Channel Myanmar

James Frecheville

The Royal Hotel (2023)
The Royal Hotel (2023)  IMDb 6.2 ရရှိထားတဲ့ thriller & drama အမျိုးအစားဖြစ်ပြီး 2023 RTVE-Otra Mirada Award အပါအဝင်ဆုနှစ်ခုရရှိထားပြီး နောက်ထပ်ဆုနှစ်ခုအတွက်ပါဇကာတင်ထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။သရဲထက်ကြောက်ဖို့ကောင်းတဲ့လူတွေရဲ့အကြောင်းကိုရိုက်ပြထားတာကြောင့် ထိတ်လန့်စရာကောင်းပြီး တစ်မူထူးခြားတဲ့ရသမျိုးကိုခံစားရမှာပါဇာတ်လမ်းအကျဉ်း..... လိဗ်နဲ့ဟန်နာတို့သူငယ်ချင်းနှစ်ယောက်ဟာ စွန့်စွန့်စားစားခရီးသွားရတာကိုကြိုက်ကြပြီး ကြုံရာမှာပျော်တတ်တဲ့သူလေးတွေပါ တစ်နေ့တော့ သူတို့အပန်းလည်းဖြေရင်း ငွေပိုလေးဘာလေးရဖို့အတွက် ဩစတေးလျကအရက်ဆိုင်တစ်ခုမှာ အလုပ်သွားလုပ်ခဲ့ကြပါတော့တယ် အလုပ်စတဲ့ပထမနေ့ကတည်းက လူတွေကထင်တာထက်ပိုရိုင်းစိုင်းပြီး ထူးဆန်းနေကြတာကြောင့်သဘောမကျပေမဲ့ ငွေရဖို့အတွက် သည်းခံပြီးဆက်လုပ်ပေးကြရပါတော့တယ်။တဖြည်းဖြည်း လူတွေရဲ့ထူးဆန်းတဲ့အကျင့်စရိုက်တွေကိုသိလာရတဲ့အခါမှာတော့ အဲဒီနေရာကြီးတစ်ခုလုံးကကြောက်ဖို့ကောင်းလာပြီး လိဗ်နဲ့ဟန်နာတို့ ထူးဆန်းတဲ့နယ်မြေမှာ ဘယ်လိုရှင်သန်ကြမလဲ ဘာတွေဖြစ်သွားမလဲ ဆိုတာကိုကြည့်ရှုရမှာပါ....... File size…(4K ) /(1 GB)/(572 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Royal Hotel (2023)

The First Time (2012) 6.8
The First Time (2012) ဆယ်ကျော်‌သက်ကျောင်းသားအချစ်ဇာတ်မြူးကားလေးတွေကို ကြိုက်တတ်တဲ့သူတွေအတွက် (၂၀၁၂) ထွက် The First Time ဆိုတဲ့ ကျောင်းသားကား‌လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါတီပွဲတစ်ပွဲမှာ ထူးဆန်းစွာတွေ့ဆုံကြရင်း ပေါက်ဖွားလာတဲ့ခံစားချက်တွေကြားက ဒေးဗစ်ဆိုတဲ့စီနီယာအထက်တန်းကျောင်းသားလေးနဲ့ အော်ဘရီဆိုတဲ့ ဂျူနီယာအထက်တန်းကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကိုချစ်သွားဖို့အတွက် အချိန် (၂) စက္ကန့်ပဲလိုပါတယ်လို့ ဖတ်ဖူးပါတယ်။ဒေးဗစ်နဲ့အော်ဘရီကြားမှာ ပေါက်ဖွားလာတဲ့သံယောဇဉ်ကြိုးဟာလည်း အချိန်တိုတွင်းနှစ်ယောက်သားကို ချည်နှောင်လိုက်တာပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဇာတ်မြူးကားလေးပဲဖြစ်တာမို့ ထူးထူးခြားခြားဇာတ်လမ်းအတက်အကျတွေ သိပ်မပါဘဲ ခပ်အေးအေးလေးပဲသွားမဲ့ ဇာတ်လမ်းသွားမျိုးဖြစ်ပါတယ်။ ဒီလိုပြောလို့ ပျင်းစရာကြီးနေမှာပါလို့ ထင်ကြမဲ့ပရိသတ်ကြီးအတွက်လည်း IMDB rating က 6.8 ထိရရှိထားတဲ့ သေချာပေါက်ကြည့်ရကျိုးနပ်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပြရစေခင်ဗျာ။အဓိကဇာတ်ဆောင်တွေအနေနဲ့ ဒေးဗစ်အဖြစ် မင်းသား Dylan O'Brien က ပါဝင်သရုပ်ဆောင်ထားပြီး The Maze Runner, Teen Wolf စတဲ့ရုပ်ရှင်ဇာတ်လမ်းတွေမှာ မြင်တွေ့ဖူးထားသူမို့ မျက်နှာသစ်မင်းသားတစ်လက်တော့ မဟုတ်ပါဘူး။ အော်ဘရီနေရာကသရုပ်ဆောင်ထားတဲ့ မင်းသမီး ...
movie

