Channel Myanmar

James Babson

The Illusionist (2006)
The Illusionist (2006)  မင်းသားကြီး Edward Norton ရဲ့ နာမည်ကျော် ရုပ်ရှင်ကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Now You See Me လို မျက်လှည့်ကားကောင်းကောင်းမျိုးတွေထဲက တစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမဖြစ်နိုင်တဲ့အရာတွေကိုအာရုံစိုက်လွန်းတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကိုလွတ်ထွက်သွားတတ်ပါတယ်။ မျက်လှည့်ဆိုတာ ဒီလိုမျိုးပါပဲ။ လူငယ်မျက်လှည့်ဝါသနာရှင်အက်ဝဒ်က မြို့စားသမီးနဲ့ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ မျိုးရိုးဂုဏ်မတူတဲ့သူတို့နှစ်ယောက်က ဘယ်လိုမှပေါင်းဖက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ အက်ဝဒ်က အချစ်ဦးဆိုဖီနဲ့ဝေးပြီး၁၅နှစ်ကြာတဲ့အခါ မျက်လှည့်ဆရာအိုက်စ်ဟန်ဖြစ်လာခဲ့တယ်။ အချစ်ဦးနဲ့ နောက်ထပ်ပြန်တွေ့တဲ့အချိန်မှာတော့ အိုက်စ်ဟန်က သူ့ရဲ့မျက်လှည့်ပြကွက်တွေနဲ့အချစ်ဦးကိုပြန်ရဖို့ကြိုးစားမှာပါ။ မျက်လှည့်ဆိုတဲ့အရာကဘယ်လောက်ထိစွမ်းနိုင်လဲဆိုတာနဲ့ အဆုံးသတ်မှာအိုက်စ်ဟန်ဖြစ်ချင်သလိုဖြစ်လာနိုင်မလားဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ File size…(1.8 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Fantasy, Drama, Thriller, Roamce  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

The Illusionist (2006)

The Greatest Showman (2017) 8.0
The Greatest Showman (2017) The Greatest Showman (2017)IMdb Rating (7.5)ဒီ Musical Drama ရုပ်ရှင်ကားကြီးက ခြူးတစ်ပြားမှမရှိသူတစ်ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူ ဆပ်ကပ်ဆရာကြီး P. T. Barnum ရဲ့ ဘဝဇာတ်ကြောင်းအခြေခံရိုက်ကူးထားတဲ့ Biography ရုပ်ရှင်လည်းဖြစ်ပါတယ်။မင်းသားကြီး Hugh Jackman က P.T.Barnum အဖြစ်အဓိကပါဝင်ထားပြီး Michelle Williams, Zac Efron, Zendaya, Rebecca Ferguson စတဲ့နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဘတ်ဂျက် $84 million သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ $435 million ထိ ပြန်လည်ရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေ တစ်ကမ္ဘာလုံးက Musical ပရိတ်သတ်တွေရဲ့ ကောင်းချီးကိုပါ ရရှိခဲ့ပါတယ်။စိတ်ဓာတ်ကျနေချိန်တိုင်း နားထောင်ကြရမယ့် သီချင်းတွေပါဝင်တယ်လို့ နာမည်ကြီးသလို နားဆင်မိသူတိုင်း ရင်ထဲစွဲငြိအောင် ကြိုက်ရတဲ့သီချင်းတွေလဲပါဝင်ပါတယ်။ဇာတ်လမ်းကတော့..... မိဘမဲ့တစ်ယောက်ဖြစ်တဲ့P.T.Barnum ဆိုတဲ့ကောင်လေးအနေနဲ့ ကြိုက်မိတဲ့ကောင်မလေးကကျ ရွှေဘုံပေါ်က သူဌေးသမီးဖြစ်နေပါတယ်။ ဒါပေမယ့်သူဟာ ရည်မှန်းချက်ကြီးတဲ့လူဖြစ်ပြီး စကားပြောကောင်းသူ..ဇွဲကောင်းသူ...အနုပညာအမြင်ရှိသူဖြစ်ပါတယ်။ရည်မှန်းချက်ကြီးသူဖြစ်တဲ့အတိုင်း သူ့စိတ်ကူးထဲက ကြီးကျယ်ခမ်းနားတဲ့ ...
movie

The Greatest Showman (2017)

