Channel Myanmar

James Brown

Undercover Brother (2002) 5.9
Undercover Brother (2002) Undercover Brother (2002) ==================== IMDb Rating - 5.9/10အမေရိကားနိုင်ငံမှာ အာဖရိကန် - အမေရိကန်တွေရဲ့ယဉ်ကျေးမှုဟာ ၁၉၇၀ ခုနှစ်ကာလတွေမှာ တရှိန်ထိုးတိုးတက်မြင့်မားလာခဲ့ပေမယ့်လို့ ၁၉၈၀ ခုနှစ် မှာတော့ ဖြစ်ရပ်ပေါင်းများစွာနဲ့အတူ တဖြည်းဖြည်းနဲ့လျော့နည်းကျဆင်းလို့ လာခဲ့ပါတယ်။ တကယ်တော့ ဒါဟာ လူမည်းတွေကို မုန်းတီးတဲ့ လူဖြူဖြစ်သူ "The Man" ရဲ့ နောက်ကွယ်ကနေ ကြံစည်ကြိုးကိုင် အကွက်ချထားမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် "The Man" မှာလည်း သူထင်ထားသလို၊ ဖြစ်စေချင်သလို ခရီးလမ်းမပေါက်ရောက်နိုင်ဘဲဖြစ်နေရပါတယ်။ ဒါဟာဘာ ကြောင့်လဲဆိုတော့ "ဘရားသားဟုဒ်" လို့ခေါ်တဲ့လူမည်းတွေနဲ့ဖွဲ့စည်းထာတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ လိုက်လံတားဆီးမှုတွေကြောင့်ပါ။ဒီလိုနဲ့ တစ်နေ့မှာတော့ အမေရိကန်သမ္မတနေရာမှာ ဝင်အရွေးခံမယ်လို့ သတင်း တွေထွက်နေပြီးတော့ လူမည်းတွေရဲ့ထောက်ခံမှုတွေကိုလည်း အများကြီးရထားတဲ့ ဗိုလ်ချုပ်ဘောက်ထ်ဝေလ်ဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ့အနေနဲ့ ရွေး ကောက်ပွဲကို ဝင်အရွေးခံယှဉ်ပြိုင်မှာ မဟုတ်ဘဲ ကြက်ကြော်ဆိုင်သာ ဖွင့်ပြီးရောင်း စားတော့မယ်လို့ ကြေညာခဲ့လိုက်ပါတယ်။ ဒါဟာ ဘယ်သူမှ ဘယ်လိုမှ ထင်မှတ် မထားခဲ့မိတဲ့ အကြောင်းအရာဖြစ်နေတာကြောင့် "ဘရားသားဟုဒ်" အဖွဲ့အနေနဲ့ ဒီကိစ္စဟာ "The Man" ရဲ့စနက်မကင်းဘူးဆိုတာကို ရိပ်မိပေမယ့် ...
movie

Undercover Brother (2002)

2002
The Tuxedo (2002) 5.4
The Tuxedo (2002)  ဒီတစ်ခါတော့ CM ပရိတ်သတ် ကြီးကို အားလုံးကြည့်ရှု့သဘောကျ နှစ်သက်ခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ The Tuxedo ဆိုတဲ့ကားကောင်းလေး ပြန်တင်ဆက် ပေးလိုက်ရပါတယ်ခင်ဗျာ။ တော်တော် များများ ကြည့်ဖူးကြမှာဖြစ်ပါတယ်။အထူး ညွန်းဆိုနေစရာ မလိုလောက်ပါဘူး။အနည်းငယ် ပြန်မိတ်ဆက်ပေးရရင်တော့ ဂျက်ကီချန်းက ဂျင်မီတွန်ဆိုတဲ့ တက္ကစီသမားတစ်ယောက်ပါ။ သူကကားကို မြန်နှုန်းပိုမောင်းတာတွေကြောင့် မကြာခဏ လိုင်စင်အသိမ်းခံရသူပါ။ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက် သူ့ကားကို ငှားစီးရာကနေ သူ့ဘဝတစ်ဆစ်ချိုးသွားခဲ့ပါတယ်။ သူ ဖရန့် ဒဗ္ဗလင်ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ဆီမှာ ယာဉ်မောင်း အလုပ်ကို ရခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက မစ္စတာ ဒဗ္ဗလင်က လျှို့ဝှက် စပိုင် တစ်ယောက်ပါ။ တရက်တော့ ဒဗ္ဗလင်လုပ်ကြံခံရပြီး ကိုမာ ဝင်သွားပါတယ်။အဲ့အချိန်မှာပဲ ဂျင်မီ တစ်ယောက် သူ့ဆရာရဲ့ ထူးဆန်းတဲ့ အင်္ကျီကို ယူဝတ်မိသွားပါတော့တယ်။ ဒီဝတ်စုံက လူ့ ဒီအန်အေတွေနဲ့ ချိတ်ဆက်ထားပြီး နာရီမှ တစ်ဆင့်လိုသလို ပြောင်းလဲတဲ့အခါ သာမန်လူတစ်ယောက်က သိုင်းမတက်ပေမဲ့ ဝတ်စုံကြောင့် သိုင်းတက်လာတယ် ကိုယ်ပျောက်နိုင်တယ် နံရံတွယ်တက်နိုင်တယ် အစရှိသဖြင့်ပေါ့။ ...
movie

The Tuxedo (2002)

