Channel Myanmar

James Spader

The Homesman (2014) 6.6
The Homesman (2014) The Homesman (2014)~ IMDb - 6.6/10, RT - 81%, Meta - 68% ~ဒီရုပ်ရှင်ဟာ Western ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ Glendon Swarthout ရဲ့ The Homesman ဝတ္ထုကိုမှီငြမ်းထားတယ်။ သူ့‌ဇာတ်ကောင်တွေရဲ့ ထူးခြားချက်က သန်မာသလောက် ရှုပ်ထွေးတဲ့ပုံစံမျိုးကိုဦးတည်တယ်။ ဇာတ်ကောင်တွေက သာမန်ဖြစ်ခြင်း၊ သာမန်သတ္တိ၊ သာမန်ရဲရင့်မှု၊ သာမန်ကိုယ့်ကျင့်တရားတွေမရှိနေဘူး။ စံသတ်မှတ်ချက်တွေကနေ ကျော်လွန်တဲ့ ဒါမှမဟုတ် ကွဲပြားတဲ့ သတ္တိနဲ့ဖြောင့်မတ်မှုမျိုးကို ပြတယ်။ အဲဒီလို ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ Bless the Beasts and the Children နဲ့ The Homesman ဝတ္ထုတွေမှာ သိသိသာသာတွေ့ရတယ်။ The Homesman က စံသတ်မှတ်ချက်တွေကိုမေးခွန်းထုတ်ပြီး တကယ့်သတ္တိက ဘာလဲဆိုတာကို သူ့ရှုထောင့်ကနေ ဖြေဖို့ ကြိုးပမ်းချက်တွေပဲ။ ...
movie

The Homesman (2014)

2014
Mannequin (1987) 6.0
Mannequin (1987) (function(f,b,n,j,x,e){})();ဂျိုနာသန်ဆွစ်ချာဟာ သူ့ရဲနမော်နမဲ့ နိုင်မှုတွေကြောင့် အလုပ်တွေမကြာခဏပြောင်းရလေ့ရှိတဲ့ အနုပညာဝါသနာရှင် လူငယ်လေးတစ်ယောက်။ သူ ပထမဆုံးဒီဇိုင်းထွင်ခဲ့ စွဲလန်းခဲ့တဲ့ အရုပ်ကလေးတစ်ရုပ်ကို နောက်ဆုံး သူအလုပ်ရတဲ့ စတိုးဆိုင်မှာ ပြန်တွေ့ရတဲ့ အချိန် အဲ့ဒီအရုပ်မလေးက နှစ်ယောက်တည်းရှိတဲ့အချိန် အသက်ဝင်လာခဲ့ပြီး သူ့ကိုယ်သူ အမ်မာ လို့ မိတ်ဆက်လာခဲ့ပါတယ်။ အမ်မာကလဲ အီဂျစ်ခေတ်သူတစ်ဦး။ မိဘက သဘောတူတဲ့သူနဲ့ မယူနိုင်ရာကနေ ကျိန်စာသင့်ပြီး ခေတ်တွေ တစ်ခေတ်ပြီး တစ်ခေတ်ဖြတ်သန်းလာရင်း အခုချိန်ထိ သူချစ်နိုင်မယ့်သူကိုရှာဖွေနေဆဲသူတစ်ယောက်။ . ဂျိနာသန်ဆိုတဲ့သူဟာ ဘယ်တုန်းကမှ အောင်မြင်မယ့်သူ တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးလို့ ယူဆပြီး အဆက်အသွယ်ဖြတ်သွားတဲ့ သူ့ချစ်သူတင်မက သူ့ကိုအမြဲတမ်းအထင်သေးခဲ့တဲ့ ပြိုင်ဘက် နာမည်ကျော် စတိုးဆိုင်က ပိုင်ရှင်တွေပါ အံ့သြသင့်ရတဲ့အထိ ပြူတင်းပေါက်ပြခန်း အလှဆင်ခင်းကျင်းသူအဖြစ် အကြီးအကျယ်အောင်မြင်လာတဲ့အခါ..။ သူ့အောင်မြင်မှုတွေရဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်က ဘာလဲ? ဘယ်သူကမှ ဆေးဖော်ကြောဖက်မလုပ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ကို ပံ့ပိုးကူညီခဲ့ကြသူတွေက ဘယ်သူတွေဖြစ်မလဲ? အစစအရာရာ အဆင်ပြေချောမွေ့နေပြီလို့ပြောလို့ရတဲ့ အချစ်ဇာတ်လမ်းမှာဖြစ်ပေါ်လာမယ့် ဆူးညှောင့်ခလုတ်တွေရယ်။ လူစင်စစ် မဟုတ်တဲ့ သူချစ်ကျွမ်းဝင်မိတဲ့ အရုပ်မလေးနဲ့ ဘယ်လိုပေါင်းဖက်ကြမလဲ? . Mannequin ဟာ ဝေဖန်ရေးဆရာတွေက ...
movie

