Channel Myanmar

James Murray

Kung Fu Panda 4 (2024)
Kung Fu Panda 4 (2024) ကွန်ဖူးပန်ဒါ ၄ ကားမြောက်ရုပ်ရှင်ထွက်လာပါပြီမင်းသား ဂျက်ဘလက်ပဲ အသံသရုပ်ဆောင်ထားပြီးမင်းသမီး Awkwafina က ကျန်းအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။အရင်ထွက်ခဲ့တဲ့ ၃ ကားလုံးကိုလည်းချန်နယ်မြန်မာ web နဲ့ app တွေမှာ ကြည့်နိုင်ပြီဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဒီ ၄ ကားမြောက်မှာတော့ ပိုဟာ ရန်သူပေါင်းစုံကိုနိုင်ပြီးနဂါးစစ်သည်တော်လည်းဖြစ်နေတာကြာပြီဆိုတော့ပိုခက်တဲ့ ရန်သူနဲ့ တာဝန်တွေ ပေါ်လာပါပြီ။ ပိုဟာ ဆရာအူးဂွေးရဲ့ ပညာရှိခေါင်းဆောင်နေရာကိုဆက်ခံရတော့မှာဖြစ်ပြီး သူ့ရဲ့ နဂါးစစ်သည်တော်နေရာမှာဆက်ခံဖို့လည်း လူသစ်ရွေးရတော့မှာဖြစ်ပါတယ်။ အပြောင်းအလဲတွေမလုပ်ချင်တဲ့ ပိုအတွက်တော့တကယ့် ပြဿနာကြီးပါပဲ။ အဲဒီအချိန်မှာပဲ ခမီလီရန် ဆိုတဲ့ မှော်ဆရာမကလည်း ပိုရဲ့ ရန်သူအားလုံးပေါင်းထားတဲ့အစွမ်းတွေကို ရအောင်ကြိုးစားပြီး ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြိုးစားလာပါတယ်။ ခမီလီရန် နဲ့ ရင်ဆိုင်ရင်း ပိုတစ်ယောက် ဘယ်လိုထပ်ပြီး အလင်းတွေရအဆင့်တွေမြင့်လာမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…     3.4 GB / 1.8 GB /    874 MB Quality… Web-Rip 4K / 1080p / 720p Format… ...
movie

Kung Fu Panda 4 (2024)

2024
4K HEVC
Being John Malkovich (1999) 7.7
Being John Malkovich (1999)  ဒီတစ်ခါမှာတော့ 1999ခုနစ်က ထွက်ရှိထားပြီး IMDb 7.7 နဲ့ Rotten Tomatoes မှာ 94%ထိ ရရှိထားတဲ့ အပြင် ဆုပေါင်းများစွာ ရရှိထားတဲ့ Comedy/Fantasy ဇာတ်ကားတစ်ကားကို တင်ဆက်ပေးသွားမှာပါ။ခရစ်ဟာ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်နေသူတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ လက်စတာကော့ လို့ခေါ်တဲ့ ကုမ္ပဏီမှာ အလုပ်တစ်ခု ရရှိသွားပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ရုံးခန်းအသစ်မှာ ထူးဆန်းတဲ့ အပေါက်တစ်ခုကို ရှာတွေ့သွားပါတယ်။ အဲ့ဒီ အပေါက်ကို ဝင်လိုက်တဲ့သူဟာ နာမည်ကြီး ရုပ်ရှင်မင်းသားရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတာပါ။သာမန်လူတွေအတွက်တော့ အပေါက်ထဲကို ဝင်သွားလိုက်ရင် မင်းသားရဲ့ ကိုယ်ထဲကို ၁၅ မိနစ် ရောက်ရှိသွားပြီး သူ့နေရာမှာ ဝင်ပြီးခံစားခွင့်ရပေမဲ့ ရုပ်သေးဆရာ ခရစ်ကတော့ မင်းသားကြီးရဲ့ ခန္ဓာကိုယ်ကို ကြိုက်သလို ထိန်းချုပ်လို့ရပြီး နေချင်သ‌လောက် နေလို့ရတာပါပဲ ဒီလိုနဲ့ ခရစ်ဟာ ...
movie

Being John Malkovich (1999)

