Channel Myanmar

James Nelson-Joyce

The Covenant(2023) 8.0
The Covenant(2023) The Covenant(2023)*******************Sherlock Holmes 2009 တို့ Alladin 2019 တို့ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Guy Ritchie ရဲ့ ဖြစ်ရပ်မှန်အခြေခံ စစ်ကားအသစ်လာပါပြီ။ဇာတ်ကားနာမည် Covenant ဆိုတာကတော့ ကတိတစ်ခု သစ္စာတစ်ခုကို ဆိုလိုတာပါပဲ။ မင်းသားကတော့ ဂျိတ်ယီလင်ဟောပါပဲ။ အဖြစ်အပျက်ကတော့ အာဖဂန်စစ်ပွဲတွင်းကိုပဲ အခြေတည်ထားတာပါ။ အောက်တိုဘာ ၇ ရက်၊၂၀၀၁ ခုနှစ်မှာ ၉/၁၁ တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်တပ် ၁၃၀၀ ကို အာဖဂန်မှာတာဝန်ချထားခဲ့ပေမဲ့ ၂၀၁၁ ဒီဇင်ဘာမှတေ့ာ အမေရိကန်တပ်သား ၉၈၀၀၀ အထိ တာဝန်ပေးတပ်စွဲစေခဲ့ပါတယ်။အဲဒီတပ်တွေနဲ့အတူ အာဖဂန် စကားပြန်ပေါင်း ၅၀၀၀၀ လောက်ကို အမေရိကန်မှာ ခိုလှုံခွင့်ပေးဖို့ သဘောတူညီချက်နဲ့အမေရိကန်စစ်တပ်က တာဝန်ပေးခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ တပ်ကြပ်ကြီး ဂျွန် ကန်န်လီနဲ့ စကားပြန် အာမက်တို့အသက်လုပြီးတိုက်ပွဲဝင်ခဲ့ရပုံတွေကို တစ်ဝက်လောက်အထိပြထားတာပါ။ အာဖဂန်ကနေ ၂၀၂၁ ခုနှစ်မှာအမေရိကန်တွေတပ်ဆုတ်ပြီး တာလီဘန်တွေ အာဏာရသွားချိန်မှာ စကားပြန်ပေါင်း ...
movie

The Covenant(2023)

4K HEVC
Brothers by Blood(2021) 6.0
Brothers by Blood(2021) Brothers by Blood(2021)အညွှန်း*****************************ဒုစရိုက်မှုတွေများပြားလှတဲ့ဖီလာဒဲလ်ဖီးယားမြို့နေ အိုင်းရစ်မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့ သားဖြစ်သူ၈နှစ်သားပီတာက မိမိညီမဖြစ်သူရဲ့မတော်တဆသေဆုံးမှုကြောင့် စိတ်ဒဏ်ရာရခဲ့သလို မိသားစုလည်းပြိုကွဲခဲ့ရပါတယ်။ကြီးပြင်းလာတဲ့အချိန်မှာတော့ အကိုဝမ်းကွဲဖြစ်သူ မိုက်ကယ်က ဂိုဏ်းကိုဆက်လက်ဦးဆောင်နေပြီးအီတလီမာဖီးယားတွေနဲ့ စားကျက်လုရင်း ငြိကြပါတော့တယ်။ အကိုဝမ်းကွဲမိုက်ကယ်ရဲ့ တဇောက်ကန်းလုပ်ရပ်တွေအကြောင့်အခြေအနေတွေက ပိုဆိုးလာသလို၊ ပီတာ့ အနေနဲ့ မိမိဖခင်သေဆုံးခဲ့ရတဲ့ အဖြစ်မှန် ကိုသိရှိလာရမှာဖြစ်ပြီး၊ နောက်ဆုံးမှာ ပီတာ့အနေနဲ့ အန္္တရယ်တောထဲကိုဝင်ရောက်ဖြေရှင်းဖို့ဖြစ်လာတဲ့အခါမှာတော့....ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ အက်ရှင်ကားကြိုက်သူတို့ကြည့်သင့်ပါကြောင်း....(ဒီဇာတ်လမ်းရဲ့ အညွန်းနဲ့ ဘာသာပြန်သူရေးသားပေးသူကတော့ Chokoပဲဖြစ်ပါတယ်။) File Size : (1.6GB) and (870 MB) Quality : WEB-DL.HEVC 1080p 5.1, 720p Format…mp4 Duration…01:45:00 Genre :  Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Choko Encoded by Phyo Pyae 
movie

Brothers by Blood(2021)

HEVC 1080p 5.1
The Nest 6.5
The Nest The Nest (2020) ရိုရီနဲ့အယ်လီဆန်တို့ရဲ့ မိသားစုလေးဟာ ကလေးနှစ်ယောက်နဲ့အတူ နယူးယောက်မှာအခြေကျနေတဲ့ ပျော်ရွှင်စရာမိသားစုလေးပါ ဒီလိုနဲ့တစ်နေ့ ရိုရီတစ်ယောက် သူ့ရဲ့ခမ်းနားလှတဲ့လုပ်ငန်းအိပ်မက်တွေအတွက် သူစိမ်းတစ်ရံလန်ဒန်မြို့ကို ပြောင်းရွှေ့သွားတဲ့အခါ သူတို့မိသားစုလေးဟာ အလှည့်အပြောင်းများစွာနဲ့ကြုံတွေ့ရပါတော့တယ် အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တဲ့ ရိုရီရဲ့ဆုံးဖြတ်ချက်တွေမှားတဲ့အခါမှာ အေးချမ်းတဲ့ မိသားစုအသိုက်အမြုံလေး ပြိုလဲရပုံတွေ ကလေးတစ်ယောက်အတွက် မိဘရဲ့အုပ်ထိန်းမှုက ဘယ်လောက်တောင်အရေးပါပုံတွေ၊ ကိုယ်တကယ်အခက်ကြုံတဲ့အချိန်မှာ မိသားစုမဟုတ်ဘဲ ကိုယ့်အနားမှာရှိပေးတဲ့လူဆိုတာ လက်ချိုးရေလို့ရတယ်ဆိုတာတွေ၊ ငွေဆိုတာ အမြဲမတည်တံ့နိုင်ဘူးဆိုတဲ့ ဘဝနိယာမတွေကို ရင်မောဖွယ်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ် Translator - MTA Encoder - August
movie

The Nest