The First Time (2012)

Animal Kingdom(2010) 7.2
Animal Kingdom(2010) Animal Kingdom(2010) အညွှန်း****************************IMDb..7.3.,,, Rt..95%ဒီကားဟာ အော်စကာ ဆန်ကာတင်တစ်ဆုစာရင်းဝင်ခဲ့သလိုအခြားဆု ၃၉ ဆုလည်းရရှိခဲ့ပါတယ်...မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဘူးဆိုတဲ့စကားရှိပါတယ်။ဘယ်သူမှမသိတောင် ကိုယ်လုပ်တဲ့ မကောင်းမှုတွေဟာ အရိပ်မည်းကြီးလိုခြောက်လှန့်ပြီး ဘာကိုကြောက်နေရမှန်းမသိ ကြောက်နေရတာမျိုးပါပဲ။ဒါပေမယ့် တချို့လူတွေကတော့ ကြောက်ရွံမှုတွေနဲ့အတူမကောင်းမှုတွေကို ထပ်ပြီး လုပ်မိတတ်ကြပါတယ်။ အမေတစ်ခုသားတစ်ခုပဲရှိတဲ့ ဂျေဆိုတဲ့ အသက်မပြည့်သေးတဲ့ကောင်လေးတစ်ယောက် သူ့အမေ ဆေးလွန်ပြီးဆုံးပါးသွားခဲ့လို့သူ့အဖွားတွေ သူ့ဦးလေးတွေဆီ သွားနေရဖို့ဖြစ်လာပါတယ်။သူမသိခဲ့တာက အဲ့ဒီလူတွေက ဒုစရိုက်မှုတွေကို ကျူးလွန် နေကြသူတွေဆိုတာပါပဲ။ပြီးတော့ တစ်ချိန်လုံး ကြောက်နေရသူတွေပေါ့။ဂျေတစ်ယောက် သူ့ရောက်သွားရတဲ့ ပတ်ဝန်းကျင်အသစ်မှာ ဘယ်လိုတွေ ကြုံတွေ့ရမလဲ။ ပတ်ဝန်းကျင်ဆိုတာက လူတစ်ယောက်ကိုဘယ်လောက်ထိလွှမ်းမိုးနိုင်လဲဆိုတာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။File Size : (1.6GB) (552MB) and (162 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:53:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Moe Han Encoded ...
movie

Animal Kingdom(2010)

The Drop 2014 7.1
The Drop 2014 ဘော့ပ်ဟာ ဘားတစ်ခုမှာ သူ့ရဲ့ အစ်ကိုတစ်၀မ်းကွဲဖြစ်သူနဲ့အတူ အလုပ်လုပ်သူဖြစ်တယ်။ တစ်နေ့ သူတို့ရဲ့ ဘားကို ဓားပြတိုက်ခံလိုက်ရပြီး သူဌေးကို အပ်ရမယ့်ငွေတွေအကုန်ပါသွားတယ်။ တစ်နေ့ အိမ်အပြန်လမ်းမှာ အမှိုက်ပုံးထဲက ခွေးလေးတစ်ကောင်ကို အကြောင်းပြပြီး နာဒီယာဆိုတဲ့ မိန်းမတစ်ယောက်နဲ့ ခင်မင်သွားကြတယ်။ တိုက်ဆိုင်ချင်တော့ သူမွေးစားလိုက်တဲ့ ခွေးလေးဟာ နာဒီယာရဲ့ ရည်းစားဟောင်း အဲရစ်ဆိုတဲ့ လူရမ်းကားရဲ့ခွေးဖြစ်နေပြီး ဘော့ပ်ကို ခွေးဗန်းပြပြီး ခြိမ်းခြောက်မှုတွေလုပ်တော့တယ်။ အဲရစ်ဟာ လူသတ်တရားခံလို့ ကိုယ့်ကိုယ်ကို ကြွေးကြော်ထားသူလဲဖြစ်တယကြွေးကြော်ထားသူလဲဖြစ်တယ် ဘော့ပ်တစ်ယောက် ဓားပြတိုက်ခံလိုက်ရတဲ့ ငွေတွေကိုရှာရင်း အဲရစ်နဲ့ငြိတဲ့ ပြဿနာတွေဖြေရှင်းရင်း ဘာတွေဆက်ဖြစ်မလဲ ဒီဇာတ်လမ်းက မယုံနိုင်လောက်အောင် လှည့်ကွက်တွေများလှပါတယ် File Size : 750 Mb / 350 Mb Quality :WEB-DL 720p Format…mp4 Duration…01:46:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