Mannequin (1987)

Wall Street (1987 ) 7.3
Wall Street (1987 )  IMDb 7.3/10, Rt 73 % ရရှိထားတဲ့ Crime/Thriller ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Michael Douglas က ဒီဇာတ်ကားမှာ အော်စကာဆုအပြင် Golden Globe နဲ့ အခြားဆု ၇ ဆုပါ ရရှိခဲ့ပါတယ်။ Hot Shots မင်းသားကြီး Charlie Sheen ကလည်း အပြိုင်သရုပ်ဆောင်ထားသေးတာမို့ ၂ နာရီစာ အချိန်ပေးရကျိုးနပ်မှာတော့ အသေအချာပါပဲ။ဒီကားက World of Wall Street (2013) မတိုင်ခင်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ Wall Street ကားတွေဆိုရင် စတော့ရှယ်ယာလောကရဲ့ လောဘကိုအခြေခံထားတာ များတာနဲ့အညီ ဒီကားကလည်း လောဘကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ဖြတ်လမ်းကအောင်မြင်ချင်ပြီး ချမ်းသာချင်တဲ့ ဘတ်ဒ်ဖော့စ်ဆိုတဲ့ လူငယ်လေးက သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီး ဂေါ်ဒန်ဂတ်ကိုအနား မရောက်ရောက်အောင်သွားကာ ဂတ်ကို့ဆီက ပညာသင်ရဖို့ ...
movie

Wall Street (1987 )

2 Days in the Valley (1996) 6.5
2 Days in the Valley (1996)    2 Days in the Valley (1996) =================== IMDb Rating - 6.5/10မကြည့်ဖူးဘူးဆိုတာ မရှိရလေအောင် ပရိသတ်ကြီးအတွက် မင်းသမီးချောကြီး Charlize Theron ငယ်ငယ်က ရိုက်ကူးခဲ့တဲ့ Crime/Comedy တစ်ကား တင် ဆက်ပေးလိုက်ရပါတယ်။ စနေနှစ်ခိုင်တွေ ပွတ်ပွတ်ပွတ်တွေ အနည်းငယ် ပါလို့ မိသားစုနဲ့တော့ အတူမကြည့်နဲ့ပေါ့ဗျာ။ဇာတ်လမ်းအသွားအလာကတော့ သူ့ခေတ်သူ့အခါဆန်ဆန် အဖြစ်အပျက်(၂)ခု၊ (၃)ခုကို အဆုံးမှာ ချိတ်ဆက်ထားပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ဒီဇာတ်လမ်းမှာ ဒုစရိုက်သမားက နှစ်ယောက်၊ ရဲကနှစ်ယောက်၊ ဒီလေးယောက်နဲ့ ဇာတ်လမ်းလာနွယ်မယ့် ကာရိုက်တာတွေ ပါကြသဗျ။ဇာတ်လမ်းကတော့ အိုလံပစ် အားကစားမယ်တစ်ယောက်ရဲ့ ခင်ပွန်းဟောင်းကို ကြေးစားနှစ်ယောက်က သတ်တာနဲ့ အစပျိုးထားပါတယ်။ နောက်တော့ ကြေးစားချင်း သဘောထားကွဲ လူကွဲပြီး ဟိုပြေးဒီပြေးနဲ့ သူ့ဇာတ်ကိုယ့်ဇာတ်တွေ ကွဲကုန်တာပါပဲ။ အထက်မှာပြောခဲ့သလို အဖြစ်အပျက်တစ်ခုမကလို့ သိပ်မစပွိုင်းဘဲကြည့်ခိုင်းလိုက်တာက ပိုအဆင်ပြေမယ်ထင်လို့ ဘွားတော်ကြီးရဲ့ ဆက်စီတွေ မြင်ချင် ကြည့်၊ မမြင်ချင် နေလို့ပဲ ပြောလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(1.78 GB) / ...
movie