2017
4K HEVC
15 Cameras (2023) 5.1
15 Cameras (2023) 15 Cameras (2023) ==============၂၀၁၅ ,  ၂၀၁၈ တို့မှာ ထွက်ရှိခဲ့တဲ့ 13,14 ကင်မရာတို့ရဲ့ အဆက် 15 Cameras ဆိုတဲ့ ဒီဇာတ်လမ်းကတော့ အတော်လေး ကျော ချမ်းဖို့ကောင်းပါတယ်။ ကိုယ့်ကိုတစ်ချိန်လုံး စောင့်ကြည့်နေတဲ့ ဆိုက်ကိုတစ်ယောက်ရဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပါ။ အိမ် ခြံမြေဈေးကွက်မှာ ငွေတွေရင်းနှီးမြှုပ်နှံပြီး အိမ်ငှားစားတဲ့ ဆလမ်း လော့ (ခေါ်) မြေပိုင်ရှင်ကြီးတစ်ယောက်ရှိတယ်။သူက သူပိုင်တဲ့အိမ်တွေအများကြီးမှာ..လျှို့ဝှက်စီစီတီဗီတွေတပ် ပြီး မြေအောက်ခန်းတစ်ခုကနေ အကုန်ထိန်းချုပ်ပြီး စောင့်ကြည့်ပြီး အရသာခံတတ်တယ်။ သူ့ရဲ့ဝါသနာဗီဇတစ်မျိုးပေါ့။ သူဖမ်းဆီးထိန်း သိမ်းခံရပြီး သတင်းကလည်း နိုင်ငံအနှံ့ ဟိုးလေးတကျော်ဖြစ်သွားတဲ့ အချိန်မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်တယ်ဆိုပြီး ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ စုံတွဲတစ်တွဲကလည်း သူပိုင်ဆိုင်တဲ့ အိမ်ကြီး ထဲကို ဈေးပေါပေါနဲ့ရလိုက်တဲ့အတွက်ပြောင်းရွှေ့လာကြပါတယ်။ ဒါပေမယ့် ဆလမ်းလော့မရှိတော့ပေမယ့် သူ့ရဲ့ကင်မရာတွေ ထိန်း ချုပ်ခန်းတွေက နောက်ထပ်မျိုးဆက်တစ်ခုကို လက်ဆင့်ကမ်းရင် psycho ကောင်တစ်ယောက်ထပ်မံမွေးဖွားလာတဲ့အခါမှာ..လူတွေ ကို ဘယ်လိုဒုက္ခတွေထပ်ပေးဦးမလဲ သည်းထိပ်ရင်ဖိုကြည့်ရှုရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.57 GB) / (465 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr ...
movie

15 Cameras (2023)

2023
Last Knights(2015) 6.2
Last Knights(2015) Last Knights(2015)===============ကိုယ်ကိုယ်တိုင် မတရားမခံရမချင်း မတရားမှုကို လက်ပိုက်ကြည့်နေခဲ့ရင်ဘာဖြစ်လာနိုင်မလဲဧကရာဇ်ရဲ့ အတိုင်ပင်ခံတစ်ဦးဖြစ်တဲ့ ဂီးဇာမော့တ်ဟာ အာဏာကို တလွဲအသုံးချပြီး ကိုယ်ကျိုးအတွက် သူကောင်းမျိုးတွေဆီကနေ လက်ဆောင်ပဏ္ဍာတွေ အတင်းအကျပ် တောင်းယူပါတယ် ပြည်သူတွေဆီကနေ အခွန်တွေအဆမတန် တိုးကောက်ပါတယ် သူကောင်းမျိုးတွေကလည်း သူနဲ့ အဆင်ပြေမှအခွင့်အရေးရမှာမို့ မတရားမှုတွေကို ဒီတိုင်းကြည့်နေကြပါတယ်တစ်နေ့မှာတော့ လော့ဒ်ဘားတော့ခ်အလှည့် ရောက်လာခဲ့ပါပြီ အကြောင်းပြချက်ပေးပြီး လာဘ်တောင်းဖို့ သူ့ကို မြို့တော်ဆီ ဆင့်ခေါ်လိုက်ပါတယ်မတရားမှုကို‌ ခေါင်းငုံ့မခံနိုင်တဲ့ လော့ဒ်ဘားတော့ခ် တောင်းဆိုချက်တွေကိုပြောင်ပြောင်တင်းတင်းဘဲ ငြင်းဆန်လိုက်ပါတယ် မတရားမှုကို ခုခံတဲ့အတွက်ပြစ်ဒဏ်အနေနဲ့ သူ့အသက်ကို ပေးရပါတော့မယ်လော့ဒ်ဘားတော့ခ်ရဲ့ တပ်မှူး ရေဒင်နဲ့ နောက်လိုက်တွေဟာ သခင့်နာမည်ကိုပြန်အဖက်ဆယ်နိုင်ဖို့ ဘာတွေလုပ်ကြမလဲ မတရားမှုကို အောင်အောင်မြင်မြင်တွန်းလှန်နိုင်ပါ့မလားမြင်းစီးစစ်သည်တွေရဲ့ တာဝန်နဲ့ သစ္စာတရားကို သရုပ်ဖော်ထားပြီး Dialogueကောင်းကောင်းတွေလည်း ပါဝင်တာကြောင့် ခံစားကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်... File size…1.51GB / 574MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ..... Action ...
movie