The Drop 2014

Black 47(2018) 7.0
Black 47(2018) Black 47(2018) IMDb.....7.0 ဒီကားလေးကတော့ အိုင်ယာလန်နိုင်ငံမှာအငတ်ဘေးကြီးကျရောက်တဲ့ကာလကိုအခြေပြုရိုက်ကူးထားတဲ့ ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ IMDb rating 7.0 အထိရရှိထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံမှာအငတ်ဘေးကျရောက်ပြီး သီးနှံလည်းမဖြစ်ထွန်း အနာရောဂါတွေနဲ့ လူတွေများစွာသေကျေပြီး အင်္ဂလန်၊ အမေရိကစတဲ့ဒေသတွေဆီကို အိုင်းရစ်လူမျိုးတွေထွက်ခွာနေရတဲ့အချိန်မှာ ဗြိတိန်စစ်တပ်အတွက် ပြည်ပမှာတိုက်ခိုက်ပေးခဲ့တဲ့အိုင်းရစ်စစ်သည်တစ်ယောက်ရှိတယ်.. သူဟာ မိမိနေရပ်ကိုပြန်လာချိန်မှာ ဒီလိုစိတ်ထိခိုက်စရာအဖြစ်အပျက်တွေကိုမြင်တွေ့လိုက်ရတဲ့အပြင် သူ့ရဲ့မိသားစုတွေနဲ့အခြားအိုင်းရစ်လူမျိုးတွေ ဗြိတိန်ရဲ့ဖိနှိပ်မှုတွေခံနေရတာ သတ်ဖြတ်ခံရတာတွေကိုပါ တွေ့မြင်လိုက်ရတော့ သူ့မိသားစုနဲ့ သူ့လူမျိုးအတွက်တစ်ကိုယ်တော်အာခံတိုက်ခိုက်လက်စားချေတော့တာပါပဲ။ Action/Drama ကားကြိုက်တဲ့သူတွေအတွက် စိတ်မပျက်စေမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်... File Size : (850 MB) and (303 MB) Quality :720p WEBRip, Format…mp4 Duration…01:40:00 Genre : Action , Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Phyo Pyae
movie

Black 47(2018)

Adore(2013) 6.2
Adore(2013) Adore(2013)IMDb....6.2ဒီဇာတ်ကားမှာတော့ မင်းသမီးချောကြီး (၂)လက်ဖြစ်တဲ့  Naomi Watts,နဲ့ Robin Wright  တို့ အဓိက ပါဝင်ထားကြပါတယ်....Lil နဲ့ Roz တို့ နှစ်​​ယောက်​က သာယာလှပတဲ့ ကမ်​း​ခြေမြို့​လေးတစ်​မြို့မှာ အိမ်​နီးချင်​း​တွေ အဖြစ်​ ​နေထိုင်​ကြတဲ့ အချစ်​ဆုံး သူငယ်​ချင်​း​နှစ်​​ယောက်​ပါ..ဘယ်လိုအခက်အခဲတွေပဲရှိရှိ သူတို့ဟာ ကမ်းခြေမှာ အပန်းဖြေလိုက်ရုံနဲ့ စိတ်အမောတွေပြေသွားကြပုံပါပဲ...တစ်ယောက်အကြောင်းတစ်ယောက်သိတဲ့ သူတို့ (၂)ယောက်ဟာ အားနည်းချက်တွေကိုအပြန်အလှန်နားလည်းပေးကြလို့ အသက်အရွယ်ရလာသည့်အထိ သိပ်ချစ်တဲ့သူငယ်ချင်းတွေအဖြစ်ရှိနေတုန်းပါပဲ....ဒီလိုနဲ့ သူတို့ ၂ယောက်ဟာ အိမ်ထောင်တွေကျလို့ သားတစ်ယောက်ဆီလည်းရလာတယ်...သူတို့သား​တွေကလည်​း အ​မေနှစ်​​ယောက်​ချစ်​ကြသလို ချစ်​ကြတဲ့ သူငယ်​ချင်​း​တွေ ဖြစ်​လာပါတယ်​...ဒီမိသားစု(၄)ယောက်ဟာ ခွဲမရဘူးလို့တောင်ပြောလို့ရပါတယ်...သို့ပေမယ့် သားတွေအရွယ်ရောက်လာတဲ့အခါမှာတော့ခံစားချက်တွေလည်းပြောင်းလဲကုန်တယ်ထင်ပါရဲ့...ခံစားချက်ဆိုတာမျိုးဟာ စည်းတွေဘောင်တွေနဲ့ကန့်သတ်လို့ရလား..သူတို့ဖြစ်နေတဲ့ဟာတွေရောမှန်ရဲ့လား....ဒါတွေကို ကျွန်တော်တော့မသိဘူး ...ခင်ဗျားတို့လည်း ဒီကားကိုကြည့်ပြီး ဘယ်လိုဆုံးဖြတ်မှာလဲ သိချင်မိတယ်...ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...မှတ်ချက်...မိသားစုနဲ့အတူမကြည့်သင့်တဲ့အခန်းတွေပါလို့ သတိချပ်စေချင်ပါတယ်...File Size : (900 MB) and (300 MB) Quality : Blu-Ray 720p Format…mp4 Duration…01:52:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard ...
movie

Adore(2013)

2013