The Muppets (2011)
The Muppets (2011)  မားပက်ထ်ဆိုတာက ငယ်ငယ်က‌ကလေးတိုင်းရဲ့အကြိုက်ဆုံး တီဗီရှိုးတစ်ခုဖြစ်ခဲ့ပြီး မားပက်ထ် character တွေဟာလည်း အားလုံးရဲ့အချစ်ခံတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကမ္ဘာကြီးက တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပိုကောင်းပြီးလူကြိုက်များတဲ့ တီဗီရှိူးတွေက အစားထိုးဝင်ရောက်လာခဲ့ပြီး မားပက်ထ်ရှိုးကတော့ အပိုင်းသစ်ရိုက်ကူးခြင်းလည်းမရှိတော့သလို မားပက်ထ်ဇာတ်ကောင်တွေကိုယ်တိုင်လည်း တကွဲတပြားစီနဲ့ တိမ်မြုပ်ပျောက်ကွယ်ကုန်ကြပါတယ်။ မားပက်ထ်စတူရီယိုကိုယ်တိုင်တောင် ပရိသတ်တွေအတွက် အလည်အပတ်နေရာတစ်ခုအဖြစ်ပဲ ကျန်ရှိပါတော့တယ်။ ဝေါလ်တာကတော့ စမောတောင်းလို့ခေါ်တဲ့ မြို့ငယ်လေး‌တစ်မြို့က ကောင်လေးတစ်ယောက်ဖြစ်ပြီး မားပက်ထ်ကိုအရူးအမူးစွဲလမ်းသူပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ ဝေါ်လ်တာရယ်၊ သူ့အစ်ကိုဂယ်ရီနဲ့ မယ်ရီတို့ဟာ အလည်အပတ်ခရီးထွက်ရင်း မားပက်ထ်စတူရီယိုကို ရောက်လာကြပါတယ်။ ဒီမှာတင်ထင်မှတ်မထားဘဲ ဆိုးဝါးတဲ့ရေနံလုပ်ငန်းရှင်တစ်ယောက်ရဲ့ စတူရီယိုကိုဖြိုချပြီး ရေနံတူးမဲ့အစီအစဉ်ကို ကြားခဲ့ရပါတယ်။ မားပက်ထ်တွေအနေနဲ့ကလည်း ပိုင်ဆိုင်မှုလွဲအပ်ကြောင်းစာချုပ်က ချုပ်ဆိုပြီးသားဖြစ်နေပြီး စာချုပ်ဖျက်သိမ်းဖို့ တစ်ခုတည်းသောနည်းလမ်းက ဒေါ်လာ (၁၀) မီလီယံလျော်ဖို့ပါပဲ။ ဒီလိုနဲ့သုံးယောက်သားဟာ မားပက်ထ်ကိုပြန်ကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ တကွဲတပြားစီဖြစ်နေတဲ့ မားပက်ထ်တွေကို လိုက်လံစုစည်းပါတော့တယ်။ The Muppets ဇာတ်ကားဟာ 2011 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Musical ...
movie

The Muppets (2011)

6 Underground (2019) 6.3
6 Underground (2019) deadpool မင်းသား ryan reynolds ရဲ့ Action ဇာတ်ကြမ်းရုပ်ရှင်လာပါပြီ။ဒါရိုက်တာကလဲ Transformers ဇာတ်ကားတွေရဲ့ ဒါရိုက်တာ Michael Bay ဆိုတော့ အရောင်တောက်တောက် အက်ရှင်ကြမ်းကြမ်းတွေကို တပြုံကြီး ကြည့်ရှုရမှာပါ။ဇာတ်လမ်းကတော့...ကမ္ဘာကြီးရဲ့အရှုပ်တွေကိုရှင်းပေးချင်တဲ့သူတစ်ယောက်ရဲ့ဇာတ်လမ်းကိုရိုက်ကူးထားတာပါတာကစ္စတန်ကိုအုပ်ချုပ်နေတဲ့သူသေသွားတော့သူ့သားနှစ်ယောက်ထဲကမကောင်းတာတွေကိုလုပ်တဲ့လူကသူ့ညီကိုဖမ်းထားပြီးတော့နိုင်ငံကိုသိမ်းယူထားပါတယ်နိုင်ငံတွင်းမှာလည်းဆူပူမှုတွေရော ဂတ်စ်နဲ့တိုက်ခိုက်မှုတွေကိုပါလုပ်တဲ့သူတစ်ယောက်ပေါ့အဲဒါကိုမြင်ပြီးကယ်တင်ချင်တဲ့ryan reynoldsတစ်ယောက်လူတွေလိုက်စုပြီးဖမ်းခံထားရတဲ့ညီကိုကယ်တင်ဖို့လုပ်ပါတော့တယ်သူတို့အဖွဲ့ထဲမှာစည်းမျဥ်းတစ်ခုရှိပါတယ်ကိုယ်ဘယ်သူဘယ်ဝါဆိုတာအချင်းချင်းတောင်မသိကြတာပါနာမည်ကအစဘာဆိုဘာမှမသိကြတဲ့လူတွေစုပြီးတော့ဘယ်လိုတွေကယ်ဆယ်ရေးလုပ်ကြမလဲဆိုတာ….actionကြီးပဲမဟုတ်ဘဲ ဟာသလေးတွေပါနှောထားတော့ တကယ်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…(7.6 GB) / (2.5 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:08:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Khant Bo
movie

