Channel Myanmar

Jamie Chung

Big Hero 6 (2014) 7.8
Big Hero 6 (2014) Big Hero 6 (2014) IMDb - 7.8/10______Rotten - 89% Won 1 Oscar. Another 16 wins & 58 nominations Walt Disney Animation ရဲ့ နောက်ထပ် လူကြိုက်များလှတဲ့ animation ဇာတ်ကားလေးပါပဲ။ ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ပေးထားတဲ့ Message တွေကောင်းမွန်လှပပါတယ်။ Baymax ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေနဲ့ ပုံစံတွေကို သဘောကျမိမှာ အမှန်ဖြစ်ပြီး Baymax ရဲ့ လှုပ်ရှားပြုမှုပုံတွေကို ပင်ဂွင်းပေါက်စလေးတွေရဲ့ အပြုအမှုကို ပုံစံတူယူပြီး ဖန်တီးထားတာပါ။ Walt Disney နဲ့အတူ Marvel Entertainment ကပါ ပူးပေါင်းရိုက်ကူးထားတဲ့အတွက် အစောပိုင်းထွက်ခဲ့တဲ့ Walt Disney ဇာတ်ကောင်တွေနဲ့ မတူကွာခြားလို့နေပါတယ်။ IMDB Ratings: 7.8/10 ရရှိထားပြီး ကြည့်ဖို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ခုပါပဲ။   File size… 3.85 GB / 1.58 GB / 803 MB Quality…BluRay 4k / 1080p / ...
movie

Big Hero 6 (2014)

2014
4K HEVC
I Now Pronounce You Chuck & Larry (2007) 5.9
I Now Pronounce You Chuck & Larry (2007) I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ... ဘယ်လို​တွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ ...
movie

I Now Pronounce You Chuck & Larry (2007)

2007
Princess Protection Program (2009) 5.6
Princess Protection Program (2009) Princess Protection Program (2009)Selena Gomez နဲ့ Demi Lovato တို့ရဲ့ ငယ်ရွယ်တက်ကြွတဲ့ ပုံစံကို ပြန်မြင်ရမယ့် ကားဟောင်းလေးပါ။ Selena ကတော့ ကာတာလို့ခေါ်တဲ့ ငါးစာရောင်းတဲ့ သာမန်အထက်တန်းကျောင်းသူလေးဖြစ်ပြီး Demi ကတော့ ရိုဆလင်ဒါလို့ခေါ်တဲ့ မင်းသမီးတစ်ပါးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ကာတာရဲ့အဖေက ခြိမ်းခြောက်ခံရတဲ့ နေရာအနှံ့က မင်းသမီး‌တွေကိုကယ်တင်တဲ့ နိုင်ငံတကာလျှို့ဝှက်အေဂျင်စီမှာ အလုပ်လုပ်တာပါ။မင်းသမီးရိုဆလင်ဒါနေတဲ့ ကိုစတာလူနာဆိုတဲ့တိုင်းပြည်က ကျွန်းနိုင်ငံလေးဖြစ်ပြီး သူ့ဖခင်ဘုရင်ကြီးနတ်ရွာစံသွားတဲ့အတွက် မင်းသမီးက နောက်တစ်လနေရင် ဘုရင်မအဖြစ် နန်းတက်ရတော့မှာပါ။ နန်းတက်ပွဲအတွက်လေ့ကျင့်နေချိန်မှာ ဗိုလ်ချုပ်ကိန်းက မင်းသမီးငယ်သေးတာကို အကြောင်းပြပြီး အာဏာသိမ်းဖို့လုပ်ပါတော့တယ်။ ကံကောင်းစွာနဲ့ ရိုဆလင်ဒါအမေစီစဉ်ထားမှုကြောင့် ကာတာ့အဖေက ရိုဆလင်ဒါကို ခေါ်ထုတ်လာနိုင်ပါတယ်။ရိုဆလင်ဒါကို အေဂျင်စီက လုံခြုံတဲ့အချိန်ရောက်တဲ့ထိ နေရာချပေးဖို့လုပ်ရာကနေ ကာတာတို့အိမ်ကို ၀မ်းကွဲညီအမ ရိုစီအဖြစ်ရောက်လာပါတော့တယ်။ရိုစီကို သာမန်ဆယ်ကျော်သက်ကောင်မလေးလို နေတတ်အောင် ကာတာက သင်ပေးရင်း ကြုံတွေရတဲ့ အဖုအထစ်လေးတွေ ကျောင်းမှာကြုံရတဲ့အခက်အခဲတွေကို တွေ့ရဉီးမှာပါ။ ...
movie