Last Knights(2015)

The Words(2012) 7.0
The Words(2012) The Words(2012)============== ဒီဇာတ်ကားလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန်ကြိုးစားနေရတဲ့စာရေးဆရာတစ်ယောက်ဟာ ကိုယ်တိုင်မရေးခဲ့တဲ့စာမူနဲ့အကြီးအကျယ်အောင်မြင်မှုရသွားခဲ့ပြီးတဲ့နောက် ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ရွေးချယ်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းကို ပြန်ပြောပြထားတာပဲဖြစ်ပါတယ်။Bradley Cooper က သူ့ရဲ့ဇာတ်ရုပ်ကိုကောင်းကောင်းကြီးသယ်သွားပြီးတော့အတွင်းပိုင်းမှာရုန်းကန်ကြိုးစားရတဲ့အခြေအနေကိုကောင်းကောင်းပုံဖော်ပြသွားနိုင်ပါတယ်။ တကယ့်ကိုပြင်းထန်ပြီးတော့စိတ်ပိုင်းဆိုင်ရာအရညှင်းပန်းနှိပ်စက်ခံနေရတဲ့ပုံစံကို Bradley Cooper ကပုံဖော်သရုပ်ဆောင်ပြသွားနိုင်တာက ကြိုဆိုရမယ့်အပြောင်းအလဲတစ်ခုပဲဖြစ်ပါတယ်။ဖန်လုံအိမ်ထဲမှာ အရာရာကိုပြန်အဆင်ပြေအောင်ကြိုးစားနေတဲ့သူ့ရဲ့သရုပ်ဆောင်ချက်တွေကရင်သပ်ရှုမောလောက်စရာပါပဲ။ဒီ The Words ဆိုတဲ့ရုပ်ရှင်ကားမှာ ကြည့်ရှုဖို့ထိုက်တန်တဲ့သရုပ်ဆောင်ချက်တွေအများကြီးပါဝင်နေတာမို့ တစ်ခါလောက်မြည်းစမ်းကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်။ File size…1.72GB / 744MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 42m Genre ..... Mystery , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin
movie

The Words(2012)

The Shawshank Redemption (1994) 9.3
The Shawshank Redemption (1994) The Shawshank Redemption (1994)91% Rotten Tomatoes9.3/10 IMDbမိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten Tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ.....မသေခင်ကြည့်သင့်သော ကားများ....ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘဝ၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ...
movie

The Shawshank Redemption (1994)

1994
4K HEVC
Hellboy (2004) 6.9
Hellboy (2004) Hell Boy ဆိုရင် အားလုံး သိကြတဲ့အမှီးပါတဲ့ အနီရောင်လူသားကြီး ပေါ့သူ့ ဂျိုတွေကိုလဲ ဖြတ်ထားသေးတယ်...Hell Boy ဇတ်လမ်း အစကနာဇီ ခေတ်ကတည်းက လို့ ဆိုရမယ်ဟစ်တလာ က သူ့ တပ်တွေ အနိုင်ရဖို့ အတွက်မှော်ပညာရှင် အဖွဲ့အစည်းတစ်ခုကို စေခိုင်းပြီးငရဲတံခါး ကို ဖွင့်ခိုင်းခဲ့တယ်...အဲ့ဒီတံခါးကနေ အတော်ဆုံး မကောင်းဆိုးဝါးတွေကိုဆင့်ခေါ်ပြီး ဟစ်တလာ ကမ္ဘာကို သိမ်းပိုက်မယ့် အကြံဆိုးနဲ့ပေါ့ဒါပေမဲ့ အစိုးရ အဖွဲ့က အချိန်မှီ ရောက်လာပြီး တိုက်ပွဲတွေဖြစ်ပြီးနောက် ဟစ်တလာ ရဲ့ မကောင်းဆိုးဝါး အဖွဲ့လဲအစ ပျောက်သွားခဲ့ပါတယ်...ဒါပေမဲ့ စစ်တပ် နဲ့ အတူ ပါလာတဲ့ ဒေါက်တာ တစ်ဦးကတော့ငရဲတံခါးကနေ ကျွံဝင်လာတဲ့ လူနီကောင်လေး တစ်ကောင်ကိုရှာဖွေတွေ့ရှိခဲ့ပြီး မွေးစားခဲ့ပါတယ်အဲ့ဒီ လူနီကောင်လေးက Hell Boy ဖြစ်လာခဲ့ပြီးငရဲသား လို့ သတင်းစာတွေမှာ အရိပ်အမြွတ် ပါခဲ့ပါတယ်သူဘယ်သူလဲ ဘယ်သူမှ မသိပါဘူးညဘက်တွေမှာ ...
movie