Robots (2005) 6.4
Robots (2005) တချို့ဇာတ်ကား​တွေက ထွက်ရှိတာ ဘယ်​​လောက်ပဲကြာခဲ့ပါ​စေ၊ ပိုစတာ​လေး မြင်ရုံ၊ ဗီဒီယိုအတိုအစ​လေးတစ်ခုကို မြင်လိုက်ရုံနဲ့ အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်​နဲ့ အဖြစ်အပျက်​တွေကို ပြန်လည်မြင်​ယောင်လာတဲ့ Nostalgiaလို့​ခေါ်တဲ့ ခံစားချက်မျိုး ​ပေးစွမ်းနိုင်တဲ့ ဇာတ်ကား​​​​တွေ အများကြီးပါ။ ဘာသာပြန်သူလို ၁၉၉၀​နှောင်းပိုင်း​မွေးသူ​တွေအဖို့ ထိုခံစားချက်ကို​ အ​ပေးနိုင်ဆုံး ဇာတ်ကား​တွေက animationလို့ခေါ်ရမယ့် ကာတွန်းကား​တွေပဲ ဖြစ်မယ် ထင်ပါတယ်။VCD​ခေတ်ကစလို့ တရုတ်က​လာတဲ့ ၃၂​ကားတွဲ ကတ်ထူအဖုံးနဲ့ ကာတွန်း​​ခွေတွေ၊ ၄​ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေ​တွေ စသဖြင့် ကျွန်​တော်တို့ က​လေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ ဘာဘီကား​တွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆို​တာ အ​တော်ရှားမှာပါ။ ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အ​ခွေတွဲ အများစုထဲမှာ ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အ​​တော်များများလည်း ရင်းနှီးမယ့် ဇာတ်ကားပါပဲ။ဒီ Animationကို 20th Century Foxက​နေ ဖြန့်ချိခဲ့တာဖြစ်ပြီး IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Rating​တွေဆိုတာထက် ဒီဇာတ်လမ်းကို ကြည့်​ရတဲ့ခံစားချက်ကိုက သ​ဘောကျဖို့​ကောင်း ​နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့​လေးမှာ ကြီးပြင်းလာတဲ့ ​ရော့ဒ်နီ ကော့ပါး​ဘော်တွန်ဆိုတဲ့ စက်ရုပ်​လေးက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်​တွေကို ကူညီ​ပေးဖို့ အထုံ ပါလာသူပဲ ...
movie

Robots (2005)

2005
Rocky IV (1985) 6.9
Rocky IV (1985) Rocky IV (1985)Rocky ဆိုတာ တော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါရဲ့....တစ်ချို့တွေလည်း ကြားဖူးနားဝသာရှိကြတာ အကုန်ခံစားကြည့်ဖို့ အခွင့်မရှိခဲ့တာလည်းရှိပါလိမ့်မယ်... ခေတ်အဆက်ဆက် အကောင်းဆုံး Sport ကားအဖြစ်မှတ်တမ်းတင်ခံရသလို အထူးစိတ်ခွန်အားဖြစ်စေတဲ့ ဇာတ်ကားလို့လည်း ချီးကျူးခံရတယ်... Rockyဟာ လက်ဝှေ့ဝါသနာအိုး ဖြစ်ပေမယ့် အောင်မြင်မှုလည်း မရှိလို့ စားဝတ်နေရေးအတွက် အကြွေးတောင်းတဲ့အလုပ်လည်း လုပ်နေရတယ်... သူဇွဲတော့မလျော့ဘူး....တစ်နေ့တော့အောင်မြင်နိုင်တဲ့လို့ မဝံမရဲ မျှော်လင့်နေတယ်... သို့ပေမယ့်လည်း သူ့အတွက် အခွင့်အရေးက ဘယ်နေမှန်းမသိ... တစ်နေ့တာ စားဝတ်နေရေးအတွက် မှတ်ပုံတင်ထားတဲ့ လက်ဝှေ့ ဝါသနာအလုပ်ကို မထင်မရှားကြားပွဲတွေနဲ့ပဲ အချိန်ကုန်နေရတယ်.... တစ်နေ့တော့ သူ့အတွက် အခွင့်ကောင်းတစ်ခုရောက်လာတယ်... ကမ္ဘာ့ချန်ပီယံ အပိုလို ခရိဒ်က ရော့ကီနဲ့ ထိုးချင်တယ်လို့ဆိုတယ်...ကမ္ဘာ့ချန်ပီယံဟာ ရော့ကီနဲ့ ဘာလို့ထိုးချင်တာလဲဆိုတော့ ရော့ကီရဲ့ လက်ဝှေ့မှတ်ပုံတင် Italian Stallion နာမည်နဲ့ နာမည်ဆက်ကြီးချင်လို့ပဲ.... အဲ့ဒီမှာ Rocky အတွက် အခွင့်အလမ်းကြီးပေါ်လာတော့တာပဲ.... Rocky ဟာ ၄ ကား ထွက်ရှိပါတယ်... မင်းသားကြီး Sylvester Stallone ဟာ Rocky အဖြစ် သရုပ်ဆောင်ထားပြီး သရုပ်ပါတဲ့ ထိုးကွက်တွေဖြစ်ဖို့ လေ့ကျင့်ခဲ့ရသလို ရိုက်ကွင်းတွေမှာ ...
movie

Rocky IV (1985)