Princess Protection Program (2009)

2009
Knife Fight (2012) 5.2
Knife Fight (2012)  Honesty is the best policyဆိုတဲ့စကားဟာ နေရာတိုင်းမှာမမှန်ပါဘူး။ အထူးသဖြင့် နိုင်ငံရေးဉာဏ်ကစားပွဲတွေမှာပေါ့။ ဆိတ်ကနေဆင်ဖြစ်အောင် မကောင်းသတင်း အပုပ်မှန်သမျှ ချဲ့ကားလုပ်ကြံပြောဆိုတတ်တဲ့ နိုင်ငံရေးလောကကိုရောက်ပြီဆိုရင်တော့ လှပတဲ့အဖြူရောင်မုသားကို လူတိုင်းလိုအပ်ကြမှာပါပဲ။ Paul turner‌ဆိုတာ အပေါ်ယံကြည့်ရင်တော့ သမ္မတလက်ထောက်ဟောင်းတစ်‌ယောက်၊ ဒါပေမဲ့ တကယ်တော့ သူဟာ ဒုက္ခရောက်နေတဲ့ နိုင်ငံရေးပါးမဝသူတွေအတွက် ပြဿနာကိုဖြေရှင်းပေးရတဲ့ နိုင်ငံရေးအကြံပေးတစ်‌ယောက်ပေါ့။ဒီရုပ်ရှင်လေးထဲမှာတော့ နိုင်ငံရေးလောကရဲ့ လိမ်ဆင်အမျိုးမျိုး အပုပ်ချ နောက်ကြောင်းဖော် ပုံကြီးချဲ့ ချောက်တွန်းမှုအမျိုးမျိုးကို မီးမောင်းထိုးပြထားပါတယ်။ ယောက်ျားတိုင်းရဲ့ အားနည်းချက်လိုဖြစ်နေတဲ့ မိန်းမကိစ္စ ၊ ရိုးသားကြိုးစားဖြောင့်မတ်ပေမဲ့ ဓနရှင်တွေနဲ့ယှဉ်ပြိုင်ရတဲ့အခါ ကြုံရတဲ့အခက်အခဲတွေ ဓနရှင်တွေရဲ့ လက်ကိုင်တုတ်လိုဖြစ်နေတဲ့ မီဒီယာတွေရဲ့သက်ရောက်မှုနဲ့ လူတစ်‌ယောက်ရဲ့ဘဝကို အောက်ဆုံးထိဆွဲ‌ချနိုင်တဲ့ ကောလာဟလတစ်ခုရဲ့ ကြောက်စရာကောင်းပုံတွေကို ကွင်းကွင်းကွက်ကွက် သရုပ်ဖော်ထားပါတယ်။ လူရယ်လို့ဖြစ်လာရင်တော့ ဘယ်သူမှအမှားနဲ့မကင်းပါဘူး။ လူတစ်‌ယောက်မှာ အားသာချက်များရင်များသလို ဒါကိုပြန်လည်ခြေပနိုင်တဲ့ပမာဏရှိတဲ့ အားနည်းချက်ကိုယ်စီ ရှိကြတာပါပဲ။နိုင်ငံရေးလောကကိုဝင်မယ်ဆိုရင်တော့ ဓားတိုက်ပွဲမှာ သေနတ်ယူသွားဖို့အထိ ကြိုတင်ပြင်ဆင်ထားဖို့နဲ့ သွားပုပ်လေလွင့် ...
movie

Knife Fight (2012)

Sin City: A Dame to Kill For (2014) 6.5
Sin City: A Dame to Kill For (2014) Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.org/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie

Sin City: A Dame to Kill For (2014)