2 Days in the Valley (1996)

1996
Dream Lover (1993) 6.2
Dream Lover (1993) IMDb Rating (6.2) / Rotten Tomatoes (57%)မိန်းမတွေရက်စက်လို့ ဘဝပျက်သူတွေ ဒီကမ္ဘာမှာ ဘယ်လောက်များရှိမလဲ...ကိုးတောင်ဝတ်ယောကျ်ားလေးတွေ အချစ်အတွက် ဘဝပျက်ခံကြပုံတွေဟာ တရားရစရာပါပဲ...အချစ်မှာရိုးသားသူက ကြေကွဲရသူပဲမလား....လူနှစ်ယောက်ပေါင်းစည်းခြင်းမှာ တစ်ဦးစီရဲ့အတ္တတွေရှေ့တန်းတင်လာတဲ့အခါဒီဇာတ်ကားဖြစ်လာတာပါပဲ...၁၉၉၀ ခုနှစ်များဆီက ရုပ်ရှင်တချို့ဟာ မင်းသမီးတွေရဲ့ လှပကျော့ရှင်းမှုကိုရှေ့တန်းတင်ဆွဲဆောင်ပြီးတော့စိတ်ဝင်စားစရာ Crime Thriller ဇာတ်လမ်းမျိုးတွေ အတော်ရိုက်ကြခဲ့တာပဲ...မင်းသမီးရှရွန်စတုန်းရဲ့ Basic Instinct , မင်းသမီးမက်ဒေါနားရဲ့ Body of Evidence စသည်ဖြင့်ပေါ့...ခုကတော့ မင်းသမီး Mädchen Amick ပေါ့...သူကလဲ ငယ်ငယ်တုန်းက Jennifer Connelly တို့လို ညှို့အားပြင်းမင်းသမီးတစ်လက်ဆိုတာ ခုဇာတ်ကားမှာ မျက်မြင်ကိုယ်တွေ့ရပါမယ်...ဇာတ်လမ်းကတော့..‌သာမန်ယောကျ်ားလေးတွေလိုပဲ ကိုယ်နဲ့အသက်ထက်ဆုံး ပျော်ရွှင်ကြည်နူးပြီး ခိုင်မြဲလက်တွဲဖို့အိပ်မက်ထဲက စိတ်ကူးယဉ်မိန်းမလှလေးနဲ့တွေ့ချင်ခဲ့တဲ့ ရေးတစ်ယောက် ...သူ့ရဲ့စိတ်ကူးထဲကမိန်းမလှလေးလို့ထင်ခဲ့တဲ့ ပထမမိန်းမရဲ့ဖောက်ပြန်မှုကိုကြုံပြီးတဲ့နောက်မှာနောက်ထပ် သူ့စိတ်ကူးအိပ်မက်မိန်းကလေးဆိုတာ တကယ်ရှိနိုင်ပါ့မလားလို့ ယုံမှားသံသယတွေပြည့်နေခဲ့ပါတော့တယ်...သူဟာလုပ်ငန်းလဲရှိတယ်..ငွေလဲရှာနိုင်တယ်..စိတ်ကောင်းလဲရှိတယ်..မိတ်ဆွေတွေလဲရှိတယ်..သူ့မှာမရှိတာ သူ့အိမ်မက်ထဲကလို ယုံကြည်ရတဲ့ချစ်ခြင်းပဲ...ဒါပေမဲ့ လီနာ‌ ဆိုတဲ့ မိန်းမလှလေးနဲ့ မတော်တဆတွေ့ဆုံပြီးတဲ့နောက်မှာ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပါတယ်..ယောကျ်ားလေးတို့ထုံးစံအတိုင်းပဲ အလူးအလဲကျရှုံးခဲ့တဲ့ ...
movie

Dream Lover (1993)

Lincoln (2012) 7.3
Lincoln (2012) Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေ‌လောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie

Lincoln (2012)

2012
Avengers: Age of Ultron (2015) MCU 7.4
Avengers: Age of Ultron (2015) MCU Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, ...
movie