6 Underground (2019)

2019
4K HEVC
Clerks III (2022) 6.4
Clerks III (2022) Clerks III (2022)IMBb - 6.6ဒန်တီနဲ့ ရန်ဒယ်တို့ Clerks III နဲ့အတူ ပြန်လာပါပြီ Clerks III မှာတော့ ဒန်တီတို့က Quick Stop စတိုးဆိုင်ပိုင်ရှင်တွေ ဖြစ်နေကြပါပြီတစ်နေ့တော့ အဲလိုင်းယက်စ်နဲ့ ငြင်းရင်းခုံရင်းကနေ ရန်ဒယ်တစ်ယောက် နှလုံးဖောက်ပြီး ဆေးရုံရောက်သွားပါတယ်သေမင်းခံတွင်းဝကနေ လွတ်မြောက်လာပြီးတဲ့နောက်မှာတော့ ရန်ဒယ်က မဟာစိတ်ကူးကြီးတစ်ခုကို အကောင်အထည်ဖော်ဖို့ လုပ်ပါတော့တယ် အဲဒီ မဟာစိတ်ကူးကြီးကတော့ သူ့ဘဝအကြောင်းကို ဇာတ်ကားရိုက်ဖို့ပါQuick Stop စတိုးဆိုင်မှာ ဒန်တီနဲ့ သူကြုံခဲ့တဲ့ ကိစ္စတွေကို သူကိုယ်တိုင် ဇာတ်ညွှန်းရေး ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင်ပါတော့တယ်ရန်ဒယ်ရဲ့ ဇာတ်ကားက သူနဲ့ ဒန်တီအကြောင်း ရိုက်ထားတာဖြစ်လို့ ပြီးခဲ့တဲ့ Clerks I နဲ့ Clerks II တို့ရဲ့ရိုက်ကွင်းတွေကို ကြည့်နေရသလို ခံစားရမှာပါClerks ကားတွေရဲ့ ထုံးစံအတိုင်း ပြောင်မြောင်လှတဲ့ ဒိုင်ယာလော့ခ်တွေကြောင့် ခွီလည်း ခွီနေရမှာပါClerks I, Clerks II နဲ့ ...
movie

Clerks III (2022)

2022
Impractical Jokers: The Movie(2020) 6.0
Impractical Jokers: The Movie(2020) Impractical Jokers: The Movie(2020)Season ၈ ခု အပိုင်း ၂၀၅ ခုထိ ထွက်ရှိထားတဲ့ American Reality Comedy Show ရဲ့Movie ဖြစ်တဲ့ Impractical Jokers: The Movie(2020) ထွက်ရှိလာပါပြီ။ဒီဇာတ်ကားမှာတော့ Host လေးယောက် က အဆိုတော်တစ်ယောက်ရဲ့ပွဲကိုပျက်အောင်လုပ်ခဲ့ဖူးပါတယ်။ နောက်မှာ အဆိုတော်နဲ့ပြန်တွေ့တော့ သူတို့ကို မမှတ်မိဘဲImpractical Jokers တွေအဖြစ်ပဲ မှတ်မိပြီး မီယာမီမှာလုပ်မယ့်သူ့ရဲ့ပါတီကို ဖိတ်သွားပါတယ်။ သူတို့တွေ ပွဲပျက်အောင် လုပ်မိတဲ့ အဖြစ်ကို ပြန်ကြေအောင်ပါတီကိုတက်ကြမယ်ဆိုပြီး သွားဖို့ ဆုံးဖြတ်လိုက်ကြပေမဲ့ လက်မှတ်ကသုံးစောင်တည်းဖြစ်နေပါတယ်။ အဲဒါကြောင့် မီယာမီကို သွားမယ့်လမ်းတစ်လျှောက်မှာသူတို့ကျွမ်းကျင်တဲ့ Hidden Camera Prank ပြိုင်ပွဲလုပ်ပြီး ရှုံးတဲ့သူက ပါတီကို တက်ခွင့်မရှိဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ သွားနေရင်း သူတို့ ဘယ်လို Prank တွေလုပ်ကြမလဲ...ဘယ်လိုအလွဲတွေကြုံ၇မလဲ....၊ ဟာသမြူးမြူးကြိုက်သူတို့ ကြည့်သင့်ပါကြောင်း....File ...
movie

Impractical Jokers: The Movie(2020)