1080p HEVC
Eden (2012) 6.6
Eden (2012) Eden (2012)ဒီဇာတ်လမ်းဟာ လူကုန်ကူးမှုအကြောင်းပါ။ လူကုန်ကူးတယ်ဆိုပေမဲ့ နိုင်ငံရပ်ခြားတွေကို ရောင်းစားပစ်တာမျိုးမဟုတ်ဘဲ ဖမ်းထားပြီး ခိုင်းချင်တဲ့နေရာခိုင်း သုံးချင်တဲ့နေရာသုံး လူမဆန်စွာ ရက်ရက်စက်စက်ခိုင်းစားတာမျိုးပေါ့။ မြန်မာနိုင်ငံမှာလည်း ဒီလိုအဖြစ်မျိုး ခပ်ဆင်ဆင်တွေ သိပ်မကြာသေးခင် နှစ်တွေတုန်းကရှိခဲ့ဖူးတာပါပဲ။ မလှိမ့်တပတ်နဲ့ခေါ်သွားပြီး ကျားဖောင်ပေါ် ရောင်းစားတယ်ဆိုတာမျိုးတွေပေါ့။ ဒီရုပ်ရှင်က အဲဒီလိုဖြစ်သွားတဲ့ ဘဝတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ဒီရုပ်ရှင်ကို ၉၀ခုနှစ်အလယ်လောက်မှာ တကယ်ဖြစ်ခဲ့တဲ့ လူကုန်ကူးမှုအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ထားတယ်။ အမေရိကန်က ပြည်ပဝင်တွေ လူကုန်ကူးခံရတဲ့အကြောင်းတွေကိုလည်း အူမချေးခါးမကျန်ပြထားတယ်။ ဇာတ်လမ်းအစမှာတော့ ကိုရီးယား-အမေရိကန်သူလေးဟာ သူ့အမေကို ဆိုင်စောင့်ပေးနေရင်း ညဘက်တစ်ခေါက်လောက် နိုက်အောက်ထွက်ဖို့ကြံပါတယ်။ ကံမကောင်းချင်တော့ အဲဒီညမှာပဲ သူပြန်ပေးဆွဲခံလိုက်ရတယ်။ ဒီလိုနဲ့ သူနိဗ္ဗာန်လို့ထင်ထားခဲ့တဲ့ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းငရဲကိုရောက်သွားတယ်။ ဒီကမ္ဘာမှာဖြစ်နေတာတွေက ကောင်းတာတော့တစ်ခုမှမရှိဘူး။ စစချင်း သူတို့တွေကိုဖမ်းထားတဲ့လူတွေက အမိန့်နာခံလာအောင် ခိုင်းသမျှလုပ်အောင် နှိပ်စက်ညဉ်းပန်းတယ်။ ခိုင်းစားလို့ရပြီထင်တော့မှ သူတို့ရဲ့ဈေးကွက်ထဲပို့တယ်။ ဈေးကွက်ထဲပို့တယ်ဆိုတော့ အပြင်ရောက်သွားတာပါပဲ။ အပြင်ရောက်သွားတာတောင် မလွတ်နိုင်ဘူးလားဆိုတဲ့ အမေးတော့ရှိမယ်။ လွတ်ဖို့ကြိုးစားကြပါတယ်။ ထွက်ပြေးကြတယ်။ ဒါပေမဲ့ သူတို့ဟာ လူကောင်းသူကောင်းလို့ထင်ရတဲ့လူတွေနဲ့ သွားတိုးရင်တောင် မလွတ်နိုင်ဘူး။ ဘာလို့ဆို လူတွေက ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါချင်ကြသလို လူကုန်ကူးတဲ့ကောင်တွေကလည်း လူတွေအထာနပ်ကြလို့ပါပဲ။ ခင်ဗျားဆီက ...
movie

Eden (2012)