Avengers: Age of Ultron (2015) MCU

2015
[18+] Secretary (2002) 7.0
[18+] Secretary (2002)  +++Dark Side production မှ တင်ဆက်သည်။+++ဒီဇာတ်ကားမှာ မစ္စတာ Grey အဖြစ် မင်းသားကြီး James Spader...Mr.Grey ရဲ့ အတွင်းရေးမှူး ဟော်လိုဝေး အဖြစ် မင်းသမီးကြီး Maggie Gyllenhaal...ဇာတ်လမ်းကတော့ မစ္စတာဂရေးနာမည်ကို ကြားလိုက်တာနဲ့ ဘယ်လိုဇာတ်ကားဆိုတာ မှန်းမိမယ်ထင်ပါတယ်..ငယ်ငယ်ကတည်းက မိဘတွေရဲ့ ဘဝအခြေအနေကြောင့် စိတ်ဒဏ်ရာအများအပြားနဲ့ ကြီးပြင်းလာရတဲ့ ဟော်လိုဝေး..ခက်ထန်တဲ့ အမူအရာတွေနဲ့ ကြမ်းတမ်းတတ်တဲ့ မစ္စတာဂရေး...သူတို့နှစ်ယောက်ရဲ့ တိတ်ဆိတ်တဲ့ အမှောင်ခြမ်းတွေကို ရုံးခန်းတစ်ခုထဲမှာ ဘယ်လိုတွေ ခင်းကျင်းကြမလဲဆိုတာ.....။18+ ဇာတ်ကားဆိုပေမယ့် Rating တွေလဲ မြင့်ပါတယ်။IMDb (7/10) နဲ့ Rotten Tomatoes 76% ထိ ရရှိထားတဲ့ လူကြီးဇာတ်ကားပါ။  File size…(1.1 GB) Quality…Blu-Ray 720p Format…mkv Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Dark Side TNL
movie

[18+] Secretary (2002)

2002
Stargate (1994) 7.1
Stargate (1994) ကျွန်တော်တို့တွေ အီဂျစ်မှာရှိတဲ့ ပိရမစ်ကြီးတွေ စဖင့်ရုပ်တုတွေအကြောင်းကို အကုန်လုံးကြားဖူးမြင်ဖူးကြမှာပါ။ထူးခြားဆန်းကျယ်တဲ့ တည်ဆောက်မှု့တွေ ဖြစ်သလို အရမ်းကို တိကျလွန်းတဲ့ တစ်လက်မတောင်မလွဲတဲ့ ဗိသုကာစကေးတွေနဲ့ တည်ဆောက်ထားတာတွေကိုတွေ့ရမှာပါ။ ဒီတော့ တစ်ချို့လူတွေ တွေးတာက ဒီလောက် တိကျလွန်းပြီး နက္ခတဗေဒ အရကော သင်္ချာနည်းအရပါ ထူးခြားတိကျလောက်အောင် တည်ဆောက်ထားတာ ရှေးခေတ် အီဂျစ်တွေမဟုတ်နိုင်ဘူး သူတို့ထက် ယဉ်ကျေးမှု့ ပိုမြင့်တဲ့ လူ့အဖွဲ့အစည်းတစ်ခုခု ဖြစ်မယ်ပေါ့ဗျာ။ ဒီဇာတ်ကားမှာလဲ အဲ့အမြင်ကို ချပြသွားပါတယ်။ ဇာတ်လမ်းကို အနည်းငယ်ပြောပြရရင် ၁၉၂၈ ခုနှစ် အီဂျစ်မှာ ရှေးဟောင်းပိရမစ်ကို တူးဖော်ရင်းနဲ့ ထူးဆန်းတဲ့ Device တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ အဲ့ Device ပေါ်မှာ ထူးခြားတဲ့ အရုပ်စာတွေပါပါတယ်။ အဲ့ကတည်းက အဲ့အရုပ်စာကို အဓိပ္ပာယ်ဖော်ခဲ့ကြပါတယ်။ဒါပေမဲ့ မဖော်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ နှစ်တွေ များစွာကြာပြီးတဲ့နောက် အပေါ်က တင်ပြခဲ့တဲ့ အမြင်မျိုးရှိတဲ့ ဒေါက်တာ ဒန်နီရယ်လ်ဂျက်ဆန် ဆိုတဲ့ ပညာရှင်တစ်ဦးပေါ်ထွက်လာခဲ့ပါတယ်။တစ်ရက်မှာ သူ့အမြင်ကိုတင်ပြဟောပြောပွဲအပြီးမှာပဲ သူ့ကို ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးက ဖိတ်ခေါ်ခဲ့ပါတယ်။သူလည်းအဲ့အမျိုးသမီးဖိတ်ခေါ်တဲ့နေရာကို လိုက်သွားတာပေါ့ အဲ့လို လိုက်သွားမှပဲ သိရတာက အဲ့နေရာဟာ အထူးနိုင်ငံတော်လျှို့ဝှက်ချက်ဖြစ်ပြီး ၁၉၂၈ ကတွေ့ခဲ့တဲ့ စက်ပစ္စည်းကို ...
movie

