တာကြောင့် သူမပြောင်းသွားခင် အချိန်သိပ်မကျန်တော့သလို သူ့နောက်ကိုလိုက်နေတဲ့ သတ္တဝါဆိုးကြီးကလည်း ရှိနေပြန်ပါတယ်။အရေးထဲ သူ့ကို ဆေးစွဲနေတယ်ထင်ပြီး ဆေးဖြတ်စခန်းကို အတင်းခေါ်သွားခံရတဲ့အခါ ...သူ အဲဒီမှာ ဘယ်သူတွေနဲ့ ဘယ်လို စခန်းဆက်သွားမလဲဆိုတာ သည်းထိပ်ရင်ဖို ဆက်ကြည့်ရှုခံစားလိုက်ပါဦး။ ပထမကား ကို မကြည့်ရသေးရင် Ginger Snaps (2000) မှာ ကြည့်လို့ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat ပါ။) File Size : 1.9GB, 675MB & 335MB Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format : mp4 Duration : 1hr & 34mins Genre ...
movie

Ginger Snaps 2: Unleashed (2004)

2004
Land of the Dead (2005) 6.2
Land of the Dead (2005) Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့​နောက် Old but gold zombie ကား​​​ကောင်းတစ်ကားကို CM fan​တွေ မကြည့်ဖူးမရှိရ​​အောင် တင်​​​ဆက်​ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်​ဘေးတစ်ခု​ကြောင့် တစ်ကမ္ဘာလုံးက လူ​အများစု ဖုတ်​ကောင်​တွေ ဖြစ်သွားတဲ့​နောက် ​လူကုံထံ​တွေက လုံခြုံ​ရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီး​​​နေထိုင်ကြပါတယ်၊ ကပ်​ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲ​တွေကို​တော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုး​တွေနဲ့ အနီးဆုံးမှာပဲ ​ပေး​နေပါတယ်၊ ရိက္ခာကို​တော့ ကြေးစားလူစွန့်စား​တွေကို ငှားရမ်းပြီး ဖုတ်​​ကောင်​တွေပြည့်နေတဲ့ မြို့ပျက်ငယ်​တွေမှာ ရှာ​​ဖွေခိုင်းပြီး အသက်ဆက်​နေကြတာပါ။ရိုင်​လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ​​ ကြေးစားအဖွဲ့ဝင်​တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာ​တော့ ဖုတ်​ကောင်​တွေက လမ်း​လျှောက်တတ်တဲ့ လူ​သေ​ကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာ​ဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်​​နေ့မှာ​တော့ ဆင့်ကဲ​ပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသား​တွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie

Land of the Dead (2005)