2012
The Misfits (2021) 4.3
The Misfits (2021) The Misfits (2021)သူခိုးလူလိမ်ကားကြီးတစ်ကား လာပါပြီဗျာ။ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီရာ့စ်ဘရိုနန် ဦးဆောင်ပါဝင်ထားပြီး Jamie Chung တို့ Hermione Corfield တို့လို အချောလေးတွေနဲ့ ဝန်းရံထားတာပါ။နည်းနည်းဟာသဆန်တော့ အရမ်းကြီးတော့ သဘာဝမကျဘူးပေါ့။ ဒါပေမယ့် ကြည့်ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရှော့ဇ်ဆိုတဲ့ ဘဲကြီးက ကမ္ဘာအနှံ့မှာထောင်တွေပိုင်တယ်၊အဲဒီထောင်တွေထဲကနေ ၄ ခါလောက် ဆက်တိုက်ဖောက်ပြေးဖူးတဲ့ နာမည်ကျော် သူခိုးကြီးကတော့ ပေ့စ် ပေါ့။ဒီဘဲကြီးက ခိုးတာအရမ်းတော်ပါတယ်။ ခိုးတာတော်ပေမယ့် ခိုးပြီးတိုင်းအဖမ်းခံရတာလည်း တော်ပါတယ်။ ဖမ်းခံပြီးရင် ထောင်ဖောက်ပြေးတာလည်း တော်ပါတယ်။ အစကတည်းက လွတ်အောင်မပြေးတတ်တာလေးတစ်ခုပါပဲ။သူက ရိုးရိုးပြေးတာမဟုတ်ဘဲ ထောင်ပိုင်ရှင်ရဲ့မိန်းမကို ဂျိမ်းစ်ဘွန်းဘဝတုန်းက ဇ အတိုင်း အင့် သွားတော့ အသေအကြေ အလိုက်ခံရတာပေါ့။ မိရင် သတ်မှာ။ဒါနဲ့ပဲ သူ့ကို အိုင်ဒေါတင်ထားတဲ့ အခြားသူခိုးလေးတစ်စုက သူခိုးကြီးကို ဆရာတင်ပြီး အဲဒီထောင်တွေထဲမှာ သိမ်းထားတဲ့ တရားမဝင် ရွှေတွေကို ခိုးဖို့ စီစဉ်ကြတဲ့အခါ....File size…1.8GB and 1.1GB Quality….WEB-DL 1080p and 720p Format…mp4 Duration….1h 34min Subtitle….Myanmar Subtitle (Hardsub) Translator ...
movie

The Misfits (2021)

2021
Batman: Soul of the Dragon (2021) 5.9
Batman: Soul of the Dragon (2021) Batman: Soul of the Dragon (2021)==========================IMDb Rating - 5.9/10ဒီနေ့တော့ DC ရဲ့ ငဘတ်ဖန်တွေအတွက် ၂၀၂၁ထွက်အသစ်စက်စက် ကားလေးလာပါပြီ။ ငယ်ငယ်ရွယ်ရွယ်ငဘတ်လေးကို ဒီကားလေးထဲမှာတွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းလေးက နန္ဒာပါဘတ်လို့ခေါ်တဲ့ဂျပန်ကလျှို့ဝှက်ဘုန်းကြီးကျောင်းက ဆရာတော်အိုဆီမှာကိုယ်ခံပညာသင်ဖို့  ငဘတ်ကလာခဲ့တာပေါ့။ ဆရာတော်အိုဆီမှာက ငဘတ်အပါဆိုရင်တပည့်က ခြောက်ယောက်တောင်ရှိပြီး ငဘတ်ကအငယ်ဆုံးလေးပေါ့။ မိသားစုဆိုရင်လျှို့ဝှက်ချက်မထားရဘူးလို့ပြောတဲ့ဆရာကကျောင်းထဲမှာရှိတဲ့ဂိတ်တံခါးအကြောင်း တစ်ခါမှမပြောပြဘူးရယ်။ ဒီတော့ စပ်စုစိန်တပည့်မတစ်ယောက်ကအငြိမ်မနေနိုင်ပဲဂိတ်တံခါးကို သွားဖွင့်ကြည့်လိုက်မိတဲ့အတွက်ကြောင့် ဆရာလည်းသေသွားတာပေါ့။ ဆရာသေပြီးနောက် နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာ ဂျက်ဖာရီဘားရ်ဆိုတဲ့လူတစ်ယောက်က အဲ့ဂိတ်တံခါးကိုနောက်ထပ်တစ်ကြိမ် ထပ်ဖွင့်ဖို့ ကြိုးစားလာတဲ့အခါမှာတော့..........ဘာဖြစ်မလဲဆိုတာကိုတော့ထုံးစံအတိုင်းလေးကိုယ့်ဘာသာပဲကြည့်လိုက်တော့နော် . . .Soul of the Dragon ဆိုတဲ့ အတိုင်း . နဂါးပုံရိပ်တွေပါပါမယ် . မြန်မာတွေရဲ့ နဂါးလို့ပြောလို့ရမယ့် နဂါးပုံရိပ်တွေလည်း ဒီကားထဲမှာတွေ့မြင်ရပါမယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - ...
movie