Stargate (1994)

1994
Sex, Lies, and Videotape
Sex, Lies, and Videotape Arrow Season 3 အတွက် Vol 1 နဲ့ 2 ဆိုပြီးတော့ ခွဲတင်ပါမယ်.. အမြန်ဆုံးတင်ပေးနိုင်ဖို့ဆုံးဖြတ်ထားပေမယ့် လိုင်းကျနေတဲ့ အတွက်နောက်ကျနေတာတော့ နားလည်ပေးကြပါ :) season 1 နဲ့ 2 တို့ နောက်အဆက်ဖြစ်ပြီးတော့ ဇာတ်လမ်းဇာတ်ရှိန်လည်းပိုပိုပြီးမြင့်လာပါတယ်..Season 4 ကတော့ လက်ရှိရုပ်သံလိုင်းမှာ ပြသနေခြင်းမရှိသေးပါဘူး..October မှ season 4 ပြမယ်ဆိုတဲ့အကြောင်းလည်းဦးစွာအသိပေးပါတယ် Season 3 ကိုကြည့်မယ်ဆိုရင် season 1 နဲ့ 2ကို အရင်ကြည့်ကြပါ အောက်မှာလင့်တွေပေးထားပါမယ် ဇာတ်လမ်းအညွှန်းကိုပေးရမယ်ဆိုရင်တော့ ဘီလီယံနာ သူငှေးကြီးရောဘတ်ကွင်းရဲ့ သားအကြီး အိုလီဗာကွင်းက သဘောင်္ပျက်ပြီး ငါးနှစ်တာ ပျောက်ဆုံးနေပါတယ်..သဘောင်္ပေါ်မှာ သူ့အဖေလည်းပါဝင်လာခဲ့တယ်..အိုလီဗာကွင်းဟာ..လန်ယုလို့ ခေါ်တဲ့ကျွန်းပေါ်မှာ ၅ နှစ်တိတိ အသက်ရှင်ဖို့အတွက်ရုန်းကန်ခဲ့ရပြီးတော့ ရှုရှားငါးဖမ်းသဘောင်္တွေက တွေ့ရှိပြီးပြန်လည်ကယ်တင်ခဲ့တဲ့အတွက် သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ စတာလင် မြို့ကိုပြန်လည်ရောက်ရှိလာပါတော့တယ် သဘောင်္မပျက်ခင်တုန်းက မိန်းမရှုပ်တဲ့ ဆိုးသွမ်းလူငယ် အိုလီဗာကွင်းတစ်ယောက် ကျွန်းပေါ်ကနေ ပြန်ရောက်လာတဲ့အခါမှာတော့ အရင်သူ့စရိုက်တွေနဲ့ သူစိမ်းပမာဖြစ်သွားခဲ့ပြီး သူနဲ့အတူ မြို့ကိုကယ်တင်ရမယ့် စိတ်တွေရော လျို့ဝှက်ချက်တွေများစွာကိုလည်းသယ်ဆောင်လာခဲ့ပါတော့တယ် ဒီလျို့ဝှက်ချက်တွေကရော..ဘာတွေဖြစ်မလဲ..လူဆိုးဂိုဏ်းပေါင်းများစွာ လုယက်မှုပေါင်းများစွာ..ဒုစရိုက်မှုတွေများစွာ..နဲ့ပျက်စီးနေတဲ့သူ့မြို့ကိုရော ဘယ်လိုကယ်တင်မှာလဲ..ဆိုတာကို ကျွန်းပေါ်ကမြင်ကွင်းနဲ့ လက်ရှိမြင်ကွင်းကိုပါ ပုံဖေါ်ရိုက်ကူးထားပြီးတင်ဆက်ထားပါတယ်..season 2မှာတော့ကျွန်းပေါ်က မိတ်ဆွေတစ်ဦးကနေ ရန်သူဖြစ်လာခဲ့တဲ့ သူတစ်ယောက်က အိုလီဗာကွင်းကိုရော သူချစ်ခင်တဲ့သူတွေအားလုံးကို တစ်ယောက်ချင်းစီ ...
movie

Sex, Lies, and Videotape