Kiss Kiss Bang Bang(2005) 7.6
Kiss Kiss Bang Bang(2005) Kiss Kiss Bang Bang(2005) IMDb....7.6,,,Rotten...86% Kiss kiss bang bang ဟာ စုံ​ထောက်​ဟာသဇာတ်​မြူးကားဖြစ်​ပါတယ်​။ ဟယ်​ရီဆိုတဲ့ အ​ပေအ​တေ ဂျ​လေဘီတစ်​​ယောက်​က ရုတ်​တရက်​ ရုပ်​​ရှင်​သရုပ်​​ဆောင်​အ​နေနဲ့ အ​ရွေးခံရပြီး​တော့အယ်​​အေကို​ရောက်​သွားပါတယ်​။ အဲ့ဒီမှာ ငယ်​ကကျွမ်​းတဲ့ ငယ်​ကျွမ်​း​ဆွေ​ကောင်​မ​လေး ဟာမီုနီနဲ့ ပါတီမှာပြန်​​တွေ့ခဲ့ရာက​နေ ငယ်​ငယ်​ကဇာတ်​လမ်​းပြန်​စခဲ့ပါတယ်​။ငယ်​ကျွမ်​း​ဆွေ​ကောင်​မ​လေးမှာ ငယ်​ငယ်​ကအရမ်​း admire ဖြစ်​ခဲ့ရတဲ့ စာ​ရေးဆရာ တစ်​​ယောက်​ရှိခဲ့ပါတယ်​။ အဲ့ဒီစာ​ရေးဆရာ​ရေးတဲ့စာအုပ်​ကို ပြန်​ရုပ်​ရှင်​ရိုက်​တဲ့အခါမှာလည်​း ရုပ်​ရှင်​မင်​းသားကိုအရမ်​း​လေးစားခဲ့ပြန်​ပါတယ်​။ ဒါ​ပေမဲ့လည်​း သူမရဲ့ညီမ သူ့ကိုယ်​သူသတ်​​သေတာဟာ အဲ့ဒီရုပ်​ရှင်​မင်​းသားနဲ့ ပတ်​သတ်​​နေပြန်​ပါ​ရော။ ဘယ်​လိုပတ်​သတ်​​နေတာလဲဆိုတာကို​တော့ ရှုစားကြည်​့ကြပါ။ခုနက ဂျ​လေဘီ ဟယ်​ရီက​တော့ စုံ​ထောက်​​လေ့ကျင်​့ခန်​း​တွေကို လိုက်​ပြီးကူလုပ်​​ပေးခဲ့ရပါတယ်​။ အဲ့ဒီက​နေ အရှုပ်​​တော်​ပုံတစ်​ခုထဲကို ​ရောက်​မှန်​းမသိ​ရောက်​ခဲ့ရပါတယ်​။သို့​သော်​လည်​း ၎င်းအရှုပ်​​တော်​ပုံက သူရဲ့ ဟာမိုနီနဲ့ပတ်​သတ်​​နေတာဖြစ်​​လေ​တော့ သူဟာရုန်​းထွက်​မရနိုင်​​အောင်​ဖြစ်​ခဲ့ရပါတယ်​။ ဟယ်​ရီတို့ ကိစ္စတစ်​ခုစုံစမ်​း​နေချိန်​မှာပဲ ​ကောင်​မ​လေးတစ်​​ယောက်​ရဲ့အ​လောင်​းကို တိုက်​တိုက်​ဆိုင်​ဆိုင်​​တွေ့ခဲ့ရပါတယ်​။ အသတ်​ခံရတဲ့​ကောင်​မ​လေးက​ကော ဟာမိုနီ့ညီမနဲ့ ဘယ်​လိုပတ်​သတ်​လဲ။ ဟိုရုပ်​ရှင်​မင်​းသားက​ကောဒီ​ကောင်​မ​လေးနှစ်​​ယောက်​​သေဆုံးမှုနဲ့ ဘယ်​လိုပတ်​သတ်​မလဲဆိုတာက​တော့ ဆက်​လက်​ရှုစားရင်​းနဲ့ ရင်​ခုန်​လိုက်​ပါဦး။ ဇာတ်​လမ်​းကို​တော့ ဟယ်​ရီ က​နောက်​ခံစကား​ပြောတဲ့ပုံစံမိိျုးနဲ့ ...
movie

Kiss Kiss Bang Bang(2005)

2005
From Dusk Till Dawn (1996) 7.3
From Dusk Till Dawn (1996)   ၁၉၉၆ က Action,Crime,Horror ဇာတ်ကားလေးတစ်ကားပါ။IMDB Rating 7.3 ရရှိထားပြီး Rotten Tomatoes 63%ရရှိထားပါတယ်။မင်းသားကြီး Gorge Clooney ပါဝင်သရုပ်ဆောင်ထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ရိုးရိုး Action ကားပုံစံကနေ Horror ပုံစံကိုချိုးချပြောင်းလဲသွားတာကလည်းတစ်မျိုးလေးစွဲဆောင်မှုရှိစေပါတယ်။လူသတ်မှုပေါင်းများစွာကိုကျူးလွန်ထားတဲ့ဘဏ်ဓားပြညီအစ်ကိုနှစ်ယောက်၊ စိတ်ပုံမှန်မဟုတ်တဲ့ညီကြောင့်ကျင့်ဝတ်စောင့်ထိန်းတတ်တဲ့ သူခိုးတစ်ယောက် ပြဿနာတွေတက်နေတဲ့ကြားကယုံကြည်ချက်ပျောက်ဆုံးနေတဲ့ တရားဟောဆရာတစ်ယောက်နဲ့သူ့ရဲ့ မိသားစုအကူအညီကိုယူပြီး နိုင်ငံထဲကထွက်ပြေးလွတ်မြောက်သွားပေမယ့်သူတို့နောက်ထပ်ရင်ဆိုင်ရမယ့်သဘာဝလွန်ဖြစ်ရပ်တွေကတော့...အရင်ကဇာတ်ကားဆိုတော့ Effect တွေကသိပ်မကောင်းပေမယ့်ဇာတ်လမ်းလေးကလှပြီး Country သီချင်းလှလှလေးတွေအများကြီးပါပြီးတော့ကျွန်တော်အကြိုက်ဆုံးဇာတ်ဝင်ခန်းလေးကတော့အမျိုးသမီးတစ်ယောက်မြွေနဲ့ ကတဲ့အခန်းပါ။တကယ်ကိုရင်သပ်ရှုမောစရာပါပဲဗျာ။ File size…(900MB) and (380MB) Quality…BR-Rip 1080p Format…mp4 Duration….01:47:50 Subtitle….Myanmar Subtitle (Hardsub) Translated by d3monEncoded by Naing Aung Latt
movie

From Dusk Till Dawn (1996)

1996