Channel Myanmar

James Joseph Pulido

Wanted Man (2024)
Wanted Man (2024) 2024 ရဲ့နှစ်ဦးပိုင်းမှာ အသစ်စက်စက်ထွက်ရှိထားတဲ့ Action/ Thriller ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်မင်းသားကြီး Dolph Lundgren အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကိုယ်တိုင် ဒါရိုက်တာလည်း လုပ်ထားပါသေးတယ် မင်းသမီးချောလေး Christina Villa တို့ မင်းသားကြီး Kelsey Grammer တို့ကလည်း ပါဝင်အားဖြည့်ထားကြသေးတယ်ဆိုတော့......ဇာတ်လမ်းလေးကတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်တစ်နေရာမှာ တရားမဝင် လူ/ဆေး ကုန်ကူးသမားတွေကို အသွင်ယူပြီးလိုက်နေတဲ့ DEA အေ့ဂျင့်နှစ်ယောက်အသတ်ခံလိုက်ရတာကစတာပဲ မျက်မြင်သက်သေတွေဖြစ်ကြတဲ့ အပျော်မယ်နှစ်ယောက်က အဲဒီဖြစ်ရပ်ထဲမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ် ဂျိုဟန်ဆန် ဆိုတဲ့ ဝါရင့်ရဲစုံထောက်ကြီးကို အဲဒီမျက်မြင်သက်သေနှစ်ယောက်ကို မက္ကဆီကိုကနေ အမေရိကန်ဘက်ကို တရားခံပြောင်းရွေ့ဖို့တာဝန်ပေးခံရတာကနေ.......ဘယ်လိုအန္တရာယ်မျိုးတွေနဲ့ရင်ဆိုင်ရမလဲ...... ဒီလူသတ်မှုရဲ့နောက်ကွယ်ကရည်ရွယ်ချက်ကဘာလဲ...... ဒီလူသတ်မှုရဲ့နောက်ကွယ်မှာဘယ်သူတွေရှိနေတာလဲ..... ဆိုတာတွေကိုတော့ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.1 GB)/(597 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Action, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo 
movie

Wanted Man (2024)

12 Strong (2018) 6.5
12 Strong (2018) စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့ သူတို့ရဲ့မစ်ရှင်တွေကို အောင်နိုင်ပါ့မလား၊သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။ပုံမှန်ဆိုရင် နှစ်စဉ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။တာလီဘန်တွေ ဘယ်လောက်ရက်စက်သလဲဆိုတာကိုသေချာပြသွားနိုင်ခဲ့သလို အာဖဂန်ပြည်သူတွေရဲ့ သနားစရာကောင်းတဲ့ဘဝအခြေအနေတွေကိုလဲ သေချာရိုက်ကူးပြသွားခဲ့ပါတယ်။ဝေဖန်ရေးဆရာတွေ ...
movie

12 Strong (2018)

2018