Batman: Soul of the Dragon (2021)

2021
Dangerous Lies(2020) 5.3
Dangerous Lies(2020) Dangerous Lies(2020)Netflixက​နေ မကြာ​​သေးခင်ကမှ ထွက်ရှိလာတဲ့ ဒီကားက​တော့ ​တော်​တော်​လေး စိတ်၀င်စားဖို့​ကောင်းတယ်လို့ကို​ ​ပြောလို့ရပါတယ်။ ​ကေတီ နဲ့ အဒမ် တို့ဟာ လူငယ်ဇနီး​​​မောင်နှံ​တွေဖြစ်ပြီး သူတို့မှာ ​ငွေ​​ရေး​ကြေး​ရေး အခက်အခဲ ​တော်​တော်​လေးရှိ​နေကြပါတယ်။​ကေတီဟာ ၈၈နှစ်အရွယ် အဘိုးအို တစ်ဦးကို ပြုစု​စောင့်​ရှောက်​ပေးရတဲ့ caretaker တစ်ဦးလည်း ဖြစ်ပါတယ်။ ​ငွေ​ကြေးပြည့်စုံတဲ့ တ​ကောင်ကြွက် အဘိုးအို တစ်​​ယောက်ဖြစ်ပြီး ခမ်းနားတဲ့ အိမ်ကြီးမှာ ​နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ ကေတီ အလုပ်၀င်ပြီး ​လေးလအကြာမှာတင် အဘိုးကြီးဆုံးပါးသွား​တော့အံ့သြစရာ​ကောင်း​လောက်​​အောင် ​ကေတီက အိမ်ကြီးကို အ​မွေ​ဆက်ခံခွင့်ရခဲ့ပါ​တော့တယ်။ဒီမှာပဲ ဇာတ်ခမ်းစပါ​တော့တယ်။ သူအ​မွေရခဲ့တဲ့ အိမ်ကြီးထဲမှာ ဘာ​တွေများရှိ​နေမလဲ။ဒီအိမ်ကြီးကို အ​ကြောင်းပြုပြီး သူတို့လင်မယားနှစ်​ယောက် ဘယ်လိုဒုက္ခ​တွေကြုံ​တွေ့ရမလဲ။ဆင်းရဲရတဲ့ ဒုက္ခနဲ့ ချမ်းသာရတဲ့ ဒုက္ခဟာ ဘာ​တွေများ ကွာခြားမလဲ အမျိုးမျိုး​သော အဖြစ်အပျက်​တွေနဲ့အတူ ​နောက်ဆုံး ရဲ​တပ်ဖွဲ့ကပါ ​​ခြေချင်းလိမ်လာတဲ့ အခါမှာ​တော့.... Netflixထုံးစံအတိုင်း ဇာတ်လမ်းက အလှည့်အ​ပြောင်း​တွေနဲ့ ...
movie

Dangerous Lies(2020)