Hellboy (2004)

2004
Solomon Kane 6.1
Solomon Kane Solomon Kane (2009) IMDb - 6.1/10_____Rotten - 67%    မိစ္ဆာတွေ စွန့်စားခန်းတွေ တိုက်ပွဲတွေ မှော်ပညာပါတဲ့ ဇာတ်လမ်းတွေကိုမှ အားပေးချင်ပါတယ်ဆိုတဲ့ ပုရိတ်သတ်ကြီးအတွက်ဆော်လမွန်ကိန်း လာပါပြီ။ ဇာတ်လမ်းကျောရိုးလေးကို နားလည်ထားမှ ဇာတ်ကားလေးက ကြည့်ရတာအရသာရှိနေတာကြောင့် တင်ပြလိုပါတယ်။ တစ်ချိန်တုန်းက ကမ္ဘာကြီး မိစ္ဆာအမှောင်ထုရဲ့ ကြီးစိုးမှု့အောက်ရောက်ရှိခဲ့ပါတယ် မှော်ဆရာတွေ မိစ္ဆာတွေ မကောင်းဆိုးရွားတွေ သူတစ်လူ ငါတစ်မင်း သောင်းကျန်းချင်တိုင်းသောင်းကျန်း နေတဲ့ခေတ်တစ်ခေတ်ပါပဲ။ အားလုံးက အတည်တကျမဖြစ် ကျီးလန့်စာစားနေနေကြရပါတယ်။ ကိုယ့်ကိုယ်ကိုမပြောနဲ့ ကိုယ့်ဝိဉာဉ်ကိုယ်တောင်မပိုင်တဲ့ ခေတ်ကြီးပါပဲ။ ဝိဉာဉ်ကို မိစ္ဆာတွေနဲ့ အလဲထပ် အလောင်းစားလုပ်လို့ရနေပြီး ကတိဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ဖခင်ရဲ့စေတနာကို နားလည်မှု့လွဲပြီး ဆန့်ကျင်ဘက်တွေလုပ်ရာမှ သူ့ဝိဉာဉ်ကို မိစ္ဆာနဲ့အလောင်းစားလုပ်ပြီး ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေခဲ့ပါတယ်။    မိစ္ဆာကလည်း အချိန်စေ့တာကတစ်ကြောင်း မနိုင်တော့တာလဲတစ်ကြောင်းမို့ ဝိဉာဉ်ပြန်လာနှုတ်ပါတယ်။ ဒါပေမဲ့ ဆော်လမွန်ကိန်းက ပြန်မပေးပဲ အပြန်လှန်တိုက်ခိုက်ရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ပြေးရင်းပြေးရင်းမှ မိစ္ဆာတွေရဲ့ စက်ကွင်းလွတ်ရာ ဘုန်းတော်ကြီးကျောင်းထဲမှာ ရက်ရှည်လများစွာခိုအောင်းရင်း ဆိုးမိုက်မှု့တွေကိုစွန့်လွှတ်ကာ အေးချမ်းစွာနေထိုင်နေပါတယ်။ တစ်နေ့မှာတော့ ဘုန်းတော်ကြီးက သူ့မွေးရပ်ဇာတိကို ပြန်ပြီးအမွေဆက်ခံဖို့စေလွှတ်ပါတော့တယ်။ အေးဆေးနေချင်တဲ့ ဆော်လမွန်ကိန်းတစ်ယောက် မငြင်းသာတော့ပဲ ခရီးရှည်ကြီးကို စတင်ရပါတော့တယ်။ လမ်းခရီးကမိတ်ဆွေတွေရှိနေသလို ...
movie

Solomon Kane

2009