Grown Ups (2010) 6.0
Grown Ups (2010) Grown Ups ဆိုတဲ့ကား​လေးက ၂၀၁၀ ခုနှစ်​က ထွက်​ခဲ့တဲ့ အ​မေရိကန်​ comedy ရုပ်​ရှင်​ကား​လေးတစ်​ကားဖြစ်​ပါတယ်​။ဇာတ်​လမ်​းအညွှန်​းအ​နေနဲ့က​တော့ အလယ်​တန်​းတုန်​းက အတူ​ဘတ်​စကတ်​​ဘောကစားခဲ့ကြတဲ့သူငယ်​ချင်​း ၅ ​ယောက်​ သူတို့ရဲ့ နည်​းပြဖြစ်​သူ ဆုံးသွား​ကြောင်​းကို ကြားသိပြီး​နောက်​ ပြန်​လည်​ဆုံစည်​းဖြစ်​ခဲ့ကြပုံ​လေးပါ။သူငယ်​ချင်​း ၅ ​ယောက်​ဆို​ပေမယ်​့ မတူကွဲပြားတဲ့ စရိုက်​ကိုယ်​စီ ရှိကြသူ​တွေဖြစ်​ပြီး လက်​ရှိမှာလည်​း ကိုယ်​ပိုင်​ မတူညီတဲ့ ဘဝအသီးသီးကို ပိုင်​ဆိုင်​ထားကြပါတယ်​။ဒါ​ပေမယ်​့ဒီလိုစရိုက်​မတူသူ ၅ ဦးကပဲ ​ငယ်​စဉ်​က ကျောင်​းဘတ်​စကတ်​​ဘော ပြိုင်​ပွဲမှာ ချန်​ပီယံဆုကို ရရှိိခဲ့ကြသူ​တွေ ဖြစ်​ကြပါတယ်​။ဘတ်​စကတ်​​ဘောလို အားကစားတစ်​ခုကစားရာမှာ တစ်​ဦးတစ်​​ယောက်​တည်​း ​ကောင်​း​နေရုံနဲ့ နိုင်​ဖို့ဆိုတာ မဖြစ်​နိုင်​ပါဘူး။တစ်​သင်​းလုံး တက်​ညီလက်​ညီ စိတ်​တူကိုယ်​တူနဲ့ အ​ပေးအယူမျှမျှှ ကစားရတာမျိုး ဖြစ်​ပါတယ်​။ဒါ​ပေမယ်​့ဒီလို စရိုက်​ချင်​းမတူညီကြတဲ့ သူငယ်​ချင်​း ၅ ​ယောက်​က​ရော ဘယ်​လို​ကြောင်​့ ပြိုင်​ပွဲမှာအနိုင်​ရရှိခဲ့ကြတာလဲ?သူတို့ ၅ ​ယောက်​ရဲ့ တူညီတဲ့ အချက်​က​ရော ဘာဖြစ်​နိုင်​မလဲ?နှစ်​​​တွေအကြာကြီး ​ကွဲကွာ​နေတဲ့ ငယ်​သူငယ်​ချင်​း​တွေ ပြန်​​တွေ့တဲ့အခါမှာ​ရော ...
movie

Grown Ups (2010)

2010
Premium Rush (2012) 6.5
Premium Rush (2012) Premium Rush (2012)IMDb - 6.5/10_____Rotten - 74% Wileeဆိုတဲ့ကောင်လေးဟာ ကိုလမ်ဘီယာ ဥပဒေကျောင်းဆင်း။ဒါပေမယ့် ဘဝကို ဒီလိုဖြတ်သန်းရမှာ မကြိုက်သူ။သူဟာ နယူးယောက်မှာ စက်ဘီးစီး စာပို့လုလင်လုပ်တော့မှ ဘဝရဲ့ အဓိပ္ပါယ် အနှစ်သာရ ကို ရှာဖွေတွေ့ရှိလာသူတစ်ယောက်။သူ့ ချစ်သူကောင်မလေး Vanessaကလည်း သူ့လိုလူ။ဒါပေမယ့် သူ့ဘဝအတွက် တစ်ခုခုထပ်လုပ်ရမယ်လို့အမြဲတမ်းပြောပြောနေတတ်တယ်။ Vanessaရဲ့ အတန်းဖော်ဟောင်း Nima ဟာ တစ်နေ့တော့ သူ၂နှစ်ကြာအောင် စုထားတဲ့ ဒေါ်လာ ၅သောင်းကို Mr.Leungထံ ပို့ခိုင်းပါလေရော။သူ့ဆီက လက်မှတ်တစ်ခုပါတောင်းခဲ့ဖို့ မှာလိုက်ပါတယ်။ Mr.Lin သို့မဟုတ် ခေတ်သစ်ချစ်တီးတစ်ယောက် ဟာ အဲ့ဒီလက်မှတ်ရတာနဲ့ Nimaရဲ့ ပိုက်ဆံတွေကို အပိုင်စီး နိုင်မယ်ဆိုတာ သိနေပါတယ်။Mr.Lin ဟာ သူ့ထံအကြွေးတင်နေပြီး လောင်းကစားအလွန်အကျွံစွဲနေတဲ့ နယူးယောက်ရံအရာရှိ Bobby Mondayထံ ချဉ်းကပ်လာပါရော။Mondayသာ အဲ့ လက်မှတ်ရအောင်ယူနိုင်မယ်ဆိုရင် သူ့အကြွေးတွေ လျှော်ပေးမယ်ပေါ့။  ဒီလို နဲ့ ဘာဆက်ဖြစ်ကြလဲဆိုတာ ...
movie

Premium Rush (2012)

2012